Saturday, November 29, 2014

စိတ်ချမ်းသာအောင် နေတတ်ဖို့



မင်္ဂလာဆောင်ပြီး ကတည်းက မတွေ့ တော့သော ညီဖြစ်သူ မင်းမင်း မမျှော်လင့်ပဲ အိမ်

သို့ ရောက်လာသည်။ သူ့ ပုံစံကလည်း လူပျို တုံး ကလို ဖြတ်ဖြတ် လတ်လတ် မဟုတ် သန့် သန့် ရှင်းရှင်း မဟုတ် အ၀တ်အစား က ဘိုသီ   ဘတ်သီ ဆံပင်က ပွယောင်းယောင်း။

* ညီလေး မင်းမင်း ဘယ်လိုဖြစ်လာတာလဲကွာ *

* ကျွန်တော် အကိုနဲ့ နေမလို့  *

* အေးပါနေပါ ရပါတယ် ။ ကဲထိုင် အကျိုးအကြောင်းပြောပါဦး ။ ဒါနဲ့ နွယ်နွယ်ရော *

** သူလည်း သူ့ အမေ အိမ်ကို ဆင်းသွားပြီ **

** ဘာလဲ စကားများကြတာလား **



** ဟုတ်တယ်အကို စိတ်ချ မ်းသာမလားလို့  မိန်းမယူပါတယ် စိတ်ညစ်ရတာပဲ အဖတ် တင်တယ်**

** ဘယ်လိုကစပြီး စကားများကြတာလဲ အကို့ ကိုပြောပါဦးကွာ **

** အစုံပဲ အကို အကို့ ကိုပြောပြလည်း စိတ်ချမ်းသာစရာ တကွက်မှ မရှိဘူး မသိချင်ပါ နဲ့ တော့**

** အဲ့လိုတော့ မဟုတ်သေးဘူးလေကွာ ပြသနာ ရှိရင် အဖြေ ဆိုတာလည်းရှိပါတယ်။ အဖြေထုတ်တဲ့နည်းလမ်း မသိရင်သာ စိတ်ညစ်ရတာ ။ နည်းလမ်း သိသွားရင် စိတ်ညစ် တာတွေပျောက်သွား မှာပါ** ကဲသွားရေချိုး အ၀တ်အစား လဲလိုက် ထမင်းစားကြမယ်။ ထမင်းစားပြီး မှ မင်း   ကိစ္စ ဆက်ဆွေးနွေးကြမယ် **


 ထမင်း စားပြီးတော့ ကျွန်တော်တို့ စကားဝိုင်းကိုပြန်စပါသည် ။

**ကျွန်တော် သူနဲ့ မပေါင်းတော့ဘူး အကို တော်တော် စိတ်ညစ်နေပြီ ။တွေးတိုင်းဒေါသ ထွက်တယ် ။ မတွေးပဲလည်း မနေနိုင်ဘူး **

** ဒါဆိုရင် လောလောဆယ် မင်း စိတ်ချမ်းသာချင်တယ် ဆိုပါတော့ **

** ဟုတ်တယ် အကို သူနဲ့ ကွဲသွားရင် ကျွန်တော် စိတ်ချမ်းသာလိမ့်မယ် ထင်တယ် ။ အလုပ် ကလည်း အရင်လို အဆင်မပြေဘူး ။ သူငယ်ချင်းတွေ ကလည်း အိမ်ကိုမလာ ကြတော့ဘူး **

