Monday, March 23, 2015

လိင် အသားပေးပြင်းထန် သည့် ပုံ များနှင့်အမုန်း စကား ရေးသားမှု များကို ဖေ့စ်ဘွတ်ခ် က ထိရောက်စွာ တားမြစ်မည်


ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရင်သားနှင့် လိင် အင်္ဂါများ ကို အ ပြည့် အစုံဖော်ပြ ထားသည့် ပုံများ နှင့် အမုန်း စကားပြော ကြားသည့် စာ များကို စတင် ၍ ပိတ်ပင် မှုများ ပြုလုပ် မည်ဖြစ်ကြောင်း ၎င်း တို့၏ အသုံးပြုမှု များ လိုက်နာ ရန် ထုတ်ပြန် ထားသည့် စည်းမျဉ်း များတွင် ထပ်မံ ထည့်သွင်းလိုက်သည်။

‘‘ဖေ့စ်ဘွတ်ခ် က အသုံးပြုသူ တွေ လိုက်နာ ဖို့ ထုတ်ပြန် ထားတဲ့ စည်းမျဉ်း ခုနစ်ချက် ရှိပါတယ်။ အဲဒီထဲ ကမှ လိင် အသားပေး လွန်း တဲ့ အဖော် အချွတ် ပုံတွေ၊ အမုန်း စကားပြောတဲ့ ဟာတွေ နဲ့ တခြား တစ်ယောက်ကို ထိခိုက် နစ်နာ အောင် ပြောတဲ့ ဟာတွေကို ပိတ် ပင်သွားမယ် ဆိုတဲ့ ကန့်သတ်ချက် တွေ ပါတယ်’’ဟု မြန်မာ အိုင်စီတီ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (MIDO) မှ ပရိုဂရမ် မန်နေဂျာ မထိုက်ထိုက် အောင် က ပြောသည်။

 ဖေ့စ်ဘွတ်ခ် မှ အသုံးပြုသူ များ လိုက်နာ ရန် ထုတ်ပြန် ထား သည့် စည်းမျဉ်း (Community Standard) များ တွင် ..........

မူပိုင်ခွင့် ဆိုင်ရာ ကန့်သတ် ချက် များ၊ 
အ မုန်း စကားပြောကြားမှုများ၊ 
တစ် ဖက်သား ကို နစ်နာစေမည့် ပြော ကြားမှုများ၊ 
ရင်သားနှင့် လိင် အင်္ဂါများ ကို အပြည့် အစုံဖော်ပြ ထားသည့်  ပုံများ ပိတ်ပင်ထား သကဲ့သို့ အသုံးပြုသူများ အတွက် လမ်းညွှန်ချက် များလည်း ပါဝင်သည်။
 


ကန့်သတ် ထားသည့် လိင် အသားပေးပုံ များတွင် တစ်ဝက် တစ်ပျက်ဖော်ပြထားသည့် အဖော် အချွတ် ပုံများနှင့် ကလေးနို့တိုက် နေသည့် ပုံများ၊  ရင်သား ခွဲစိတ် သည့် ပုံများနှင့်  ကျန်းမာရေးဆိုင် ရာ လမ်းညွှန် ချက် ပုံများ ပါဝင် ခြင်းမရှိပေ။

ထို့အပြင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ ၌ ပြန်လည် မျှဝေ (Share) နိုင်သည့် အကြောင်းအရာ များ၊ မျှဝေခွင့် (Share) မရှိ သည့် အရာ များနှင့် ပတ်သက်၍ လည်း ရှင်း လင်းပြ ထားကြောင်း သိရသည်။

 မြန်မာ အိုင်စီတီ ဖွံ့ဖြိုးတိုး တက်ရေး အဖွဲ့ (MIDO) အနေဖြင့် ဖေ့စ်ဘွတ်ခ်နှင့်  ပူးပေါင်း ကာ အသုံးပြုသူများ လိုက်နာ ရန် ထုတ်ပြန် ထားသည့် စည်းမျဉ်း (Comm-unity Standard) များကို မြန်မာ ဘာသာဖြင့် ပြန်လည် မျှဝေပေးပြီး ပညာပေးသည့် လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။


 နိုင်လင်းအောင်
From...7Daydaily
 http://www.searchmyanmar.com/link/frame/cid/48553

 

No comments:

Post a Comment