Wednesday, March 18, 2015

ဒီမိုကရေစီ ဆိုတာ နဲ့ အားလုံးကောင်းသွားပြီ ဆိုတာတော့ မဟုတ်ပါဘူး

စာရေးဆရာ ၀င်ဒီလောရုံ ကို ပြုံးရွှင်စွာ တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)




စာရေးဆရာ ၀င်ဒီလောရုံ  နှင့် တွေ့ဆုံခြင်း
မြန်မာနိုင်ငံ ၏ လွတ်လပ်ရေးခေတ်ဦး တွင် အာရှ တစ်ခွင်သြဇာ ကြီးမားခဲ့သော နေးရှင်း သတင်းစာကြီး ကို မြန်မာပြည်ဖွား ဦးလောရုံ က စတင် ထူထောင် ထုတ်ဝေခဲ့ သည်။  တစ်ပါတီ အာဏာရှင် စနစ်ကို တိုက် ဖျက် ရင်း  ဒီမိုကရေစီ စနစ်ကို ခိုင်မာစေရန် တစ်စိုက် မတ်မတ် ရပ်တည်ရေးသားခဲ့ သည့် အတွက် ဗိုလ်ချုပ်အောင် ဆန်း အပါအ၀င် ဖဆပလ အစိုးရ အဖွဲ့အတွင်း ထိုစဉ် က သြဇာညောင်းခဲ့ သည့် သတင်းစာ တစ် စောင်လည်းဖြစ်ခဲ့သည်။  

အာဏာ သိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေ၀င်း လက်ထက် တွင် ဖမ်းဆီးခံ ရပြီး သတင်းစာ တိုက်လည်း ပိတ် သိမ်း ခံရပြီးနောက် ထိုင်းနိုင်ငံသို့   မိသားစုနှင့် အတူ တိမ်းရှောင် သွား ခဲ့သည့် ဦးလောရုံ အကြောင်းကို သမီးဖြစ်သူ ၀င်ဒီလောရုံ က Golden Parasol အမည်ဖြင့် ကမ္ဘာတွင် ရေးသား ထုတ်ဝေ ခဲ့ရာ နာမည်ကျော် မြန်မာ သတင်းစာ ဆရာတစ်ဦး ၏ အတ္ထိုပ္ပတ္တိဖြစ်လာခဲ့သည်။ 

 ယင်း စာအုပ်အား စာရေး ဆရာဟိန်းလတ် က ရှင်ရင်ရွှေထီး အမည်ဖြင့် မြန်မာဘာသာ သို့  ပြန်ဆို ခဲ့ပြီးမြန် မာနိုင်ငံ တွင် စတင်ဖြန့်ချိခဲ့ရာ စာအုပ် မိတ်ဆက် ပွဲသို့တက်ရောက်လာသော မူရင်း စာရေးသူ ၀င်ဒီလော ရုံနှင့် 7Day သတင်းစာ က တွေ့ဆုံမေးမြန်းခဲ့သည် များကိုတင်ပြ လိုက်ပါသည်။



စာရေးသူ ၀င်ဒီလောရုံ မှာ ရှင်ရင်ရွှေထီး အပါအ၀င်  နာမည်ကျော်လုံးချင်း ၀တ္ထုလေးအုပ်ခန့် ကမ္ဘာတွင် ဖြန့်ချိထားပြီး ယခုအခါမိသားစုနှင့်အတူ လန်ဒန်မြို့တွင်နေထိုင်လျက်ရှိသည်။
 

ရှင်ရင်ရွှေထီး အပါအ၀င် အ နောက်တိုင်း မှာ မြန်မာ စာရေး ဆရာတစ်ဦး အနေနဲ့ စာအုပ် တစ်အုပ် ထုတ်ဝေ ရတဲ့ အတွေ့အကြုံ  ကို မျှဝေပေး ပါဦး။
 ဒီ စာအုပ်(ရှင်ရင်ရွှေထီး) က ကျွန်မ စိတ်ထဲမှာ အကြာကြီး ရှိပြီး ရေးတော့ မရေးရဲ ခဲ့ဘူး။  တစ်နေ့တော့ အယ်ဒီတာတွေ ကိုပြောလိုက်တယ်။ ဒီ စာအုပ်တော့ ရှိတယ်။  ကျွန်မ အဖေနဲ့ ပတ်သက်တယ် လို့။  သူတို့က စိတ်ဝင်စားတယ်။ 

