Saturday, November 1, 2014

နည်းပညာလောက မှ သမိုင်း တွင် ခဲ့သည့် ဟောကိန်း အလွဲများ


နည်းပညာ ကဏ္ဍ သည် ခေတ်အဆက်ဆက် လျင်မြန်စွာ တိုးတက် လာခဲ့သည်။ ထိုအတော အတွင်း နည်းပညာ နယ်ပယ်မှ နာမည်ကျော် ပုဂ္ဂိုလ်အချို့တို့သည် အနာဂတ်တွင် ဖြစ် တည် လာမည့် အခြေအနေ အချို့ကို ခန့်မှန်းဟောကိန်း ထုတ်ခဲ့ပြီး လွဲချော်မှုများလည်း ရှိခဲ့သည်။ 

ယင်းတို့ အနက် အလွဲ တကာ့ အလွဲဆုံး ဖြစ်ခဲ့သည့် ကမ္ဘာကျော် နည်းပညာ ဟောကိန်း အချို့ကို စုစည်းဖော်ပြ အပ်ပါသည်။


 



ကျွန်တော် ထင်တာတော့ ကမ္ဘာ့ဈေးကွက်ကြီး တစ်ခုလုံးက ကွန်ပျူတာ (၅)လုံးစာ အတွက်လောက်ပဲ ဖြစ်လာလိမ့်မယ်။
- IBM ဥက္ကဋ္ဌ သောမတ်စ်ဝပ်ဆန်၏ (၁၉၄၃)ခုနှစ်က မှတ်ချက်စကား


တစ်ကိုယ်ရည် သုံး ကွန်ပျူတာ များ တွင်တွင် ကျယ်ကျယ် ထွက်ပေါ်လာမည် ကို ကြိုတင်တွေး ဆမိ ဟန် မရှိဘဲ ဝပ်ဆန် ပြောဆို ခဲ့သော စကားဖြစ်သည်။ ၎င်း ၏ဟောကိန်း တက်တက်စင် လွဲခဲ့ခြင်း က ၎င်း၏ ကုမ္ပဏီဖြစ်သော IBM အတွက် ဧရာမ အကျိုးကျေးဇူး ဖြစ်ခဲ့သည်။ 


ပြီးခဲ့သည့် နှစ် အတွင်းက IBM အနေဖြင့် ကွန်ပျူတာ Software နှင့် Hardware များ ရောင်းချ မှုမှ ဒေါ်လာ (၁၀၀) ဘီလီယံမျှ အကျိုးအမြတ် ရရှိခဲ့သည်။
 

ကျွန်တော် မှန်းလိုက်မယ်။ အင်တာနက်ဟာ မကြာခင် အံ့ဩ စရာ ကောင်းလောက်အောင် ကျယ်ပြန့် လာလိမ့်မယ်။ ပြီးတော့ (၁၉၉၆)ခုနှစ်ကျရင် ဆိုးဆိုး ရွားရွား ပြိုလဲ သွားလိမ့်မယ်။
- 3Com ထူထောင်သူ ရောဘတ်မတ်ကယ်လ်ဖီ၏ (၁၉၉၅)ခုနှစ်က မှတ်ချက်စကား


မတ်ကယ်လ်ဖီ က မိမိ ၏ ခန့်မှန်းချက် မှားယွင်း ခဲ့ပါက ကိုယ့် စကားလုံးကိုယ် စားသောက်ပြခြင်းဖြင့် တာဝန်  ယူမည်ဟု ပြောဆိုခဲ့သေးသည်။ အမှန် တကယ်လည်း ကတိ တည်သည့် အနေဖြင့် (၁၉၉၇)ခုနှစ်၊ နည်းပညာ ညီလာခံ တစ်ခုတွင် အစားအသောက် အရည်ဖျော် စက် တစ်လုံး ထဲ၌ ၎င်း၏ ဟောကိန်း စကား ပါရှိသည့် သတင်းစာ ဖြတ်ပိုင်းကို ထည့်သွင်း အရည်ဖျော်ကာ မော့သောက်ပြခဲ့သည်။
 


 

အမေရိကန်တွေကတော့ တယ်လီဖုန်းလိုမှာပေါ့။ ကျွန်တော်တို့တော့ မလိုပါဘူး။ ကျွန်တော်တို့မှာ စာပို့သမား ကောင်လေးတွေ အများကြီး ရှိနေတာပဲ။
- ဗြိတိသျှ စာပို့ဌာန၏ အင်ဂျင်နီယာချုပ် ဆာဝီလျံပရိစ် ပြောဆိုခဲ့ဖူးသော စကား


ယခု အခါ တယ်လီဖုန်း များသည် ဗြိတိန်နိုင်ငံ တွင်သာ မကဘဲ တစ်ကမ္ဘာလုံး အတိုင်း အတာဖြင့် အဓိ က ဆက်သွယ်ရေး ကဏ္ဍတစ်ခု ဖြစ်လာပြီး စာပို့လုပ်ငန်း ၏ တွင်ကျယ်မှုကို ဝါးမြိုလျက် ရှိသည်။
 


အခုအချိန်ကစပြီး (၂)နှစ်အကြာမှာ Spam ပြဿ      နာက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။
- Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်၏ (၂၀၀၄)ခုနှစ်က ဟောကိန်း


