Saturday, March 7, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ...... အပိုင်း (၁၃)




၉။ စည်းစိမ် ဥစ္စာ နည်းပါး ရခြင်း (ဆင်းရဲခြင်း)

***********************************

ရာဂစသောကိလေသာ အညစ်အကြေး တို့မှ သန့်ရှင်း စင်ကြယ် သောအရိယသာဝက အခြံအရံ လည်း ရှိတော် မူထသော မြတ်စွာဘုရားရှင်  သည် သုဘလုလင် အား "ဒကာတော် သုဘလုလင် ဤလောက ၌ အချို့သော အမျိုးသမီ သည်သော်လည်းကောင်း အမျိုး သားသည်သော် လည်းကောင်း ပေးလှူလေ့ရှိသည် မဖြစ်။(အလှူဒါနပြု လေ့မရှိ) 


သာမဏ အားသော်လည်းကောင်း ဗြာဟ္မဏ အားသော်လည်း ကောင်း ထမင်းကို လည်းကောင်း (ဆွမ်း) ၊အဖျော်ယမကာ ကို လည်း ကောင်း၊အဝတ် ကိုသော်လည်းကောင်း၊ ယာဉ် ကိုသော်လည်းကောင်း ပန်း, နံသာ,နံသာပျောင်း ကိုလည်းကောင်း၊ အိပ်ရာနေရာ,ကျောင်း,ဆီမီး ကိုလည်းကောင်းပေးလှူတက်သည် မဖြစ်။ 

ထိုပုဂ္ဂိုလ် သည် ဤသို့ပြည့်စုံနေသော (ဝါ)ဖြည့်ကျင့် ထားသော ဤသို့ကောင်းစွာ ဆောက်တည် ထား အပ်သော ထို နှမြောစေးနှဲခြင်း အကုသိုလ် ကံကြောင့် ကိုယ်ခန္ဓာ ၏  ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေ လွန်သည် မှ နောက် ကာလ၌ ချမ်းသာ ဟူ၍မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့၏ လား ရောက် ရာဖြစ်သော အလိုဆန္ဒကင်းလျက် ဖရိုဖရဲပြိုကွဲ ပျက်စီးလျက်ကျ ရောက် ရာဖြစ်သော ငရဲ သို့  ကပ်ရောက်ရပေ၏။ 


ဒကာတော် သုဘလုလင် ကိုယ်ခန္ဓာ ၏ ပျက်စီးခြင်းကြောင့် စုတိပြတ်ကြွေသေလွန်သည် မှ နောက်ကာလ ၌ချမ်းသာ ဟူ၍မြူငွေ့မျှ မရှိသော မကောင်းမှုပြုသူ ဒုစရိုက် သမားတို့၏ လားရောက်ရာဖြစ်သောအလိုဆန္ဒ ကင်းလျက် ဖရိုဖရဲပြိုကွဲ ပျက်စီး လျက် ကျရောက် ရာဖြစ်သော ငရဲသို့ အကယ်၍ မကပ်ရောက် သည်ဖြစ်ငြား အံ့ ။ 

လူ အဖြစ်သို့ (ဝါ) လူ့လောက သို့ အကယ်၍ရောက်ရှိလာသည် ဖြစ်ငြားအံ့ အကြင် အကြင် ဘဝ ၌ ပဋိသန္ဓေ အားဖြင့် တဖန်ဖြစ်ပေါ်လာရပေ သည်။ ထိုထို ပဋိသန္ဓေ အားဖြင့် ဖြစ်ပေါ်၍ လာရာဘုံဘဝ၌ (ဝါ) ထိုထို ပဋိသန္ဓေ အားဖြင့်ဖြစ်ပေါ်၍ လာရာ အမျိုးအနွယ် ၌"အပ္ပဘောဂ" ဆင်းရဲသည် (ဝါ) စည်းစိမ်ဥစ္စာ နည်းပါး သည် ဖြစ်လေရာ၏။"ဟုဟောကြားတော် မူပါသည်။
 

