Sunday, March 15, 2015

ဒီချုပ် နှင့် လမ်းခွဲ ရှင်းတမ်း

 "ဒီချုပ် နှင့် လမ်းခွဲရှင်းတမ်း
..............................

ဒေါ်စုဆီက ဘာကြောင့် ကျွန်တော်ထွက်လာရသလဲ .....
အကြောင်းသုံးချက်ရှိပါတယ်။

တစ်။ ပါတီတွင်းဆက်ဆံရေးအခြေအနေ။

နှစ်။ ဒေါ်စုရဲ့ ထက်အောက်ဝဲယာဆက်ဆံမှုအခြေအနေ။

သုံး။ ဒေါ်စုရဲ့လူမှုရေးအကြောင်းများ။

------------------------------------------------------------------

ပါတီတွင်းဆက်ဆံရေး
==============

၈၈ အရေးတော်ပုံအပြီးမှာ ကျောင်းသားတွေထဲမှာ အကြမ်းအားဖြင့် လေးစုကွဲသွားတယ်။

ကိုနိုင်အောင်တို့နဲ့ ပါသွားသူများ...ကိုမင်းကိုနိုင်တို့နဲ့ ဗကသအဖြစ်ကျန်ခဲ့သူများ ....ကိုမိုးသီးဇွန်တို့နဲ့ လူ့ဘောင်သစ်ဖြစ်သွားသူများနဲ့ ....ဒီချုပ်လူငယ်အဖွဲ့မှာပါသူများလို့ ....
ခွဲခြားနိုင်ပါတယ် ....

ကျွန်တော်ကတော့ တော့ ....ဒီချုပ်ထဲပါတဲ့ အုပ်စုထဲလိုက်သွားပါတယ်။ ဒါကလည်း ဒေါ်စုကို အထင်ကြီးတာရယ်။ မကသ ကလာတာမို့ ဗကသ အောက် ခေါင်းမလျှိုခြင်တာရယ် နှစ်ခုလုံးပါပါတယ်။

ဒီချုပ်ကို သိတဲ့အတိုင်း အောင်စုတင် လူကြီးသုံးဦးခေါင်းဆောင်ပါတယ်။ စီအီးစီကို အောင်စုတင် အုပ်စုတစ်ခုစီက ၁၄ ဦးနဲ့ ဖွဲ့ပါတယ်။ စီအီးစီအားလုံးကို ခေါင်းဆောင်သုံးဦးကပဲ တိုက်ရိုက်ရွေးပြီးခန့်တာ ပါ။ ဦးအောင်ကြီးထွက်သွားတော့ စီအီးစီဝင်တွေက စုတင်အုပ်စုဝင်တွေ ပဲကျန်ပါတယ်။
ဒီချုပ် ဗဟိုကို ဖွဲ့ပြီးတော့ ...ပြည်နယ်၊ တိုင်းစည်းတွေ၊ မြို့နယ်စည်းတွေဆက်ဖွဲ့ပါတယ်။
ဒါတွေအားလုံး ဗဟိုဦးစီးစနစ် နဲ့ ခန့်အပ်ခဲ့တာပါ။ ဒီချုပ်အောက်ခြေအဖွဲ့ဝင်များအနေနဲ့ ပြောခွင့်မရှိပါ။ ပြောဖို့ကြိုးစားသူများရှိရင်လည်း ဒီအချိန်က စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အချိန် ....ရွေးကောက်ပွဲအတွက်လည်း ပြင်ရမယ်။
အခြေအနေ တည်ငြိမ်မှ ပြန်ရွေးကြတာပေါ့ဆိုပြီး ခေါင်းဆောင်များက ပြောခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ရွေးတော့လည်း စီအီးစီနဲ့ တိုင်းစည်းတွေညှိပြီးရွေးခဲ့တာပါ။
မဆလ ခေတ်က ပါတီကချပေးတဲ့ကိုယ်စားလှယ်ကို ထောက်ခံရသလိုပဲ ကျွန်တော်တို့ စီအီးစီက ချပေးတာကို ထောက်ခံခဲ့ရတာပါ။

ဒီလိုနဲ့ ဒေါ်စုအထိန်းသိမ်းခံရတော့လည်း ဒေါ်စုမရှိသေးခင် ဒီလိုပဲထိန်းထားဦး ...ဒေါ်စု ထွက်လာမှ လုပ်ကြတာပေါ့နဲ့ပဲ အချိန်ကုန်ခဲ့တာပါ။ ၁၉၉၅ မှာ ဒေါ်စုထွက်လာတော့လည်း ခြံဝမှာ ဟောပြောပွဲလုပ် တာ...သတင်းစာရှင်းလင်းပွဲလုပ်တာ ...စီအာရ်ပီပီဖွဲ့တာနဲ့ပဲ အချိန်ကုန်ပြီး ....
၂၀၀၁ ခုနှစ်အထိရောက်ခဲ့ပါ တယ်။

ပါတီအဖွဲ့အစည်းတွေကို ပြင်ဖွဲ့တာ ...ပါတီတွင်းဒီမိုကရေစီရှင်သန်အောင်လုပ်တာတွေ လုပ်ရမယ့် အစား တိုက်ပွဲတွေဖော်ပြီး ပါတီထုကို ဆွဲဆောင်ထားဖို့ပဲလုပ်ခဲ့တာပါ။

ပါတီတွင်းဒီမိုကရေစီရှင်သန် အောင်တောင်မလုပ်နိုင်ဘဲနဲ့ နိုင်ငံကို မိုကရေစီပန်းတိုင်ပို့နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါဟာ ဒီချုပ်အပေါ် စိတ်ကုန်ရတဲ့ အကြောင်းတစ်ချက်ပါ။

ဒေါ်စုရဲ့ထက်အောက်ဝဲယာဆက်ဆံမှုအခြေအနေ
============================

ဒေါ်စုရဲ့ ပညာအရည်အချင်း ...အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောနိုင်မှု ...
အဟောအပြောကောင်းမှု နဲ့ ....နိုင်ငံတကာ ဗဟုသုတကြွယ်ဝမှုတို့ကို ....
မျိုးချစ်တွေထဲမှာရော၊ တတ်သိတွေထဲမှာရော ....အခြားပါတီက ခေါင်းဆောင်တွေထဲမှာရော ဘယ်သူမှ မယှဉ်နိုင်တာ။
မဆလ တံခါးပိတ်ခေတ်မှာ လူဖြစ်ရတဲ့ ကျွန်တော် တို့ကတော့ ဝေးရော။ ဒါပေမယ့် ဒေါ်စုက ကျန်တဲ့ခေါင်းဆောင်တွေမှာ မြန်မာ့နိုင်ငံရေးနယ်ပယ်က သင်ခန်းစာတွေ ...အတွေ့အကြုံတွေအများကြီးရှိတယ်ဆိုတာ မေ့နေခဲ့တယ်။ ဒါ့ကြောင့် ကျန်တဲ့လူတွေ အပေါ် အထင်သေးတဲ့စိတ်နဲ့ ...ကြည့်တာ၊ ပြောတာတွေကို တွေ့လာရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလည်း ဒေါ်စုကြည်ထက်ငယ်တဲ့အချိန်မှာ ဖဆပလကို ခေါင်းဆောင်ခဲ့တာပါ။
ဒါပေမယ့် ဗိုလ်ချုပ်က ...ကျောင်းသားသမဂ္ဂ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ....တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ် ဂိုဏ်း ....စတာတွေမှာ ခေါင်းဆောင်နေရာတွေယူခဲ့သလို့ ...ဗမာ့တပ်မတော်မှာလည်း ဦးစီးချုပ်လုပ်ခဲ့ပြီးမှ ....ဖဆ ပလ ခေါင်းဆောင်ဖြစ်ခဲ့တာပါ။
ဒါ့ကြောင့်လည်း ...
ဦးဘဖေ၊ ဦးရာဇတ်၊ သခင်မြ၊ ပျော်ဘွယ်ဦးမြ၊ ဦးဘဂျမ်း စတဲ့ ...၀ါရင့်နိုင်ငံရေးသမားကြီးတွေကို အလေးထားနေရာပေးပြီး ....ခေါင်းဆောင်မှု ယူခဲ့တာတွေ့ရမှာပါ။

