Sunday, March 15, 2015

ဖိုးလပြည့် (ခ) နေရွှေသွေးအောင် ရင်ဖွင့်ပြီ

 ကောင်းထက်'s photo.

 ကျွန်တော် စဉ်းစားတယ် ဗျ … အတိုက်အခိုက် ခံလာရတဲ့ အခါ အရင်တုန်း က လို ဘာမှမပြော ဘဲနေ မလား၊ အမှန် အတိုင်း ရှင်းပြ မလားဆိုတာ

ကျွန်တော် ပထမဆုံး အကြိမ် Public ကို စာရေးရှင်းပြခဲ့တာ က တက္ကသိုလ်ဘောလုံးပွဲလုပ်တုန်း က ပါ။ တစ်ခု သွားတွေ့ရတာ မြန်မာ လူမျိုးတော်တော်များများ က ကော လာဟလ ကို ယုံလွယ်တယ် ဆိုတာ နဲ့ ကောင်းကောင်း မွန်မွန် ရှင်းပြ တော့ လည်း လက်ခံတတ်ကြတယ် ဆိုတာပါပဲ…

အခုလည်း Exile မီဒီယာ သ မားတစ်ယောက် က သူ့ဂျာနယ် မှာ ပေါက်ကရ ရေးထားတာတွေ့ရပါ တယ်။ သိုသို သိပ်သိပ်ပင်နေ လို သော်လည်း အရင် ကလို အမြင် ကတ်ပုဒ်မ နဲ့ စော်ကားတိုင်း ခံရမယ့် ခေတ် မဟုတ်တော့ လို့ လူထုကြား ပျံ့နေတယ် လို့ယူဆရ တဲ့ ကောလာ ဟလ သတင်းမှား များကို အမှန်အ တိုင်းပြန် လည်တင်ပြ အပ်ပါတယ်။

၁။ စင်ကာပူ တွင် ကျောင်းတက် သည် ဆိုသည့်ကိစ္စ
****************************************
မည်သည့်နိုင်ငံ၏ တက္ကသိုလ် ကို မှ လေ့လာရေး အဖြစ် အလည် အပတ်ပ င်မရောက်ရှိဖူးပါ။ ဘယ် လို စပြီး သတင်း ထွက်လာမှန်း ကို ပင်မသိပါ။ စင်ကာပူနိုင်ငံရှိ မည် သည့် တက္ကသိုလ်/ကျောင်းများ တွင် မဆိုလည်း စုံစမ်းနိုင် ပါသည်။ လေယာဉ်/ ရဟတ်ယာဉ်ဖြင့်နေ့ချင်း ပြန် သွားတက်ဖို့ ဆိုတာကတော့ ပို ၍ပင်ဝေးသော ကိစ္စဖြစ် ပါသည်။


 

 ကောင်းထက်'s photo.

၂။ မင်းသမီးများနှင့် ကိစ္စ
*******************
ဝတ်မှုန်ရွှေရည်နှင့် ခိုးပြေး သည်၊ Suzuki ကားပေးသည် ဆို သည် မှာ မဟုတ်ကြောင်း အစ က တည်းက ရှင်းပြ ဖူးပါသည်။ ပေး လည်း မပေးနိုင်သလို ပေးလည်း ယူမည့် သူ မဟုတ်ပါ။ ၂ဝဝ၉ ခုနှစ် သူ့မွေးနေ့ပွဲ သွား တက်ပြီး နောက် ရက်မှာပင် အဲ့လိုပြောလာခြင်းဖြစ် ပါသည်။ 

သူ့ကိုပေးခဲ့ သည့် လက် ဆောင်က Ralph Lauren Lotion နှင့် ရေမွှေး ဘူးဖြစ်ပါသည်။ မိုးယုစံ နှင့် လည်း လက် ထပ်သည်ဟု Freedom News Group က သတင်း မှားဖြန့်ဖူး ပါသည်။ အဲ့ဒီ facebook page က ဗုဒ္ဓဘာသာ ပတ်သက် လာလျှင်တောင် မအေ နှမ ကိုင်တုတ် တတ်ကြောင်းကြားဖူးပါသည်။

