Monday, November 10, 2014

ပြည်သူ့မျက်စိ ပြည်သူ့နား ပိတ်မထားပါနဲ့


ပုဂ္ဂလိက သတင်းစာ ဖတ်ရှုနေသူ အား တွေ့ရစဉ် (ဓာတ်ပုံ – ကြည်နိုင်)

ပညာခေတ်ဖြင့် ကင်ပွန်း အမျိုးမျိုး တပ်ကြပါတယ်။ ဒီလိုနည်းပညာ အရ သတင်းတွေ ကမ္ဘာ့လေထုထဲ မှာ ပျံ့နှံ့နေပေ မယ့် အချို့ မီဒီယာ များဟာ အချိန်ကိုက် သတင်းများ ကို အမှန်ကန်ဆုံး နဲ့ အမြန်ဆုံး ထုတ်ပြန်ကြေညာပေးနေရ မှာ ဖြစ် ပါတယ်။ 

သတင်း မှန်မှု သတင်း တိကျမှုနဲ့ သတင်းလက်ဦးမှု တို့က သတင်းသမား တို့ရဲ့ အရေးပါမှု များ ဖြစ်ပါတယ်။ ဒါနဲ့ ဆန့် ကျင် ဘက်တွေ က သတင်းမှ န်သတင်းမှား ကို ရောထွေး ကာ ဖြတ်ညှပ်ကပ် သတင်း လိုလို ကောလာဟလ သတင်း များ ထွက်လာပါတယ်။ 

သတင်းလက်ဦးမှု ကို ဆန့်ကျင်ပြီး ရလာတဲ့ သတင်းကို ပြည်သူတွေ မသိနိုင်အောင် သတင်းထိန်းချုပ် မှု သတင်း အမှောင် ချမှုတွေ လုပ်တဲ့ သတင်းမီဒီယာတွေ ပေါ်ပေါက် လာပါတယ်။

 

သတင်းမှ န်ကို အချိန်မီ ထုတ်ပြန်ပေးနိုင်ရင် ကောလာဟလ သတင်း ဆိုတာ ပေါ်ပေါက်လာ စရာ မလိုပါဘူး။ ကော လာ ဟလ သတင်း ပျံ့နှံ့နေရတာ ဟာ သတင်းမှန် ကို ထိမ်ချန်ချင် လို့ ပြည်သူတွေ မှန်မှန် ကန်ကန် မသိစေချင်လို့ ဆို တဲ့ စေတနာ ဆိုးတွေ ရှိနေလို့ ဆိုတာ ထင်ရှားပါတယ်။

ယနေ့ အင်တာနက် ကာလမှာ Facebook, Twitter, You tube တွေ မှ တစ်ဆင့် သတင်းများ ဟာ ဖြစ်စဉ်နဲ့ ထုတ်လွှင့်မှု တစ်ချိန်တည်း တစ်ထပ် တည်း ကြားသိ ဖတ်ရှုနေရတာပါ။ 

ဒီလိုမျိုး သတင်းထုတ်လွှင့်မှု ကို အခွင့်ကောင်းယူ အမြတ်ထုတ် လာတဲ့ ပုဂ္ဂိုလ်တွေ ဟာ သတင်းသမား လိုလို အတင်း အဖျင်း သမား လိုလို သူ့ဘက်သား လိုလို ကိုယ့်ဘက်သားလိုလို ပြည်သူ့ အကျိုးသယ်ပိုးသူ လိုလို၊ သူတို့ အဖွဲ့အစည်း အကျိုး သယ်ပိုးသူလိုလို ပုံစံအမျိုးမျိုးနဲ့ တယ်လီဖုန်း မျက်နှာပြင်ပေါ်မှာ နေရာယူနေကြပါတယ်။