အရင် ကတော့ ကျွန်မ ထင်တာ အဖေထားခဲ့တဲ့ အတ္ထုပ္ပ တ္တိ ကို တည်းဖြတ်ပြီး  ချောအောင် လုပ်ပြီး ရေး မယ်ပေါ့။ ပထမဆုံး အကြမ်း ကိုပြလိုက်တော့ သူတို့ က ဒီလိုတော့ အဆင် မပြေဘူး။ ရှင့် အသံ က ဒီစာအုပ် မှာ တိုးတိုးလေး တဲ့။   ဒီလူကြီး က မြန်မာပြည် အတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်ဆို တာမှန်တယ်။  ဒါပေမဲ့ လူတိုင်း ၊ လူတိုင်း နားလည်နိုင် မယ့် စတိုရီက သူ့သမီးဖြစ် လို့  ဘ၀က ဘယ်လိုပြောင်းသွားလဲ၊  ဘယ်လို အကျိုး ရှိလဲ၊ ဘယ်လို ဒုက္ခတွေဖြစ်လဲဆိုတဲ့ သမီးဖြစ်သူ ရဲ့ အကြောင်း စာဖတ်သူ က သိချင်တာတဲ့။ 

ရှင့် အတွေး အမြင်နဲ့ ပဲ ရေးပါ ဆိုပြီး ပြန်ထပ်ရေးရပြန်ရော။ ထွက်လာတော့ လည်း အရင်ကလို ပဲဖြစ်နေပြန် တယ်။ အယ်ဒီတာတွေ က တော်တော် မာတယ်။ အဲဒီ မှာ ကျွန်မ သတ္တိမွေးရတယ်။  အရင် အကြိမ် တွေမှာ  ကျွန်မ ဒီလိုပြော ရင် ဖေဖေ က ဘယ်လို ထင်မလဲ။ မှားလား၊ မှန်လား တွေးနေတာ။ နောက်ဆုံး ကျဖေဖေက အပြင်မှာ တကယ့်ကို မရှိတော့ဘူး။ ကျွန်မခေါင်းထဲမှာပဲ ရှိနေတာ ဆိုပြီး ဒါကျွန်မ စာ အုပ် ဆိုတဲ့ ယုံကြည် ချက် နဲ့ ပြန်ရေး ခဲ့တော့ မှ အဆင်ပြေသွားတယ်။
 

မူရင်း စာအုပ် က အတော်လေး ထူပါတယ်။ မြန်မာ ဘာသာပြန် စာအုပ် မှာတော့ ပုံစံတစ် မျိုးလေးဖြစ်နေ ပါတယ်။ ဘာသာပြန် အပေါ်မှာကော ကျေနပ်အားရမှုရှိပါသလား။
ဒါက ပြောရ ခက်တယ်။ အခု ဒီမှာက အကြာကြီးပဲ၊ စာရေး ဆရာတွေ၊ ဘာသာပြန် ဆရာတွေက ဘာသာပြန် စာတွေကို ဖတ်ဖို့ အခွင့်အရေး မရှိခဲ့ကြဘူး။ ဘာသာပြန် ပထမဆုံး အကြမ်း ကိုတွေ့ တော့ နည်းနည်းလေး အံ့သြ သွား တယ်။ ဒါပေမဲ့   ဒီမှာ ကတော့  standard နည်းနည်း ပြောင်းရ တယ်။   ကျွန်မ ကိုယ်တိုင် ဆရာဟိန်းလတ် ဘာသာပြန် ကို ကြိုးစားပြီး ဖတ်တော့   ကျွန်မမေ့နေတဲ့ မြန်မာ စကားတွေ အတော်များ များပြန်ရလာတယ်။  