မိုးစက်ဝိုင် တစ်ယောက် လည်း သူ့စရိတ်နဲ့ သူဘောလုံး ပွဲ လာတက် ပေးတာတောင် တော်တော် အကြိတ် ခံလိုက် ရရှာပါသည်။ ပြိုင်ကား မှာကျွန်တော့်သူငယ်ချင်း ကားဖြစ် ပြီး ကျွန်တော့် သူငယ်ချင်း က ကား မောင်း ၊ ကျွန်တော် က မိုးစက်ဝိုင် ဖလားယူလာသည် ကို စင်ပေါ်မှ စောင့်ကာ လက်ခံပေးခြင်းဖြစ်ပါ သည်။ (ကားတံခါးဖွင့်ပေးနေသည့် သူမှာ Restaurant မှ ငှားထားသော Waiter တစ်ဦးသာဖြစ်ပါသည်)

နောင် ကောလာဟလ ထွက် လာလျှင် လူထုနှင့် ထိတွေ့မှုရှိ သည့် သက်ဆိုင်ရာ အနုပညာရှင် များကို တိုက်ရိုက်မေးလျှင် ပိုကောင်းမည်ဟုထင်ပါသည်။

၃။ ရဟတ်ယာဉ်မောင်း/ အသုံး ပြုသည် ဟူသော ကိစ္စ
******************************************
လုံးဝ မမောင်းဖူး/မသင်ဖူးပါ။ ဝါသနာလည်း မပါပါ။ ရဟတ်ယာဉ် နဲ့ ဘဲကင်ဝယ်ပေးရသည် ဟု ရေး တာ ကတော့ ဘာပြော ရမှန်းတောင် မသိတော့ပါ။ မှတ်မှတ် ရရ ရဟတ် ယာဉ်ကိစ္စ မဇ္ဈိမ က ရေးသား ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် မဇ္ဈိမ သည် အတိုက်အခံ လုပ်ခဲ့သော မီဒီယာ များအနက် နောက်ပိုင်း တွင် သိက္ခာ ရှိရှိ ရေးသား ရပ်တည် မှုပြုလာ သည် ဟု မြင်ပါသည်။

၎။ ဗိုလ်ချုပ်ကြီး တင်အောင်မြင့် ဦး၏ သား ကော်ဖီဆိုင် ကို ဘူဒိုဇာ ဖြင့် ထိုးသည် ဟူသော ကိစ္စ
************************************************************************
မှတ်မိ သလောက် ငါးထောင် တန်ကော်ဖီကို မှာ၍ မရဟု ဆိုသဖြင့် ကျွန်တော် က ဘူဒိုဇာဖြင့် ထိုးချ ခိုင်း သည် ဟုရေးထားပါသည်။ လုံးဝ မဟုတ် သလို ထိုကဲ့သို့ လည်း ဘယ် သူမှလုပ်၍ ရမည်မဟုတ်ပါ။ သူ့ ဟာသူ ငြိစွန်း သဖြင့် ဖျက်ခိုင်းခဲ့ ခြင်းဖြစ်သည် ဟုသိရပါသည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ကာ ယကံရှင် များကိုသာမေးကြပါဟု တိုက်တွန်းပါသည်။

၅။ မန်ယူ ဝယ်မည် ဆိုခြင်း
**********************
Chelsea ပရိသတ်ဖြစ် ပါသည်။ Joe Cole, Robben, Drogba, Ballack, Lampard, Essien, Terry, Carvalho, Cech တို့ခေတ်ကို အကြိုက် ဆုံးဖြစ်ပါသည်။ မန်ယူ မှ လွဲ၍ လည်း အကုန် အားပေးပါသည်။ ကျွန်တော့် လို နာမည်ကြီး ထမင်း ငတ်ကောင် မပြောနှင့် မြန်မာပြည် ရှိ ဘယ်သူဌေး မှ မန်ယူ မဝယ်နိုင် ပါ။ ဘယ်သူဌေး ကမှလည်း ဒီ လောက်နိုင်ငံတကာ က မျက်စိ ဒေါက်ထောက်ကြည့်၊ ပိတ်ဆို့နေ ချိန် တွင် ဘယ် Club ကို မှ ဝယ်ဖို့ မ ကြိုးစားခဲ့ပါ။

