Wednesday, March 18, 2015

လစာ မဟုတ်သည့် အခြား ဝင်ငွေ ရသူများ သုံးလ အတွင်း ဝင်ငွေကြေညာလွှာ တင်ရမည်

14045_922734054413521_8852835767543540841_n


လစာ ဝင်ငွေ အပေါ်မှ အခွန်ပေးဆောင်ရာတွင် လစာ ထုတ်ပေးသူများ က ကျသင့် အခွန်ကို နုတ်ယူ၍ အခွန်ပေး သွင်းရမည် ဖြစ်ပြီး အခြား ဝင်ငွေ ရရှိ သူများမှာ ဘဏ္ဍာနှစ် ကုန်ဆုံးပြီး ဧပြီလ ၁ ရက်နေ့ မှ ဇွန်လ အထိ (သုံးလ အတွင်း) သက်ဆိုင်ရာ မြို့နယ် အခွန် ဦးစီး ဌာနများ သို့ ဝင်ငွေကြေညာလွှာ တင်သွင်း ရမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ထံမှ သိရသည်။

အခြား ဝင်ငွေ ရရှိသူများ ဆိုသည် မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ အနုပညာသည် များ စသည့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်း မှ ဝင်ငွေ ရရှိသူများ၊ ကုန်သွယ်၊ ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်း၊ ငွေချေး သက်သေခံ လက်မှတ် များကို ရင်းနှီးမြှုပ်နှံခြင်း၊ အိမ်၊ ခြံ၊ မြေ ငှားရမ်းခြင်း လုပ်ငန်းမှ ရရှိသော ဝင်ငွေများကို ဆိုလိုခြင်းဖြစ်ကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံ မှ သိရသည်။


 
“အခွန်ပေးဆောင်ရ မှာ နိုင်ငံသားတိုင်း ရဲ့ တာဝန်ပါ။ ကျွန်တော်တို့ ကလည်း ပေးဆောင် ချင်ပါတယ်။ သုံးစွဲ တဲ့ အစိုးရ ဘက်ကလည်း အကျိုး ရှိရှိ သုံးစွဲဖို့ လိုပါတယ်” ဟု ငွေကြေး ဆိုင်ရာ အကြံပေး လုပ်ဆောင်လျက် ရှိသူ ဦးရဲမင်းဦး က ပြောဆိုသည်။

လတ်တလော ပြည်တွင်း အခွန်များ ဦးစီးဌာန က ရသင့် ရထိုက်သည့် အခွန်များ လေလွင့် ဆုံးရှုံးခြင်း မဖြစ်ပေါ်စေရန် စိစစ်ကောက်ခံလျက် ရှိပြီး အခွန်ငွေ များဖြင့် လမ်းတံတား တည်ဆောက်ခြင်းနှင့် ပြည်သူ့ ဝန်ထမ်း များကို လစာပေးခြင်း တို့ ပြုလုပ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

လစာ အပေါ်မှ အခွန်ကောက်ခံ ရာတွင် တစ်နှစ် ဝင်ငွေ ကျပ်သိန်း ၂၀ ကျော် ရရှိသူများ မှာ သတ်မှတ် အခွန်ငွေ ကျသင့် မည်ဖြစ်ပြီး လျှော့ပေါ့ သက်သာခွင့် များမှာ အခြေခံ သက်သာခွင့် ၂၀ ရာခိုင်နှုန်း၊ ဇနီး၊ ခင်ပွန်းနှင့် သား၊ သမီး တစ်ဦးစီ အတွက် သက်သာခွင့် များ ရှိကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ထံမှ သိရသည်။


The Voice
From...  http://www.searchmyanmar.com/link/frame/cid/48383

 

No comments:

Post a Comment