Sunday, November 16, 2014

UN ဘယ်သူ့ အတွက် လုပ်ပေးနေ တာလဲ ...... အပိုင်း ( ၁ )




မြန်မာနိုင်ငံ က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် (၂၅)ကြိမ် မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ကို တက်ရောက် ရန် ကမ္ဘာ့နိုင်ငံများစွာ မှ ခေါင်းဆောင် များသည် နိုဝင်ဘာ ၉ ရက်မှ ၁၃ရက် အထိ မြန်မာနိုင်ငံတွင် ရှိနေကြပေမည်။ 
 
အဆို ပါ အစည်းအဝေး သည် အရှေ့တောင် အာရှနိုင်ငံ များ၏ နိုင်ငံ ရေး၊ စီးပွားရေး၊ လုံခြုံရေး ကိစ္စများ အပြင် ကမ္ဘာ့ အရေး အခင်း များပါ ထည့်သွင်းဆွေးနွေးကြမည့် ဧရာမ အစည်းအဝေး တစ်ခုဟု ဆိုပါက မမှားနိုင်ပါ။

အဆိုပါ အစည်းအဝေးပွဲ ကို လက်ခံ ကျင်းပပေးခြင်းသည် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ကမ္ဘာ့ အလယ် မှာ မြှင့်တင်ပေးနိုင် သကဲ့သို့ ဒေသ တွင်းနိုင်ငံများ ကြားတွင် လည်း မြန်မာ က ခေါင်းဆောင်နေရာ မှ ဦးဆောင် ခွင့်ရမည့် မဟာ အခွင့် အရေး တစ်ခုဖြစ်ပါသည်။ 
 
 
ယင်း အစည်း အဝေးပွဲကြီး မစတင်ခင် ရက်ပိုင်း အလိုတွင် UN နှင့် EU အဖွဲ့ တို့မှ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက် မူကြမ်း (Draft Resolution) တစ်ခုကို လာမည့် ကုလ သမဂ္ဂအထွေ ထွေညီလာခံ တွင် တင်သွင်းရန် အောက်တိုဘာ ၃၁ရက် က ထုတ်ပြန်ခဲ့ ပါသည်။

ထို မူကြမ်းတွင် ရခိုင်ပြည်နယ် ထဲကိုရောက် ရှိနေသော ဘင်္ဂါလီ များကို နိုင်ငံသားဖြစ်ခွင့်ပေးရန်နှင့် ဘင်္ဂါ လီ အားလုံး ကို ရိုဟင်ဂျာ ဟု တရားဝင် သုံးနှုန်းခွင့်ပေးရန် ဖော် ပြ ပါရှိသည်။ ယခု ကဲ့သို့ မြန်မာနိုင်ငံ က မင်္ဂလာ ယူနေသော အချိန် အခါ သမယတွင် ယင်း မူကြမ်းကို ထုတ်ပြန်လိုက်ခြင်း သည် တိုက်ဆိုင်မှု တစ်ခု(သို့) လုပ်ကြံမှု တစ်ခု ဟု တွေးတော မေးခွန်း ထုတ် စရာ ဖြစ်လာ ခဲ့တော့သည်။

