Tuesday, November 11, 2014
သူတို့ ဘက်က ကြည့်တော့ သူရဲကောင်း { သို့ } သာသနာ ရွှေပြောင်းခြင်း
ကျနော်ဟာ မွန်စကား မပြောတတ်တဲ့ မွန်လူမျိုး တစ်ယောက်ဖြစ်ပါတယ် ။  ခု မလေးရှာမှာ အို ဘဝ နဲ့ နေရတာပါ မွန်စကား မပြောတတ် တဲ့ ကျနော့ ကို မွန်အသင်း အဖွဲတွေ က မွန်လို့  လက်မခံဘူး မွေးထဲ က အဖေါ် ပါလာတာမှ မဟုပ် ဘဲ တစ်ကောင်ထဲ ခြင်္သေ့ တော့ မဟုပ်ပါဘူး  ။ 
ဒါပေမဲ့ ကံ စိတ် ဥတု အဟာရ ကြောင့် ဖြစ်နေတဲ့ ပညတ် ကို မွန်လို့ တောင် ခေါင်းစဉ် တပ်ခွင့် မပေးကြတဲ့ မွန်အသင်း အဖွဲ့ တွေရဲ့  အတွေး အခေါ်တွေ ကို ပြန်စဉ်းစား မိရင်း အတွေးတွေ က မနူဟာ ဘုရင် ဆီရောက်သွား ရာက အစပြု တဲ့ ဒီ Post လေး မှာ ဆရာ မောင်သာရ ရဲ့ သူတို့ ဘက်ကကြည့်တော့ သူရဲကောင်း ငါတို့ ဘက်ကကြည့်တော့ သစ္စာဖေါက် ဆိုတဲ့ စာအုပ်လေးကို လဲ သွားသတိရမိတယ် ။ 
 နောက်တစ်ခု က ဒီ Post မှာ နိုင်ငံရေး အမြင်ထက် ဘာသာရေး အမြင် ကို ဦးတည် ထားတာပါ နိုင်ငံရေး ပါသွားရင် လဲ ပညာ မျက်စိနဲ့  ဖတ်ကြ ပါလို့  တိုက်တွန်း ပါ ရစေ။ 
ကျဉ်စိုး မင်း ကို စုက္ကတေး သတ်ပြီး မင်းပြုတယ် အနော်ရထာ မယ်တော် ကို စုက္ကတေး က မိဘုရားမြောက်တော့ မကြေ မချမ်းဖြစ်ပြီး ပုန်းရှောင် လူစု ရာက စုက္ကတေးကို တစ်ဦးချင်း မြင်ကပါ အရပ်မှာ စည်းချင်း ထိုးပြီး အောင်နိုင်ရာကနေ ဘုရင် ဖြစ်လာ တဲ့ အနော်ရထာဟာ သူ့  နန်းကို လုရက် မဲ့ နမိတ်မြင်တယ် လို့  ပုံဏား တွေစကားကို ယုံပြီး မိမိ ထိးနန်း ကို လက်မလွှပ် ရဖို့  အရေး သတ်လိုက် တဲ့ သူသတ် ပွဲကြီးက အနော်ရထာ ကို လူမှ ဟုပ်ရဲ့လား လို့ ကျနော် ထင်မိပါ တယ်။ 
 နွားကျောင်းသား အရွယ်ရောက်တော့ နွားကျောင်းသား မှန် သမျှ သတ်ပြန်တယ် နောက် တဖန်လည်း ရဟန်းပြု နေပြီ ဆိုတော့ ရဟန်းတွေ ကို ပင့်ဖိတ်ပြီး ဆွမ်းကပ်တဲ့ အထိပြု ခဲ့ ပါသေးတယ် ။  ဒီအချိန်ကြတော့ ထို သူဟာ သူ့ ထီးနန်းကို လုယူမည့် သူ မဟုပ်မှန်း သိခဲ့ လို့  ထိုသူ အသက် ချမ်းသာရာ ရပြီး နန်းတော်မှာ ခေါ်ထားခဲ့ ပါတယ် ။ 