ဒေါ်စုကြည်ကတော့ ..ဗိုလ်ချုပ်ရဲ့ လုပ်ဖော်ကိုင်ဖက် မျိုးချစ်အဖိုးကြီးတွေကိုတောင် ...အန်ကယ် ခေါ်ပြီး ပယ်ပယ်နယ်နယ်တွယ်ပါတယ်။
အဖိုးကြီးတွေခင်မျာ ...မစုရေ အန်ကယ်တို့ကလေနဲ့ ပြာနေအောင် ကြောက်ရပါတယ်။
တတ်သိတွေကိုလည်း ဘာတတ်သိပညာရှင်လည်း ဘာညာနဲ့အုပ်တာပါဘဲ။

ဒေါ်စု တန်းတူဆက်ဆံတာနှစ်ယောက်တော့ ရှိပါတယ်။ ဦးဝင်းတင်နဲ့ ဗိုလ်ကြီးဟောင်းဝင်းထိန်ပါ။
ဒါ့ကြောင့် လည်း မိုးသီးဇွန်က သူ့စာတမ်းမှာ ...ဒီချုပ် စီအီးစီတွေဟာ ကပ္ပိယကြီးတွေလိုပဲ ...
ကျောင်းထိုင်ဆရာတော် ဒေါ်စုမသိရင် ဘာမှမလုပ်ရဲဘူးလို့ ရေးခဲ့တာပါ။

ပါတီတွင်းမှာ ဒီလို ဆက်ဆံသလို မိတ်ဖက်ပါတီများနဲ့လည်း ဒီလိုပါဘဲ။ ဦးနုနဲ့ ၀ိဓူရသခင် ချစ်မောင်လို အစဉ်အလာကြီးတဲ့သူတွေကိုတောင် ၁၅၈ ပါတီညီညွတ်ရေးနဲ့ ပတ်သက်ပြီး
တန်းတူ ပူးပေါင်းလို့မရ ....ဒီချုပ် ခေါင်းဆောင်မှုကို ခံရင်ရမယ်လို့ပြောခဲ့သူပါ။

အစိုးရနဲ့တွေ့ဆုံဆွေးနွေးဖို့အတွက် ပါတီကိုယ်စားလှယ်တွေပါတဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ အဆိုပြုတော့ ...ကျွန်မတစ်ယောက်ဆိုရင်ရပြီ ....အန်ကယ် တို့ ကျွန်မကို ကိုယ်စားလှယ်လွှဲကြောင်းသာ ...
လက်မှတ်ထိုးပါလို့ ပြောထွက်တဲ့သူပါ။
ကျွန်တော်တို့လို လူငယ်အဖွဲ့များကိုတော့ ...လုံခြုံရေးအဆင့်ထက်ပိုပြီး သဘောထားတာမတွေ့ရပါ။

ဒေါ်စုဒဏ်ကို နိုင်ငံခြားသံအမတ်တွေလည်းခံရဖူးပါတယ်။ ၁၉၉၆ မှာ အာဆီယံကို မြန်မာက ၀င်မယ်ဆိုတော့ ဒေါ်စု ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။
အဲဒီအချိန်မှာ ဂျပန်ဝန်ကြီးချုပ်က စင်္ကာပူ ရောက်တုံး မြန်မာကို လက်ခံမယ့် ဆီယံရဲ့သဘောထားကို ...လက်ခံတဲ့အကြောင်း သတင်းထောက်တွေ ကို ပြောလိုက်တယ်။ ဒီသတင်းကို ကြားတော့ ...
ဒေါ်စုက ဂျပန်သံအမတ် ယိုချီယာမာဂူချီကို ဖုန်းဆက်ခေါ် ပါတယ်။ဂျပန်သံအမတ်ရောက်လာတော့ အိမ်ထဲအ၀င်မခံဘဲ ...ခြံထဲက အခမ်းအနားတွေလုပ်တဲ့ တဲထဲမှာ ထိုင်ခိုင်းပြီး ဒေါ်စုက ထိုင်လိုက် လမ်းလျှောက်လိုက်နဲ့ ....တစ်နာရီလောက်ကြိမ်းမောင်းပြီး ပြန်လွှတ်လိုက် တယ်။
ဂျပန်သံအမတ်က အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဂျပန်အစိုးရဆီကို အစီရင်ခံတော့ ....
ဒေါ်စုကို အလွန်မောက်မာတဲ့သူလို့ သုံးသပ်ခဲ့တယ်လို့ဆိုပါတယ်။

ခေါင်းဆောင်တစ်ယောက်ဟာ မိမိအခြေခံမူတွေပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ရမယ်ဆိုတာ လက်ခံ ပါတယ်။ ဒါပေမယ့် ခိုင်ခိုင်မာမာရပ်တည်တာနဲ့ ခေါင်းမာတာ ....မိမိကိုယ်မိမိ ယုံကြည်မှုရှိတာနဲ့ မောက်မာ တာ ...ကွာခြားတယ်လို့တော့ ထင်ပါတယ်။
ဒါတွေကိုမြင်တာများလာတော့ ....ဒေါ်စုရဲ့ ခေါင်းဆောင်မှု အရည် အချင်းအပေါ် သံသယ၀င်လာတာအမှန်ပါဘဲ။

လူမှုရေးအကြောင်းများ
==============

၁၉၈၈ နိုဝင်ဘာကနေ ...စစ်တပ်က ဒေါ်စုခြံကို ၀င်ရှင်းတဲ့ ၈၉ ဇူလိုင် ၂၀ အထိ ခြံထဲမှာနေခဲ့ဖူးပါ တယ်။ ထို့အတူ ၁၉၉၆ ကနေ ၂၀၀၁ အထိနေခဲ့ပါတယ်။ ဒေါ်စုက လူငယ်အဖွဲ့ဝင်အမျိုးသမီးများကို ...ညဖက်ဆိုရင် အပေါ်ထပ်မှာခေါ်ပြီး စကားပြောပါတယ်။ နောက်တော့ Safe Sex ဆိုပြီး စကားဝိုင်းဖွဲ့ ပါတယ်။ ပထမတော့ HIV ကာကွယ်ရေးအတွက် ပြောရင်းနဲ့ နောက်တော့ ကင်းဆေးအစီရင်ခံစာတို့ ...လေဒီချတ်ဒလီလပ်ဗ်ဗာ စာအုပ်အကြောင်းတွေလှည့်သွားပါတယ်။

ကင်းဆေးအစီရင်ခံစာဆိုတာက ...အမေရိကန်အမျိုးသား၊ အမျိုးသမီးတွေရဲ့ Sex Life ကို သုတေသနပြုပြီး...ဘယ်လိုဆက်ဆံရမယ် ...ဘယ်နည်းကကောင်းတယ် စသည်ဖြင့် ...
တစ်တစ်ခွခွပြောထားတဲ့စာတမ်းပါ။

အဲဒီလိုဆွေးနွေးတာက ....ဒေါ်စု နှစ်နှစ်ဆယ်ကျော်နေခဲ့တဲ့ ....အနောက်နိုင်ငံတွေမှာတော့ မဆန်းပေမယ့် ....ဒီမှာတော့ ဆန်းပါတယ် ...အကျိုး ဆက်ကတော့ ....ခြံထဲက လူငယ်တွေကြားမှာ ဇာတ်လမ်းတွေရှုတ်လာတာပါဘဲ။
ဒေါ်စုက ဒါတွေကို တင်းတင်းကျပ်ကျပ် စည်းကမ်းထိန်းဖို့မလုပ်ခဲ့ပါဘူး။ဒီဖြစ်စဉ်တွေကို ကိုညိုအုန်းမြင့်တို့ ၀င်းဝင်းမာတို့ သိပါတယ်။အချင်းချင်း စုမိရင်လည်းဆွေးနွေးဖူးပါတယ်။
ဘယ်သူမှတော့ ဒေါ်စုကို မဝေဖန်ရဲခဲ့ပါ။