တစ်ချိန်တည်း မှာပဲ မြန်မာနိုင်ငံ ဆိုင်ရာ ကုလ အထူး ကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား က ဘင်္ဂါလီ များကို မြန်မာ အစိုးရ အနေဖြင့် နိုင်ငံသားပေးရန် ယခုထက် ပိုပြီး ဖိအား ပေးသွားမည့် အကြောင်းကို ပြီးခဲ့သော ရက်ပိုင်းတွင် AP သတင်း ဌာနသို့ ပြောကြား ခဲ့ပြန်သည်။ မစ္စတာနမ်ဘီးယား က ''တန်းတူ အခွင့်အရေးကို အခြေခံပြီး နိုင်ငံသားဖြစ်ခွင့် ကို အပြည့် အဝပေးရမယ်''ဟု ဘင်္ဂါလီများ အတွက်တောင်းဆိုခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာ အစိုးရသည် ဘာသာရေး ကို ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟူ ၍လည်း သူက စွပ်စွဲထားပြီး ယင်းကိစ္စ အတွက် အထူး စိုးရိမ်မိကြောင်း ထပ်လောင်းပြောကြားခဲ့ ပြန်သည်။ မစ္စတာနမ်ဘီးယား ၏ မှတ်ချက် စကားနှင့်ပတ် သက်ပြီး ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ကျော် က ''မြန်မာပြည် မှာ ဘာသာရေး ကို ပစ်မှတ်ထားပြီး တိုက်ခိုက် မှုတွေ လုံးဝ မရှိဘူး''ဟု ပြတ်ပြတ် သားသား ငြင်းချက် ထုတ် ခဲ့သည်။

သို့သော် UN နှင့် EU အဖွဲ့တို့ မှ ထုတ်ပြန် ထားသော ဆုံးဖြတ်ချက် မူကြမ်းအရ မြန်မာ အစိုးရသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် တစ်စုံ တစ်ရာဖြေရှင်းရမည့် အခြေ အနေမျိုးဖြစ်နေသည်။ ထိုမျှ မက ယင်း ညီလာခံသို့ တက် ရောက်မည့် အဖွဲ့ဝင်နိုင်ငံတော်တော် များများ ကလည်း ဘင်္ဂါ လီ ကိစ္စတွင် မြန်မာအစိုးရ ဘက်မှ ရပ်တည်ပေးမည် မဟုတ် ဟု ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေပါသည်။ 
 
အထူး သဖြင့် အမေရိကန် ကဲ့သို့ ကမ္ဘာ့ အင်အားကြီးနိုင်ငံ သည် ရေနံ အလျှံ အပယ်ထွက်နေသော အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံ များ ကို မျက်နှာလို မျက်နှာရဖြစ်စေရန် ဘင်္ဂါလီ အရေးကို လူ့ အခွင့်အရေး စံနှုန်း တစ်ခုဖြင့် ပြောဆိုဝေဖန် လာနိုင်ပါသည်။
 
 ယခုလောလော လတ်လတ် မြန်မာနိုင်ငံ က အိမ်ရှင် အဖြစ် ကျင်းပနေသော အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက် ရောက် လာသည့် သမ္မတ အိုဘားမားကို ဘင်္ဂါလီ ကိစ္စထောက် ပြပြောဆိုစေရန် အမေရိကန် ဟား ဗတ် အစီရင်ခံစာ က ဖိ အားပေး တိုက်တွန်းမှုများ ရှိနေသည်။ အကယ်၍ ယင်းတိုက် တွန်းချက် ကို အိုဘားမား က အာဆီယံ အစည်းအဝေး တွင် ထုတ်ဖော်ပြောဆို လာပါက ပြည်တွင်း အမျိုး ဘာသာစောင့် ရှောက်ရေး (မဘသ) ဆရာတော်ကြီး များ၏ ကန့်ကွက် ဆန္ဒ ပြမှု ကို အသေ အချာကြုံတွေ့ရမည်။

မဘသ ဦးဆောင် ဆရာတော် တစ်ပါးက ''မြန်မာ သမ္မတ ရဲ့ အမေရိကား ခရီးစဉ်မှာ သူတို့ အမေရိကန်နိုင်ငံ ရဲ့ ပြည် တွင်းရေး ကို ဘာတစ်ခု မှ ဝင်ရောက် စွက်ဖက် ခဲ့တာ မရှိဘူး။ အခု အမေရိကန် သမ္မတ ရဲ့ မြန်မာပြည် ခရီးစဉ်မှာ ရခိုင် မှာ ရှိတဲ့ ဘင်္ဂါလီတွေ ကို နိုင်ငံသားဖြစ်ခွင့်တောင်းဆို လာမယ် ဆိုရင်တော့ မဘသ ဆရာတော်တွေက သူ့ကို ဆန္ဒပြ ကန့်ကွက် သွားမှာ ပဲ ''လို့ အတိအလင်းပြောဆို ထားသည်။

