Saturday, March 28, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ...... အပိုင်း (၁၈) ... နိဂုံးပိုင်း





၁၄ ။ ပညာဥာဏ် ကြီးမားသောသူ ဖြစ်ရခြင်း

**********************************

ဘုန်းတော်ခြောက်ပါးနှင့်ပြည
့်စုံတော် မူသောမြတ်စွာ ဘုရားရှင် သည် သုဘ လုလင် အား.........
 

"ဒကာတော် သုဘလုလင် ဤလောက ၌ အချို့သော အမျိုးသမီးသည် သော်လည်းကောင်း အမျိုးသား သည်သော် လည်းကောင်း သမဏ သို့သော် လည်းကောင်း ဗြာဟ္မဏသို့သော်လည်းကောင်း ချဉ်းကပ်၍ မေးမြန်းတတ်ပေ။
 

`အရှင်ဘုရား ကုသိုလ်သည် ကား အဘယ်ပါနည်း။ အရှင်ဘုရား အကုသိုလ် သည် ကား အဘယ် ပါနည်း။ အရှင်ဘုရား အပြစ်ရှိသော တရားတွေကားအဘယ်ပါနည်း။အပြစ်မရှိသောတရားသည်ကား အဘယ်ပါ နည်း။ 

မှီဝဲသင့် မှီဝဲထိုက်သော တရားတို့ သည် အဘယ်ပါနည်း။ မမှီဝဲသင့် မမှီဝဲထိုက်သော တရားတို့သည် အဘယ် တရားမျိုး ပါနည်း။ ဘုရားတပည့်တော် အဖို့ ပြုလုပ်အပ် ခဲ့သည် ရှိသော် နေ့ညဥ့် သံသရာ ရှည်မြင့် စွာသော အချိန်အခါ ကာလတို့် ပတ်လုံး အကျိုးစီးပွားမဲ့ရန် အလို့ငှါ ၊ဆင်းရဲ ရခြင်းအလို့ငှါ ဖြစ်ပေ၏။ ဤကဲ့ သို့သော တရားမျိုး သည်ကား အဘယ်ပါနည်း။
 

ဘုရား တပည့်တော် အဖို့ပြုလုပ်အပ်ခဲ့သည် ရှိသော်နေ့ညဥ့် သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလတို့ ပတ်လုံး အကျိုးစီးပွားရှိရန် အလို့ငှါ ၊ချမ်းသာရန် အလို့ငှါ ဖြစ်ပေ၏။ဤကဲ့သို့သော တရားမျိုးသည်ကား အဘယ်တရားမျိုးပါနည်း။ ´
 


ထို ပုဂ္ဂိုလ်သည် ဤသို့ပြည့်စုံနေသော (ဝါ)ဖြည့်ကျင့်ထားသော ဤသို့ကောင်းစွာဆောက် တည်ထား အပ်သော ထို ကုသိုလ်ကံကြောင့် ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေလွန်သည် မှ နောက် ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမား တို့ရဲ့ လားရောက်ရာဖြစ်သော နတ်ပြည်နတ်လောက သို့ ပဋိသန္ဓေ အားဖြင့်ကပ်ရောက်တည်နေရပေသည်။ 

ဒကာတော် သုဘလုလင် ကိုယ်ခန္ဓာ ၏ ပျက်စိး ခြင်းကြောင့် စုတိပြတ်ကြွေသေလွန်သည် မှနောက် ကာလ ၌ကောင်းမှုပြုသူ သုစရိုက်သမား တို့ရဲ့လားရောက်ရာဖြစ်သော နတ်ပြည်လောက သို့ အကယ်၍ မကပ်ရောက် ခဲ့ရသည်ဖြစ်ငြားအံ့၊ လူ့ပြည် လူ့လောက သို့  အကယ်၍ စိုက်ရောက်ခဲ့သည်ဖြစ်ငြားအံ့ ၊

အကြင်အကြင်ဘုံဘဝ ၌ အကြင်အကြင် လူ့လောက ၌ အကြင်အကြင် အမျိုးအနွယ် ၌ ပဋိသန္ဓေ အားဖြင့် တဖန်ဖြစ်ပေါ်လာရ၏။ ထိုထို အမျိုးအနွယ် ၌ ပညာရှိသော ပုဂ္ဂိုလ် သည် ဖြစ်ရပေ၏။ "ဟု ဟောတော်မူ အပ်ခဲ့ပါသည်။

"ကမ္မဿကာ မာဏဝ သတ္တာ ကမ္မဒါယါဒါ ကမ္မယောနီ ကမ္မဗန္ဓု ကမ္မပ္ပဋိသရဏာ၊
ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပ္ပဏီတတာယာတိ"

