Monday, November 3, 2014

ငွေမည်းဖြင့် အိမ်ခြံမြေ ဈေးကစား ပါက ထောင် ၁ဝ နှစ် ဒဏ်ငွေ ကျပ် သန်း ၅ဝဝ ချနိုင်


၂ဝ၁၄ ခုနှစ် ငွေကြေး ခဝါချမှု တိုက် ဖျက်ရေး ဥပဒေ အရ ငွေမည်းဖြင့် အိမ်၊ ခြံ၊ မြေဈေး ကစား ပါက ထောင်ဒဏ် ၁ဝ နှစ် အထိသော်လည်းကောင်း၊ ဒဏ်ငွေ ကျပ်သန်းငါး ရာ အထိ လည်းကောင်း ချ မှတ်နိုင်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က အောက်တိုဘာ ၂၇ ရက်တွင် ပြော သည်။

မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေဈေး ကစားမှုနှင့် ပတ်သက်၍ အရေးယူနိုင် သည့် ဥပဒေပြဋ္ဌာန်း ထားခြင်း မရှိသော် လည်း ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၃ တွင်  ‘မည်သူ မဆို ငွေကြေးခဝါချမှုကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူ ကို ၁ဝ နှစ် ထိ ထောင်ဒဏ်ဖြစ်စေငွေ ဒဏ်ဖြစ်စေချမှတ်ရမည်။


 
 ပြစ်မှု ကျူး လွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့ အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သန်းငါးရာအထိ ငွေဒဏ်ချမှတ်ရမည်။ အကျိုးခံစားခွင့်ရှိ သူ ပိုင်ရှင် အား ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသောကြောင့် တရားမဝင် ငွေကြေး များကို အသုံးပြုပြီး အိမ်၊ ခြံ၊ မြေ ဈေးကစားနေသူများအား ယခုပုဒ်မနှင့် အရေးယူနိုင်ကြောင်း ၄င်း ကဆိုသည်။

ပထမအကြိမ် အမျိုးသားလွှတ် တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်း အဝေး ၂၃ ရက်မြောက်နေ့ အစီအစဉ် တွင် အိမ်၊ ခြံ၊ မြေဈေးကစား ဆောင် ရွက်နေသူများ ကို   ဖော်ထုတ် ၍ ထိ ရောက်သော အရေးယူမှု ရှိ မရှိနှင့် ပတ် သက်၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒ နယ် အမှတ် (၄) မှ အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဒေါက်တာ မြတ် ဥာဏစိုး က မေးမြန်း ရာတွင် ပြည်ထဲရေး ဒုဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သာမန်အားဖြင့် မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရေး လုပ်ကိုင် နေသော နိုင်ငံသား များနှင့် ပတ်သက်၍ အရေးယူခြင်း ဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိသကဲ့သို့ တည်ဆဲဥပဒေများတွင် လည်း နိုင်ငံသားတစ်ဦး၏ အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်မှု အရေအတွက် ကိုကန့်သတ်ထား ခြင်း မရှိရာ အိမ်၊ ခြံ၊ မြေ ရောင်းဝယ် နေသူများ ၏ ရင်းနှီးလုပ်ကိုင် သည့် ငွေ ကြေးမှာ တရားဝင်ငွေ များဖြစ် ပြီး ၄င်း တို့ ရရှိသည့် မြတ်စွန်းငွေများ အပေါ် ဥပ ဒေနှင့်အညီ အခွန်ပေးဆောင် ထား ပါ က အဆိုပါ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်သူတို့ အား အရေးယူဆောင်ရွက် မည် မဟုတ် ကြောင်း ဒုဝန်ကြီး က ထပ်လောင်းဆိုသည်။

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန် ဆောင်မှုအသင်း တာဝန်ရှိသူတစ်ဦးက ငွေမည်းဖြင့် အိမ်၊ ခြံ၊ မြေ ဈေးကစား ခြင်းနှင့်ပတ်သက်၍ ”ငွေဖြူ ငွေမည်းဆို တာကတော့ ဘာ ပဲပြောပြော ဝင်ကစား တယ်ဆိုပေမယ့် သူတို့မှာ တိတိကျကျ ဝင်ငွေရှိလို့သာ အကြောင်းပြချက် ခိုင် ခိုင်လုံလုံ ရှိလို့သာ ဒီသိန်း ၅ဝဝ၊ ၆ဝဝ ကို ဝယ်နေတာပေါ့။

 ဒီအတွ က်တော့ သက်ဆိုင်ရာကလည်း အစ်မတို့ကို ညွှန် ကြားချက်ထုတ်ထားတာ မရှိသေးပါဘူး။ အဓိက ကတော့ ဝယ်တဲ့အချိန်မှာ ငွေ ဖြူရှာနိုင်တယ်ဆိုတာကို ရှင်းပြနိုင်ဖို့က အဓိကပါပဲ” ဟု မှတ်ချက်ပြုသည်။


လက်ရှိတွင်ရန်ကုန်မြို့တော် အပါ အဝင် မန္တလေးနှင့် နေပြည်တော်တို့တွင် အိမ်၊ ခြံ၊ မြေ ဈေးနှုန်း များ အဆမတန် မြင့်မားနေပြီး အထူးသဖြင့် ရန်ကုန်မြို့ ၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းမှာ ကမ္ဘာ့ အဆင့်တွင် အမေရိကန် နိုင်ငံ နယူး ယောက်မြို့၊ ဂျပန်နိုင်ငံတိုကျိုမြို့ ပြီး နောက် တတိယဈေးနှုန်း အမြင့်မားဆုံး အနေအထားတွင် ရှိနေပြီး အချို့နေရာ များတွင် စင်ကာပူထက် ဈေးနှုန်းမြင့် မားသည့် နေရာမျိုးလည်း ရှိကြောင်း ဒေါက်တာ မြတ်ဥာဏစိုးက ထောက်ပြ ပြောဆိုခဲ့သည်။

လက်ရှိတွင် အစိုးရက တန်ဖိုး နည်းအိမ်ရာများ ဖော်ထုတ်ဆောက်လုပ် ပေးနေသော်လည်း အဆိုပါ တန်ဖိုးနည်း အိမ်ရာများ၏ ဈေးနှုန်းမှာ သိန်းရာ ဂဏန်းအထက် ရှိနေသည့်အပြင် လုံ လောက်သည့် အခန်းအရေအတွက် မဖြည့်ဆည်းနိုင်သောကြောင့် အမှန်တကယ် အိမ်ရာ လိုအပ်နေသည့် သာ မန်ပြည်သူများအတွက် အခက် အခဲများ ရှိနေကြောင်း သိရသည်။


စိုင်းလမင်း
Popular Journal

No comments:

Post a Comment