Friday, March 20, 2015

ကြော်ငြာ ဟူသည်




သတင်းစာထဲ ကြော်ငြာတစ်ခု ပါလာတယ်... ...

 'ဘီယာ ဆိုင်သစ် ယနေ့ည ဖွင့်ပြီ။ 
လှပျိုဖြူလေးများ ရဲ့ အက အလှ တေးသံသာများနဲ့ အတူ 
ထူးထူးခြားခြားလေးဖြစ်အောင် အပေါ်ပိုင်း ဗလာ ကျင်းထားပါတယ်'...တဲ့ 

ညရောက်တော့ ဆိုင်ထဲ လာရောက်အားပေးသူ ယောက်ျားတွေ အပြည့် 
ထိုင်စရာနေရာ မရတဲ့ လူတွေက တက် တခေါက်ခေါက် 

ခက်တာက... စာပွဲထိုးကောင်မလေးတွေရော 
သီချင်း ဆို တဲ့ ကလေးမတွေရော လုံလုံခြုံခြုံ  ဝတ်ထားတယ် ဆိုတော့ 

မဟာပုရိသ ပရိတ်သတ် က ဆိုင်မန်နေဂျာ ကို မေးတော့ တာပေါ့... 




'မင်းတို့ကြော်ငြာ ထားတော့ အပေါ်ပိုင်း ဗလာကျင်း ဆို... 

ခု ဘယ်မလဲ ပြစမ်း' 

အဲဒီတော့ ဆိုင်မန်နေဂျာ က အပေါ်ကို လက်ညိုး ထိုးပြပြီး ပြောတယ်... 

'အပေါ်ပိုင်း ဗလာကျင်းထားတယ် ဆိုတာ က ကျနော်တို့ ဆိုင်ကိုပြောတာ။

 သေချာကြည့် အမိုး  မိုးမထားဘူး'     

 'ငင်...' . . 

 

 Thanlay Ko သန်၎ကို - ရမ်းဘာသာပြန်သည်။

No comments:

Post a Comment