"ဒါကာတော် သုဘလုလင် သတ္တ၀ါ တို့သည် ကံသာလျင် ကိုယ်ပိုင် ဥစ္စာရှိကြပေ ကုန်၏။ ကံသာလျင် အမွေခံ ဥစ္စာရှိကြလေကုန်၏။ ကံသာလျင် အဆွေ ခင်ပွန်းစစ် ရှိကြကုန်၏။ ကံသာလျင် ပုန်းအောင်း လဲလျောင်း မှီခို ရာရှိကြပေကုန်၏။ 


ကံသာ လျင် သတ္တ၀ါ တို့ကို အယုတ်ညံ့ ဖြစ်ဖို့ အမွန် အမြတ် ဖြစ်ဖို့ရန် ခွဲခြားဝေဖန် ၍ ပေးပေ ၏။"

မြတ်စွာဘုရားရှင် သည် အခြေခံ အကြောင်းအရင်း ကိုသာ ဖွင့်ဆို ရှင်းပြ ခြင်း ဖြစ်ပါသည်။ အထူး အားဖြင့် ကောင်းမှု ကုသိုလ်ကံကြောင့် ကောင်းသော အမှုကိုသာ ရရှိမည်ဖြစ်၍ မကောင်းမှု အကုသိုလ်ကံကြောင့် မကောင်းမှု ကိုသာရရှိ မည်ဖြစ်သည်။ 


သို့သော် မိမိ တို့သည် မကောင်းသော အခြေအနေ အရပ်ရပ် ကို ကြုံတွေ့လာတိုင်း လက်မြောက် အရှုးံပေး ရမည်လား? .......ထို အယူအဆသည် မှားယွင်း မှုသာဖြစ်သည်။ ကံက အခြေအနေဆိုး တစ်ခု ကို တွေ့ ကြုံစေသော် လည်း မိမိ၏ ဘက်တော်သားဖြစ်သော ဥာဏ်နှင့် ဝီရိယ ရှိနေပါသည်။ 

ကံက တွေ့ရုံသာ တွေ့စေပါသည် ။ ထိုအချိန်၌ မကောင်းမှု အကုသိုလ် ထပ်မဖြစ်ရန်မှာ မိမိ၏
သတိ ဥာဏ် ဝီရိယ တို့အပေါ်၌ သာမှုသည်ပါသည်။
 

ကုသိုလ် ဖြစ်ခြင်း ၏ အခြေခံ မှာ ယောနိသောမနသိကာရ နည်းမှန် လမ်းမှန်ဖြင့် နှလုံးသွင်းခြင်းဖြစ် ပါသည်။ ထို အခြင်းအရာ ကို သင်သိ ကျင့်သိ နှစ်မျိုးဖြစ်သာ ရရှိနိုင်ပါသည်။

 ရှေးဦးစွာ ကုသိုလ်ဖြစ်စေသော အရာများ ကို လေ့လာ သင်ကြား သိရှိသော အခါ နည်းမှန် လမ်းမှန်ဖြင့် နှလုံး သွင်း တက်အောင် ကြိမ်ဖန် များစွာ လေ့ကျင့်ထားရပါ မည်။ ထိုသို့ လေ့ကျင့်ခြင်းသည် သာသနာတော် ၏ အနှစ်သာရ ဘာဝနာ အကြိမ်ကြိမ် အထပ်ထပ် ပွားများခြင်းပင်ဖြစ်ပါသည်။
 

အကုသိုလ် ဖြစ်ခြင်း၏ အခြေခံ မှာ အယောနိသော မနသိကာရ နည်းမှား လမ်းမှားဖြင့် နှလုံး သွင်း ခြင်းဖြစ် ပါသည်။ ထို အကုသိုလ် ကို သတိကြီးကြီးမွေး၍ ပိတ်ဆို့ကာ ကွယ်မှ ရရှိနိုင်ပါသည်။ ထိုသို့ ကာကွယ်တတ် ရန် လေ့ကျင့်ပေးရပါသည်။ 

ထိုအရာမှာ တရား အားထုတ်ခြင်း ပင်ဖြစ်ပါသည်။ မိမိ သည် ဥာဏ် ပညာ ထက်သည် ထက် အောင် သင်ကြားလေ့ကျင့်နိုင် ၍ အကုသိုလ် တို့ကို ပိတ်ဆို့ ဖျက်ဆီး တက်သော လုံလ ဝီရိယ မျိုးကို ပိုင်ဆိုင်နိုင်ကြပါစေဟု ဆန္ဒပြုလျက်.........

ဖော်ပြ ထားသော ပြဿ          နာ ၁၄ ချက် ကို ဖားအောက်တောရ ဆရာတော် ဘုရားကြီး ၏ စိတ် ဓာတ်ပြုပြင်ပြောင်းလဲရေး တရားဒေသနာတော် မှ ထုတ်နုတ်ဖော်ပြပါသည်။


 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း



 Ven Ra Hta


No comments:

Post a Comment