၆။ The Whole Burma First
***********************
Top 10 List တွင် ပင် မပါ ပါ။ ‘သားကိုပေးပါ’လို့ အတင်းသွား ပြောရင်တော့ ပေးကောင်းပေးနိုင် ပါသည်။ စာဖတ် သူကော ရာထူး ရှိ တိုင်း အဲ့လိုကြီး မျက်နှာပြောင်တိုက် သွားပြောချင် မည်လား၊၊ လူထဲ က လူ သာဖြစ်သော ကျွန်တော် သည် လည်း မတောင်းခဲ့ပါ။၂ဝဝ၆-၂ဝဝ၇ ပညာသင်နှစ် က TTC က တစ်နိုင်ငံ လုံး အဆင့် (၆) သာ ချိတ် ပါသည်။ ကျွန်တော့် အကြောင်း သိ ချင်လျှင် ကျွန်တော့် ကို ပညာသင် ပေးခဲ့သော ဆရာ၊ ဆရာမ များကို မေးနိုင်ပါသည်။

၇။ ယာဉ်ထိန်းရဲ ကို ထိုးကြိတ် သည် ဟူသော ကိစ္စ
***************************************
လုံးဝ မဟုတ်ပါ။ သိလိုက်ရ သည်က လုပ်စားနိုင်ငံရေး သမား များက နှစ်ဖက် စလုံးမှာ ရှိတယ် ဆိုတာပဲဖြစ် ပါသည်။ မီဒီယာ အချို့ နှင့်ပူးပေါင်း အကွက်ဆင် ခဲ့ခြင်းဖြစ် ကြောင်းလည်း ပြောခဲ့ဖူး ပါသည်။ သတင်း ထွက် ထွက်ချင်း ကတော့ အစိုးရ တစ်ဖွဲ့လုံး ကို စာပို့ရှင်းပြ ခဲ့ဖူး ပါသည်။ သူပြော သလို မီးစိမ်းခိုင်း တာ မီးဝါ သွား၍ ဆင်းထိုးသည် ဆို သည်မှာလည်း မဟုတ်ပါ။ 

ဘယ်သူ မှလည်း အဲ့လို လုပ်လို့ရမည် မထင် ပါ။ အခုခေတ် က ပွင့်လင်းမြင်သာ စွာ တရားစွဲ ဆိုနေ ကြသောခေတ် ဖြစ်ပါသည်။ သူသာ အမှန် ဆိုပါ လျှင် အခု နာမည်ကြီးနေသော ဘာ အဖွဲ့အစည်း၊ ညာ အဖွဲ့အစည်း များနှင့် ပူးပေါင်းတရားစွဲပါ ဟုသာ ပြောလိုပါသည်။

၈။ ဂျာနယ် တိုက် ဝင်စီးသည် ဟူ သော ကိစ္စ
***********************************
- နိုင်ဝင်း (ခ) မိုးဟိန်း သည် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ တစ်ဆင့် အမေရိက သို့ နိုင်ငံရေး ခိုလှုံခွင့်ဖြင့် သွားရောက် နေထိုင်ခဲ့ သူဖြစ်ကြောင်း သိရပါ သည်။ မြန်မာပြည် သို့ ပြန်ဝင်ခွင့် ရချိန်တွင် ‘ဒေါ်စု ၊ NLD နှင့် ၈၈ အကြောင်း အကုန် သိထားပြီးဖြစ်၍ အတွင်းစည်းမှ တိုက်ခိုက်မည်’ဟု အကြောင်းပြကာ ဝန်ကြီး တစ်ဦးထံ ဂျာနယ်ထုတ်ရန် သွားရောက်အ ကူအညီတောင်းခဲ့ကြောင်း သိရပါ သည်။ 