** အေးပါ လောလောဆယ် မင်းနွယ်နွယ့် ကို ခဏမေ့ထားလိုက် စိတ်ချမ်းသာ ချင်တယ် မဟုတ်လား **

** ဟုတ်ကဲ့အကို **

** ကဲ ဒါဆိုရင် အကိုပြောသလိုလုပ် **

**ပြော အကို ဘာလုပ်ရမလဲ စိတ်ညစ်တာတွေပျောက် သွားရင်ပြီးရော ** ဘုရားသောက်တော်ရေ ကပ်ကာ ကျွန်တော် ဘုရား ရှစ်ခိုးတော့ မင်းမင်း လည်း ရှစ်ခိုးပါသည် ။ ပြီးတော့မှ ။ ** ကဲ အကို့ လို တင်ပလ္လင်ခွေထိုင် လက်ဝါးလေးနှစ်ခု ကို ပက်လက်လေး ထပ်ပြီး လက်မထိပ်ချင်း ထိထားလိုက် ။ ပြီးရင် လက်မောင်းနှစ်ဖက်  ကို ပေါင်ပေါ်ဖွဖွလေး တင်ထားလိုက် ။ ပြီးတော့ မင်းရဲ့ စိတ်ကို လက်မထိပ်နေရာလေးကို ပို့ ထားလိုက်။ ကဲ ဘယ်လိုလည်း အဆင်ပြေရဲ့ လား **

** ဟုတ်ကဲ့ ပြေတယ် အကို **

** ကဲ ဒါဆိုရင် မင်း စိတ်ထဲက ဘာမှ မတွေးပဲ အကိုပြောတာ ဆက်လုပ် **

**ခါးလေးကို မတ်မတ်ထားပြီး လေကို နှာခေါင်းကနေ ဖြေးဖြေးချင်း ရှုသွင်းလိုက်။ ပါးစပ်ကို ပိတ်ထား ညီလေး ပြီးရင် ပါးစပ်က ဖြေးဖြေးလေးပြန်မှုတ် ထုတ်လိုက် ။ လေဆုံးသွားရင် (၁) လို့ မင်းစိတ်ထဲက မှတ်ထား ။ လုပ်လို့ ရမလား **

** ဟုတ်ကဲ့ ရတယ် အကို **

** အေးရရင် ဖြေးဖြေးချင်း (၁၀) ထိရအောင်လုပ် ကွာ ။ (၁၀) ပြည့်ရင် အကို့ ကိုပြော။ မင်းမင်း လုပ်နေတာကို ကျွန်တော်ဘေးကနေကြည့်နေပါသည် ။ ခဏအကြာ ။ ** ပြည့်ပြီ အကို **

** အေးပြည့်ရင် အဲ့လို နောက်တစ်ခါ ထပ်လုပ်လိုက် ညီလေး ** မင်းမင်း ထပ်လုပ်ပြန် ပါသည် ။

** ပြည့်ပြီ အကို **

** အေး ကောင်းတယ် ဒီတစ်ခါ ထပ်လုပ်လိုက်ဦး ညီလေး နောက်ဆုံး အကြိမ် ** တတိယ အကြိမ် မင်းမင်း လုပ်နေတာကို ကျွန်တော် ထိုင်ကြည့်နေသည်။ သူ့ မျက်နှာ ပေါ်တွင် ရောက်ကာစ က ဒေါသ စိတ်များပျောက်သွားသည် ကို တွေ့ နေရသည် ။ ** ပြီးပြီ အကို **

**ဘယ်လိုလည်း မင်းစိတ်ထဲမှာ ဘယ်လို ခံစားနေရသလဲ **

** ဟုတ်ကဲ့ အကို စိတ်ထဲမှာအေးသွား သလိုပဲ **

** အေး အခုလို စိတ်ထဲမှာ ဘာမှ မတွေးပဲ စိတ်ကို အခုလို ပစ္စု ပ္ဖန်တည့်တည့် ထားနိုင်ရင် စိတ်ချမ်းသာမဲ့ လမ်းစ ကိုတွေ့ သလိုပဲကွ **

** ဒါဟာ တရား ထိုင်တာလား အကို **

** အေး အဲ့လိုပြောရင်တော့ ရတယ် ။ ဒါပေမဲ့ အကျ င့် ရလာရင် ဘယ်လို အနေအထား ပဲနေနေ လှဲနေရင်း  ပဲဖြစ်ဖြစ် ကားစီးရင်းပဲဖြစ်ဖြစ် အခုလို သတိလေးနဲ့ မှတ်နေဖို့ ဘဲလိုတယ် ။ အတွေး မရှိတော့ စိတ်လေးကအေးနေတယ် ဆိုပါတော့ကွာ **

