Saturday, November 8, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကို နုတ်ထွက် ရန် မိသားစုဝင်များ က ပြောကြားခဲ့ ဟုဆို


89955 
ပုံညွှန်းစာ – ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲ မတိုင်မီ နေပြည်တော် ၌ သမ္မတ ဦးသိန်းစိန် ၏ ဆွေမျိုးများ ပါဝင်သော ရှင်ပြု အလှူ  ပွဲ တစ်ခု သို့ တက်ရောက်နေသည် ကို တွေ့ရစဉ်  / MH-0011
 
 
ရန်ကုန်၊ နိုဝင်ဘာ ၅  နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကို မီဒီယာ များက ဝေဖန်ရေးသားမှု များကြောင့် သမ္မတ ၏ သမီး များ က ဖခင်ဖြစ်သူ အား အလုပ် မှ နုတ်ထွက်ရန် တိုက်တွန်း ပြောကြားခဲ့သည် ဟု ပြည်ထောင်စု အဆင့် အကြီးအကဲ တစ်ဦးအား သမ္မတ ဦးသိန်းစိန် က ကိုယ်တိုင် ပြောကြား ခဲ့ကြောင်း အဆိုပါ ပြည်ထောင်စု အဆင့် အကြီးအကဲ က မြန်မာ သံတော်ဆင့် သို့ ပြောကြားခဲ့သည်။
 သမ္မတဦးသိန်းစိန် ကို သမ္မတ ၏ သမီး များက နုတ်ထွက် ရန် ပြောကြား ခဲ့ခြင်း ကို သိရှိ ခဲ့ရသော ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် အစိုးရ ၀န်ကြီး တစ်ဦး ဖြစ်ခဲ့ သူ ယခု သမ္မတ ဦးသိန်းစိန် လက် ထက် ပြည်ထောင်စု အဆင့် အကြီး အကဲက သမ္မတ ကြီးနှင့် တွေ့ဆုံ စဉ် က ပြောကြားချက် အချို့နှင့် စပ်လျဉ်း၍ ““ဒီတစ်ခွန်းပဲ။ သူ့သမီးတွေက အဖေရယ် ထွက်လိုက်ပါတော့။ အဖေ့ကို ပြောလိုက်ကြတာ မခံနိုင်တော့ ဘူးတဲ့။ 


ဒီပြောတာတွေကို သာ လိုက်နားထောင်နေ လို့ စိတ်ပျက်နေလို့ ရှိရင် ဘယ်လို လုပ်မလဲ။ ကြားကော်မရှင် အဖွဲ့ ဖွဲ့စည်းပြီးတော့ နားထောင် ခိုင်းတယ်။ ဖတ်ခိုင်း တယ်။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ် မယ်။ နောက်ဆုံး ရလဒ် ကျမှသာ လျှင် ဒီ စနစ်မျိုး မှာ ဘယ်အစိုးရ ပဲ တက်တက် ဒီလိုပဲ လာ မှာပဲ”” ဟု မြန်မာသံတော်ဆင့် သို့ ပြောကြားခဲ့သည်။

ယခင် စစ်အစိုးရ လက်ထက် က ပြောဆိုရေးသားသော မီဒီယာများ ကို ကန့်သတ်မှု များသည် ဒီမိုကရေစီ စနစ်မဟုတ် ၍သာ လုပ်ခဲ့ ရခြင်း ဖြစ်ကြောင်းလည်း ““ပြီးခဲ့တဲ့ အစိုးရတုန်း က သူက ရှင်းရှင်းလေး ပဲ စစ်အစိုးရပဲ။ 

စစ်အစိုးရ ဆိုတော့ စစ်အစိုးရ လိုပဲ သူလုပ်မှာပဲ။ အများပြည်သူ ရွေးကောက် တင်မြှောက်ခြင်း ခံထားရတဲ့ အစိုးရ မဟုတ်တဲ့ အတွက် မလုပ်သင့်တဲ့ ကိစ္စ သူ မလုပ်ဘူး။ လုပ်သင့်တဲ့ ကိစ္စ သူလုပ်မယ်။ စည်းလွတ် ၀ါးလွတ်တော့ မလုပ် နဲ့ပေါ့။ 

 အယ်ဒီတာ ဆိုတာ ရှိတာပဲ။ လူသစ်တွေ ကို အယ်ဒီတာ မှ ပြုပြင်ပေးဖို့၊ သင်တန်းပေး ဖို့ တာဝန် ရှိတယ်။ အယ်ဒီတာ ဆိုတာ ဒီအတွက် ခန့်ထား တာပဲလေ””ဟု အဆိုပါ ပြည်ထောင်စု အဆင့် အကြီးအကဲ က မြန်မာ သံတော်ဆင့် သို့ အကြံပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် တပ်မတော် အစိုးရ လက်ထက် က နံပါတ် (၄) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ် ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဇာတိဖြစ်ကာ ဇနီးဒေါ်ခင်ခင်ဝင်း၊ သမီး (၃)ဦး ရှိကြောင်း သိရသည်။


  on November 7, 2014
မြန်မာ သံတော်ဆင့် သတင်းဌာန- http://www.facebook.com/myanmarherald

From...Myanmar Latest News

 

No comments:

Post a Comment