သူ့အပြော ကို ယုံကြည် ကာ ဝန်ကြီးသား အနေဖြင့်လည်း နိုင် ဝင်း(ခ) မိုးဟိန်း မိသားစု ကို နေစရာ အစ၊ ဗီဇာ ကိစ္စ အလယ်၊ သူ့ကလေး ကျောင်းတက်ရန် အဆုံး ထောက်ပံ့ ပေးခဲ့ပါသည်။ ဒါကြောင့်လည်း နိုင်ဝင်း (ခ) မိုးဟိန်း က ရှိသမျှ လူအ ကုန်လိုက် ဖဲ့နေသော်လည်း ထိုဝန် ကြီးနှင့် သူ့ကို ကူညီခဲ့သည့် ဘဏ် သူဌေးကြီး တစ်ယောက် အကြောင်း မရေးရဲခြင်း ဖြစ်ပါသည်။

- ကျွန်တော် တို့ကို ချိုးချိုး ဖဲ့ဖဲ့ရေး လာသော အခါ ကျွန်တော် က ဝန် ကြီးသား ကို ထိုကဲ့သို့ မရေးပါရန် မေတ္တာ ရပ်ခံခဲ့ ပါသည်။ ဝန်ကြီး သား က မိုးဟိန်းကို ထိန်းမရဖြစ်နေ ကြောင်း၊ သူ့ကို ထိတာ နဲ့ ၈၈ အကူ အညီယူ၍ ပွဲကြမ်းမည်ဟု ပင် ခြိမ်း ခြောက်လာကြောင်း၊ ဖြစ်ခဲ့သည့် ကိစ္စများ အတွက် အလွန်အားနာ ကြောင်းပြောကာ သူ့ကို ပြောမရ သည့် အဆုံး ဂျာနယ် ဆက်ထုတ် ခြင်း မပြုနိုင်ရန် (ဝန်ကြီးသား က သူ့ပိုက်ဆံဖြင့်ပင် ဝယ်ထား သည့်) ကွန်ပျူတာ များကို သွားရောက် သိမ်းဆည်းခဲ့ကြောင်းသိရပါသည်။

- ကျွန်တော် ဝင်ရောက် စီးနင်း ခဲ့ခြင်း မဟုတ်သော်လည်း ကျွန် တော့်ကြောင့် သူ့ ဂျာနယ် ဆက်ထုတ် ဖို့ အကြီး အကျယ် အခက်တွေ့သွား သလို ယခု လည်း ပြည်နှင်ဒဏ် အ ပေး ခံထားရ ၍ စိတ်နာနေမှာဖြစ်ပြီး နည်း မျိုးစုံဖြင့်လည်း ကျွန်တော်တို့ ကို နာမည် ဖျက်ရန် ဆက်လက်ကြိုး ပမ်းနေမှာသာ ဖြစ်ပါသည်။

၉။ မူးယစ်ဆေးဝါး သုံးသည် ဆို သောကိစ္စ
**********************************
- ဆေးလိပ်နံ့ ပင် မခံနိုင်ပါခင် ဗျား… အရက်လည်း မသောက် တတ်ပါ။ ဒါကို သိသော ကျွန်တော့် မိတ်ဆွေ များ ကလည်း ကျွန်တော့် ကောင်းကြောင်းလေး လည်း ပြော ပေးကြပါ။ အခု မှ ပြောပေးလျှင် လည်း ‘ဖားသည်’ ဟုတော့ မပြော တန်ရာပါ။

- ဦးမောင်ဝိတ်နှင့် ပေါင်း၍ ဆေးချသည် ဆိုသည် မှာ ဝေလာ ဝေးပါ။ သိသူများ လည်း မေးကြည့် ကြပါ။ ကျွန်တော့် သင်္ကြန်မဏ္ဍပ် လာလည် သည်ကို အကြောင်းပြု ကာ ကောလာဟလ ထွက်ခြင်း ဖြစ် ပါသည်။