ကုလသမဂ္ဂ တွင် ဘင်္ဂါလီ ကိစ္စကို နိုင်ငံတချို့မှ မည်သို့ ပင် ထောက်ခံပြောဆို လာကြစေကာမူ မြန်မာနိုင်ငံ ၏ သမိုင်း အခြေ ခံနှင့် ပြည်သူတို့၏ သဘောထားကို လေးစား လိုက်နာ ရန်လိုအပ်ကြောင်း ရခိုင် တိုင်းရင်းသား ခေါင်းဆောင် ဦးအေး သာအောင် ကဆိုသည်။ ထို့ပြင် အမေရိကန် သမ္မတ အိုဘား မား မလာခင် အချိန်လေးတွင် အဆိုပါ EU ၏ Draft resolution ထွက်လာခြင်း သည် ရိုးသားမှု မရှိသော ကြိုတင် ကြံစည် ချက်တစ်ခု သာဖြစ်ကြောင်း သူက ဆက်ပြော သည်။

''ဘယ် နိုင်ငံ ကမှ ဒီကိစ္စ ကိုဝင်ရောက် စွက်ဖက်ခွင့် မရှိဘူး။ မြန်မာ နိုင်ငံရဲ့ သမိုင်း အခြေခံ နဲ့ ပြည်သူတွေ ရဲ့ သဘောထား ကို လေး စားဖို့ လိုတယ်။ အခု အိုဘားမား မြန်မာနိုင်ငံ လာတဲ့ အချိန် လေးမှာပဲ ဒီကြေညာချက် က ထွက်လာတော့ ဒါဟာ ကြိုတင် ကြံစည်မှု ပဲ။ အရင်တုန်း က ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မြန်မာနိုင်ငံ မလာခင် တုန်း ကလည်း ဒီလိုပြဿ   နာတွေကြုံရ ဖူးတယ်။ သူတို့မလာခင် မှာ အဲဒီလိုကြေညာချက်တွေ ထွက် လာလို့လဲ မဖြစ်သင့် တာတွေ ဖြစ်ခဲ့ ရတာတွေ ရှိတယ်''ဟု ပြောသည်။

ပြည်တွင်း လူ့အခွင့်အရေးဆောင်ရွက်နေသည့် Equality Myanmar မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင် မျိုးမင်း ကတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကို အောက် တိုဘာလ မှ ဒီဇင်ဘာလ လယ် အထိ နှစ်စဉ် ပုံမှန် ကျင်းပလေ့ ရှိသောကြောင့် ယခု အာဆီယံ Summit ကျင်းပချိန်နှင့် တိုက် ဆိုင်နေခြင်း သာဖြစ်ကြောင်း သူ၏ အမြင်ကို ရှင်းပြသည်။