 ထိုသူ ကတော့ ကျန်စစ်သား ဖြစ်ပါတယ်။ ကျန်စစ်သား မင်းရဲ့ ဘုန်းကံကြီးမားမှု ကြောင့် အနော်ရထာရဲ့ ဆင်ခြင်မဲ့မှု မှာ မြေစာပင် မဖြစ်ခဲ့ရသော်လည်း မွန်တို့  ရဲ့ နောင်ဆုံး ထီးနန်း ကိုတော့ အနော်ရထာ မင်း ဟာ စစ်ပွဲကြီး ဖန်တည်းပြီး မင်းမျိုး ဖျက်ခဲ့ သူ လို့  ကျနော် ယူဆပါတယ် ။ 
 သက္ကရဇ် ၃၉၁ (၃၉၀ လို့ လဲဆိုပါတယ်) မှာ ပိဋကတ်တော် အစုံ ကို လိုခြင်တဲ့ လောဘနဲ့  ပြုခဲ့တဲ့ စစ်ပွဲမှာ သေကြေ သွားကြ တဲ့ မွန်တွေ ထဲမှာ ကျနော် ပါသွားခဲ့ ဖူးသလား မဆိုနို င်ပါဘူး  ။ အနော်ရထာ ဟာ မြန်မာတွေ ဘက်က သာသနာပြု မင်းကောင်း မင်းမြတ် လို့  ဘယ်လောက်ပင် ဆိုစေကာမူ ကျနော့ ဘက်က ကြည့်ရင်တော့ လူသတ်သမား သစ္စာဖေါက်ကြီး ပါ။ 
လူ့ အသက်ကို သတ်တယ် ဆိုတာ Universal Law ဖြစ်တဲ့ ဘုရား ပွင့်သည်ဖြစ်စေ မပွင့် သည်ဖြစ်စေ တည်ရှိနေတဲ့ ငါးပါး သီလ ထဲမှာ ပါဝင်နေတာကြောင့် လူမှု သစ္စာ ကို ဖေါက်ဖျက်တယ် လို့  အနော်ရထာ ကို ကျနော်စွပ်စွဲခြင်းပါ။  ကြမ္မာ ဝိဘက် နောက်ပိုးတက် တယ် ပြောရမလားဘဲ ဒီနေ့ ခေတ် မြန်မာတွေ အတွက် မင်း ဆက်ကို စုဘုရားလပ် က ဖြတ်ပေးလိုက်ပါတယ်  ။ ခုတော့ မြန်မာ ရော မွန်မှာ ပါ မင်း မရှိကြတော့ပါဘူး။ 
(ဒါဟာ သမိုင်းကြောင်း ကိုပြောနေတာပါ) ဒီအထိ ဖတ်မိတဲ့ လူ တွေ က ခုစာသားတွေ ကို နိုင်ငံရေး လူမျိုးရေး လို့ မြင်ကောင်းမြင် မယ် ဆက်ဖတ်ကြ ပါအုန်း အနော်ရထာဟာ သထုံ ကို လုပ်ကြံဖို့  ကို နှစ်ရှည် စီမံကိန်းနဲ့  လုပ်ခဲ့ တာပါ သူလျှို တွေပို့ ပြီး အကွက်ချ စီစဉ်ခဲ့ တာပါ။ 
ဒီပွဲ မှာ ညံ့ကြ တာက ကျ နော်တို့  မွန်တွေ ပါ ပညတ် ကို ပရမတ် ထင် နေထဲ့ မနူဟာ မှာ လည်း အားနည်းချက်တွေ က အများ သား ဒီလို စစ်ပွဲဖြစ်ရတဲ့ အဓိက အချက် က  ပိဋကတ်တော် အစုံ  ကို လိုခြင်တာကြောင့်ဖြစ်ခဲ့ ရတာ ပါ။ 
ညှိနှိုင်းခြင်း ဆွေးနွေးခြင်းတွေပြု ရ မဲ့ အစား အဆင်ခြင် မဲ့တဲ့ ဘုရင်နှစ်ပါးကြောင့် ပြည်သူပေါင်းမြောက်များ စွာ အသက် စတေး ခဲ့ရပါတယ်။ မနူဟာ ရဲ့ နှစ်လုံးသား ထဲမှာ သဒ္ဒါတရားက  ပိဋကတ်တော် အစုံ ကို သူနဲ့ သာ ထိုက်တန် တယ် ပေးမျှ ဝေမှု  မပြု ခြင်လောက်အောင် သဒ္ဒါ တရားက ထက်သန်နေတယ်။ 
