Saturday, November 8, 2014

နိုင်ငံတော်သမ္မတ အား ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ မြန်မာ သံတော်ဆင့် ဂျာနယ် ထုတ်ဝေသူ မှ ဂျာနယ်ဖြန့်ချိရေး အထိ ၁၁ ဦး ကို တရားရင်ဆိုင်ရန် အတွက် သမ္မန်စာပို့


မြန်မာ သံတော်ဆင့် ဂျာနယ် ပါဆောင်းပါး သည် နိုင်ငံတော် သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ မြန်မာ သံတော် ဆင့်ဂျာနယ် ၏ ထုတ်ဝေသူ/ အယ်ဒီတာချုပ် မှ ဖြန့်ချိရေး အထိ ၁၁ ယောက် ကို တရားစွဲ ဆိုခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် တရားရုံး က ဆင့် သမ္မန်စာပေးပို့ခဲ့သည် ဟု အဆိုပါဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ တစ်ဦးဖြစ်သူ ဦးအောင် ထွန်းလင်း က  The Daily Eleven  သို့ ပြော ကြားသည်။

ပုဗ္ဗသီရိ တရားရုံး မှ ရုံးတော်သို့ လာ ရောက်ရန် ဆင့်ခေါ်စာ ကို နိုဝင်ဘာ ၅ ရက် က မြန်မာသံတော်ဆင့် ဂျာနယ် သို့ ပေး ပို့ခဲ့ ခြင်းဖြစ်ပြီး သတင်း မီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် စွဲဆို ဆင့်ခေါ်ခဲ့ခြင်းဖြစ် သည်။

နိုဝင်ဘာ ၆ ရက် အထိ မည်သူက တရား လိုပြုလုပ် တိုင်တန်းသည် ကို အတိအကျ မသိ ရှိရသေးကြောင်း သမ္မန်စာ လက်ခံ ရရှိ သူများ ထံမှ သိရသည်။


တရားရုံး သို့ ဆင့်ခေါ်သူများ စာရင်း တွင် မြန်မာ သံတော်ဆင့် ဂျာနယ်ထုတ်ဝေသူ/ အယ်ဒီတာချုပ် ဦးကျော်စွာဝင်း၊ ဒုတိယ အယ်ဒီတာချုပ် သုံးဦးဖြစ်သည့် ဦးအောင် ကျော်မင်း၊ ဦးဆန်းဝင်းထွန်း၊ ဦးအံ့ခေါင် မင်း၊ တာဝန်ခံ အယ်ဒီတာနှစ် ဦးဖြစ် သည့် ဦးအောင်ထွန်းလင်း၊ တာမွေ ဦးအောင်ကို၊ အမှုဆောင် အယ်ဒီတာ ဦးချစ်ကိုကိုသော်၊ အယ်ဒီတာနှစ် ဦး ဖြစ်သည့် ဦးခင်မောင်လင်း၊ ဦးရှိန်းဝေနောင်၊ စာပေတိုက်မန်နေဂျာ(ဖြန့် ချိရေး) ဦးမြင့်ဇော်၊ ဖြန့်ချိရေး ဦးဇေယျာမိုး တို့ ပါဝင်ပြီး စုစုပေါင်း ၁၁ ဦး အထိ  တရား ရုံးသို့ ဆင့်ခေါ်ထားခြင်းဖြစ်သည်ဟု သိရ သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍  မြန်မာသံ တော်ဆင့်ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးအောင် ထွန်းလင်း က“တရားစွဲဖို့ ဆင့်ခေါ် ထားတဲ့ အဆင့်ဖြစ်သွား လို့ ကျွန်တော်တို့ ဘက်က ဘာမှ မှတ်ချက်မပေး လိုတော့ပါဘူး။ အမှု ဖြစ်သွားတဲ့ အနေ အထားမှာ နောက်ထပ် အမှု တွေ ထပ်တက်နိုင်တဲ့ အတွက် ကျွန်တော်တို့ ဘက်က ထင်မြင်ချက်မပေးလိုတော့ ပါဘူး” ဟု ပြောကြားသည်။

နိုဝင်ဘာ ၅ ရက်က နေပြည်တော်ကောင် စီ၊ ပုဗ္ဗသီရိမြို့နယ် တရားရုံး ကပေးပို့သောစာ တွင် တရားစွဲဆိုခံရသူ ၁၁ ဦးစ လုံး နိုဝင် ဘာ ၁၄ ရက် တွင် တရားရုံး သို့ လာရောက် ရမည်ဟု ဆင့်ခေါ်ထားသည်။