 သတင်းနဲ့ အတင်း ကို မခွဲမခြားနိုင် တဲ့ နိုင်ငံရေး အသိ မကြွယ်သေး တဲ့ ကျပ် ၁၅၀၀ တန် ဖုန်းကိုင်တတ် ခါက သာမန်ပြည်သူတွေ မှာ ယုံရနိုးနိုး မယုံရနိုးနို နဲ့ တက်လာ သမျှ သတင်းတွေ ကို ဖတ်နေရတာပါ။

အမှောင်ချခံသတင်းများ
ဒီအချိန် မှာ ခိုင်ခိုင်မာမာ ရပ်တည်နေ တဲ့ အစိုးရ သတင်းဌာနတွေ သတင်း အမှန်တွေ လျင်လျင်မြန်မြန် တက်မလာတဲ့ အပြင် သတင်း ထိမ်ချန် ထားပစ် လိုက်ပါသေးတယ်။ ပြည်သူတွေ အုန်းအုန်း ကျွတ်ကျွက် PR  စနစ် ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အစိုးရ သတင်းစာမှာ မတွေ့ရပါဘူး။ 

အချို့ ဂျာနယ်တွေ မှာ မဖော်ပြကြ ပါဘူး။ ထို့ အတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ပြည်သူတွေ တစ်ခဲနက် ဆန္ဒပြနေတာ ကိုလည်း ထိုထိုသော သတင်းစာတွေ မှာ တစိုး တစိမျှ မဖော်ပြပြန် ပါဘူး။

 ဖြူနှင်းထွေးလို တက္ကသိုလ်ကျောင်းသူ တစ်ယောက်ကို တရားစွဲဆို ရုံးထုတ် စစ်ဆေးနေတဲ့ သတင်း ယင်းကျောင်း သူပြန်လည် လွတ်မြောက် လို့ အုတ်အော်သောင်းတင်း ၀မ်းသာနေတဲ့ သတင်း၊ ပါကစ္စတန်နိုင်ငံ သူ မာလာလာယူဆွတ်ဖ်ဇိုင် အသက် ၁၇ နှစ်နဲ့ အသက် အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆု ရတဲ့သတင်း၊ 

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်တဲ့ ကျောင်းသားကျောင်းသူများ ရဲ့သတင်း၊ ယူနတီ ဂျာနယ် စီအီးအိုနဲ့ သတင်းထောက်လေးဦး ကို ထောင်ဒဏ် ၁၀ နှစ်ချလိုက်တဲ့ သတင်း၊ Bi မွန်းတည့်နေဂျာနယ် မှ သတင်းထောက် များ ကို ထောင်ဒဏ်နှစ်နှစ် ချမှတ်တဲ့ သတင်း မိကျောင်းကန် ရပ်ကွက်နေ ပြည်သူ များ ဆန္ဒပြမှု ရက် ၂၀၀ ပြည့် ဆန္ဒတဲ့ သတင်း၊ 

 ကိုထင်ကျော် ပြည်သူ့ အကျိုးအတွက် ဆန္ဒပြနေတဲ့ သတင်း၊ ကိုပါကြီး အသတ်ခံရတဲ့ သတင်း စတဲ့ အများပြည်သူ ပါဝင် ပတ်သက်နေ တဲ့ သတင်းတွေ ကို အများပြည်သူ ဘဏ္ဍာငွေ နဲ့ ရပ်တည်နေတဲ့ သတင်းစာ ထဲမှာ ဖော်ပြခြင်း မရှိပါဘူး။

သတင်း ထိမ်ချန်မှု ဟာ မရိုးသား မှုဖြစ် သလို ပြည်သူတွေရဲ့အာရုံ ကို လှည့်ဖြားဖို့ ကြိုးစားနေဟန် ပေါက်ပါတယ်။ သတင်းစာ တစ်စောင်ဟာ ပြည်သူ အကျိုးရှိမယ့် သတင်းမှန်သမျှ မခြွင်းမချန် ဖော်ပြပေးနေရမှာ ပါ။