နောက်တစ်ခုက ....ဒေါ်စုနဲ့ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် ဒေးဗစ်လှမြင့်တို့ရဲ့ ....
မူမမှန်တဲ့ ဆက်ဆံမှု ပါဘဲ ....ဒါကို ဒီချုပ်ခေါင်းဆောင်ပိုင်းရော၊ ခြံထဲက လူငယ်တွေရော ရိပ်မိပါတယ်။
ဦးအောင်ရွှေ တားတော့ ...ဒေါ်စုက အန်ကယ်တို့အသိအမြင်တွေနဲ့ တိုင်းတာမနေပါနဲ့ ။
West မှာ ဒါဟာ Normal Relationship ပါ ...ကျွန်မဘာလုပ်နေတယ်ဆိုတာ ကျွန်မသိပါတယ်လို့ ဆိုခဲ့ပါတယ်။ ဦးအောင်ရွှေလည်း သံအမတ်နဲ့ နိုင်ငံခြားမှာ နှစ်ပေါင်းများစွာနေခဲ့တာပါ။
ဒေါ်စုပြောတဲ့ Normal Relationship ကို ...သူဘယ်လိုသဘော ပေါက်လဲတော့ မသိဘူး။
နောက်ထပ်ပြောတာမကြားရတော့ပါ။

ကျွန်တော်ကတော့ ရှေးဆန်တယ်ပဲဆိုဆို ....ကိုယ့်ခေါင်းဆောင်ကို စံပြ Role Model အဖြစ် မြင်ချင် ပါတယ်။ ဗြိတိသျှ နန်းရေးဝန် (၀န်ကြီးချုပ်) လွို့က်ဂျော့ အကြောင်း ရေးတဲ့ စာအုပ်မှာ..
လွိုက်ဂျော့ကို မကြိုက်တဲ့ ရန်သူတွေကတောင် ...သူ့ကိုယ်ကျင့်သိက္ခာကို လေးစားကြတယ်။
ဒါနဲ့ပတ်သက်လို့ ဘယ်သူမှ သံသယမရှိဘူးလို့ ရေးထားပါတယ်။
ဒီလို ခေါင်းဆောင်ကို လိုချင်ပါတယ်။
မူဝါဒတစ်ခု မှားတယ်၊ မှန် တယ်ဆိုတာကတော့ ....အမြင်အမျိုးမျိုးရှိနိုင်ပေမယ့် ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်ရင်တော့ ....စံတစ်ခုပဲ ရှိ ရမယ်ထင်ပါတယ်။
ဒါဟာ ဒေါ်စုဆီကနေ ဒီချုပ်ကနေ ထွက်လာခဲ့တဲ့ ...နောက်ဆုံးအကြောင်းပါဘဲ။

ဒေါ်စုခေါင်းဆောင်မှုအပေါ် ဘ၀င်မကျတာ ကျွန်တော်တို့အငယ်တွေသာမဟုတ်ပါဘူး။
တတ်သိ အုပ်စုတွေထဲကလည်းရှိပါတယ်။ မျိုးချစ်တွေကတော့ ဦးနေ၀င်းအောက်မှာ အသားကျခဲ့တော့ ...ဒီလို ခေါင်းဆောင်မှုမျိုး ....ပါတီတွင်း ဒီမိုကရေစီမရှိတာမျိုးကို နေတတ်နေပြီထင်ပါတယ်။
သိပ် ပြောတာ မတွေ့ ရပါ။

၈၉ မတ်လထဲမှာ ...ဆရာမောင်ကိုယုကို ကျွန်တော်တို့ လူငယ်တစ်ချို့က ဆွေးနွေးဖူးပါတယ်။
ဆရာကတော့ ငါတို့ကျားမြီးဆွဲမိထားပြီလို့ ပြောခဲ့တာမှတ်မိပါတယ်။ တကယ်လည်း ဒေါ်စုအပေါ် Personal Cult သဘောမျိုးဖြစ်လာတော့ ...ဒေါ်စုမရှိရင် ဒီချုပ်မရှိ၊ ဒေါ်စုမရှိရင် ဒီမိုကရေစီလှုပ်ရှားမှုမရှိ ...ဒေါ်စုသာ စစ်တပ်ကို အကောင်းဆုံး တန်ပြန်နိုင်မယ်သူ ...
ဆိုတာမျိုး ဖြစ်လာပါတယ် ....။

ဒါ့ကြောင့် ဒေါ်စုကို ဝေဖန်ရင် ...တန်ပြန်တော်လှန်ရေးသမား တံဆိပ်ကပ်ခံရမှာ သေချာနေတော့ ...
ဘယ်သူကမှ ပါးစပ်မဟရဲ ပါဘူး။ မကြိုက်ရင် အကြောင်းတစ်ခုရှာပြီး ဘေးထွက်ထိုင်တာပဲ လုပ်ရဲပါတယ်။
တတ်သိမှာ အတက်ကြွ ဆုံး လှုပ်ရှားခဲ့တဲ့ ...ဆရာမောင်ဝံသ၊ ဒေါ်မြင့်မြင့်ခင်၊ ဆရာမောင်စူးစမ်း၊ မသိင်္ဂီ င်္တို့အုပ်စုတွေ ....ဒီချုပ်ကနေ ဘေးထွက် ထိုင်နေတာတွေဟာ ဒီအကြောင်းတွေကြောင့်ပါဘဲ။

ကျွန်တော်တို့အနေနဲ့ ကိုယ်ပြောတာ မှန်တယ်လို့မဆိုလိုပါ။ သို့သော် ပါတီအတွင်းမှာ မိမိ သဘောထားကို တင်ပြခွင့်ရှိရမယ်။ ဗဟိုကော်မတီ၊ စီအီးစီဆိုတာတွေဟာ ...အောက်ခြေကနေ အဆင့်ဆင့် တင်မြှောက်ရွေးတာဖြစ်ရမယ်။
ပါတီရဲ့မူဝါဒတွေကို ...ဒီလို ဗဟိုအဖွဲ့အစည်းတွေမှာ ဆွေးနွေးဆုံးဖြတ်ရမယ် လို့ ယုံကြည်ပါတယ်။

အခုတော့ ..အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ဒေါ်စုက စီအီးစီကို အသိပေး ...
စီအီးစီက အတည်ပြု လုပ်လာပါတယ်။ တစ်ခါတစ်လေ ...
စီအီးစီအဖွဲ့ဝင်အားလုံးတောင် အစည်းအဝေးမတက်ရတာမျိုးရှိပါတယ်။

အမျိုးသားညီလာခံကနေ ...ဒီချုပ်ကိုယ်စားလှယ်တွေ ထွက်ခိုင်းတဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်ကို ဒေါ်စု တစ်ဦးတည်း ဆုံးဖြတ်ပြီး ..ဦးအောင်ရွှေနဲ့ကိုယ်စားလှယ်တွေကို ခေါ်ပြောခဲ့တာပါ။
တကယ်တော့ ဒီဆုံးဖြတ် ချက်မျိုးဟာ ...ပါတီမူဝါဒရဲ့ အလှည့်အပြောင်းဆုံးဖြတ်ချက်ပါ။ ဗဟိုကော်မတီ အစည်းအဝေးမျိုးမှာ ဆုံးဖြတ်ရမယ့်ကိစ္စပါ။