ဒီနေရာ မှာ ဗုဒ္ဒဘာသာဝင် စစ်စစ်စောစီးစွာ ဖြစ်နေတဲ့ မနူဟာ ရဲ့ နှစ်လုံးသား မှာ သဒ္ဒါ နဲ့  ပညာ မမျှ  ခဲ့လို့  ဒီလို အဖြစ် ဆိုးနဲ့ ကြုံ ခဲ့ ရတာ သမိုင်း မှာငြင်းလို့ မရပါဘူး။ စစ်အောင်နိုင်သူ အနော်ရထာ ကရောအောင်နိုင် သူ လို့  ပြောရဲကြ ပါသလား ။
စစ်မှာ နိုင်လိုက်တဲ့ အနော်ရထာ ဟာ ယဉ်ကျေးမှု  စာမျက်နှာမှာ ရှုံး ခဲ့တယ်လို့ ရေးသား ခဲ့တဲ့ ဝထ္ထု တစ်ပုဒ်ထဲ က စာသားလေး ကို အထက်မှာ ပုံနဲ့  ဖေါ်ပြပေးလိုက်ပါတယ်။ မနူဟာ တည်ခဲ့တဲ့ မြင်းကပါ ရွာက ဘုရားမှာ သူ ဘယ်လောက် နိုင်ထက် ကလုပြုခြင်း ခံခဲ့ရတယ် ဆိုတာ ကို ဘုရားတည်ပြီး သမိုင်းတွင်စေခဲ့ပါတယ် ။ 
ကျနော် ငယ်စဉ်က အကြိမ်ကြိမ် ဖူးခဲ့ ရတဲ့ ဘုရားပါ။ အောက်မှာ ပုံနဲ့ ဖေါ်ပြပေးလိုက်ပါတယ်။
ဒီဘုရား ဟာ သူကြီး ဘုရား ရွာသားကောင်းမှု  လို့ ပြောရမှာ ဘဲ မနူဟာ ရဲ့ လက်စွပ် တစ်ကွင်း ကို ငွေလှည်း ကိုးစီး ပေးပြီး မြင်းကပါ ရွာသူကြီး က ဝယ်ခဲ့တယ် ဆိုပါတယ်။  မြင်းကပါ ရွာသူကြီး အဲလောက် ချမ်းသာနိုင်စရာ မရှိ ပါဘူး အနော်ရထာ ရဲ့ ထောက်ပန့် မှု ဆိုတာ ထိုခေတ်က လူသားတိုင်း နားလည်ကြမှာပါ။ 
ဘုရားထဲ မှာ ဆင်းတုတော် ကို နံ၇ံ နဲ့  အပြည့် အကြပ်ကြီး တည်ဆောက်ပြု လုပ်ခဲ့ တာပါ ဒါဟာ မနူဟာ ရဲ့ အတွေးကောင်းလေး တစ်ခုပါ သူ့ ရဲ့ စိတ်ထဲက ဝေဒနာ ကို ယနေ့ ခေတ်လူသားတွေ သိအောင် ပြသခဲ့ တာလည်းဖြစ် ပါတယ်။ အနော်ရထာမင်း ဟာ မနူဟာမင်း ကို ပုဂံ ကိုဆောင်ယူလာပြီး အောက်ပုံမှာ ပါတဲ့ နန်းဘုရား ထဲမှာ အကျဉ်း ချထားခဲ့တာဖြစ်ပါတယ်။
 မြန်မာဘုရင်တွေ ယတြာ ချေလွန်းလို့  ခုမှ ကောဇာသက္ကရစ် က ၁၃၇၆ ဘဲ ရှိသေးတယ် သာသနာ သက္ကရဇ် နဲ့  ၁၁၈၂ နှစ် ကွာနေ လို့ ပါဘဲ။ အနော်ရထာ သထုံ ကို တိုက်တော့ သက္ကရဇ် ၃၉၀ ဆိုတော့ ၁၃၇၆ ထဲက ၃၉၀ ကိုနှုပ် ရင် မြန်မာတွေ ဆီ ကို  ပိဋကတ်တော် အစုံ ရောက်သွားတာဟာ နှစ်ပေါင်း ၉၈၆ နှစ်ဘဲ ရှိပါသေးတယ် ။