အဲဒါ တစ်ခု ဆရာဟိန်းလတ် ကို ကျေးဇူးတင် တယ်။  
 မြန်မာစာ ဆိုတဲ့ ကျွန်မ ရဲ့ ပထမ ဘာသာ ကို ပြန်ရခဲ့ တာပါ။ အခု  မြန်မာစကား ကို နည်းနည်းပြန်တတ် သွား တယ်။ ဒီဘာသာ ပြန်ကို ပြန်ပြီးတော့ပြင် မလား။ အကြာကြီးနေမှ ကိုယ့်စိတ် ကြိုက်ကြိုးစားပြီး မှ ပြန် ထုတ် မ လား တွက်ဆတော့    အကောင်းဆုံး က အခုလူတွေ သိချင်နေတယ်။   အခုပဲ ထွက်လိုက် တာ ကောင်း တယ် ဆိုပြီး ထုတ်လိုက်တာ။
 

နေးရှင်း သတင်းစာ ဆိုတာ အာရှ မှာပါ သြဇာ အရမ်းကြီး ခဲ့တယ် ဆိုတော့ အခုမြန်မာပြည်မှာ ပုဂ္ဂလိ ကသတင်းစာတွေ ထုတ်ဝေခွင့်ရ နေပြီ။ အန်တီတို့ မိသားစုပိုင် နေးရှင်း ကို မြန်မာ မှာ ပြန် လည် ထုတ်ဝေ ဖို့ အစီအစဉ် ရှိပါ သလား။
အိပ်မက် ကတော့ အိပ်မက် ပါပဲ။ တကယ်တော့ မဖြစ် လာတော့ပါဘူး။ အခြေအနေက ပြောင်း သွားပြီ။ နေးရှင်းတည် ထောင်ဖို့ ဆိုတာ လူငယ် ဖို့၊ အားအင်တွေ ရှိဖို့လိုတယ်။ ကျွန်မ တို့က အသက် ကလည်း ကြီးသွားပြီ။ မရတော့ဘူး။ အားလည်း မရှိတော့ ဘူး။ ဒီခေတ် က သမီး တို့လို (တွေ့ဆုံမေးမြန်းသူ ကို ညွှန်ပြ လျက်) ဂျာနယ်လစ်တွေ ကို ကျွန်မ ယုံကြည်ရမယ်။ တာဝန်ပေးထား ရမယ်။  

ကျွန်မ ခဏခဏတော့ အိပ်မက် မက်တယ်။ နေရှင်း ကို ပြန်တည်ထောင် ရရင် ဘယ် လောက်ကောင်းလိုက် မလဲလို့ တွေးတယ်။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။
ကျွန်မ အလုပ် က စာအုပ်ရေးဖို့လေ။ အဲဒီ တာဝန် ကလည်း အရေးကြီးတယ် ဟုတ်မလား။ ကိုယ် လုပ်နိုင်တဲ့ အလုပ် ကို အကောင်းဆုံး လုပ်ဖို့ ကလည်း တာဝန် ပါပဲ။ နေးရှင်း ကတော့ ကြီးမား တဲ့ ဂုဏ်သိက္ခာ နဲ့ ပိတ် သွားတဲ့ အနေအ ထားက အကောင်းဆုံး ပါပဲ။  

အန်တီ့ စာအုပ်မှာ မြန်မာပြည် ရဲ့ တစ်ခေတ် တစ်ခါ က သတင်းစာ လွတ်လပ်ခွင့် ကို လေ့လာ ခွင့် ရခဲ့ တယ်။ အခု လက်ရှိ မြန်မာ အရပ် သား အစိုးရလက်ထက် မှာ မီဒီယာ လွတ်လပ်ခွင့် နဲ့  နှိုင်း ယှဉ် လိုက်ရင် အဆင့်အတန်း က ဘယ်လို ကွာဟ တာမျိုး ရှိနေပါသလဲ။
လူတိုင်း က ကျွန်မ ကိုပြောကြတယ်။  ကျွန်မဖေဖေခေတ်တုန်း က သတင်းစာ သမားတွေ အတွက် ရွှေခေတ် တဲ့။ ဒါပေမဲ့ အဲဒီခေတ်မှာ လည်း ကျွန်မပြောချင်တာ က သတင်းစာတွေ မှာ အများကြီး ပဲ ဒုက္ခတွေ ရှိတယ်။ သတင်း သမားတွေ ပြောချင်တာ၊ရေးချင် တာပဲ ရေးလို့ ရတယ် ဆို တာ မမှန်ဘူး။ သူတို့ ခဏခဏ တရားစွဲ ခံရတယ်။ ခဏခဏထောင်ကျတယ်။ 