"သော တေန ကမ္မေန ဧဝံ သမတ္တေန ဧဝံ သမာဒိန္နေန ကာယဿ         ဘေဒါ ပရံ  မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတ နိရယံ ဥပပဇ္ဇတိ။"(မ၊၃၊၂၄၆။)
 


မပေးလှူသောကြောင့် ငရဲရောက် ရခြင်း မဟုတ်ပါ။ မိမိ ၏ စည်းစိမ် ဥစ္စာ အပေါ်၌ တွယ်တာ တက် မက်သော ဓနလောဘ ကို အခြေခံ၍ သာ ငရဲသို့ကျရောက်ရခြင်း ဖြစ်ပါသည်။

တောဒေယျ ပုဏ္ဏား  (သုဘ လုလင် ၏ ဖခင်ဟောင်း)

******************************************

တောဒေယျ ပုဏ္ဏား သည် ကုဋေ ၈၀ ကြွယ်ဝ သော ထိပ်တန်း သ ဌေးဖြစ်ပါသည်။ ဓနလောဘ ကြောင့်ခွေး ဘဝရောက်  ရခြင်းဖြစ်  သည် ဟု အဋ္ဌကထာ ၌ ရှင်းလင်း ထားပါသည်။  မိမိ ၏  စည်းစိမ် ကို တွယ်တာ တက်မက် ပုံမှာ   "ငါ့သား မျက်စင်းညိုကျောက်ဟာသွေးရင်းသွေးရင်း ကုန်သကဲ့သို့ ဒါနပြုသူတွေဟာ သူ့ စည်းစိမ်တွေ တစ်ဆ တစ်ဆလျော့ပါး သွားတယ်။
 

ဒါကြောင့် ငါ့သား ခြလို  စုရမယ်။  ခြ တွေဟာ တစ်ဆ တစ်ဆ နဲ့ စုဆောင်း လာတာ တောင် ပို့ကြီးဖြစ်သလို ဘဲ မလှူ   ဘဲ မသုံးဘဲ စုမယ် ဆိုရင်တစ်ဆထက် တစ်ဆပိုပြီးပိုပြီး ချမ်းသာလာမယ်။"
 

သုဘလုလင် ကို အမြဲတမ်း ဆုံးမပုံဖြစ်ပါသည်။ မိမိလည်း မလှူ   သူတစ်ပါး ကိုလည်း မလှူ မသုံးရက် မစွဲ ရက်သေ လွန်သော အခါခွေးဘဝ သို့ရောက်ရပါသည်။
 

ဒီနေရာတွင် ကံ အကျိုးပေးပုံ မှာ မျက်စေ့လည် စရာဖြစ်ပါသည်။ မလှူဒါန်းသောကြောင့်ခွေး ဘဝ ဖြစ်ခြင်း မဟုတ်ပါ။ မိမိ စည်းစိမ် ကို မလှူဒါန်းခြင်းဖြင့် ခွေး မဖြစ်ပါ။ ဒါန ၏ အကျိုးသည် ဘောဂသမ္ပတ္တိ မပြည့်စုံရခြင်း သူဆင်းရဲ ဘဝ သို့ရောက်  ရသည့် အကျိုးတရား ကိုသာပေးနိုင် စွမ်းပါသည်။

သီလ ရှိသဖြင့် နတ်ဘဝ ရောက်လျင်  နတ်ဆင်းရဲဖြစ်စေရုံ သာ ဖြစ်ပါသည်။ တောဒေယျ  မှာ မိမိ ၏ စည်းစိမ် ကို တွယ်တာ တက်မက် လွန်းသည့်စိတ် က မရဏာသန္နဇောနေရာ ကိုရယူသွားခြင်းဖြစ်ပါသည်။







 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း


 Ven Ra Hta


No comments:

Post a Comment