** ဟုတ်ကဲ့အကို **

** မင်း စိတ်အေးချမ်း သွားတယ် မဟုတ်လား **

** ဟုတ်ကဲ့ **

** ခဏလေးတောင် ဒီလောက်အေးချမ်းရင် နေ့ စဉ် လုပ်နိုင်မယ် ဆိုရင်တော့ မင်းဘာသာ ပဲတွေးကြည့်ပေတော့ **

** မင်း အခု လို စိတ်ချ မ်းသာ သွားတာ အကို လုပ်ပေးလို့ လား ။ ဒါမှမဟုတ် မင်း ကိုယ် ကိုယ်တိုင် စိတ်ချမ်းသာအောင်နေလိုက်လို့ လား **

** အကိုပြောသလို ကျွန်တော် လိုက်လုပ်လို့ ပါ ** ** အေးဟုတ်တယ် လူတော်တော် များများ သဘောမပေါက်သေးတဲ့ အချက်က အဲ့ဒါပဲ ။ ကိုယ့် စိတ်ချမ်းသာမှု ကို တစ်ခြားသူက လုပ်ပေးလို့ ရတယ်လို့ ထင်နေကြတယ် ** ** ဟုတ်တယ် အကို ကျွန်တော်လည်း အဲ့လိုပဲ ထင်ထားတာ **

** အခုရော  ဘယ်လိုလည်း အကို လုပ်ပေးလိုက်လို့ လား **

** မဟုတ်ပါဘူး အကို ကျွန်တော့်ဘာသာ စိတ်ချမ်းသာအောင်နေလိုက် လို့ ပါ **

** သေခြာပြီလား **

** ဟုတ်ကဲ့သေချာပါတယ် အကို **

** ဒါဆိုရင် အခုနေ မင်း မိန်းမနွယ်နွယ် အကြောင်းပြန်တွေး မိရင် ဘာဖြစ်လာမလဲ **

** ဒေါသပြန်ဖြစ်လာမှာပေါ့ အကို **

** အကိုကဖြစ်ခိုင်း တာလား **

** မဟုတ်ဘူး အကို ဒေါသဖြစ်စေတတ်တဲ့ အတွေးက ကျွန်တော့် စိတ်ထဲ ၀င်လာလို့ ပါ**

** အေး အဲ့ဒီ ဒေါသ ကို မင်းစိတ်က လက်ခံလိုက်ရင် မင်းဒေါသဖြစ်သွားတာပဲ **

** ဒါဆိုရင် အဲ့ဒီဒေါသစိတ် ကိုတွေးမိပေမဲ့  ကျွန်တော့်စိတ်က လက်မခံဘူးဆိုရင် ကျွန်တော့်ဒေါသ မဖြစ်ဘူးပေါ့ ။ အကိုပြောချင်တာ အဲ့လိုလား **

** အေး မင်းနဲနဲ သဘောပေါက်လာပြီ **

** ဟုတ်တယ်အကို **

**မင်း အခု နွယ်နွယ့်အကြောင်းတွေးလိုက်တယ် ဒါပေမဲ့ အကို့ ဆီ လာကာစ ကလို ဒေါသဖြစ်သေး သလား **

** မဖြစ်ဘူး အကို **

** ဘယ်ဖြစ်မလဲ မင်းစိတ်ကဒေါသကို လက်မှ မခံတာ **

** ဟုတ်တယ်အကို **

** လူတွေတော်တော် များများ စိတ်ဆင်းရဲ ရတဲ့ အဓိက အကြောင်းရင်း က သဘောထားနဲ့  အသိအမြင် မမှန်ကန်ကြလို့ ပဲ **

** ကျွန်တော် မရှင်းဘူး အကို **

** မင်းက အပေါင်းအသင်း များတယ် အလုပ်ကို သွားချင်တဲ့ အချိန်မှသွားတယ်။ ပြန်လာချင်တဲ့ အချိန် မှပြန်လာတယ် ။နွယ်နွယ် က မင်းကို အလုပ်ချိန်က အစ စည်းနဲ့ ကမ်းနဲ့ နေစေချင် တယ် ။ မင်းကို အဲ့လိုပြောတော့ မင်း စိတ်ထဲဘယ်လိုနေလဲ **

