Sunday, November 2, 2014

ခွေး တစ်ကောင်နဲ့ မဖွယ် မရာ ပြုလုပ် ခဲ့တဲ့ အမျိုးသမီး ကို အရေးယူ


သြစတြေးလျ နိုင်ငံ၊ ဘရစ္စဘိန်းမြို့မှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးဟာ ခွေး တစ်ကောင်နဲ့ မဖွယ် မရာ ပြုလုပ်ခဲ့ တာကြောင့် အရေးယူခြင်း  ခံခဲ့ရကြောင်း  သိရပါတယ်။ 

ရဲတပ်ဖွဲ့ ဝင်တွေ ဟာ အသက် (၂၅) နှစ် အရွယ်ရှိ ဒရစ်ကောလ် ကို မူးယစ်ဆေးဝါး ရောင်းဝယ် မှုနဲ့ မသင်္ကာဖြစ်ပြီး ရှာဖွေမှုတွေ ပြုလုပ်ရာ မိုဘိုင်းဖုန်း အတွင်း ခွေးတစ်ကောင် နဲ့ မဖွယ် မရာ ပြုလုပ်နေ တဲ့ ဗွီဒီယို မှတ်တမ်း ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 ဒီဖြစ်စဉ် မှာ အမည်မသိ အမျိုးသား တစ်ဦးလည်း ပါဝင်ပြီး ခွေးတစ်ကောင်နဲ့ မဖွယ် မရာ ပြု လုပ်နေ တဲ့ ဗွီဒီယို ဖိုင် သုံးခု ကို ရှာဖွေ တွေ့ရှိခဲ့ တာကြောင့် ဘရစ္စဘိန်း တရားရုံးတော် က စွဲချက်တင် မှု ပြုလုပ်ထား ပါတယ်။


 ဒါပေမဲ့ ဒရစ်ကောလ်ဟာ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာပြီး တရား ရင်ဆိုင်မှု ပြုလုပ် သွားရမှာ ဖြစ်ပါတယ်။ တိရိစ္ဆာန် ကာကွယ် ထိန်းသိမ်းရေး အဖွဲ့ အစည်းမှ တာဝန်ရှိသူ တွေက ဒီဖြစ်ရပ် အပေါ် အရေးယူမှုတွေ ပြုလုပ် သွားသင့်ကြောင်း တိုက်တွန်းထားပါ တယ်။ 

ဒရစ်ကောလ် ဟာ ခွေးဘီလူး အမျိုးအစား နဲ့ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ယူဆနေကြ ပါတယ်။ ဒရစ်ကောလ် ဟာ မူးယစ်ဆေးဝါး  ရောင်းဝယ် ခဲ့ကြောင်း မသင်္ကာမှု နဲ့ ရှာဖွေရာ မှာ ခွေး တစ်ကောင် နဲ့ မဖွယ်မရာ ပြုလုပ် တဲ့ ဇာတ်လမ်းပေါ် ထွက်လာ တာကြောင့် ရှက်စရာ ဖြစ် ခဲ့ပါတယ်။

 ဒရစ်ကောလ် ရဲ့ ဖုန်းမက်ဆေ့ခ်ျ ကို ရှာဖွေ ရာမှာ ဆေးခြောက်ပေါင် (၆၃၀)ဖိုး အရောင်း အ၀ယ် ပြုလုပ် ခဲ့တဲ့ စာသားတွေကို တွေ့ရှိခဲ့ရပါတယ်။ ဒရစ်ကောလ် ဟာ လာမယ့် ဒီဇင်ဘာလ မှာ တရားပြန်လည် ရင်ဆိုင် သွားရမှာ ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ သြဂုတ် လဆန်း ကလည်း အမေရိကန် ပြည်ထောင်စု နယူးမက္ကဆီကို ပြည်နယ်မှာ အမျိုးသမီး တစ်ဦးဟာ ခွေးတွေ နဲ့ မဖွယ် မရာ ပြုလုပ်ခဲ့ တာကြောင့် ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။



 အေသင်အောင်
Messenger
From...Myanmar Latest News

 

No comments:

Post a Comment