ဦးတင်ထွန်းမောင်တို့ ခုနှစ်ယောက်က ...ဗဟိုကော်မတီမှာ ဆုံးဖြတ်ဖို့ပြောတော့ ...ကျွန်မဆုံးဖြတ်ပြီးပြီ၊ ဒါအတည်ပဲ ....ကျွန်မခေါင်းဆောင်မှုကို မယုံကြည်ရင် ...
ကျွန်မအဖွဲ့ချုပ်က ထွက်မယ် ဆိုပြီး အကြပ်ကိုင်ခဲ့ပါတယ်။
ဦးတင်ထွန်းမောင်တို့က စာတမ်းတင်တော့ ...အဖွဲ့ချုပ်က ထုတ်ပယ်ခဲ့ပါတယ်။

ဒီလို လွှတ်တော်ကိုယ်စားလှယ်တွေကို ...အဖွဲ့ချုပ်က ထုတ်တဲ့ကိစ္စမျိုးဆိုတာ ...ဗဟိုကော်မတီ ဒါမှမဟုတ် ဗဟိုကော်မတီက .....အာဏာလွှဲထားတဲ့အဖွဲ့က ဆုံးဖြတ် ....ဗဟိုကော်မတီကို အတည်ပြုချက်တောင်း ဒီလို လုပ်ရမှာပါ။
အခုတော့ ကျွန်တော်တို့အဖွဲ့ချုပ်ဟာလည်း ....မဆလလို ဗဟိုဦးစီးစနစ်နဲ့ ....တစ်ဦး တစ်ယောက် ကောင်း ၀ါဒ ကျင့်သုံးလာတာကို ....စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ခဲ့ရပါတယ်။
ဒီမိုကရေစီ ရေချိန်အရ ....ဒီလို ဦးဆောင်မှုကိုလည်း လက်မခံနိုင်ပါ။ ဒါ့ကြောင့်လမ်းခွဲပါတယ်။

ဒီမိုကရေစီကိုတော့ ယုံကြည်ဆဲပါ။ ဒါပေမယ့် ဒီလူနဲ့ ဒီပါတီနဲ့ ဒီမိုကရေစီရနိုင်မယ်လို့ မထင်ပါ ဘူး....အခုရေးတာက အကျဉ်းသာဖြစ်ပါတယ်။ ဒေါ်စုနဲ့ မိခင်ဒေါ်ခင်ကြည် ဆက်ဆံရေး ....
ဒေါ်စုနဲ့ ဦးအောင် ဆန်းဦး ဆက်ဆံရေး ....ဒေါ်စုနဲ့ ခြံထဲမှာအတူနေတဲ့ ဒေါ်ခင်ကြီး ..(သခင်သန်းထွန်းဇနီး၊ ဒေါ်ခင်ကြည်အမ) မိသားစု ဆက်ဆံရေးတွေကို ကြည့်ရင် ...မိသားစုပြသနာတွေကိုတောင် ....စေ့စပ် အဖြေမရှာနိုင်တဲ့သူက .....အမျိုး သားရင်ကြားစေ့ရေးကို လုပ်နိုင်မယ်လို့ ....ယုံကြည်ရန် ခက်ပါတယ်။

ဒီချုပ်ကနေထွက်လာခဲ့တာ မှန်တယ်၊ မှားတယ် မပြောလိုပါ။ ဘာကြောင့် ထွက်ခဲ့တယ်ဆိုတာကို ပြောပြခြင်းသာဖြစ်ပါတယ်။ တိုင်းပြည် ပြင်ပရောက်နေတာမို့ ...ဒီချုပ်မှာ နေရာယူချင်လို့ ....
နအဖဆီက ပေးစာကမ်းစာ စားချင်လို့ ဆိုတဲ့အကြောင်းများမရှိပါ။
ဒါပေမယ့် ဘလော့ဂ်တွေပေါ်မှာ ....ဘုန်းတော်ဖွဲ့တွေ ဖတ်နေရလို့ ....တကယ်သိကြရဲ့လားဆိုတာ သိချင်လို့ရေးပြတာပါ။

ကျွန်တော်ပြောတဲ့အကြောင်းတွေကို သိပြီးသား ...ဒီလိုခေါင်းဆောင်ပဲ ကြိုက်တယ်ဆိုရင် ပြောရန် မရှိပါ။ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပါဘဲ။ ဘာမှမသိဘဲ သူများယောင်လို့ လိုက်ယောင်နေရသူများရှိရင် ...ဖတ်ကြည့်ပြီး ဒီအကြောင်းအရာတွေမှန်မမှန် ....ဆန်းစစ်နိုင်ဖို့ရည်ရွယ်ပါတယ်။
ကိုယ်ရေးကိုယ်တာ၊ ပုဂ္ဂိုလ် ရေးတွေ ပြောနေတယ်လို့မထင်စေခြင်ပါ။
ဒီမိုကရေစီစနစ်မှာ ခေါင်းဆောင်လုပ်သူများဟာ ...ပြည်သူများ ရော၊ မီဒီယာများရောရဲ့ ဝေဖန်စူးစမ်းမှုကို ခံနိုင်ရပါမယ်။ မှတ်ကျောက် အတင်ခံနိုင်ရပါမယ်။

အမေရိကန် မှာ အခုသမ္မတလောင်းရွေးပွဲအတွက် ပြိုင်ဆိုင်မှုတွေစနေပါပြီ။
သမ္မတလောင်းတွေရဲ့ မူဝါဒများသာမက အကျင့်စာရိတ္ထ၊ အကျင့်စရိုက်၊ အပြုအမူများကိုပါ
ဘက်စုံကဝေဖန် ဆန်းစစ်နေတာတွေကို ဖတ်ရ၊ ကြည့်ရ ပါတယ်။
ပြည်သူတွေက သူတို့ကို ခေါင်းဆောင်မယ့်လူရဲ့ အကြောင်းကိုဂဃနဏ သိခွင့်ရှိပါတယ် ....ကောင်း တာလေးတွေပဲဖော်ပြ ...ကောင်းတယ်လို့ထင်အောင် ပုံဖော်ပေးတာတွေက ....
တစ်ပါတီအာဏာရှင်စနစ်ရဲ့ အမူအကျင့်ဖြစ်ပါတယ် ....ဒ့ါကြောင့် ကျွန်တော်တို့ဟာ ....ကိုယ့်ကိုခေါင်းဆောင်မယ်လူက ဘာလဲ၊ ဘယ်လဲ ဆိုတာက .....သိအောင်လုပ်ပြီးမှ ဆုံးဖြတ်ဖို့လိုပါတယ်။

အခုရေးပြရတာက ဒီရည်ရွယ်ချက်ပါဘဲ.....ဘလော့ဂ်သာ မပေါ်ခဲ့ရင် .....အစိုးရလူ၊ တန်ပြန်တော်လှန်ရေးသမားဆိုပြီး နှိပ်ကွပ်ခံရမှာမို့ ....စာမျက်နှာပေါ်မှာ မရေးရဲဖူး ဆိုတာ ၀န်ခံပါတယ်။

( ရဲဘော် အောင်ထက် ) Copy"


 ဒေါ်စု ဆီက ဘာကြောင့် ကျွန်တော် ထွက်လာရသလဲ .....အကြောင်းသုံးချက် ရှိပါတယ်။

တစ်။ ပါတီတွင်း ဆက်ဆံရေး အခြေအနေ။
နှစ်။ ဒေါ်စု ရဲ့ ထက်အောက် ၀ဲယာ ဆက်ဆံမှု အခြေအနေ။
သုံး။ ဒေါ်စု ရဲ့ လူမှုရေး အကြောင်းများ။


ပါတီတွင်း ဆက်ဆံရေး
*****************

၈၈ အရေးတော်ပုံ အပြီး မှာ ကျောင်းသားတွေ ထဲမှာ အကြမ်းအားဖြင့် လေးစု ကွဲသွားတယ်။ ကိုနိုင်အောင် တို့နဲ့ ပါသွား သူများ...ကိုမင်းကိုနိုင် တို့နဲ့ ဗကသ အဖြစ်ကျန်ခဲ့ သူများ ....ကိုမိုးသီးဇွန် တို့နဲ့ လူ့ဘောင် သစ်ဖြစ်သွား သူများ နဲ့ ....ဒီချုပ် လူငယ် အဖွဲ့မှာ ပါသူများလို့ .... ခွဲခြားနိုင်ပါတယ် ....