 ပြည်သူ့ အကျိုး ဆိုတာ ပြည်သူ တစ်ရပ်လုံး ရဲ့ အကျိုးကို ဆိုလိုတာပါ။ တစ်ဦးချင်းစီ လွတ်လပ်စွာ ယုံကြည် သလို နေ ထိုင် ကြ သူများ ဖြစ်ပါတယ်။ ထို့အတူ အုပ်ချုပ်သူ အစိုးရ ကိုယ်တိုင်လည်း ထာဝရ အစိုးရ မဟုတ်ပါဘူး။ 

လွှတ်တော် သက်တမ်း ငါးနှစ်ပြည့်ရင် နောက် အစိုးရ တစ်ရပ် ပေါ်ပေါက်လာ မှာပါ။ ဒါကြောင့် အစိုးရပိုင် သတင်းစာ ဆိုတာ နိုင်ငံတစ်နိုင်ငံလုံး အတွက် ပြည်သူ တစ်ရပ်လုံး အတွက် ကိုယ်စားပြုရ မှာပါ။ အစိုးရ တစ်ရပ်တည်း အတွက် ကိုယ်စားလှယ် မဖြစ်သင့်ပါဘူး။

ဆိုတော့ ဘယ်အစိုးရ တက်တက် သတင်းစာက ပြည်သူ့ သတင်းစာ ဖြစ်နေရပါမယ်။ ပြည်သူ ဆိုတာ ဖော်ပြခဲ့ သလို ပြည် သူ တစ်ရပ်လုံး ကို ကိုယ်စားပြုရမှာ ဖြစ်လေတော့ ပြည်သူတွေ ရဲ့ ခံစားနေရမှု အဖြစ်အပျက်မှန် သမျှ ဟာ ပြည်သူ့ သတင်းအဖြစ် မခြွင်း မချန် ဖော်ပြပေးရမှာပါ။

ပြည်သူ့ နားနဲ့ မျက်စိ ကို ဖွင့်ပေးတဲ့ သိဒ္ဓတ္ထ
မျက်စိ မပွင့်သေးတဲ့ ပြည်သူ ကို ထပ်ပြီး မျက်စိပိတ် မထားပါနဲ့။ နားထောင် တတ်တဲ့ အလေ့အထ နည်းပါးသေး တဲ့ ပြည် သူတွေရဲ့နား ကို ဖွင့်ပေး ရမှာပါ။ နားမထောင်တတ် ရင်တောင် နားထောင် တတ် ကြားနာ တတ်အောင် ကူညီ ရမှာပါ။ ပြည်သူတွေ ကို အစီအစဉ် ကျကျ  စီမံထားပြီး မှ ပြည်သူတွေ ‘အ’ လိုက်တာ လို့ ပြောမယ့် အစား ပြည်သူတွေရဲ့ မျက်စိနဲ့ နားကို ဖွင့်ပေးကြ ဖို့ လိုပါတယ်။
သတင်းထိမ်ချန်မှု ဟာ မရိုးသားမှုဖြစ်သလို ပြည်သူတွေ ရဲ့အာရုံ ကို လှည့်ဖြားဖို့ ကြိုးစားနေ ဟန် ပေါက် ပါတယ်။ သတင်းစာ တစ်စောင်ဟာ ပြည်သူ အကျိုးရှိ မယ့် သတင်းမှန် သမျှ မခြွင်းမချန် ဖော်ပြပေးနေရ မှာ ပါ။ ပြည်သူ့ အကျိုးဆိုတာ ပြည်သူ တစ်ရပ်လုံးရဲ့ အကျိုးကို ဆိုလိုတာပါ။ တစ်ဦးချင်းစီ လွတ်လပ်စွာ ယုံကြည် သလို နေထိုင်ကြသူများ ဖြစ်ပါတယ် . . . . .
ကမ္ဘာလောကကြီး တစ်ခုလုံးကို မျက်စိနားတွေ ဖွင့်ပေးခဲ့သူ က ဗုဒ္ဓ လို့ ခေါ်ဝေါ် သမုတ်ကြ တဲ့ သိဒ္ဓတ္ထ ပဲ ဖြစ်ပါတယ်။ မျက်စိနဲ့နားတွေ ကို ပိတ်ပ င်ထားကြပါတယ်။ ထိုအချိန် မှာ သိဒ္ဓတ္ထ ကို ဖွားမြင်ပါတယ်။ သိဒ္ဓတ္ထ ကို ဖွားမြင်ပြီး တာနဲ့ သုဒ္ဓေါဒန မင်းကြီးဟာ နန်းတွင်း ရှိ ပညာရှိ ပုဏ္ဏားတစ်ပါးတည်း ကသာ လက်ညှိုး တစ်ချောင်းတည်း ထောင်ပြပါတယ်။ 

