Saturday, March 14, 2015

အယ်ဒီဆင် သည် ၀ိညာဉ် စကားပြောကြေးနန်း တီထွင် ရန် ကြိုးပမ်းခဲ့ဖူး

သောမက်စ် အယ်ဒီဆင် သည် တမလွန်လောကသားများ ၏ အသံ ကို ဖမ်းယူနိုင်သော စက် တစ်မျိုး တီထွင် ဖန်တီး ရန် ကြိုးပမ်းခဲ့ ဖူးကြောင်း သိရသည်။

အယ်ဒီဆင် အား လျှပ်စစ်မီးလုံး တီထွင်မှု၊ ဓာတ်စက် တီထွင်မှု များကဲ့သို့သော တီထွင်မှု များကြောင့် လူသိ များကြသည်။ 

သို့သော်လည်း အယ်ဒီဆင် သည် အကြိမ်ပေါင်း များစွာ တီထွင်ကြိုးပမ်းမှု လုပ်ဆောင် ခဲ့ပြီး ထို တီထွင်မှုများ ထဲတွင် လူသိ နည်းသော တီထွင်ကြိုးပမ်းမှု မှာ သေဆုံးသွားသော သူများနှင့် ဆက် သွယ် ပြောကြားနိုင် မည့် စက်ကို တီထွင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ထို တီတွင်ကြိုးပမ်းမှု အား လူ အများ အား အသိပေးကြားခြင်း မရှိခဲ့ပေ။ ၁၉၄၉တွင် ပြင်သစ် ဘာသာ တည်းဖြတ်ပြန်ဆို ထားသည့် စာအုပ် တွင် သူ၏ စမ်းသပ် တီထွင်ချက်များ အား အသေးစိတ် မှတ်တမ်း တင် ရေးသားထားချက် များကို ဖော်ထုတ်တွေ့ရှိ ရာမှ သိရှိရခြင်းဖြစ်သည်။


 
၁၈၇၀ ခုနှစ်နောက်ပိုင်း တွင် သေဆုံး သူ အသံ များကို ဖမ်းယူနိုင်ရန် အယ်ဒီဆင် သည် သူ၏ ဓာတ်စက် တစ်ခု မှ အသံ ကို အလွန် ကျယ်လောင်စွာ တီထွင် လုပ်ဆောင် ၍ ၀ိညာဉ် စကားပြော ကြေးနန်း တစ်ခုဖြစ် လာအောင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

သူသည် ထို တီထွင်မှု အောင်မြင်လိမ့်မည် ဟု ယုံကြည် ခဲ့ပြီး အင်ဂျင်နီယာ တစ်ဦးဖြစ်သော William Walter Dinwiddie နှင့် ပင် သူတို့နှစ်ဦး တစ်ဦး ဦး အရင်သေဆုံး ခဲ့ပါက ထို စက်ဖြင့် ဆက်သွယ် မှု လုပ်ကြရန် သဘော တူညီမှု လုပ်ခဲ့သည်။

သို့သော်လည်း အယ်ဒီဆင် သည် အမှန် တကယ် ၀ိညာဉ် ဆယ်သွယ်မှုနှင့် ပတ်သက် ၍ အထောက်အထား တစ်စုံ တစ်ရာ လုပ်ဆောင်နိုင် ခဲ့ခြင်း ရှိ မရှိ မှာမူ ယခု အထိ ပဟေဠိ ဆန်နေဆဲ ဖြစ်သည်။ 


 ကြည်ပြာ
Ref:unexplained-mysteries.com
 From...  http://www.searchmyanmar.com/link/frame/cid/48249


No comments:

Post a Comment