''အမှန်က သမ္မတ အိုဘားမားလာမယ့် အချိန်နဲ့ အချိန် ကိုက် လုပ်တာ မဟုတ်ဘူး။ သမ္မတ အိုဘားမား လာမယ့် အချိန် ဟာ ကုလသမဂ္ဂ မှာ မြန်မာနိုင်ငံ အကြောင်း ဆွေးနွေးမယ့် အချိန် နဲ့ တိုက်နေတာပါ။ နှစ်တိုင်းနှစ်တိုင်း ကုလသမဂ္ဂ အထွေ ထွေညီလာခံ ကို အောက်တိုဘာလ ကနေ ဒီဇင်ဘာလ လယ် မှာ ကျင်းပနေ ကျပါ။ အဲဒီ ကာလ အတွင်း မှာ မြန်မာနိုင်ငံ နဲ့ သက်ဆိုင် တဲ့ ဆွေးနွေး ရမယ့် အချက် တစ်ချက် ကို ဆွေးနွေး ရတယ်။ ဒါနှ စ်တိုင်း လုပ်နေကျ။ အိုဘားမား က အခု အာဆီယံ Summit အတွက် လာတော့ သွားပြီး တိုက်ဆိုင် သလိုဖြစ်သွား တယ်''ဟုဆိုသည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ ၏ လုပ်ထုံး လုပ်နည်း တွင် မြန်မာနိုင်ငံ အကြောင်း စဉ်းစားသည့် တတိယကောင်စီ ၏ Agenda တစ်ခု ရှိသည်။ အကယ်၍ နိုင်ငံ အတွင်း လူ့အ ခွင့်အရေး ချိုးဖောက်မှု ရှိပါက ၄င်းအချက် ကို သတ် မှတ်ပြီး ဆွေးနွေး မှုပြုလုပ်ရသည်။ အဆိုပါ လုပ်ငန်းစဉ် ကို ၁၉၉၂ ခု နှစ် ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်စဉ် နှစ်တိုင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ က မြန်မာနိုင်ငံနှင့် သက်ဆိုင်သော UN General Assembly Resolution ထုတ်ပြန်ခြင်းဖြစ် သည်။ အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ် လာပုံ အဆင့်ဆင့်ကို ဦးအောင်မျိုးမင်း က ဆက်လက် ရှင်းပြ ခဲ့သည်။

သူက ''အဲဒါ ထွက်ဖို့ လုပ်ထုံးလုပ်နည်း ဟာ နိုင်ငံ တစ်နိုင်ငံ က အဲဒီ မူကြမ်းကိုရေးဆွဲ မယ်။ နိုင်ငံ ၂ဝ ကနေပြီး ပဏာမ ထောက်ခံ ရတယ်။ အဲဒါ ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ မြန်မာနိုင်ငံ အကြောင်း ဆွေးနွေး တဲ့နေ့ရောက်ရင် တင် သွင်းခွင့်ရမယ်။ အဲဒီနိုင်ငံ အရေ အတွက် ထောက်ခံမှု မရှိရင် တင်သွင်းခွင့် မရဘူး။ ဒီမူကြမ်း ကို နှစ်တိုင်းနှစ် တိုင်း ရေးလေ့ ရှိတာ က ဥရောပ သမဂ္ဂ(အီးယူ)ပေါ့။ 
 
ဒါက အစဉ်အလာ အ တိုင်းပဲ။ ဒါကြောင့် သမ္မတကြီး က အီးယူ အကြီးအကဲတွေ နဲ့ တွေ့တဲ့ အခါမှာ ဒီမူကြမ်း ကို မတင် ပါနဲ့ လို့ သူ့ဘက်က တိုက် တွန်းခဲ့တာ ရှိတယ်။ အဲဒီ ထဲမှာ ရိုဟင်ဂျာ Issue တစ်ခု တည်း မဟုတ်ဘူး။ မြန်မာနိုင်ငံ မှာဖြစ်နေတဲ့ လူ့အခွင့်အရေး နဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ လုပ်နေတာကို သူတို့ ဘက်က သုံးသပ်တဲ့ ယူဆချက် တွေ ပါမယ်။ ဒီမူကြမ်း ကို အီးယူက တင်တဲ့ အချိန်မှာ အားလုံး က ထောက်ခံလို့ ရှိရင် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက် ဆိုပြီး ထွက်လာမယ်။ ထောက်ခံတယ် မထောက် ခံဘူး ဆိုတာကိုတော့ တင်တဲ့နေ့ကျ မှသိရမှာပါ'' ဟု ဆိုသည်။