လက်ညှိုးနှစ်ချောင်းထောင် တဲ့ အဓိပ္ပာယ် က စကြ၀တေး နတ်မင်းသော် လည်း ဒါ မှမဟုတ် ဘုရားသော်လည်း တပါးပါးဖြစ်လိ မ့်လို့ ဟောတာဖြစ်ပါတယ်။ လက်ညှိုး တစ်ချောင်းတည်းထောင်တဲ့ ပုဏ္ဏား က ဘုရားဧကန် စစ် စစ်ဖြစ်ရမယ် လို့ တထစ်ချဟောလိုက် ပါတယ်။ 

သုဒ္ဓေါဒနမင်းကြီး ဟာ လက်ညှိုး တစ်ချောင်းတည်းထောင်တဲ့ ပုဏ္ဏား ကို နန်းတွင်း မှ နှင်ထုတ်လိုက် ပါတယ်။ ထို ပညာရှိ ကတော့ ပဉ္စ၀ဂ္ဂီငါးဦး ထဲမှ အသက် အငယ်ဆုံး ကောဏ္ဍညဖြစ်ပါတယ်။ ဓမ္မစကြာ တရား ဦးဆုံး ရဟန်း တပါး ဖြစ်လာပါတယ်။

သုဒ္ဓေါဒနမင်းကြီး က ကောဏ္ဍညပုဏ္ဏား ကို နှင်ထုတ်ရုံ မကပါဘူး။ နိုင်ငံအတွင်း ရှိ တိုင်းသူပြည်သားများ ကိုပါ ထပ်ဆင့် အမိန့်တွေ ထုတ်ပြန် ပါတယ်။ နန်းတော်ထဲ မှာ အိုသူ၊ နာသူ၊ သေသူ မရှိရ။ ရှိခဲ့သော် နန်းတွင်းမှ ထွက်ပြီး မြို့ပြင် မှာ ထွက်နေရ ပါတယ်။ 

ဒီလိုနဲ့ နန်းတွင်း မှာ အိုခြင်း၊ နာခြင်း၊ သေခြင်း အကြောင်းကို လုံးဝ မပြောကြရတော့ ပါဘူး။ ဒါပေမဲ့ သဘာဝ က တား မရပါဘူး။ အချိန်နဲ့ အမျှ အိုသူ က အိုလာ ပါတယ်။ နာသူ က နာလာ ပါတယ်။ လူတွေရဲ့ ပါးစပ်ပေါက် ကို အကြောက် တရားနဲ့ ပိတ်လို့ ရခဲ့ပေမယ့် သဘာဝ ကို ပိတ်လို့ မရခဲ့ပါဘူး။

သိဒ္ဓတ္ထ ဟာ အိုနာသေဘေးတွေ ကို နှစ်အတန်ကြာသည် အထိ မသိခဲ့ရှာ ပါဘူး။ ဒါပေမဲ့ သဘာဝ ကို သိနေကြတဲ့ နတ်ကောင်းနတ်မြတ်တွေ က ကူညီ လမ်းပြခဲ့လို့ သိဒ္ဓိတ္ထ ဟာ အိုနာသေဘေး ကို ပါရမီရင့်သန် သူ ဖြစ်တဲ့ အလျောက် ချက်ချင်း တရားသဘော ကို သိမြင် လာပါတယ်။ 