 သထုံ ကို သာသနာရောက်ပြီး တာနဲ့  ပြန်တွက် ရင် သထုံမှာ သာသနာ အတော်ကြာကြာ ကိန်းဝတ်နေခဲ့ တာပါ ။သာသနာ သက္ကရဇ် ၂၅၅၈ ထဲ ကနေ ၉၈၆ ကိုပြန်နှု ပ်တော့ သာသနာ သက္ကရဇ် ၁၅၇၂ မှာ အနော်ရထာ ဟာ သာသနာ ကို ပုဂံ ကို ယူဆောင်သွားတာပါ ။
 သာသနာ သက္ကရဇ် ၁၅၇၂ ထဲ က သထုံကို သာသနာရောက်တဲ့ နှစ် ၂၃၅ (၂၃၆ ဟုလဲပြောကြသည်) ကို နှုပ်ရင် ပိဋကတ်တော် အစုံ ဟာ မွန်တွေ ဆီမှာ နှစ်ပေါင်း ၁၃၃၇ နှစ်ကြာအောင် တည်နေခဲ့ တာပါ ။ဒီနေ့ ခေတ် မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်နေတော့ မသိသာ လှပေမဲ့ သမိုင်း မှာတော့ စစ်ခင်းပြီး ယူသွားခဲ့တဲ့  ပိဋကတ်တော် အစုံ မြန်မာတွေ လက်ထဲမှာ ကောင်းမွန်စွာတွေနေရပါသေးတယ် ။
 ခုလို ကိုကောင်းမွန်စွာ ထမ်းသိမ်း လာခဲ့တဲ့ မြန်မာတွေ ကို ကျေးဇူးတင် ပါတယ်။ ဒါပေမဲ့ အနော်ရထာ ဟာ ကျနော့ ဘက်ကကြည့်တော့ လူဆိုးကြီး တစ်ယောက်ပါဘဲ ။ သစ္စာဖေါက်ကြီး တစ်ယောက်ပါဘဲ။ အောက်က ပုံဟာ အနော်ရထာမင်း  ပိဋကတ်တော် အစုံ  ကိုထည်ထား ခဲ့တဲ့  ပိဋကတ်တိုက် စေတီတစ်ခုဖြစ်ပါတယ်။
ဒီနေ့ ရေးတဲ့ Post ရဲ့ လိုရင်း ကတော့ ပိဋကတ်တော် အစုံ ကို မြန်မာ လူမျိုး မြန်မာ တိုင်းရင်းသား မြန်မာပြည်ကြီး ကနေ မျှဝေ ပေးလို က ပေးလို့ ရတာဖြစ်ပေမဲ့ နေရာပြောင်း မသွားရေး ကတော့ အရမ်းကို အရေးကြီးလှပါတယ်။ ကွယ်ရမဲ့ သာသနာဖြစ်ပေမဲ့ ထိမ်းသိမ်းမှု ကောင်း ရင် နောင်နှစ်ထောင် နဲ့ ချည်ပြီး တည်မြဲ နေအောင် လုပ်ရမှာ ကတော့ မြန်မာ နိုင်ငံသား ဗုဒ္ဒဘာသာ ဝင် အားလုံရဲ့ တာဝန်သာဖြစ်ပါတယ်။ 
လူတွေ နားလယ်အောင်ပြောခြင် တာ ကတော့ Democracy ၊ Human Right နဲ့  ဗုဒ္ဒဘာသာ ဆိုတာ ဓမ္မာ သောက အင်းဝ ရာဇာ ဆိုတာ ကို နားလယ်အောင် သဘောပေါက်အောင် လုပ်ထားကြ ဖို့ ပါဘဲ။ Democracy ထွန်းကားတဲ့ နိုင်ငံတွေ မှာ Human Right ဆိုတာ ကို အလွဲ သုံးစား လုပ်ကြပါတယ်၊ 