** ကျွန်တော့် ကို ဆရာ လုပ်တယ်ထင်တာပေါ့ ။ အဲ့ဒါကြောင့် သူနဲ့ ကျွန်တော်ပြသနာ တက် ကြတာ **

** သူက  မင်းအတွက်ပြောတာလေ မဟုတ်ဘူးလား ** ** ဟုတ်ပါတယ် အကို **

** သူပြောသလို မင်းက မလိုက်နာတော့ မင်းတို့ နှစ်ယောက် သဘောထား ကွဲကြတာပေါ့**

** ဟုတ်တယ် အကို **

** စည်းကမ်း ရှိတာနဲ့  စည်းကမ်း မဲ့တာဘယ်ဟာကောင်းလဲ **

** စည်းကမ်းရှိတာကောင်းတာပေါ့ အကို **

** မင်းကတော့ အပေါင်းအသင်းတွေ နဲ့  ပျော်သလိုနေတယ် မင်းမိန်းမက မင်းအတွက် စိတ်ပူ ပြီး စိတ်ဆင်းရဲနေရင် တရား ပါ့မလား ။ ပြီးတော့ မင်းပျော်ရွှင်မှုဟာ တကယ် စိတ်ချမ်းသာ တဲ့ ပျော်ရွှင်မှုဖြစ်ပါ့မလား ** ** ဘယ်ဖြစ်နိုင်လဲ အကို **

** တခုခု ဖြစ်ရင် စိတ်ဆင်းရဲ  မလားစိတ်ချမ်းသာ မလားညီလေး **

** စိတ်ဆင်းရဲမှာပေါ့ အကို ပြသနာဖြစ်တာပဲ **

** အေး မင်း အသိအမြင် မှန်ကန်ပြီး သဘောထားပြောင်း လာမှ မင်းတို့ နှစ်ယောက် ရဲ့ အိမ် ထောင်ရေး ဟာ စိတ်ချမ်းသာ စရာကောင်းပြီး ပျော်ရွှင်တဲ့အိမ်ထောင်ရေးဖြစ်မယ် ** ** ဟုတ်ကဲ့ပါ အကို ကျွန်တော် မှားတာပါ သူ့ ကို စိတ်ချမ်းသာအောင် ထားပါတော့မယ် **

** အေး နွယ်နွယ် က မင်းကို ချစ်တာ အကိုသိပါတယ်ကွာ ။ မင်းရောသူရော စိတ်ချမ်းသာ ဖို့ လိုတယ် **

** ဟုတ်ကဲ့ပါ အကို ** ** စိတ်ချမ်းသာအောင်နေတတ်တဲ့ သူဟာ စိတ်ကြည်လင် ချမ်းသာနေ လို့  စိတ်ကျ မ္မာတယ်။ စိတ်ကျ မ္မာနေရင် သဘောထားတွေလည်းမှန်ပြီး အသိဥာဏ်လည်း ပိုထွက်တယ်** ** ဟုတ်ကဲ့ပါ အကို ပြောတာမှန်ပါတယ် **

** ပြီးတော့ပြောဦးမယ် မကောင်းတဲ့ အကျင့်ဆိုးတွေ ကို မလုပ်မိအောင်ရှောင်ပါ။ အကျ င့်ဆိုး မှန် သမျှ ဟာ လွတ်လပ်မှုကို ဖျက်ဆီးတယ် ။ ဂုဏ်သိက္ခာကျ စေတယ် ။ မကောင်းတဲ့ လူချ င်းပေါင်း လို့ ရတယ် ဆိုပေမဲ့ မကောင်းတာကို အတူတူလုပ်ရတာ စစ်မှန်တဲ့ ပျော် ရွှင်မှုကို မရနိုင်ဘူး **