 အစိုးရ နဲ့ လည်း အတိုက်အခံ လုပ်ရတာတွေ အ များကြီိး ရှိတယ်။ ဒါပေမဲ့ အဲဒီတုန်း က တစ်ခု ရှိတာက စတုတ္ထ မဏ္ဍိုင်ဆိုတဲ့ အ ဆောက် အအုံကြီးရယ်၊ Rule of law ဥပဒေပြု  မဏ္ဍိုင်ဆိုတာရယ်။ ဘာမဆို အပြန် အလှန် ထိန်းကျောင်းကြတယ်။ အခုတော့ ဒါက မရှိသေးဘူး။
 

နေးရှင်း ဦးလောရုံ ဟာ သတင်းစာလောက သာမက နိုင်ငံရေး မှာ သြဇာကြီး တဲ့ သူတစ်ယောက် လည်း ဖြစ်တယ်။ အခြေအနေ အရ ပြည်ပ မှာလည်း ဦးနု ရဲ့အဝေးရောက် အစိုးရ အဖွဲ့နိုင် ငံ ခြားရေး ၀န်ကြီး အနေနဲ့ တိုင်းရင်း သား အဖွဲ့အစည်းတွေ ကို စည်းရုံး ရေး လုပ်နိုင်ခဲ့တယ်။ အခုထိ မြန်မာ မှာ ပြည်တွင်းစစ် က ဆက်ဖြစ်နေတော့ အမျိုးသား ရင်ကြား စေ့ရေး ခရီးလမ်းက အန်တီ တို့ ကြုံတွေ့ရတဲ့ အနေအထား နဲ့ ဆို ဘယ်လောက်ထိ အလှမ်းဝေးနေပါ သေးလဲ။
ဒါ သိပ်ပြီးတော့ အံ့သြ စရာ မဟုတ်ပါဘူး။ ဒီ တိုင်းရင်းသား နဲ့ မြန်မာဖြစ်တာ က  တော်တော် လေးရှည်တဲ့ ရာဇ၀င်။ အခုထိ လည်း တိုက်နေကြတယ်။ ကျွန်မ အဖေ က ဦးနု တို့နဲ့  ပြည်ပမှာ အဖွဲ့အစည်း လုပ်ခဲ့ချိန် (၁၉၇၀ တစ်ဝိုက်) မှာ ငြိမ်းချမ်းရေး ၇ဖို့ တော်တော်လေး ကို အခွင့်အရေး  ကြီးမားခဲ့တယ်။ အဲဒီ အချိန် က  မွန်တွေရော၊ ရှမ်းတွေရော၊ ကချင် အားလုံးပေါင်းနိုင်ခဲ့တယ်။ အဲဒါတောင်မှ ဒီငြိမ်းချမ်းရေး ကို မရခဲ့ဘူး။ အကြောင်းက  အများကြီးရှိတယ်။ 

 မပြော မဖြစ်တဲ့ တစ်ခု ကတော့ မြန်မာပြည်သူ၊ ပြည်သားတွေ က တစ်ယောက် နဲ့ တစ် ယောက် တည့်အောင်နေပြီး အတူတူ အလုပ်လုပ် ဖို့ကို တစ်ခါ မှ မကြိုးစားခဲ့ ကြဘူး။ ရန်ဖြစ်နေရတာ ကို  ပိုအား သန်တယ်။

 နောက်တစ်ခု က ဒီအခြေ အနေဖြစ်လာတာ ဟာ ဟိုး  ဗြိတိသျှခေတ် တည်းက တိုင်းပြည် ကို သွေးခွဲ ခဲ့တယ် ဆိုတဲ့ အမြင်ပေါ် မူတည်တယ်။ နောက်တစ် ချက် က  အဲဒီ အချိန်မှာ အာရှ မှာ ဗီယက်နမ် စစ်ကို ရှုံးတော့ မယ်။ လူတွေ က အာရှတိုက် မှာ တိုက် တဲ့ စစ်တွေကို တော်တော်လေး စိတ် ညစ်သွားပြီ။ မကြားချင်တော့ ဘူး။  