ဥပမာ တစ်ခုပေါ့ဗျာ နယ်သာလန် နိုင်ငံက လူ့ အခွင့်ရေးဖြစ် တဲ့ Human Right ကို လက်ကိုင်ထားပြီး ကျား ကျား ခြင်း အိမ်ထောင်ပြု  တာ မိန်းမ မိန်းမ ခြင်း အိမ်ထောင်ပြုတာ ကို Human Right ထဲ ထဲ့ထားကြပေမဲ့ ကျနော်တို့ ဘုရား တရား အရ  စက္ကဝတ္တိ သုတ္တံ မှာတော့ လူတွေ သီလ ပျက်စီး လို့  လူ့ အသက်တွေ ဆုပ်လာပြီး လူတို့ သက်တန်း အနှစ် ၅၀၀ တန်း မှာ ပေါ်လာတဲ့ အဓမ္မရာဂ၊ ဝိသမလောဘ နဲ့  မိစ္ဆာဓမ္မ ဆိုတဲ့ ဒီတရား သုံးပါးထဲက မစ္ဆာဓမ္မ ဆိုတာ ဟာ ယောင်္ကျား ယောင်္ကျား ခြင်း အိမ်ထောင်ပြု တာ မိန်းမ မန်းမ ခြင်း အိမ်ထောင်ပြုတာကို ပြောတာပါ။ 
အဓမ္မရာဂ ဆိုတာ လဲ ယ္ခု ကျနော်နေ တဲ့ မလေးရှား အပါဝင် အနောက် နိုင်ငံတွေ နဲ့  အမေရိကား တို့  မှာ အင်မတန်ခေတ် စားတဲ့ ရာဂ ဖြစ်ပါတယ် ။  ဒါဟာ ဘာလဲ ဆိုတော့ မှားရွင်း တဲ့ ကာမ ရာဂ ဖြစ်ပါတယ် ။ 
ဘယ်လို မှားရွင်းကြ သလဲ ဆိုတော့ ဖအေ နဲ့  သမီး မှားရွင်းစွာ ပြု ကျ င့်တဲ့ ရာဂ၊ မအေ နဲ့  သား မှားရွင်း စွာပြု ကျင့်တဲ့ ရာဂ ကို မစ္ဆာ ရာဂ လို့  ခေါ်ပါတယ် ။  ဒီတော့ ဒီတော့ Democracy ဆိုပြီး လူ့ အခွင့်ရေးတောင်း တိုင်းသာ ပေးရရင် မိစ္ဆာဓမ္မ တို့  အဓမ္မရာဂ တို့  ကို လူ့ အခွင့်ရေးထဲ ထဲ့ပေးရတော့မယ် ဆိုရင် ကျနော်တို့ ဘာသာ ကျနော် တို့  ယဉ်ကျေးမှု နဲ့  မကိုက် ညီတာကို စာဖတ်သူ တို့  သတိထားမိမယ် ထင်ပါတယ်။ 
ဒါပေမဲ့ ဒီနေ့ ခေတ် လူသားတွေက ကာမ ရာဂ ကို ဟိုတုန်းက ဘိုးဘွား ဘီဘင်တွေထက် ပိုကြိုက်ကြတော့ ကျနော့်  စကား ဟာ အရာဝင်မှာ မဟုပ်ပါဘူး။  မွန်တွေ ညံ့ ခဲ့ လို့  သာသနာတော်ကြီး မြန်မာတွေ ဆီမှာ တည်တန့်  နေတာကို မွန်လူမျိုး ဖြစ်ပေမဲ့ သာသနာ မျက်နှာ ကို သာကြည့်တဲ့ အတွက် မြန်မာတွေ ကို ကျေးဇူးတင် ပါတယ် ။
သို့ သော် မြန်မာတွေ ညံ့ လာရင် သာသနာ နေရာ မပြောင်း ဘဲ သာသနာ ကြီး ပျက်စီး မဲ့ အရေးတော့ မရောက်စေချင် လို့  ဒီစာ ကိုရေးခြင်း လည်း ဖြစ်ပါတယ်။
ဒီ Post ကို အနတ္တ စင်္ကြာဝဌာ ဆိုက်မှ ပြန်ယူထားတာဖြစ်ပါတယ်
From... http://thesupernaturalmyanmar.blogspot.com/
No comments:
Post a Comment