သုဒ္ဓေါဒန မင်းကြီးရဲ့လူတွေ ပါးစပ်ပေါက်တွေ ကို ပိတ်လို့ မရခဲ့ပါဘူး။ သိဒ္ဓတ္ထ ရဲ့ မျက်စိ နဲ့ နား ကို ပိတ်လို့ မရခဲ့ပါဘူး။ သိဒ္ဓတ္ထ ရဲ့ နားနဲ့ မျက်စိတွေ ပွင့်လာခဲ့ လို့ မြတ်စွာဘုရား ပွင့်လာခဲ့တာပါ။ 

 မြတ်စွာဘုရား ပွင့်တော်မူလာတာနဲ့ အမျှ မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ် အစီအမံကြီး သာ အောင်မြင်သွားခဲ့ ရင် လူသားတွေ ရဲ့ဘ၀ဟာ တွေးဝံ့စရာ မရှိတဲ့ သံသရာ ၀ဲသြဃထဲ မှာ နစ်ချေ၊ မျောချေဖြစ်နေကြမှာ ရင်လေးစရာကြီးပါ။ နိဗ္ဗာန် ဆိုတာ ဝေလာဝေး ဖြစ်နေမှာပါ။

ဆိုတော့ မြန်မာပြည်သူတွေကို လည်း မျက်စိပိတ် နားပိတ် အစီအမံတွေ နဲ့ ကပ္ပိလ၀တ်ပြည်သူတွေ ကို သုဒ္ဓေါဒန မင်းကြီး လုပ်သလို မလုပ်မိ ဖို့ အကြံပြုပါရစေ။ မီဒီယာတွေ အပြိုင်အဆိုင်ဖြစ်နေတဲ့ ခေတ်ကြီးထဲ မှာ မီဒီယာကို အားပေးရ။ ချီးမြှောက်ရမယ့် အချိန်ပါ။ 

မီဒီယာ ဆိုတာ ပြည်သူ့နားတွေ မျက်စိတွေ ဖြစ်လာ ပါပြီ။ မီဒီယာ ကို ပိတ်ဆို့ တာ မီဒီယာ ကို လမ်းလွှဲတာ သတင်း ထိမ်ချန် တာ သတင်းမှား ထုတ်ပြန်တာတွေ ဟာ ပြည်သူ့နားမျက်စိတွေ ကို ပိတ်ပင်တာဖြစ်သလို ပြည်သူတွေကို နားပင်း မျက်စိကန်း သူများဘ၀သို့ တွန်းပို့နေတာနဲ့ တူနေပါတယ်။ 

 ပြည်သူတွေ နားပင်း မျက်စိကန်း ရင် တိုင်းပြည်လည်း နားပင်း မျက်စိကန်း သူများဘ၀သို့ တွန်းပို့နေတာ နဲ့ တူနေ ပါတယ်။ ပြည်သူတွေ နားပင်း မျက်စိကန်း ရင် တိုင်းပြည် လည်း နားပင်း တိုင်းပြည် မျက်စိကန်း တိုင်းပြည် ဖြစ်သွား မှာပါ။ 

တိုင်းပြည်ဖွံ့ဖြိုး တိုးတက်စေ ဖို့ မျက်စိပွင့် နားစွင့် ပြည်သူများ ကို တိုးပွားအောင် ဆောင်ရွက်ပေးနေ တဲ့ မီဒီယာ များကို အားပေးသင့် သလို မိမိကိုယ်တိုင် လည်း ကျင့်သုံးဖို့ တိုက်တွန်းအပ်ပါတယ်။

 
on November 9, 2014
 
မောင်တင်ဦး (မြောင်းမြ) 
 
Go to Source
From...Myanmar Latest News

 

No comments:

Post a Comment