Saturday, March 21, 2015

လူသား တို့ နေထိုင် ရာ မစ်ကီးဝေး ကြယ်စု သည် ထင်ထားသည် ထက် (၅၀) ရာခိုင်နှုန်း ပိုကြီးမား

           


 နောက်တစ်ခေါက် တစ်ယောက်ယောက် က မစ်ကီးဝေး ကြယ်စု ဘယ်လောက် ကျယ်လဲ မေးရင် အလင်းနှစ် တစ်သိန်း လို့ မဖြေပါနဲ့တော့။ နောက်ဆုံး လေ့လာ တွေ့ရှိချက် အရ တကယ့် အကျယ်သည် အလင်းနှစ် တစ်သိန်းခွဲ ဖြစ်နေသောကြောင့်တည်း ။
            

ယခင် က ထည့်သွင်း တွက်ချက်ခြင်း မရှိသော အလှမ်း ကွာသည့် ကြယ်စုကွင်း များသည် တကယ်တမ်း တွင်  မစ်ကီးဝေး ကြယ်စု အတွင်း မှာပင် ဆက်စပ် ပါဝင်နေကြောင်း ပညာရှင်များ က အတည်ပြု နိုင်ခဲ့ သဖြင့် ၄င်း တို့ကိုပါ ထည့်ပေါင်း လိုက်သည့် အခါ မစ်ကီးဝေး ၏ အကျယ်သည် အလင်းနှစ် တစ်သိန်းခွဲ သို့ ရောက်ရှိ သွားခြင်း ဖြစ်သည်။


အလင်းနှစ် တစ်သိန်းခွဲ ဟူသည် အလင်း ၏ မြန်နှုန်းဖြင့် သွား မည် ဆိုလျှင်ပင် နှစ်ပေါင်း တစ်သိန်း ခွဲနေမှ မစ်ကီးဝေး ၏ အစွန်း တစ်ဖက် မှ အခြား အစွန်း တစ်ဖက် သို့ ရောက်ရှိမည် ဟူသော အဓိပ္ပာယ် ဖြစ်သည်။
            

 
နယူးယောက်မြို့ ရန်ဆရာ ပိုလီတက်ကနစ်ကျောင်း မှ သိပ္ပံပညာရှင်များ က တွက်ချက် သက်သေ ပြနိုင် ခဲ့ခြင်း ဖြစ်သည်။ ယခင် က တွက်ချက် ထားသော နယ်နမိတ် အပြင်ဘက် တွင် ကမ္ဘာ ကို ရစ်ပတ်နေသော ကွင်းပုံစံ ကြယ်စုများ ကို   ထည့်သွင်း တွက်ချက် ထားခြင်း ဖြစ်သည်။


ထိုကြယ်စု များသည် မစ်ကီး ဝေးကြယ် စု ဗဟိုချက် မှ အလင်းနှစ် (၆၅၀၀၀) တွင် ရှိပြီး ၄င်းတို့ ချည်း သီးသန့် အရှည် ကား အလင်းနှစ် နှစ်သိန်း ရှိသည်။ 

ထို ကြယ်စုတန်း ကို ယခင်က မစ်ကီးဝေးနှင့် မဆက်စပ်သော ကဲနစ် ကြယ်စု ထဲက ကြယ်စုတန်း အဖြစ် သတ်မှတ် ထားခဲ့ခြင်း ဖြစ်သည်။

 နောက်ပိုင်း လေ့လာမှုများ အရ ထိုကြယ်စုတန်း သည် မစ်ကီးဝေးနှင့် ပို၍ ဆက်စပ်နေကြောင်း တွေ့ခဲ့ ရသည်။
         

 တွေ့ရှိချက် အသေးစိတ် များကို Astrophysical  ဂျာနယ် တွင်  ထည့်သွင်း ဖော်ပြထားသည်။


 
သန်းထိုက်စိုးနယူးယောက် ၊ မတ် ၁၂
Soruce: Daily Mail
From....  http://www.searchmyanmar.com/link/frame/cid/48489

 

No comments:

Post a Comment