၁ဝ။ ပြိုင်ကား ကိစ္စ
***************
- ဝါသနာပါ ပါသည်။ လေယာဉ် ကွင်းနား ရှိ ပြေးလမ်း မဟုတ်သော မြေကွက်လပ် ၌ လည်း မောင်းဖူးပါ သည် ။ ဟိုလို မျိုး ဒေါ်လာသန်းချီ  ကားပြိုင်သည် ဆိုတာတော့ လျှောက် ပြောတာပါ။ ယခုလည်း ကျွန်တော့် တွင် ဘာပြိုင်ကားမှ မရှိပါ၊ ပြိုင်ကား နှင့်ဆောင့်ကြွားဆောင့်ကြွားနေရ သည် ကိုပင် လုံးဝ မနှစ်သက်ပါ။ ပြိုင်ကားလည်း မစီးပါ။ ကျွန်တော် ပြိုင်ကားနှင့် ရမ်းသည် ကို တွေ့က တစ်ခါတည်း ဓာတ်ပုံရိုက် Internet ပေါ် တင်ပါ။

၁၁။ ဆီးဂိမ်း တွင် ကတ်ပြား မပါဘဲ ဝင်သည် ဟူသော ကိစ္စ
*********************************************

- ကြောက်ပါပြီခင်ဗျား… နောက်ဆို ကတ်ပြား ကို အချိန်ပြည့် ဆွဲထားပါ့မည်။

 ကောင်းထက်'s photo.

၁၂။ အထွေထွေ
****************
- ဦးတေဇ က ‘မိမိသည် နိုင်ငံ တော် အကြီးအကဲ သားမက် မဟုတ် ကြောင်း’ ၂ဝဝ၆ ခုနှစ်ခန့် က ပြော ခဲ့ဖူး ပါသည်။

- မိမိ၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ဦးဇော်ဇော် ပုံမှာ ၂ဝဝ၇ ခုနှစ် ဆီဒိုးနား ဟိုတယ် မွေးနေ့ပွဲက ပုံ ဖြစ်ပါသည်။ ကုန် ကျစရိတ်မှာ လည်း ပုံမှန်ဖြစ်ပါသည်။ အနီ ရောင်တိုက်ပုံ မှာ အနီရောင် ကို ကြိုက်၍ ဝတ်ခြင်း ဖြစ်ပါသည်။ ယတြာချေခြင်း မဟုတ်ပါ။

- တပ်မတော်ခေါင်းဆောင်များ သည် လည်းပဲ တချို့ရေးသားစွပ်စွဲ နေ သလို ဗေဒင်၊ ယတြာ များကို အယုံ အကြည် အစွဲ အလမ်း မရှိလှ ပါ။

- သမ္မတ အရွေးခံမည်ဟု လည်း သတင်းထွက် ဖူးပါသည်။ Freedom News ကပဲ ဖြစ်ပါသည်။ လုံးဝ မဟုတ် ပါ။ အသက် လည်း မမီပါ၊ စိတ်လည်း မဝင်စားပါ။ သိရ သလောက် လက်ရှိ လူများပင် ဆင်း ပြေးချင်နေကြ ပါသည်။

- ကမ္ဘာအေး ဘုရားလမ်း တွင် မည်သည့် တပ်မြေ၊ ဝန်ကြီးဌာနပိုင် မြေမှ မပိုင်ပါ။ တကယ်ရှိသည် ဆို လျှင် လည်း လာမေး မနေပါနှင့်။ တစ်ခါ တည်း ကျူးကျော် တဲများ ထိုး၍ အလကားသာ ယူ သွားပါ။

- တခြား ဘာမှန်း မသိသော ကိစ္စများလည်း ရှိပါလိမ့်မည်။ အ ဓိပ္ပာယ် မရှိသောကိစ္စများ သာ ဖြစ် ၍ မရေးတော့ပါ။

အခုလို ရှင်းပြတာ ကလည်း စိတ်ဆိုးဒေါသထွက် လို့ မဟုတ်ဘဲ အမှန် အတိုင်းသိစေလို ၍သာ ဖြစ် ပါသည်။ တိုက်ခိုက်လာမှု ရှိ၍လည်း အမှန် အတိုင်း ရှင်းပြခွင့် ရရှိခြင်း ဖြစ်ပါသည်။