အာရှနိုင်ငံ တစ်နိုင်ငံ က စစ်တိုက် မှာ ကို အားလည်း မပေးနိုင်ဘူး။ ပိုက်ဆံလည်း မပေးနိုင်ဘူး။ အဲဒီ တော့ ဖေဖေ တို့ တော်လှန်ရေး က ဆုံးရှုံး သွားတာပေါ့။ အဖေ က အခုပြန်လာရင် ဘယ်လို အတွေး အမြင် ရှိမလဲ ကျွန်မ ခဏခဏ စဉ်းစားမိတယ်။ သူက ခေါင်းကို ခါပြီး တော့ ပြောပါလိမ့်မယ်။ ‘‘ဘာမှ မပြောင်းသေးဘူး။ ဘာမှဆို ဘာမှ မပြောင်းလဲဘူး’’လို့ပြောမှာပါ။
 

အာဏာ သိမ်းမှုကြောင့် ပြည်ပ ကိုမြန်မာနိုင်ငံသားတွေ ထွက်ခွာ သွားရတယ်။ အန်တီ လည်း တစ်ယောက် အပါ အ၀င်ပေါ့။ မြန်မာ ပြည်သူ တစ်ဦးအနေ နဲ့ မဖြစ် မနေ နိုင်ငံကို စွန့်ခွာ ခဲ့ရတဲ့အခါ ရုန်းကန် ရမှုတွေ ကို ပြောပါဦး။
ဒီမှာနေတုန်း က ကျွန်မ စာ သင်ကြားခွင့် ပိတ်ခံရတယ်။ အဖမ်း ခံရတယ်။   လူတိုင်း ဟာ အဝေးရောက် ဘ၀ နဲ့ နေရတဲ့ အဖြစ်ကို တစ်ချိန် လုံး ညည်းညူနေကြ တယ်။ တစ်ကမ္ဘာလုံး ပါပဲ။ ကိုယ့်တိုင်းပြည်ကို လွမ်းတဲ့ စိတ်။ မိသား စုနဲ့ လည်း မနေနိုင်ကြဘူးလေ။ ဒါပေမဲ့  အဲဒီလိုဖြစ်သွား တာ က အကျိုးက တော်တော်ရှိတယ်။ 

ကျွန်မ ဆို စာရေးဆရာမ ဖြစ်သွား တာပေါ့။ အဲဒါမျိုး မဖြစ်ရင် ကျွန်မ က  စာအုပ်တွေရေးမှာ မဟုတ်ဘူး။ ကျွန်မ အဖေ  နာမည် နဲ့  ဂုဏ်ကြောင့် ဘယ်နိုင်ငံ သွားသွား ကျွန်မ အတွက် တံခါးတွေ ပွင့်ခဲ့တယ်။ ကျွန်မ က သိပ်ပြီး Typicalဖြစ်တာ မဟုတ်ဘူး။ ဒါပေမဲ့ အဖေ့ နာမည်ကြောင့် ကျွန်မ ကို သူတို့က ယုံကြည်ခဲ့ကြ တယ်။
 

နိုင်ငံ အတော် များများ မှာ နေထိုင် ခဲ့သူ အန်တီ့ အနေနဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်း အစိုးရ အဆက် ဆက်ကို နှစ်ပေါင်းများ စွာကြာ အောင် မြန်မာပြည်သူတွေ မတွန်းလှန်နိုင်ခဲ့တာ ဘာကြောင့် လို့ထင် ပါသလဲ။

ကျွန်မ ဘ၀ တစ်လျှောက် မှာ  အဲဒီ ကိစ္စ(အာဏာသိမ်းမှု) က ၁၉၆၂ ကနေ စခဲ့တာ က ပြန်ပြန်ဖြစ်နေ တာပဲ ။ ဖေဖေ က ခေါင်းကြီးပိုင်း မှာရေးခဲ့ တယ်။ သူက ပျင်းပြီး ငုတ်တုတ် ထိုင်တဲ့လူတွေ ကို သိပ် စိတ်တိုတယ် ။ မြန်မာတွေ က ညည်းတတ်တယ်။ ကျွန်လို ခံစားခဲ့ ရလို့ အခက် အခဲတွေ ဒဏ်ရာတွေ ရတယ်ဆိုပြီးပဲ အမြဲပြောနေ တယ်ပေါ့။ 