ကျွန်တော် က တော့ ....ဒီချုပ်ထဲ ပါတဲ့ အုပ်စုထဲ လိုက်သွားပါတယ်။ ဒါကလည်း ဒေါ်စု ကို အထင်ကြီးတာ ရယ်။ မကသ က လာတာ မို့ ဗကသ အောက် ခေါင်း မလျှိုခြင် တာရယ် နှစ်ခုလုံး ပါပါတယ်။

ဒီချုပ်ကို သိတဲ့ အတိုင်း အောင် စု တင် လူကြီး သုံးဦးခေါင်းဆောင် ပါတယ်။ စီအီးစီ ကို အောင် စု တင် အုပ်စု တစ်ခု စီက ၁၄ ဦး နဲ့ ဖွဲ့ပါတယ်။ စီအီးစီ အားလုံးကို ခေါင်းဆောင်သုံးဦး ကပဲ တိုက်ရိုက်ရွေးပြီး ခန့်တာ ပါ။ 

ဦးအောင်ကြီး ထွက်သွားတော့ စီအီးစီ ၀င်တွေ က စု တင် အုပ်စုဝင်တွေ ပဲ ကျန်ပါတယ်။ ဒီချုပ် ဗဟို ကို ဖွဲ့ပြီးတော့ ...ပြည်နယ်၊ တိုင်းစည်းတွေ၊ မြို့နယ်စည်းတွေ ဆက်ဖွဲ့ပါတယ်။ ဒါတွေအားလုံး ဗဟိုဦးစီး စနစ် နဲ့ ခန့်အပ်ခဲ့တာပါ။ 

ဒီချုပ်အောက်ခြေ အဖွဲ့ဝင် များအနေနဲ့ ပြောခွင့် မရှိပါ။ ပြောဖို့ကြိုးစားသူများ ရှိရင်လည်း ဒီ အချိန်က စစ်တပ် နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ အချိန် ....ရွေးကောက်ပွဲ အတွက်လည်း ပြင်ရမယ်။ အခြေအနေ တည်ငြိမ် မှ ပြန်ရွေးကြတာပေါ့ ဆိုပြီး ခေါင်းဆောင် များက ပြောခဲ့ပါတယ်။


 
လွှတ်တော် ကိုယ်စားလှယ်ရွေးတော့ လည်း စီအီးစီ နဲ့ တိုင်းစည်းတွေ ညှိပြီးရွေးခဲ့ တာပါ။ မဆလ ခေတ် က ပါတီက ချပေးတဲ့ ကိုယ်စားလှယ် ကို ထောက်ခံရ သလိုပဲ ကျွန်တော်တို့ စီအီးစီ က ချပေးတာ ကို ထောက်ခံ ခဲ့ရတာပါ။

ဒီလိုနဲ့ ဒေါ်စု အထိန်းသိမ်း ခံရတော့လည်း ဒေါ်စု မရှိသေးခင် ဒီလိုပဲ ထိန်းထားဦး ...ဒေါ်စု ထွက်လာမှ လုပ် ကြ တာပေါ့ နဲ့ပဲ အချိန် ကုန်ခဲ့တာပါ။ ၁၉၉၅ မှာ ဒေါ်စု ထွက်လာတော့ လည်း ခြံဝ မှာ ဟောပြောပွဲ လုပ် တာ ...သတင်းစာ ရှင်းလင်းပွဲ လုပ်တာ ...စီအာရ်ပီပီ ဖွဲ့တာ နဲ့ပဲ အချိန်ကုန်ပြီး .... ၂၀၀၁ ခုနှစ် အထိရောက်ခဲ့ပါ တယ်။

ပါတီ အဖွဲ့အစည်းတွေ ကို ပြင်ဖွဲ့တာ ...ပါတီတွင်း ဒီမိုကရေစီ ရှင်သန်အောင် လုပ်တာတွေ လုပ်ရမယ့် အစား တိုက်ပွဲတွေဖော်ပြီး ပါတီထု ကို ဆွဲဆောင်ထား ဖို့ပဲလုပ်ခဲ့တာပါ။ ပါတီတွင်း ဒီမိုကရေစီ ရှင် သန် အောင်တောင် မလုပ်နိုင် ဘဲနဲ့ နိုင်ငံ ကို မိုကရေစီ ပန်းတိုင် ပို့နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါဟာ ဒီချုပ် အပေါ် စိတ်ကုန် ရတဲ့ အကြောင်း တစ်ချက်ပါ။


 ဒေါ်စု ရဲ့ ထက်အောက် ၀ဲယာ ဆက်ဆံမှု အခြေအနေ
******************************************

ဒေါ်စု ရဲ့ ပညာ အရည်အချင်း ...အင်္ဂလိပ်စကား ကို ကျွမ်းကျင် စွာပြောနိုင်မှု ...
အဟော အပြောကောင်းမှု နဲ့ ....နိုင်ငံတကာ ဗဟုသုတကြွယ်ဝမှု တို့ကို ....
မျိုးချစ်တွေ ထဲမှာရော၊ တတ်သိတွေထဲ မှာရော ....အခြား ပါတီက ခေါင်းဆောင်တွေ ထဲမှာရော ဘယ်သူမှ မယှဉ်နိုင်တာ။
 

မဆလ တံခါးပိတ်ခေတ် မှာ လူဖြစ် ရတဲ့ ကျွန်တော် တို့ ကတော့ ဝေးရော။ ဒါပေမယ့် ဒေါ်စု က ကျန်တဲ့ခေါင်းဆောင်တွေ မှာ မြန်မာ့နိုင်ငံရေးနယ်ပယ် က သင်ခန်းစာတွေ ...အတွေ့အကြုံတွေ အများကြီး ရှိတယ် ဆိုတာ မေ့နေခဲ့တယ်။ ဒါ့ကြောင့် ကျန်တဲ့ လူတွေ အပေါ် အထင်သေးတဲ့ စိတ်နဲ့ ...ကြည့်တာ ၊ ပြော တာတွေကို တွေ့လာ ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း လည်း ဒေါ်စုကြည် ထက် ငယ်တဲ့ အချိန်မှာ ဖဆပလ ကို ခေါင်းဆောင် ခဲ့တာပါ။
ဒါပေမယ့် ဗိုလ်ချုပ် က ...ကျောင်းသား သမဂ္ဂ၊ ဗမာပြည် ကွန်မြူနစ်ပါတီ ....တို့ဗမာ အစည်းအရုံး၊ ဗမာ့ ထွက်ရပ် ဂိုဏ်း ....စတာတွေ မှာ ခေါင်းဆောင်နေရာတွေ ယူခဲ့သလို့ ...ဗမာ့ တပ်မတော်မှာလည်း ဦးစီးချုပ် လုပ်ခဲ့ပြီး မှ ....ဖဆ ပလ ခေါင်းဆောင်ဖြစ်ခဲ့တာပါ။
 

ဒါ့ကြောင့်လည်း ...
ဦးဘဖေ၊ ဦးရာဇတ်၊ သခင်မြ၊ ပျော်ဘွယ် ဦးမြ၊ ဦးဘဂျမ်း စတဲ့ ...၀ါရင့်နိုင်ငံရေး သမားကြီးတွေကို အလေး ထားနေရာပေးပြီး ....ခေါင်းဆောင်မှု ယူခဲ့တာတွေ့ရမှာပါ။


