Saturday, March 21, 2015

လည်ချောင်း တွင် အရိုး စူး ပါလျှင်

Win Oo's photo.


(၁) ရေ များများသောက်ပါ။ ရေ တွင် ဆား အနည်းငယ် ရော ထည့်ပါ။ အရိုး တော်တော် များများသည် လည်ချောင်း မှ အစာအိမ် သို့ ဆားကြောင့် နူးပျော့ ၍ အကုန် အကျမြန်မည်ဖြစ်သည်။


(၂) ထမင်း ကို ထမင်းဆုပ် လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့် တို့ကို မြိုခြင်း ကပ်နေသည့်နေရာ မှ အရိုး သည် အစာအိမ် သို့ ရောက်ရှိ သွားပေမည်။ ဤသို့ မြိုပြီး တိုင်း ရေ (၁) ဖန်ခွက် သောက်ရန် မမေ့ပါ နှင့်။

(၃) ဗနီကာ { ၇ှာလကာ၇ည် } ကို ရေတွင်ရော၍သောက်ပါ။ ဗနီကာ တွင်ပါဝင်သော Acetic Acid က အရိုး ကို ပျော့ သွားစေပြီး လည်ချောင်းတွင်း ၌ လွယ်ကူစွာ ကြေ ပျက်သွားသည်။

(၄) လိမ္မော်ရည် (သို့) သံပရာရည် သောက်ခြင်း သည်လည်း အရိုး ကိုဖယ်ရှားပေးနိုင်သည်။ ယင်းတို့ ထဲမှ citric acidက အရိုး ကိုပျော့သွားစေနိုင်သည်။



 Win Oo's photo.

(၅) သံလွင်ဆီ ကိုသောက်ပါ။ အရိုး က ချောပြီး လည်ချောင်းထဲ မှ ထွက်သွား သည့် အပြင် အရိုးဆူး ဒဏ်ကြောင့် လည်ချောင်း အထဲ၌ ထိခိုက် နာကျင်မှု ကိုလည်း သက်သာစေသည်။

(၆) ယခုခေတ် တွင် coke အအေး အချို့ ကို သောက်ခြင်းဖြင့် အရိုးပျော့သွားစေနိုင်သည်။

(၇) အဓိက အရေးကြီး သည့် အချက် မှာ လည်ချောင်း ၏ အပြင်ဖက် မှ လည်ချောင်း ကို နှိပ်နယ်ခြင်း မပြု ပါနှင့်။



 ဒေါန
From. ..  မြန်မာတို့ အတွက်မြန်မာ့ ဆေးမြီးတိုများ

2 comments:

  1. ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. နှိပ်မိသွားရင်…ဒီအတိုင်း ပျောက် နိုင်သလား ဗျ…မသိလို့ပါ…

    ReplyDelete