သူနောက် တစ်ခုရေးဖူးတယ်။ ‘People get the gover-nment they deserve’ တဲ့။ ကျွန်မ ဒီစကား ကို ကျွန်မ အမျိုးသား နဲ့ပြောရင် သူက သိပ် စိတ်ဆိုးတယ်။  အဲဒါ မဟုတ်နိုင်ဘူးတဲ့။ လူတွေ မှာ ဘာ အပြစ်ရှိလို့လဲ တဲ့။ တကယ်တော့ လူ ဆိုတာ အစိုးရ ပဲ။ အစိုးရ ဆိုတာလည်း ကျွန်မ တို့ပဲ။ ဘာဖြစ်လို့ လူ တစ်မျိုးက ဒီလို အစိုးရ မျိုး ရရ သလဲစဉ်းစားတယ်။ အဖြေ ကတော့ မရှိသေးဘူး။ (ရယ်လျက်)
 

အခု မြန်မာနိုင်ငံ ရဲ့ လူ့ အခွင့်အ ရေး၊ ဒီမိုကရေစီရေး စံနှုန်းတွေကို အန်တီ့ ခရီးစဉ်တွေ မှာ လေ့ လာရ သလောက်ပေါ့ အားရကျေနပ်မှု က ဘယ်လိုရှိပါသလဲ။
တကယ်တော့ ဒီလို လိုအပ်တာတွေက ဒီမိုကရေစီ နာမည် အကျော်ဆုံး ဆိုတဲ့ တိုင်းပြည်တွေ မှာလည်း ရှိနေတယ်။ ကျွန်မ အခု အင်္ဂလန် မှာနေတယ်။ အဲဒီ မှာလည်း ဆင်းရဲသား ကိုနှိပ်စက် တာ။ ခွဲခြား ဆက် ဆံ တာတွေ တချို့ရှိတယ်။ အမေရိက မှာ လည်း အားလုံးသိတဲ့ အတိုင်းပဲ။ ဒီမိုကရေစီ ဆိုတာနဲ့ အားလုံး ကောင်း သွားပြီတော့ မဟုတ်ဘူး။ 

ဒီမှာ ကတော့ သူတို့နဲ့ စာရင် အများကြီး ပိုလိုတယ်။ ဒါပေမဲ့ ကျွန်မကြည့်ရ သလောက်  အားရ စရာ အကောင်း ဆုံး က ဒါတွေ ကို ကြိုး စားနေတဲ့ သူတွေ က လူငယ်တွေ။ ကျွန်မ အရွယ် (၀င်ဒီလောရုံ မှာ ၁၉၄၇ ခုနှစ် ဖွားဖြစ် ၍ ယခုအခါ အသက် (၆၈) နှစ်ရှိပြီဖြစ်သည်) လူကြီးတွေ က မှားခဲ့တယ်။ လိုခဲ့တယ်။ ဒီပြည်တွင်းမှာ မှ မဟုတ်ဘူး။ နိုင်ငံတော်တော် များများမှာ ပါ။ 

ကျွန်မ တို့ generation တွေတော်တော် မှားခဲ့တော့ ဒီမျိုးဆက်က ထားခဲ့တဲ့ အမွေ က လူငယ်တွေ အတွက် သိပ် ခက်ခဲတယ်။ ဒီတော့ လူငယ်တွေ အပေါ်ပဲ ကျွန်မတို့ က တာဝန်ပေးရတာပေါ့။ 

အခုမြန်မာပြည်ရောက်တော့ ကျွန်မမြေပြင် မှာ လုပ်နေတာ ကျွန်မ သွားကြည့်တယ်။ ဧရာဝတီတိုင်းမှာ ဆို လယ်သမားတွေ၊ ငါးဖမ်းသမားတွေ အဖွဲ့အစည်းတွေ အားလုံး လုပ်နိုင် သလောက်တော့ လုပ်နေတာပဲ။ ဒီမိုကရေစီတော့ မရသေးဘူး။ 