** ဟုတ်ကဲ့ပါ အကို **

** အဲ့ဒါကြောင့် ကောင်းတဲ့ မိတ်ဆွေကောင်းကို  ရှာပါ ။ ကောင်းတဲ့ မိတ်ေ ဆွကောင်း နဲ့ ကောင်း တာတွေ အတူတူ လုပ်ခွင့်ရရင် စစ်မှတ်တဲ့ စိတ်ချမ်းသာမှုကိုရမယ်။ စိတ်ချမ်းသာမှုနဲ့  ကိုယ် ကျင့်တရားဟာ ဆက်စပ်မှု ရှိတယ် ။ စိတ်အချမ်းသာဆုံး လူက ကိုယ် ကျင့်တရား အကောင်းဆုံး လူဖြစ်သလို ။ ကိုယ်ကျ င့်တရားကောင်းတဲ့ လူဟာ စိတ်ချမ်းသာ စရာကောင်းအောင်နေ တတ်တဲ့ သူပဲ ဖြစ်တယ် **

** ဟုတ်ကဲ့ပါ အကို **

** အိမ်ထောင်ဖက် ရှိပေမဲ့ လည်း မိတ်ဆွေကောင်း  ရှိဖို့ လိုတယ် ။ ရိုးရိုးသားသား ပွင့်ပွင့် လင်းလင်း ရင်းရင်း နှီးနှီး ဆက်ဆံလို့ ရတဲ့ မိတ်ဆွေကောင်း ရှိရင် စိတ်ထဲမှာ ခံစားရတာ ရှိရင်ပြောချင်တာပြောလို့  ရတယ်။ ကိုယ့် အခက်အခဲကို တိုင်ပင် လို့ ရတယ် ။ 


ဝမ်းသာစရာ ရှိရင်မျှဝေ ခံစားနိုင်သလို ၀မ်းနည်း စရာရှိရင်လည်း ကိုယ်ချင်းစာပေးနိုင်တယ် ။ တချို့ ကိစ္စတွေက မိတ်ဆွေကောင်း နဲ့ ပဲ လုပ်လို့ ရတယ် ။ အိမ်ထောင်ဖက် နဲ့ လုပ်လို့ မရ တာတွေ ရှိတယ် **

** ဟုတ်ကဲ့ မှန်ပါတယ် အကို **

** အဲ့ဒီတော့ မင်းကို အကိုနောက်ဆုံးပြောချင်တာ ကတော့ လူ့  လောကမှာ သူ့ ဟာ သူ ဒုက္ခ တွေပေါ်လာရတဲ့ အထဲ ဒုက္ခ အသစ်တွေ ထပ်မရှာ ပါနဲ့ ကွာ ။ ဒုက္ခတော်တော် များများကို ကိုယ့် စိတ် ကပဲ  ဖန်တီးတာပါ ။ ကိုယ့်စိတ်ကို ကိုယ်သိပြီး သတိ နဲ့ ဥာဏ်နဲ့ နေတတ်ရင် ဒုက္ခနည်းပြီး ပို အဆင်ပြေမယ်။ ပို စိတ်ချမ်းသာမယ် **

** ဟုတ်ကဲ့ အကို ကျွန်တော် သိပါပြီ အကိုလေ့ကျင့်ပေး ခဲ့တဲ့ နည်းလေးက တကယ်ကောင်း တယ် ။ခဏလေး  လုပ်တာတောင် စိတ်ကိုအေးချမ်း သွားစေတယ် ။ နေ့ တိုင်း အကြိမ် မ် ားမ် ား လုပ်နိုင်ရင် တော်တော် စိတ်ချမ်းသာမယ် ထင်တယ်နော် ။


 ** အေး ဟုတ်တယ် အဲ့ဒါ မိမိ စိတ်ထဲကို ၀င်လာမဲ့ အတွေးတွေကို ရပ်ပြီး ပစ္စု ပ်ပန် တဲ့တဲ့ မှာ သတိ လေးနဲ့ ကိုယ့်စိတ်ကို ထားတဲ့ သတိပဌာန် နည်းပဲ ။ နေ့ တိုင်း လုပ်နိုင်ရင်တော်တော် အကျိုး များတယ် **