ဒေါ်စုကြည် ကတော့ ..ဗိုလ်ချုပ် ရဲ့ လုပ်ဖော် ကိုင်ဖက် မျိုးချစ် အဖိုးကြီးတွေ ကိုတောင် ...အန်ကယ် ခေါ်ပြီး ပယ်ပယ် နယ်နယ် တွယ်ပါတယ်။ အဖိုးကြီးတွေ ခင်မျာ ...မစုရေ အန်ကယ်တို့ ကလေ နဲ့ ပြာနေအောင် ကြောက် ရပါတယ်။

တတ်သိတွေ ကိုလည်း ဘာတတ်သိ ပညာရှင်လည်း ဘာညာ နဲ့အုပ်တာ ပါဘဲ။ ဒေါ်စု တန်းတူ ဆက်ဆံ တာနှစ်ယောက်တော့ ရှိပါတယ်။ ဦးဝင်းတင် နဲ့ ဗိုလ်ကြီးဟောင်းဝင်းထိန် ပါ။
 

ဒါ့ကြောင့် လည်း မိုးသီးဇွန် က သူ့ စာတမ်းမှာ ...ဒီချုပ် စီအီးစီတွေ ဟာ ကပ္ပိယကြီးတွေ လိုပဲ ...ကျောင်းထိုင် ဆရာတော် ဒေါ်စု မသိရင် ဘာမှ မလုပ်ရဲဘူးလို့ ရေးခဲ့ တာပါ။

ပါတီတွင်း မှာ ဒီလို ဆက်ဆံ သလို မိတ်ဖက် ပါတီ များနဲ့လည်း ဒီလို ပါဘဲ။ ဦးနု နဲ့ ၀ိဓူရသခင် ချစ်မောင်လို အစဉ် အလာကြီးတဲ့ သူတွေကိုတောင် ၁၅၈ ပါတီ ညီညွတ်ရေး နဲ့ ပတ်သက်ပြီး တန်းတူ ပူးပေါင်းလို့ မရ ....ဒီချုပ် ခေါင်းဆောင်မှု ကို ခံရင် ရမယ်လို့ပြောခဲ့သူပါ။

အစိုးရ နဲ့တွေ့ဆုံဆွေးနွေး ဖို့အတွက် ပါတီ ကိုယ်စားလှယ်တွေ ပါတဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ အဆိုပြုတော့ ...ကျွန်မ တစ်ယောက်ဆိုရင် ရပြီ ....အန်ကယ် တို့ ကျွန်မ ကို ကိုယ်စားလှယ် လွှဲကြောင်းသာ ... လက်မှတ် ထိုး ပါလို့ ပြောထွက်တဲ့ သူပါ။

ကျွန်တော်တို့လို လူငယ် အဖွဲ့များ ကိုတော့ ...လုံခြုံရေး အဆင့်ထက် ပိုပြီး သဘောထားတာ မတွေ့ရပါ။

ဒေါ်စု ဒဏ် ကို နိုင်ငံခြား သံအမတ်တွေလည်း ခံရဖူးပါတယ်။ ၁၉၉၆ မှာ အာဆီယံ ကို မြန်မာ က ၀င်မယ် ဆိုတော့ ဒေါ်စု ပြင်းပြင်း ထန်ထန် ကန့်ကွက်ပါတယ်။

အဲဒီ အချိန်မှာ ဂျပန်ဝန်ကြီးချုပ် က စင်္ကာပူ ရောက်တုံး မြန်မာ ကို လက်ခံမယ့် အာဆီယံ ရဲ့ သဘောထားကို ...လက်ခံတဲ့ အကြောင်း သတင်းထောက်တွေ ကို ပြောလိုက်တယ်။ ဒီသတင်းကို ကြားတော့ ... ဒေါ်စု က ဂျပန် သံအမတ် ယိုချီယာမာဂူချီ ကို ဖုန်းဆက်ခေါ် ပါတယ်။ဂျပန်သံ အမတ်ရောက် လာတော့ အိမ်ထဲ အ၀င် မခံဘဲ ...ခြံထဲ က အခမ်းအနားတွေ လုပ်တဲ့ တဲ ထဲမှာ ထိုင်ခိုင်းပြီး ဒေါ်စု က ထိုင်လိုက် လမ်းလျှောက် လိုက် နဲ့ ....တစ်နာရီလောက်ကြိမ်းမောင်းပြီး ပြန်လွှတ် လိုက် တယ်။


ဂျပန် သံအမတ် က အဲဒီအဖြစ်အပျက် နဲ့ပတ်သက်ပြီး ဂျပန် အစိုးရ ဆီကို အစီရင် ခံတော့ .... ဒေါ်စု ကို အလွန်မောက်မာတဲ့ သူလို့ သုံးသပ်ခဲ့တယ် လို့ဆိုပါတယ်။ ခေါင်းဆောင်တစ်ယောက် ဟာ မိမိ အခြေခံ မူတွေပေါ် မှာ ခိုင်ခိုင် မာမာ ရပ်တည်ရမယ် ဆိုတာ လက်ခံ ပါတယ်။ ဒါပေမယ့် ခိုင်ခိုင် မာမာ ရပ်တည် တာ နဲ့ ခေါင်းမာ တာ ....မိမိကိုယ် မိမိ ယုံကြည်မှု ရှိတာနဲ့ မောက်မာ တာ ...ကွာခြားတယ် လို့တော့ ထင်ပါ တယ်။
 

ဒါတွေကိုမြင်တာ များလာတော့ ....ဒေါ်စု ရဲ့ ခေါင်းဆောင်မှု အရည် အချင်း အပေါ် သံသယ ၀င်လာတာ အမှန် ပါဘဲ။

လူမှုရေး အကြောင်းများ
*******************

၁၉၈၈ နိုဝင်ဘာ ကနေ ...စစ်တပ် က ဒေါ်စုခြံ ကို ၀င်ရှင်း တဲ့ ၈၉ ဇူလိုင် ၂၀ အထိ ခြံထဲမှာနေခဲ့ ဖူးပါ တယ်။ ထို့အတူ ၁၉၉၆ ကနေ ၂၀၀၁ အထိနေခဲ့ ပါတယ်။ ဒေါ်စု က လူငယ် အဖွဲ့ဝင် အမျိုးသမီး များကို ...ညဖက် ဆိုရင် အပေါ်ထပ် မှာခေါ်ပြီး စကားပြောပါတယ်။ နောက်တော့ Safe Sex ဆိုပြီး စကားဝိုင်းဖွဲ့ ပါတယ်။ 

ပထမတော့ HIV ကာကွယ်ရေးအတွက် ပြောရင်းနဲ့ နောက်တော့ ကင်းဆေး အစီရင်ခံစာ တို့ ...လေဒီ ချတ်ဒလီလပ်ဗ်ဗာ စာအုပ် အကြောင်းတွေ လှည့်သွားပါတယ်။

ကင်းဆေး အစီရင်ခံစာ ဆိုတာက ...အမေရိကန် အမျိုးသား၊ အမျိုးသမီးတွေ ရဲ့ Sex Life ကို သုတေသနပြုပြီး ...ဘယ်လို ဆက်ဆံရမယ် ...ဘယ်နည်းကကောင်းတယ် စသည်ဖြင့် ... တစ်တစ် ခွခွပြောထား တဲ့ စာတမ်းပါ။

အဲဒီလိုဆွေးနွေးတာ က ....ဒေါ်စု နှစ်နှစ်ဆယ်ကျော်နေ ခဲ့တဲ့ ....အနောက်နိုင်ငံတွေ မှာတော့ မဆန်းပေမယ့် ....ဒီမှာတော့ ဆန်းပါတယ် ...အကျိုး ဆက် ကတော့ ....ခြံထဲ က လူငယ်တွေကြား မှာ ဇာတ်လမ်းတွေ ရှုတ် လာ တာပါဘဲ။