ဟိုး  အမြင့်ဆုံး ကတော့ တော်တော် စိတ်ညစ်စရာ ကောင်းတယ်။ ကြည့်ရတာ။ အဲဒီကိုကြည့်လိုက်ရင်တော့ စိတ်က ရှုံးသွားတယ်။ ဒါပေမဲ့ အောက်က ပြန်ကြည့်ရင် လူတွေ က တစ်ယောက် နဲ့ တစ်ယောက် ဘယ်လို ကူညီ မလဲ၊ ဘယ်လို အကြံဉာဏ်ပေးမလဲ ဆိုတာ လူငယ်တွေကြား မှာ ရှိနေတယ်။ ဒါတွေကို ပဲ အားရတယ်။
 

အန်တီ့ စာအုပ် ထဲမှာ ဆို တရုတ် ဆန့်ကျင့်ရေး လှုပ်ရှားမှု ကာလ တချို့ ကို ဖတ်ရပါတယ်။ အခု မြန်မာပြည် အရှေ့မြောက်ပိုင်း က ကိုးကန့်တိုက်ပွဲ ကို အခြေခံပြီးတော့ တရုတ်- မြန်မာ ဆက် ဆံရေး နဲ့ တရုတ် ဆန့်ကျင့်ရေး လှုပ်ရှားမှုတွေ အပေါ် မှာ စိုးရိမ်ဝေဖန် မှုတွေလည်း ရှိနေပါတယ်။ ဒီဖြစ်စဉ် အပေါ် ဘယ်လို ထိန်းသိမ်း သင့်တယ်လို့ အကြံပြုချင်ပါသလဲ။
ဒါက ဇာတ်လမ်းဟောင်းကြီး ပါ။ ဖြစ်တာကြာနေပါပြီ။ မြန်မာပြည် နဲ့ တရုတ်ပြည် နဲ့ က ဟိုး အရင် တည်းက နယ်စပ်လိုင်း က ကပ်နေတယ်။ နှစ်နိုင်ငံ ဟာ နိုင်ငံရေး အရ လည်း ကွဲပြားတယ်။ တစ် ယောက်နဲ့ တစ်ယောက် ယုံကြည်စိတ် မရှိပေမယ့် မြန်မာပြည် က ဘယ်မှာ ဆုံးပြီး တရုတ် က ဘယ်မှာစလဲ ဆိုတာ မပြောနိုင်ဘူး။ နယ်စပ် လိုင်းက တစ်ဆက်တည်းပဲ။ 

အခု တရုတ်ပြည် က သိပ်ပြီးတော့ အာဏာရှိတယ်။ စီးပွားရေး အရ ဆိုရင်တောင် တချို့ပြောနေကြပြီ။ သူတို့ ဟာ အမေရိကန်ပြည် ကို ပိုင်တယ်။ တရုတ် ပိုက်ဆံ နဲ့ပဲ အမေရိက စီးပွားရေး လှည့်ပတ်နေ တယ် ဆို တာပေါ့။ တရုတ် က တော်တော် စီးပွားရေး တိုးတက် လာပြီ။

 မြန်မာ အစိုးရ က အရင် ကတည်း က တရုတ်ချစ်စိတ် မရှိဘူး။ ဦးနုခေတ် ကတည်းက ကို  တရုတ်တွေ နဲ့ဖြစ် တယ်။ ကွန်မြူနစ်တွေ ဆို အစိုးရ ဆန့်ကျင်ဖို့ တရုတ်ဘက် သွားနေတယ်။ ဒီ သမိုင်းကြောင်း ကလည်း ရှိ တယ်။ 

ဒါပေမဲ့ အခြေအနေ အရ တရုတ်ဘက် ကနေ အကူအညီတောင်း ရတယ်။ အခု တရုတ်ဆီ က ပိုက်ဆံတွေ ယူရ တယ်။ စစ်ရေး အကူအညီ ယူရ တယ်။ ဒါပေမဲ့ တဖြည်းဖြည်း နဲ့  အစိုးရ ကို မုန်းတယ်၊ ကဲ့ရဲ့ တယ်။ ကမ္ဘာ ကလည်း အကူအညီ က  မရတော့ အခု သူတို့က မှန်းပြီးတော့ အမေရိက ဘက်ကို လိုက်ရမယ် ဆိုတာ မျိုး စဉ်းစားတယ်။ 