**ဟုတ်ကဲ့ ကျွန်တော် ဆက်ပြီး လုပ်မယ် အကို နွယ်နွယ့်ကို လည်းပြောပြပြီးလုပ်ခိုင်းမယ် **

** အေး လုပ်ခိုင်းလိုက်ပါ ။ ကိုယ့်ကို လူတွေလေးစား တာကို လိုချင်ရင် လူတွေကိုလေးလေး စားစား ဆက်ဆံပါ ။ စိတ်ချမ်းသာတာကို လိုချင်ရင်လည်း လူတွေကို စိတ်ချမ်းသာအောင် တတ်နိုင်တဲ့ နည်းနဲ့ ကူညီပါ ။


စိတ်ချ မ်းသာနေရင် ကိုယ့်ကိုယ် ကို အကောင်းမြင်တယ်။ ကိုယ်ကိုယ် ကို တန်ဖိုးထားတယ် ။ ကိုယ်ကိုယ် ကို ယုံကြည်ပြီး ကိုယ့်အားကိုယ်ကိုး တတ်တဲ့ စိတ်မျိုးပေါ်လာမယ် ** ** ဟုတ်ကဲ့ မှတ်ထားပါ့မယ် အကို**

** ကိုယ့်အားကိုယ်ကိုးတဲ့အတွက် ကိုယ့်စိတ်ချမ်းသာမှုကိုလိုချင်ရင် ကိုယ့်စိတ်ကပဲလုပ် ယူလို့  ရတယ်ဆိုတာသိသွားတယ်။ တကယ်တော့တခြားသူက ကိုယ့်စိတ်ချမ်းသာမှု ရအောင်လုပ်ပေးလို့ မရပါဘူး ** ** ဟုတ်ပါတယ်အကို **

** အဲ့ဒါကြောင့် စိတ်ချမ်းသာအောင်  လုပ်တဲ့ နည်းတွေ ထဲမှာ ကိုယ့်စိတ်ကို သိပြီးတော့ စိတ် ချမ်းသာနေတာကို သတိလေး နဲ့ ပြန် အာရုံပြုနေတဲ့ နည်းဟာ အရိုးသားဆုံး နဲ့ အကောင်းဆုံး နည်းပဲ ** တခြား အပျော်အပါးတွေ လုပ်ပြီး စိတ်ချမ်းသာမှု ရှာတာက ငွေကုန်တယ် ။ အချိန် ကုန်တယ် ။ခဏပဲ ပျော်ရွှင်မှု စိတ်ချမ်းသာမှု ရမယ် ။ တကယ့် စိတ်ချမ်းသာမှု အစစ် မဟုတ်ဘူး **

** ဟုတ်ကဲ့ပါ အကိုပြောခဲ့တာတွေ ဟာ ကျွန်တော့် စိတ်ကျွန်တော့် အတွေးတွေတင် မက ပါဘူး ကျွန်တော့် ဘ၀ ပါပြောင်းလဲသွားစေမဲ့ အတွေးအခေါ် နည်းစနစ်တွေပါ ။ ကျွန်တော် တစ် သက်လုံး လိုက်နာကျင့်ကြံသွားပါ့မယ် အကို။ ကျေးဇူးလည်း တင်ပါတယ် **

** အေး  မင်းစကားကြားရတာ ၀မ်းသာပါတယ်ကွာ ။အမြဲတမ်း စိတ်ချမ်းသာအောင်နေ တတ်တဲ့ သူဖြစ်ပါစေ လို့ အကို ဆုတောင်းပေးလိုက်ပါတယ်ကွာ **

 



စိတ်ချမ်း သာအောင်နေတတ်တဲ့ သူတွေဖြစ်ကြပါစေ

ကိုမောင်မောင်( ရွှေမြို့ တော်)


ရိုးရာလေ

From.. Search Myanmar



No comments:

Post a Comment