ဒေါ်စု က ဒါတွေ ကို တင်းတင်း ကျပ်ကျပ် စည်းကမ်းထိန်း ဖို့မလုပ်ခဲ့ ပါဘူး။ ဒီဖြစ်စဉ်တွေ ကို ကိုညိုအုန်းမြင့် တို့ ၀င်းဝင်းမာ တို့ သိပါတယ်။ အချင်းချင်း စုမိရင်လည်းဆွေးနွေးဖူး ပါတယ်။ ဘယ်သူမှတော့ ဒေါ်စု ကို မဝေဖန် ရဲခဲ့ ပါ။


 နောက်တစ်ခုက ....ဒေါ်စု နဲ့ ဒီချုပ်လွှတ်တော် ကိုယ်စားလှယ် ဒေးဗစ်လှမြင့်တို့ ရဲ့ .... မူမမှန် တဲ့ ဆက်ဆံမှု ပါဘဲ ....ဒါကို ဒီချုပ်ခေါင်းဆောင် ပိုင်းရော၊ ခြံထဲ က လူငယ်တွေရော ရိပ်မိ ပါတယ်။
 

ဦးအောင်ရွှေ တားတော့ ...ဒေါ်စု က အန်ကယ် တို့အသိအမြင်တွေ နဲ့ တိုင်းတာ မနေပါနဲ့ ။ West မှာ ဒါဟာ Normal Relationship ပါ ...ကျွန်မ ဘာလုပ်နေတယ် ဆိုတာ ကျွန်မ သိပါတယ် လို့ ဆိုခဲ့ပါတယ်။ 

ဦးအောင်ရွှေ လည်း သံအမတ် နဲ့ နိုင်ငံခြားမှာ နှစ်ပေါင်းများစွာနေခဲ့ တာပါ။ဒေါ်စုပြော တဲ့ Normal Relationship ကို ...သူဘယ်လို သဘော ပေါက်လဲတော့ မသိဘူး။ နောက်ထပ်ပြောတာ မကြားရတော့ပါ။
ကျွန်တော် ကတော့ ရှေးဆန်တယ် ပဲဆိုဆို ....ကိုယ့်ခေါင်းဆောင် ကို စံပြ Role Model အဖြစ် မြင်ချင် ပါတယ်။

 ဗြိတိသျှ  နန်းရေးဝန် (၀န်ကြီးချုပ်) လွို့က်ဂျော့ အကြောင်း ရေးတဲ့ စာအုပ်မှာ..
လွိုက်ဂျော့ ကို မကြိုက်တဲ့ ရန်သူတွေ ကတောင် ...သူ့ ကိုယ်ကျင့် သိက္ခာကို လေးစားကြတယ်။
ဒါနဲ့ပတ်သက်လို့ ဘယ်သူ မှ သံသယ မရှိဘူး လို့ ရေးထားပါတယ်။ ဒီလို ခေါင်းဆောင်ကို လိုချင်ပါတယ်။
 

မူဝါဒ တစ်ခု မှားတယ်၊ မှန် တယ် ဆိုတာကတော့ ....အမြ င်အမျိုးမျိုးရှိနိုင်ပေမယ့် ကိုယ်ကျင့်သိက္ခာ နဲ့ပတ်သက် ရင်တော့ ....စံတစ်ခု ပဲ ရှိ ရမယ်ထင်ပါတယ်။ ဒါဟာ ဒေါ်စု ဆီကနေ ဒီချုပ်ကနေ ထွက်လာခဲ့တဲ့ ...နောက်ဆုံး အကြောင်းပါဘဲ။

ဒေါ်စုခေါင်းဆောင်မှု အပေါ် ဘ၀င် မကျတာ ကျွန်တော် တို့အငယ်တွေသာ မဟုတ်ပါဘူး။ တတ်သိ အုပ် စုတွေထဲ ကလည်း ရှိပါတယ်။ မျိုးချစ်တွေ ကတော့ ဦးနေ၀င်းအောက် မှာ အသား ကျခဲ့တော့ ...ဒီလို ခေါင်းဆောင် မှု မျိုး ....ပါတီတွင်း ဒီမိုကရေစီ မရှိတာမျိုး ကို နေတတ်နေပြီထင်ပါတယ်။
သိပ် ပြော တာ မတွေ့ ရပါ။


၈၉ မတ်လ ထဲမှာ ...ဆရာမောင်ကိုယု ကို ကျွန်တော် တို့ လူငယ်တစ်ချို့ က ဆွေးနွေးဖူး ပါတယ်။ ဆရာ ကတော့ ငါတို့ကျားမြီးဆွဲမိထားပြီ လို့ ပြောခဲ့တာ မှတ်မိပါတယ်။ တကယ်လည်း ဒေါ်စုအပေါ် Personal Cult သဘောမျိုးဖြစ်လာတော့ ...ဒေါ်စု မရှိရင် ဒီချုပ် မရှိ၊ ဒေါ်စု မရှိရင် ဒီမိုကရေစီ လှုပ်ရှားမှု မရှိ ...ဒေါ်စု သာ စစ်တပ် ကို အကောင်းဆုံး တန်ပြန်နိုင်မယ်သူ ... ဆိုတာမျိုး ဖြစ်လာပါတယ် ....။

ဒါ့ကြောင့် ဒေါ်စု ကို ဝေဖန်ရင် ...တန်ပြန်တော်လှန်ရေး သမား တံဆိပ် ကပ်ခံ ရမှာ သေချာနေတော့ ...
ဘယ်သူ ကမှ ပါးစပ် မဟရဲ ပါဘူး။ မကြိုက်ရင် အကြောင်းတစ်ခုရှာပြီး ဘေးထွက်ထိုင် တာပဲ လုပ်ရဲပါတယ်။
တတ်သိ မှာ အတက်ကြွ ဆုံး လှုပ်ရှား ခဲ့တဲ့ ...ဆရာမောင်ဝံသ၊ ဒေါ်မြင့်မြင့်ခင်၊ ဆရာမောင်စူးစမ်း၊ မသိင်္ဂီ င်္တို့အုပ်စုတွေ ....ဒီချုပ် ကနေ ဘေးထွက် ထိုင်နေတာတွေ ဟာ ဒီအကြောင်းတွေကြောင့်ပါဘဲ။


ကျွန်တော်တို့ အနေနဲ့ ကိုယ်ပြောတာ မှန်တယ်လို့ မဆိုလိုပါ။ သို့သော် ပါတီအတွင်း မှာ မိမိ သဘောထား ကို တင်ပြခွင့် ရှိရမယ်။ ဗဟိုကော်မတီ၊ စီအီးစီ ဆိုတာတွေဟာ ...အောက်ခြေ ကနေ အဆင့်ဆင့် တင်မြှောက်ရွေး တာဖြစ်ရမယ်။
 

ပါတီရဲ့ မူဝါဒတွေ ကို ...ဒီလို ဗဟို အဖွဲ့အစည်းတွေ မှာ ဆွေးနွေးဆုံးဖြတ်ရမယ် လို့ ယုံကြည်ပါတယ်။
အခုတော့ ..အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ကို ဒေါ်စု က စီအီးစီ ကို အသိပေး ... စီအီးစီ က အတည်ပြု လုပ်လာ ပါတယ်။ 

တစ်ခါ တစ်လေ ... စီအီးစီ အဖွဲ့ဝင်အားလုံးတောင် အစည်းအဝေး မတက်ရတာမျိုး ရှိပါတယ်။ အမျိုးသား ညီလာခံ ကနေ ...ဒီချုပ် ကိုယ်စား လှယ်တွေ ထွက်ခိုင်း တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ကို ဒေါ်စု တစ်ဦးတည်း ဆုံးဖြတ်ပြီး ..ဦးအောင်ရွှေ နဲ့ကိုယ်စားလှယ်တွေ ကို ခေါ်ပြောခဲ့တာပါ။

