Sunday, March 8, 2015

မော်တော်ယာဉ် မောင်းနှင်နေစဉ် ရေခဲရေ သောက်ခြင်း မျက်နှာ သစ်ခြင်းနှင့် ရေခဲစိမ် စနိုးတာဝါ အသုံးပြုခြင်း များ ရှောင်ကြဉ်ရန် လိုအပ်



ယခု ရက်ပိုင်းများ အတွင်း  အပူချိန်မှာ တစ်နေ့ထက် တစ်နေ့ မြင့်တက် လာပြီ ဖြစ် ၍ မော်တော် ယာဉ် မောင်းနှင် သူ များ အနေဖြင့် ယာဉ်မောင်းနှင်နေစဉ် အတွင်း ရေခဲရေ သောက်ခြင်း၊ မျက်နှာ သစ်ခြင်းနှင့် ရေခဲ စိမ် စနိုးတာဝါ အသုံးပြုခြင်း များကို  ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း ရန်ကုန် အနောက် ပိုင်း ဆေးရုံကြီး မှ အထွေထွေရောဂါကု ဆရာဝန်ကြီး တစ်ဦး က ပြောသည်။
 
အပူချိန် မှာ မွန်းတည့် ၁၂ နာရီ မှ ညနေ ၃ နာရီ အတွင်း အပူချိန် အမြင့်ဆုံး အနေ အထား ဖြစ်သည့် အပြင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမှာ လည်း ၎င်း အချိန်တွင်သာ အမြင့်ဆုံးဖြစ်၍ အပြင်ထွက်မည် ဆိုပါ က နေရောင်ခြည်နှင့် အသားအရေ ကို တိုက်ရိုက် မထိစေရန်  အကာအကွယ် များ ယူဆောင် သွားရ မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ကြေညာ ထားသည်။

''နေ့လယ်ပိုင်း အချိန် ကားမောင်းတဲ့ သူတွေ အထူး ဂရုပြု ရမှာပါ။ ဒီရက်ပိုင်း မှာ နေ့လယ်ပိုင်း အပူချိန် သိသိ သာသာ မြင့်တက် လာတယ်။ နေ့လယ်ပိုင်း အဲယားကွန်း ဖွင့်ပြီး ကားမောင်းတဲ့သူေ တွ  အပြင်ထွက်မယ် ဆို ရင် ရုတ်တရက်   မထွက်သင့်ဘူး။ 


အဲယားကွန်း ပိတ်ပြီး အပြင် အပူချိန်နဲ့ တစ်မိနစ်လောက် အရင် ထိတွေ့ပြီးမှ ထွက်သင့်တယ်။ ပြီးတော့ နေ့လယ် ပိုင်း ပူလာရင် ကားမောင်းတဲ့ သူတွေ ကားပေါ်က ဆင်းတာနဲ့ မျက်နှာသစ် တာတွေ ရေခဲစိမ် စနိုးတာဝါ သုံးတာတွေလည်း မလုပ်သင့်ဘူး။ 

ကံကောင်းရင် အပူလျှပ်ရုံဖြစ်ပေမယ့် ဦးနှောက် သွေးကြောပြတ်ပြီး အသက်သေဆုံးနိုင်တဲ့ အထိ အန္တရာယ်ဖြစ်နိုင် တယ်'' ဟု ၎င်းက ဆက်လက် ပြောသည်။

''အပူချိန် က တစ်နေ့ထက် တစ်နေ့ မြင့်လာတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ပါ မြင့်လာ တယ်။   နောက် ပိုင်း ရက်တွေမှာ တဖြည်းဖြည်း နဲ့ ပိုဆိုးလာမယ်။ အဲဒီ အတွက် အပြင်ထွက် ရင် နေရောင်ခြည် နဲ့ အသားအရေ ကို တိုက်ရိုက် မထိတွေ့စေချင်ဘူး။ 

ထီးဆောင်းမယ် ဆိုရင် အကောင်းဆုံးပဲ။  ဒါမှ မဟုတ် အင်္ကျီလက်ရှည်  ဝတ်ရမယ်။  ဦးထုပ်ဆောင်းရမယ်။ အဲဒီလို အကာ အကွယ်တွေ နဲ့ အပြင်ထွက်ရမယ်။  နေရောင်ခြည် နဲ့ တိုက်ရိုက် ထိတွေ့ရင် အသားအရေ ပျက်စီးနိုင်တယ်။ 

တစ်ခါ တလေ ဆို မဖြစ်လောက်ပေမယ့် ကြာရှည် ထိတွေ့ရင် အရေပြား ကင်ဆာ ရောဂါရနိုင်တယ်''ဟု အရေပြားရောဂါ  အထူးကု ဆရာဝန်ကြီး ဦးဉာဏ်လင်းတင့် က သုံးသပ်ပြောသည်။     

ရန်ကုန်   မတ်   ၅

From... http://www.myawady.net.mm/health/

No comments:

Post a Comment