လက်ရှိ အချိန်ထိ ကမ္ဘာပေါ် တွင် Spam Mail များ သန်းနှင့် ချီ ပျံ့နှံ့နေဆဲ ဖြစ်သလို Spam များ ဖြန့်ဖြူးပေးပို့ သူ အများ အပြား ရှိနေဆဲ ဖြစ်သည်။
 

လူတိုင်း က Apple အနေ နဲ့ မိုဘိုင်းဖုန်း ထုတ်မလား လို့ ကျွန်တော့်ကို လာလာမေးနေကြတယ်။ ကျွန်တော့် အဖြေ ကတော့ ဘယ်တော့မှ မဖြစ်နိုင်လောက် ဘူး ဆိုတာပဲ။
- New York Times သတင်းစာမှ ဒေးဗစ်ပေါ့ဂ်၏ (၂၀၀၆)ခုနှစ်က အဆို
 


 နောက်ထပ်တစ်နှစ်အကြာ (၂၀၀၇)ခုနှစ်တွင် Apple သည် iPhone ကို စတင်မိတ် ဆက် ရောင်း ချသည်။ ယခုအခါ iPhone သည် ကမ္ဘာပေါ်တွင် လူကြိုက် အများဆုံး စမတ်ဖုန်း အမှတ်တံဆိပ် အဖြစ် ရပ်တည်လျက် ရှိသည်။
 



ပထမဆုံး (၆)လလောက် အပြီးမှာ ရုပ်မြင်သံကြားစက် (TV)တွေက ဈေးကွက်ကို ချုပ်ကိုင်ထားနိုင် မှာ မဟုတ်တော့ဘူး။ အထပ်သားပုံးလေး ရှေ့မှာ ညတိုင်းထိုင်နေရတဲ့ အလုပ်ကို မကြာခင် လူတွေ ငြီးငွေ့လာမှာပဲလေ။
- 20th Century Fox မှ ဒါရဲလ်ဇူနက်ခ် (၁၉၄၆)ခုနှစ်တွင် ပြောကြားခဲ့သည့် စကား


ယနေ့ခေတ် တွင် TV များ သည် ကမ္ဘာပေါ် ရှိ နေအိမ် အများစုတွင် တွေ့ရသည့် ဖျော်ဖြေရေး ပစ္စည်း များ ဖြစ်လာခဲ့သည်။ ဇူနက်ခ် ၏ ဟောကိန်း တစ်ချက်မှာ မူ မှန်ကန်ခဲ့သည်။ လူအများ သည် အထပ်သား သေတ္တာလေးများရှေ့ တွင် ထိုင် မနေကြချေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ် TV များ ၏ ကိုယ်ထည် ကို အထပ်သားဖြင့် တည်ဆောက် မထားတော့ ၍ ဖြစ် သည်။
 



လက်တွေ့အားဖြင့်တော့ အာကာသထဲက ဆက်သွယ်ရေး ဂြိုဟ်တုတွေဟာ အမေရိကန် နိုင်ငံ ထဲမှာ တယ်လီဖုန်း၊ ကြေးနန်း၊ ရုပ်မြင်သံကြား၊ ရေဒီယို ဆက်သွယ်မှုတွေ ပိုတိုးတက် ကောင်း မွန်လာအောင် အသုံးချနိုင်စရာ အခြေအနေ မရှိပါဘူး။- FCC ကော်မရှင်နာ တီကရေဗန် (၁၉၆၁)ခုနှစ်က ပြောဆိုခဲ့သည့် ဟောကိန်း
 

ယနေ့ခေတ် အမေရိကန် ပြည်ထောင်စု တွင် ဂြိုဟ်တု အခြေပြု ဝန်ဆောင်မှုများဖြစ်သည့် Google Maps၊ Sat-Navs အစရှိသည်တို့သည် လွယ်ကူ အဆင်ပြေစွာ၊ ဈေးနှုန်း သက်သာ စွာဖြင့် အသုံးပြုနေနိုင်ပြီ ဖြစ်သည်။
 


Apple ကုမ္ပဏီက သေဆုံးနှင့်ပြီးသားပါ။
- Microsoft ၏ နည်းပညာ အရာရှိချူပ်ဟောင်း နသန်မိုင်ဟာဗိုးလ်၏ မှတ်ချက်စကား


Apple ၏ ရပ်တည် မှု မရေမရာဖြင့် ယိမ်းယိုင်နေသော ကာလတွင် မိုင်ဟာဗိုးလ် ပြောဆို ခဲ့ခြင်း သည် လက်ခံနိုင်သော အခြေအနေ တစ်ရပ် ဟု ဆိုရမည်သာ။ သို့သော်လည်း စတိဗ်ဂျော့ဘ် ၏ ဒုတိယအကြိမ် ခြေချမှုနှင့် အတူ ခေါင်းထောင် လာသော Apple သည် အားကောင်းသည် ထက် ကောင်းလာပြီး ယနေ့ခေတ် တွင် အကြီး ကျယ်ဆုံး နည်းပညာ လုပ်ငန်း စုကြီး တစ်ခု ဖြစ်လာခဲ့သည်။

 


Source: Telegraph
From...7Day Daily
 

No comments:

Post a Comment