Friday, March 20, 2015

မျက်၇ည်စတွေနဲ့ မေးခဲ့ ပါ၇စေ { ကဗျာ }




 အို---သခင် ငါ့ နို့ရည် ကိုသောက်ပြီး 
ငါ့ကို မိခင် အဖြစ် သဘော မထားနိုင်ဘူးလား ? 

အို---သခင် ငါ ပင်ပင် ပန်းပန်း ရှာကျွေးတာကိုစား 
ငါ့ကို ဖခင် အဖြစ်ရော သဘော မထားနိုင်ဘူးလား ? 

အို---သခင် ဒိုးတူဘောင်ဘက် ငါတို့ လုပ်ကိုင် ခဲ့ကြတာ 
 ငါ့ကို လုပ်ဖော် ကိုင်ဖက် လို့ရော သဘော မထားနိုင်ဘူးလား ? 

အို---သခင် ဘီးတွေကို တပ် 
ငါတို့ ခရီးအတူ ထွက်ခဲ့ကြတာ 
ငါ့ကို ခရီးသွားဖော် အဖြစ်ရော သဘော မထားနိုင်ဘူးလား ? 




ငါ့ အသက် ကို သတ် 
ငါ့ အသား ကိုစား 
ငါ့အသွေး ကိုသောက် 
ငါ့အရေ ကို နေမှာ လှန်းပြီး 
ပိုတာကို အကုန်ရောင်း 

ငါ့ တကိုယ်လုံး မစင်ပါ မကျန်ရလေအောင် 
သခင်တို့ အကျိုး အတွက် ဆောင်ကျဉ်း ခဲ့ကြတယ်နော်---။ 

အို---သခင်ရယ် 
ငါ့ဘဝ နေဝင် ခါနီး မှာ 
စကားလေး တစ်ခွန်း သာ
 ပြောခွင့် ရခဲ့မယ် ဆိုရင် .....

သခင့်အတွက် 
ဘယ်လို အချက်လေး များ 
အပြစ် ဖွဲ့မိ ခဲ့လေ သလဲ လို့ပဲ 
မျက်ရည်စတွေ နဲ့ မေးခဲ့ ပါရစေလားကွယ်---။ 


Myatsushin Sayardaw
 မောင်(စွယ်စုံကျမ်း)

No comments:

Post a Comment