ဒါကြောင့် နည်းနည်း ဖွံ့ဖြိုး လာတယ်။  အစိုးရ ကတော့ သူတို့ ကို အကျိုးပေး တဲ့ဘက်ကို ပဲ လိုက်မှာပဲ။
 

အာဏာသိမ်း မှု နောက်ပိုင်း မိသားစု တကွဲ တပြားစီဖြစ်ပြီး တိုင်းပြည် က စွန့်ခွာ ရတဲ့ အတွက် ဒီလိုဖြစ်စေ ခဲ့တဲ့ ဦးနေ၀င်း အပေါ် မှာ အန်တီ စိတ်ခံစားချက် က ဘယ်လိုရှိသလဲ။
ကျွန်မ လုပ်ချင်တာ တစ်ခုရှိ တယ်။ အခု ဒီစာအုပ် ထဲမှာ ကိုယ်ဖတ်စေချင် သူများ ဆိုပြီးသို့  လိပ်မူပြီး ထည့် ထားချင်တာ။ မြန်မာ ပြည် ကို အုပ်ချုပ်ခဲ့တဲ့ လူတွေ ရဲ့ သမီး၊ သားတွေ ကို အဲဒီ လို စာအုပ် မှာ စာရင်း ထည့်ပြီး ပေးချင် ခဲ့တာ။ အဲဒီထဲ မှာ နေ၀င်း လည်းပါတယ်လေ။  

သူ့သား၊ သမီးတွေ မှာလည်း သူတို့ အဖေကြောင့် ခံစား ခဲ့ရတာတွေ အများကြီး ရှိ တယ်။ သူတို့ နဲ့ ကျွန်မတို့ Politic ချင်းတော့ မတူဘူး။ ဒါပေမဲ့ လည်း သူတို့ အဖေကြောင့် သူတို့ ခံစားခဲ့ရတာတွေ ရှိတာပဲ။ ကျွန်မ ကတော့ သူတို့ နဲ့ တွေ့ရင် သိပ်ပြော ချင်တယ်။ ဘယ်လို ခံစားရလဲ လို့။ ဒါပေမဲ့ မဖြစ်နိုင်ဘူးထင်ပါတယ်။ (ရယ်လျက်)
 
တစ်ချိန် က ဦးလောရုံ အပါအ၀င် မြန်မာနိုင်ငံ မှာ  ပြည်ဖုံးကား ချခံ ခဲ့ရတဲ့ တိမ်မြုပ် ဆဲ ပြည် ပရောက် မြန်မာပြည်သူတွေ အကြောင်း ကို ကမ္ဘာသိအောင် ဘယ်လို ဖော်ထုတ်သင့်တယ် လို့ အကြံပြု ချင်ပါ သလဲ။
အကြံပေးချင် တာ ပထမဆုံး က စာဖတ် ရမယ်။ သူများတွေ ဘာပြောနေတယ်၊ ဒီပြင်နိုင်ငံတွေ မှာ ဘာတွေဖြစ်နေတယ် ဆိုတာ သိမှ ပဲ အဆက်အသွယ် ရှိမှာ။ တချို့က စာအုပ်ရေးချင်တယ်။ မဖတ်ချင်ဘူး။ ဒါတော့မဖြစ်ဘူး။ 

ပထမဆုံး သူများတွေ ဘယ်လို စဉ်းစားလဲ သိမှ။ ကိုယ့်ပေးချင် တဲ့ မက်ဆေ့ခ်ျ ကို ပို့ချင်ရင် သူများ တွေ ဘယ်လို ဆက်သွယ်ပြီး ဘယ်လိုရေးလဲ ဆိုတာ ကြည့်ပြီး နိုင်ငံတကာ ဘာသာနဲ့ ရေးတာ ကောင်းမယ်။ အခုခေတ် အတော်ဆုံး စာရေးဆရာတွေ က ကဗျာဆရာတွေ လို့ ထင်တယ်။ နိုင်ငံတကာ မှာတော့ သူတို့ အသံ က သိပ်ကို ထွက်နေပါပြီ။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

 အေးသူစံ
From...   http://www.searchmyanmar.com/link/frame/cid/48404

No comments:

Post a Comment