Saturday, November 1, 2014

အမျိုးသမီး တစ်ဦး မှ ကလေးငယ် တစ်ဦး ကို မုဒိမ်းကျင့် ၊ ခွေးနှင့် လိင်ဆက်ဆံ

 
 
အမေရိကန်နိုင်ငံ၊  လူဝီစီယားနားပြည်နယ်၊ ဂျက်ဖာဆင်မြို့နယ်မှ အမျိုးသမီးတစ်ဦး သည် ကလေး ငယ် တစ်ဦး ကို မုဒိမ်းကျင့်ပြီး ခွေးနှင့် လိင်ဆက်ဆံ ခဲ့သည့် အတွင် ထောင် အတွင်း ရောက်နေသည်။ တာဝန် ရှိသူများက ထို အမှုအတွက် သက်သေရှိသည် ဟု ပြောကြား ခဲ့သည်။
ဂျက်ဖာဆန်မြို့ အထွေထွေ အုပ်ချုပ်ရေးမှုး ရုံးမှ ရဲအရာရှိ များက အသက် ၂၆ နှစ်အရွယ် အိန်ဂျယ်လိုင်း လိုဒိုက်စ် ကို သုံးနှစ် အရွယ်ကလေးငယ် အား မတော် တရော်ပြု မှုနှင့် ခွေးနှင့် လိင်မှုပြုခြင်းများ အတွက် ဖမ်းဆီး ထားကြောင်း အတည်ပြုခဲ့သည်။

စုံထောက် များက ၎င်း တို့၌ လမ်းလျှောက်တတ် ကာစ ကလေးငယ်ကို မုဒိမ်းကျင့် မှုနှင့် ခွေးနှင့် လိင်ဆက်ဆံမှု များပါဝင်သော ဗွီဒီယိုနှင့် ဓာတ်ပုံ များ ရှိသည်ဟု ပြောကြားခဲ့သည်။
 


စွဲချက် များ၌ ၁၃ နှစ်အောက် ကလေးငယ် အား မုဒိမ်းကျင့်မှု ပါဝင်ပြီး ၎င်းပြစ်မှု ထင်ရှား လျှင် ထောင်ဒဏ် တစ်သက် ကျခံ ရနိုင်သည်။

ကလေးငယ် ၏ ဖခင်ဖြစ်သူ မှ ၎င်း၏ သားနှင့် အမျိုးသမီး တို့ လိင် ဆက်ဆံပုံ ဗွီဒီယို၊ ဓာတ်ပုံ များ အကြောင်း ကြားသိ ရာမှ ရဲကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

လိုဒိုက်စ် မှ မည်သို့ ကလေးငယ်နှင့် သိကျွမ်း သွားသည် (ဝါ) အဆက်အသွယ် ရခဲ့သည် ဆိုသည့် အချက်မှာ မူ မရှင်းလင်းသေးပါ။


မျိုးမင်းသန့်  ဘာသာပြန်ဆိုသည်။
From...Myanmar Latest News

 

No comments:

Post a Comment