Saturday, November 1, 2014

ငါးဒေါ်လာ သာ ကုန်မည့် ဆံပင်ညှပ်မှုပြုလုပ်ရာ မှ ဆိုင်ဝန်ထမ်း များကြောင့် ဒေါ်လာ ၅ဝဝဝ ကုန်ကျ ခဲ့ရသည့် စင်ကာပူ အမျိုးသမီးကြီး ၏ဖြစ်ရပ်


စင်ကာပူနိုင်ငံ မှ အသက် ၆၂ နှစ် အရွယ် အမျိုးသမီးကြီး တစ်ဦး သည် နာမည်ကြီး အလှပြင် ဆိုင် တစ် ခုတွင် ငါးဒေါ်လာသာ ကုန်ကျမည့် ဆံပင်ညှပ်ခြင်းပြုလုပ် ခဲ့ရာ ဒေါ်လာ ၅ဝဝဝ ပေးခဲ့ ရခြင်းဖြင့် အဆုံးသတ် ခဲ့ရသည်ဟု သိရသည်။

ဘတ်တီချိုင် သည် စင်ကာပူ အ လယ်ပိုင်း Ang Mo Kio မြို့လယ် ရှိ New Station အလှပြင်ဆိုင် သို့သွား ရောက်ပြီး ဆံပင်ညှပ် ခဲ့သည်။ ဆံပင် ညှပ်ပြီးနောက် ဝန်ထမ်း များက သူမ အား အခမဲ့ ဦးရေ စမ်းသပ်မှုပြုလုပ်ပေး မည် ဟု ကမ်းလှမ်း ခဲ့ရာ သူမက လက် ခံခဲ့သည်။

စမ်းသပ် မှုပြုလုပ်ပြီးနောက် ဝန်ထမ်း များက သူမကို ဓာတ်ပုံ များ ပြသကာ ''မစ္စချိုင် ၏ ဦးရေပြား သည် အလွန် အဆီပြန် ကာ ဆံသားများ သည် လည်း မယုံကြည်နိုင်လောက်အောင် ခြောက်သွေ့နေ သည် ဟု ပြောသည်။ 
 
ထို ပုံစံမျိုးဖြင့် ချိုင်သည် မကြာမီ အချိန် အတွင်း ဆံပင် များကို ဆုံးရှုံး ရဖွယ် ရှိ သည်ဟုလည်း သတိပေး ခဲ့သည်။ ထို သတိပေးမှုကြောင့် ထိတ်လန့်သွား သောချိုင်အား တစ်ကြိမ်ပြုလုပ်လျှင် ၂၉၈ဒေါ်လာ ကုန်ကျ မည့် ကုသမှု တစ် မျိုး ရှိကြောင်းနှင့် ထိုကုသမှု အကြိမ် နှစ်ဆယ် အတွက် ဒေါ်လာ ၄ဝဝဝ သာ ယူပြီး သူမအားတစ်ကြိမ်လျှင် ဒေါ်လာ ၁ဝဝလျှော့ပေးမည်ဟု လည်း ဝန်ထမ်းက ဆွဲဆောင် ခဲ့သည်။


တစ်လ ဝင်ငွေဒေါ်လာ ၂ဝဝဝ ရှိသော ချိုင်က ဈေးနှုန်းကြောင့် ကုသ မှုတစ်ကြိမ် သာ ပြုလုပ် မည် ဟုပြော ကာ သူမ၏ ခရတ်ဒစ်ကတ် ကိုပေးလိုက် သည်။

သို့သော် ဝန်ထမ်း က ၂၉၈ဒေါ် လာ သာဖြတ်ယူ၇ မည့် အစား အကြိမ် နှစ်ဆယ် အတွက် ဒေါ်လာ ၄ဝဝဝ ကို တစ်ဆက် တည်း ယူကာ ယခု ကဲ့သို့ အကြိမ်နှစ်ဆယ် ကုသရန် လက်ခံခြင်း အတွက် ဝမ်းသာ စကားပြောသည်။

မစ္စချိုင်က မဟုတ်ဟု ငြင်းသော်လည်း ဝန်ထမ်း က ထိုသို့ အကြိမ်နှစ်ဆယ်စာ အတွက် စာချုပ် ချုပ်ပြီး ပြီ ဟု ပြောသည်။

ထို့အပြင် ဆိုင်ဝန်ထမ်း က သူမအား ဒေါ်လာ ၅ဝဝ တန် ဆံပင် အရောင်ဆိုး ခြင်းများ အခမဲ့ပြု လုပ်ပေး မည့် ဆံ သားကုသမှု အတွက် ဒေါ်လာ ၂ဝဝဝ တန် စာချုပ် ချုပ်ဆို လိုက်ပြန်သည်။ သို့သော်ချိုင် က ဒေါ်လာ ၁ဝဝဝ သာ ပေးခဲ့ ကာ ဒေါ်လာ ၅ဝဝ တန် အခမဲ့ ခံစားခွင့် ကို အဆုံး ရှုံး ခံလိုက် ရသည်။

ထို့ကြောင့် ချိုင်၏ သားဖြစ်သူ က စင်ကာပူ စားသုံးသူ အဖွဲ့အစည်း သို့ မိခင် ၏ဒေါ်လာ ၅ဝဝဝ ပြန်ရ လို မှုဖြင့် တိုင်ကြား ခဲ့ပြီး ၄င်း၏ တိုင်ကြား မှုက ကိုးလ အတွင်း New Station ဆံပင် ညှပ်ဆိုင်နှင့် ပတ်သက်၍ (၂၂) ကြိမ်မြောက် တိုင်ကြားမှုဖြစ်သည်။

သို့သော် Ang Mo Kio မြို့ရှိ New Station ဆိုင်မှ မန်နေဂျာ က ၄င်းတို့ ဝန်ထမ်းများသည် ထိုသို့ ဖောက် သည်များ ကို အတင်းအကျပ် စာချုပ် ချုပ်ခိုင်းခြင်း မရှိကြောင်း သာ ငြင်းဆို ခဲ့ပြီး ကျန် အကြောင်း အရာများကို ဖြေကြားခဲ့ခြင်း မရှိဟု သိရသည်။

Ref;The New Paper
From:YMG
www.mmdailystar.com 

No comments:

Post a Comment