Tuesday, March 17, 2015

ဗုဒ္ဓ ပုံတော် မှာ နားကြပ် တပ်သူများ ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်



ဗုဒ္ဓပုံတော် မှာ နားကြပ် တပ်ဆင် ထားတဲ့ ပုံစံ ဒီဇိုင်းပြု လုပ်ပြီး ပါတီပွဲကြော်ငြာ ခဲ့တဲ့ V Grastro.bar ဆိုင်ပိုင် ရှင် ဦးထွန်းသူရိန်၊ မန်နေဂျာ ဦးထွဋ်ကိုကိုလွင် နဲ့ နယူးဇီလန်နိုင်ငံသား Mr.Philip၊ တို့ကို ဗဟန်းတရားရုံး က ဒီကနေ့ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်လိုက်ပါတယ်။

 

ဘာသာ သာသနာ ဆိုင်ရာပြစ်မှု ပုဒ်မ ၂၉၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၈၈ နဲ့ ထောင်ဒဏ် ၆ လ ချမှတ် လိုက်တာ ဖြစ်ပါတယ်။



ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း မှာ ဖွင့်လှစ် ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲ အတွက် ဗုဒ္ဓပုံတော် ကို မလျော်မကန် သုံးပြီး လူမှုကွန်ရက် မီဒီယာတွေ ကဆင့် ကြေညာ ခဲ့တဲ့အတွက် တာဝန်ရှိတဲ့ ၃ ဦး ကို ဒီဇင်ဘာလ ၁၀ ရက် က ဖမ်းဆီးပြီး အင်းစိန်ထောင် မှာ ထိန်းသိမ်း ထားတာဖြစ်ပါတယ်။

 


By ဒီဗွီဘီ
 http://burmese.dvb.no
From...  http://www.searchmyanmar.com/link/frame/cid/48374



No comments:

Post a Comment