ဤနေရာ တွင် ဆုံးဖြတ်ချက် မူကြမ်းတွင် မည်သည့် အ ချက်များ ပါဝင်သည် ကို သိရှိရန် လိုအပ် ပါသည်။ သေချာ သည် မှာ ဘင်္ဂါလီ တိုင်းကို နိုင်ငံသား အဖြစ် အသိအမှတ်ပြု ပေးရန် သူတို့ က တောင်းဆို လိမ့်မည်ဟု မထင်ကြောင်းနှင့် တောင်းဆို ခဲ့ပါကလည်း ယင်း အချက်သည် လက်တွေ့ မကျ သည့် အတွက် ထောက်ခံသော နိုင်ငံ များစွာ ရှိလိမ့်မည် မဟုတ် ကြောင်း ဦးအောင်မျိုးမင်း က ဖြည့်စွက်ပြောကြားခဲ့သည်။

ယခု ကဲ့သို့ မြန်မာပြည် ၏ ပြည်တွင်းရေး ကိစ္စတစ်ခု သည် ကုလသမဂ္ဂ အဆင့် အထိဖြစ်လာသည် ကို ပြည်တွင်းနိုင်ငံ ရေး အင်အားစုများနှင့် ရဟန်း သံဃာများ ကလည်း လက်မခံ နိုင်ကြောင်း ကန့်ကွက် မှုများ ကျယ် ကျယ်ပြန့်ပြန့် ထွက်ပေါ် နေသည်။ 
 
ဒီမိုကရေစီ လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် နာမည်ကျော် ရွှေညဝါ ဆရာတော် က ''အစိုးရက ရခိုင်ပြည် နယ်မှာ ရှိတဲ့ ဘင်္ဂါလီတွေ ကို ၁၉၈၂နိုင်ငံသားပြုခွင့်၊ ဖြစ်ခွင့် ဥပဒေ နဲ့ အညီ စိစစ်နေတယ်။ ဒါကို ကုလသမဂ္ဂက အထွေထွေ ညီလာခံ မှာ မဲခွဲဆုံးဖြတ် လို့ ထောက်ခံသည်ဖြစ်စေ၊ မထောက် ခံသည်ဖြစ်စေ ဘုန်းကြီးတို့ ကတော့ ရခိုင်ပြည်သူတွေ ရဲ့ သဘောထား အတိုင်း၊ မြန်မာ ပြည်သူတွေ ရဲ့သဘောထား အတိုင်း အမြဲ ရှေ့က နေ ရပ်တည်ပေးမယ်။ 
 
အနောက်နိုင်ငံတွေ က မြန်မာ အစိုးရနဲ့ ပြည်သူတွေ ဟာ ဘင်္ဂါလီတွေ ကို လူ့အခွင့် အရေးနဲ့ အညီ လွတ်လပ်ခွင့် မပေးဘူး လို့ သူတို့ပြောရင် အဲဒီ လူတွေ ကို သူတို့နိုင်ငံကိုခေါ်သွားသင့်တယ် လို့ပဲ ပြောရမယ်'' ဟုဆိုသည်။

မကြာမီ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေ ညီလာခံ တွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ရိုဟင်ဂျာ အရေးခေါင်း စဉ်ဖြင့် ဆွေးနွေးမှု၊ မဲခွဲ မှုများပြုလုပ်ခဲ့မည် ဆိုပါက ယင်းအ နေအထား မှာ မြန်မာနိုင်ငံ အတွက် ပြောပလောက်သည့် အခြေ အနေမျိုးမဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် အထွေထွေ ညီလာခံ သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ပြော ဆိုဝေဖန်မှု၊ မဲခွဲဆုံးဖြတ်မှု များကို ၁၉၉၁ခုနှစ်လောက် ကတည်း က ပြုလုပ်ခဲ့သော်လည်း စံတင်လောက် သည့် ထိ ရောက်မှု များစွာ မရှိခဲ့ပေ။

 
 
အပိုင်း(၂) ဆက်လက် ဖတ်ရှုပါရန်။



YMG
From:....www.mmdailystar.com 

No comments:

Post a Comment