တကယ်တော့ ဒီဆုံးဖြတ် ချက်မျိုး ဟာ ...ပါတီမူဝါဒ ရဲ့ အလှည့် အပြောင်းဆုံးဖြတ်ချက် ပါ။ ဗဟိုကော်မတီ အစည်းအဝေးမျိုး မှာ ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ဦးတင်ထွန်းမောင် တို့ ခုနှစ်ယောက် က ...ဗဟိုကော်မတီ မှာ ဆုံးဖြတ်ဖို့ပြောတော့ ...ကျွန်မ ဆုံးဖြတ်ပြီးပြီ၊ ဒါအတည် ပဲ ....ကျွန်မခေါင်းဆောင်မှု ကို မယုံကြည်ရင် ...
ကျွန်မ အဖွဲ့ချုပ် က ထွက်မယ် ဆိုပြီး အကြပ်ကိုင် ခဲ့ပါတယ်။


ဦးတင်ထွန်းမောင် တို့က စာတမ်း တင်တော့ ...အဖွဲ့ချုပ် က ထုတ်ပယ် ခဲ့ပါတယ်။ ဒီလို လွှတ်တော် ကိုယ်စား လှယ်တွေကို ...အဖွဲ့ချုပ် က ထုတ်တဲ့ ကိစ္စမျိုး ဆိုတာ ...ဗဟိုကော်မတီ ဒါမှ မဟုတ် ဗဟိုကော်မတီ က .....အာဏာ လွှဲထားတဲ့ အဖွဲ့က ဆုံးဖြတ် ....ဗဟိုကော်မတီ ကို အတည်ပြုချက်တောင်း ဒီလို လုပ်ရမှာပါ။
 

အခုတော့ ကျွန်တော်တို့အဖွဲ့ချုပ် ဟာလည်း ....မဆလ လို ဗဟိုဦးစီး စနစ်နဲ့ ....တစ်ဦး တစ်ယောက် ကောင်း ၀ါ ဒ ကျင့်သုံး လာတာကို ....စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ခဲ့ရပါတယ်။
 

ဒီမိုကရေစီ ရေချိန် အရ ....ဒီလို ဦးဆောင်မှုကို လည်း လက်မခံနိုင်ပါ။ ဒါ့ကြောင့်လမ်းခွဲ ပါတယ်။ ဒီမိုကရေစီ ကိုတော့ ယုံကြည်ဆဲ ပါ။ ဒါပေမယ့် ဒီလူ နဲ့ ဒီပါတီ နဲ့ ဒီမိုကရေစီ ရနိုင်မယ်လို့ မထင်ပါ ဘူး....

အခုရေးတာ က အကျဉ်းသာဖြစ်ပါတယ်။ ဒေါ်စု နဲ့ မိခင်ဒေါ်ခင်ကြည် ဆက်ဆံရေး .... ဒေါ်စု နဲ့ ဦးအောင် ဆန်းဦး ဆက်ဆံရေး ....ဒေါ်စု နဲ့ ခြံထဲမှာ အတူနေ တဲ့ ဒေါ်ခင်ကြီး ..(သခင်သန်းထွန်း ဇနီး၊ ဒေါ်ခင်ကြည် အမ) မိသားစု ဆက်ဆံရေးတွေ ကို ကြည့်ရင် ...မိသားစုပြသနာတွေ ကိုတောင် ....စေ့စပ် အဖြေမရှာနိုင် တဲ့ သူက .....အမျိုး သားရင်ကြားစေ့ရေး ကို လုပ်နိုင်မယ်လို့ ....ယုံကြည်ရန် ခက်ပါတယ်။

ဒီချုပ် ကနေ ထွက်လာခဲ့ တာ မှန်တယ်၊ မှားတယ် မပြောလိုပါ။ ဘာကြောင့် ထွက်ခဲ့တယ် ဆိုတာ ကို ပြောပြခြင်း သာဖြစ်ပါတယ်။ တိုင်းပြည် ပြင်ပရောက်နေတာ မို့ ...ဒီချုပ် မှာ နေရာယူချင် လို့ ....
နအဖ ဆီက ပေးစာကမ်း စာ စားချင်လို့ ဆိုတဲ့ အကြောင်းများမရှိပါ။


ဒါပေမယ့် ဘလော့ဂ်တွေပေါ်မှာ ....ဘုန်းတော် ဖွဲ့တွေ ဖတ်နေရလို့ ....တကယ် သိကြရဲ့ လား ဆိုတာ သိချင် လို့ရေးပြတာပါ။


ကျွန်တော်ပြောတဲ့ အကြောင်းတွေကို သိပြီးသား ...ဒီလိုခေါင်းဆောင် ပဲ ကြိုက်တယ် ဆိုရင် ပြောရန် မရှိပါ။ ကိုယ့် ဆုံးဖြတ်ချက် နဲ့ကိုယ်ပါဘဲ။ ဘာမှ မသိဘဲ သူများယောင် လို့ လိုက်ယောင်နေရ သူများ ရှိရင် ...ဖတ် ကြည့် ပြီး ဒီ အကြောင်းအရာတွေ မှန်မမှန် ....ဆန်းစစ်နိုင်ဖို့ရည်ရွယ် ပါတယ်။

ကိုယ်ရေး ကိုယ်တာ၊ ပုဂ္ဂိုလ် ရေးတွေ ပြောနေတယ် လို့မထင်စေခြင်ပါ။ ဒီမိုကရေစီ စနစ်မှာ ခေါင်းဆောင် လုပ်သူများဟာ ...ပြည်သူများ ရော၊ မီဒီယာများရော ရဲ့ ဝေဖန် စူးစမ်းမှု ကို ခံနိုင်ရပါမယ်။ မှတ်ကျောက် အတင် ခံနိုင်ရပါမယ်။


အမေရိကန် မှာ အခုသမ္မတလောင်းရွေးပွဲ အတွက် ပြိုင်ဆိုင်မှုတွေ စနေပါပြီ။ သမ္မတလောင်းတွေ ရဲ့ မူဝါဒ များသာမက အကျင့် စာရိတ္ထ၊ အကျင့် စရိုက်၊ အပြုအမူများ ကိုပါ ဘက်စုံ ကဝေဖန် ဆန်းစစ်နေတာတွေ ကို ဖတ်ရ၊ ကြည့်ရ ပါတယ်။
 

 ပြည်သူတွေ က သူတို့ကို ခေါင်းဆောင်မယ့် လူရဲ့ အကြောင်းကို ဂဃနဏ သိခွင့်ရှိ ပါတယ် ....ကောင်း တာလေးတွေ ပဲဖော်ပြ ...ကောင်းတယ် လို့ထင်အောင် ပုံဖော်ပေးတာတွေ က .... တစ်ပါတီ အာဏာရှင် စနစ်ရဲ့ အမူ အကျင့်ဖြစ်ပါတယ် ....ဒ့ါကြောင့် ကျွန်တော် တို့ဟာ ....ကိုယ့် ကိုခေါင်းဆောင်မယ် လူက ဘာလဲ၊ ဘယ်လဲ ဆိုတာ က .....သိအောင်လုပ်ပြီး မှ ဆုံးဖြတ်ဖို့လိုပါတယ်။

အခုရေးပြ ရတာက ဒီ ရည်ရွယ်ချက် ပါဘဲ.....ဘလော့ဂ် သာ မပေါ် ခဲ့ရင် .....အစိုးရလူ၊ တန်ပြန်တော် လှန်ရေး သမား ဆိုပြီး နှိပ်ကွပ်ခံရမှာ မို့ ....စာမျက်နှာပေါ်မှာ မရေးရဲ ဖူး ဆိုတာ ၀န်ခံပါတယ်။


( ရဲဘော် အောင်ထက် ) Copy
 From...  Kaung Htet  [FB]

No comments:

Post a Comment