ကောလာဟလ များကို ဂရု စိုက်ရန် မလိုဟု ဆိုသော် လည်း အရင် တပ်ခေါင်းဆောင် များကို နာမည် ဖျက် ချင်တိုင်း ကျွန်တော်တို့  က တစ်ခါမှ မကျူးလွန် ခဲ့သော ပြစ်မှု များဖြင့် အမြဲတစေ အပုပ်ချခံ ရမည် ဆိုသည် မှာတော့ အဓိပ္ပာယ် မရှိပါ။

 မြန်မာပြည် တွင် ဒီမိုကရေစီ အမည် ခံကာ မီဒီယာ ကို လက်နက် သဖွယ် ဆိုးဆိုး ရွားရွား အသုံးပြု တိုက် ခိုက်နေကြသည် ကို လောက် ကိုင်ကိစ္စ တွင် မှ ပြည်သူလူထု က အထိုက် အလျောက် သဘော ပေါက်နား လည်လာခြင်း ဖြစ်ပါ သည်။

ကျွန်တော်တို့ တိုင်းပြည်သည် အရှေ့တောင်အာရှ အချမ်းသာဆုံး တိုင်းပြည် မှ ကမ္ဘာ့အဆင်းရဲ ဆုံး နိုင်ငံ အဖြစ် စာရင်းဝင်သွားခဲ့ ဖူးပါ သည်။ တပ်မတော် အစိုးရလက် ထက်တွင် လည်း စစ်ဝင် မတိုက်ရုံ တမယ် အပြင်းအထန် ဖိအားပေး၊ ပိတ်ဆို့မှုများနှင့် ထပ်မံကြုံတွေ့ခဲ့ရ ပြန်သည်။ 

အခုလည်း နိုင်ငံတကာ က ဝင်ဆံ့ လက်ခံ မည်ရှိသေး ပြည်တွင်းစစ်၊ ဆန္ဒပြ ဆူပူမှုများ၊ ပေါ်လစီ မတည်ငြိမ် မှု၊ အချင်းချင်း မညီညွတ်မှု အပြင် ‘ကိုယ့်ခွင် ထဲဝင် လာပါက တွယ်လိုက်မည်’ဟူသော အယူအဆ၊ အတွေး အခေါ် များကို ဆက်လက် ဖက်တွယ်ထား သူများ ရှိနေ သမျှ တိုင်းပြည် က ဘယ်လိုမှ တိုးတက်နိုင်မည် မဟုတ်ပါ။

သို့ဖြစ်ပါ ၍ အမိနိုင်ငံတော် ကြီး ကမ္ဘာ့ အလယ်တွင် တစ်ဖန် ဝင့်ကြွားစွာ ရပ်တည်နိုင်ဖို့ အရေး ကျွန်တော့်တို့ အားလုံးက မေတ္တာ ရှေ့ထား သံသယ စိတ်များဘေး ဖယ်ကာ တိုင်းရင်းသားမောင်နှမ အချင်းချင်း လက်တွဲ ညီညီပူးပေါင်း ၍ သူများနိုင်ငံများ ထက် နှစ်ဆ ကြိုးစားမှ ပင် တော်ကာ ကျမည်ဖြစ် ကြောင်း အစီရင်ခံ တင်ပြရင်း ကျွန် တော် ၏ စာကို လည်း ဤနေရာ တွင် အဆုံးသတ် နိဂုံးချုပ် အပ်ပါသည်။





(အထက်ပါစာ သည် ဖိုးလပြည့် ၏ ဖေ့ဘွတ်ခ်တွင် တင်ထားသော စာ ဖြစ်ပြီး ၄င်း၏ ခွင့်ပြု ချက်ဖြင့် ဖော်ပြ ခြင်းဖြစ် သည်။)

From... ကောင်းထက် added 3 new photos.  [FB]


No comments:

Post a Comment