“၁၁ ဦး စလုံး နိုဝင်ဘာ ၁၄ ရက်နေ့ ရောက်အောင် သွားရ မှာပေါ့။ ရှေ့နေ ကတော့ ကျွန်တော်တို့ ဂျာနယ်ရဲ့ ဥပဒေ အကြံပေးတွေ ရှိ ပါတယ်။ သူတို့ပဲ ဒီအမှု ကိုလိုက်ပေးကြပါ မယ်”ဟု ၎င်း က ဆက်လက်ပြောကြားသည်။
ပုဗ္ဗသီရိ တရားရုံး မှ ရုံးတော် သို့  လာရောက်ရန် ဆင့်ခေါ်စာ ကို  နိုဝင်ဘာ ၅ ရက် က မြန်မာ သံတော်ဆင့် ဂျာနယ် သို့  ပေးပို့ခဲ့ ခြင်းဖြစ်ပြီး သတင်း မီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် . . .
ဩဂုတ် ၉ ရက် ထုတ်မြန်မာ သံတော်ဆင့် ဂျာနယ် အတွဲ ၃၊ အမှတ် ၂၂ စာမျက်နှာ ၃ဝ ပါ အံ့ခေါင်မင်း ၏ နိုင်ငံရေးတွေ့ ဆုံမေးမြန်း ခြင်း ကဏ္ဍတွင် ကောက်စာနှင့် အတွင်း စာသား တို့၌ နိုင်ငံတော် သမ္မတ အား ဂုဏ်သိက္ခာ ထိ ခိုက်စေပြီး အကြည်ညို ပျက်စေသည့် { နိုင်ငံ တော် သမ္မတသည် အထွတ် အထိပ်၊ အဲဒီ ပုဂ္ဂိုလ် တစ်ယောက်ရဲ့စကားက ကပြောင်း ကပြန်၊ ဗလောင်း ဗလဲ၊ ဟိုပြော ဒီပြော၊ ဘရွတ်ရွှတ်တ၊ ပေါက်ပန်းလေးဆယ်၊ ကလေ ကချေ၊ ကလေ ကဝ၊ ကျွန်တော် စကားလုံး ထပ်ရှာ လို့ရရင် အကုန်ထည့် သုံးမှာ၊ အရည်မရ၊ အဖတ်မရ၊ ပေါက်လွှတ် ပဲစား ပြောသလိုဖြစ်နေတာ} ဟု လည်းကောင်း၊

 ဆောင်းပါး စာသားတွင် လည်း ၊ ဘာကြောင့် မို့လို့ ရူးကြောင် မူးကြောင် အတွေးတွေ ကို ဘယ်သူတွေ ထည့်ပေးလို့ ဘယ် လို မျိုး စနစ်မကျတဲ့၊ ဘာမှ မဟုတ်တဲ့ အပေါ စားပေါ်လစီတွေ ချမှတ်ပြီးတော့ အခုလို လုပ် နေလဲဆိုတာ စဉ်းစား လို့ကို မရဘူး} စသည့် အသုံးအနှုန်းများ ကိုလည်းကောင်း ရေးသား ဖော်ပြခဲ့ သဖြင့် နိုဝင်ဘာ ၄ ရက်ထုတ် အစိုးရ ပိုင် မြန်မာ့ အလင်းနှင့် ကြေးမုံ သတင်းစာ များတွင် နိုင်ငံတော် အကြီးအကဲ၏ ဂုဏ်သိက္ခာ နှင့် အခွင့်အရေးကို ထိခိုက်စေသည့် အတွက် တရားဥပဒေနှင့် အညီ တရားစွဲဆိုတော့မည် ဆိုသော သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီးနောက် ယခု ကဲ့သို့ တရားရုံး ကို ဆင့်ခေါ်သည့် အဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သတင်း မီဒီယာ ဥပဒေ ပုဒ်မ၂၅ (ခ) တွင် မည်သည့် သတင်းမီဒီယာ သမား မဆို ပုဒ်မ၉ ပုဒ်မ ခွဲ(ဃ)၊ ပုဒ်မခွဲ(စ)နှင့် ပုဒ်မခွဲ(ဆ) တို့ပါ တာဝန်နှင့် ကျင့်ဝတ် တစ်ရပ်ရပ်ဖြင့် ပြစ်မှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံ ရလျှင် ထိုသူ ကို ငွေဒဏ် အနည်းဆုံးကျပ်သုံး သိန်း မှ အများဆုံး ကျပ်တစ်ဆယ်သိန်း အထိ ချမှတ်ရမည် ဟု ပြဌာန်းထားသည်။


သတင်း မီဒီယာဥပဒေ ပုဒ်မ (၉)ပုဒ်မ ခွဲ (ဃ) တွင် သတင်း ဓာတ်ပုံနှင့် အရုပ် အသံ များ ဖော်ပြ ရာတွင် နည်းပညာ တစ်ရပ် ရပ် အသုံး ပြု ၍ မလျော် ကန်သော ပြုပြင်ပြောင်းလဲခြင်း မှ ရှောင်ကြဉ်ခြင်း၊ ပုဒ်မခွဲ (စ) တွင်တစ် ပါးသူ ပိုင် ဆိုင်သည့် Óဏဆိုင်ရာ ပစ္စည်းများ ကို ခွင့်ပြုချက်မရဘဲ ကူးယူဖော်ပြခြင်း မှ ရှောင်ကြဉ်ခြင်း၊ 

ပုဒ်မခွဲ (ဆ) တွင် အများပြည် သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်း ရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ် တစ်ဦး၊ အ ဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာ ကို တမင် ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့် အရေးကို ထိခိုက်စေသော အရေးအသား မျိုး ဖော်ပြခြင်း မှရှောင်ကြဉ်ခြင်း ဟု ပြ|ာန်းထား သည်ကို တွေ့ရသည်။

ထို့ပြင် ယခု ကဲ့သို့မြန်မာ သံတော်ဆင့် ဂျာနယ် အား သတင်း မီဒီယာဥပဒေဖြင့် တရား စွဲဆိုခြင်းသည်  သတင်းမီဒီယာ ဥပဒေ ထွက်ပေါ်ပြီးနောက် ပထမဆုံး အကြိမ်ဖြစ် ကြောင်း သိရသည်။


   on November 7, 2014
သက်မင်း
NewsEleven

No comments:

Post a Comment