Monday, November 10, 2014

စီးပွားရေး ပိတ်ဆို့မှု လျှော့ချခြင်း ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ





အမေရိကန် အစိုးရ က မြန်မာနိုင်ငံ ကို စီးပွားရေး ပိတ်ဆို့မှု လျော့ချလိုက်ခြင်း ဟာ ပြည်သူ လူထုပေါ်မှာ အကျိုး သက်ရောက်မှု မရှိဘဲ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ သာ အကျိုး ရှိစေနိုင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ က ဒီကနေ့ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။

ရန်ကုန် ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပတဲ့ “အမေရိကန် ရဲ့ စီးပွားရေးပိတ်ဆို့ မှု လျော့ ချခြင်းကြောင့် မြန်မာ လူထု အပေါ်သက်ရောက်မှု များ” ဆိုတဲ့  ဒီ ဆွေးနွေးပွဲ နဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့ ကော်မတီဝင် ဦးထွန်းကြည် က အခုလို ရှင်းပြပါတယ်။

“အမေရိကန် သည် သူ့ရဲ့ပေါ်လစီ အရ စစ်အစိုးရ သစ်ဖြစ်ရင် လည်း အရပ်သား အစိုးရနဲ့တော့ သူက ထိတွေ့ ဆက်ဆံမယ့် အပိုင်းတွေ လည်း ထိတွေ့ဆက်ဆံနေသလို ဒီဘက် မှာလည်း ဖြေလျော့ လာတယ်ပေါ့၊ 


အဲ့ဒီ အပေါ်မှာ ဒုတိယ အကြိမ်မှာ ကျနော်တို့ လို့ ပြည်သူလူထု ရဲ့လူမှုစီးပွား ဘဝတွေဟာ ဘယ်လို အပြောင်း အလဲ ရှိမလဲ၊ အဲ့ဒါတွေဟာ လည်းသူ့ ကို ကျနော် တို့ ဟာ ကြားချင်မယ်၊ မြင်ချင်မယ်၊ ကျနော်တို့ လက်ရှိ လုပ်ထားတဲ့ ရလာဒ်ကောင်းတွေ အပေါ်မှာလည်း သူ့ကို ကျနော်တို့ မက်ဆေ့ တစ်ခုကောင်း အနေ နဲ့လည်း ကျနော် တို့ ပေးတာထက် စာရင် မြန်မာပြည်သူလူ ထုပေးတယ် ဆိုတဲ့ မက်ဆေ့ ကလေး ကျနော် တို့ ကဖြစ်စေချင် တဲ့ ရည်ရွယ်ချက် နဲ့ ဒီပွဲလေး ကို ကျနော်တို့ က ကျင်းပရခြင်းဖြစ်ပါတယ်”

ဒီဆွေးနွေးပွဲ မှာ ဒေါက်တာမြင့်ဆန်း၊ ဦးသန်းစိုးနိုင် နဲ့ ဦးမော်လင်း တို့က အမေရိကန် ပိတ်ဆို့ မှုလျော့ချခြင်းကြောင့် ရရှိမဲ့ အကျိုးအမြတ်တွေ ၊ထိခိုက် နစ်နာမှုတွေ ကို ရှင်းလင်းဆွေးနွေးကြတယ် လို့ သိရပါတယ်။ 

ဒီဆွေးနွေးပွဲ ကို နိုင်ငံရေး အဖွဲ့အစည်းတွေ နဲ့ ပါတီ အဖွဲ့အစည်းတွေ က အပါအဝင် လူပုဂ္ဂိုလ် ၃၀၀ ခန့် တက်ရောက် ခဲ့ပါတယ်။

ဒီ အတောအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် အားလုံး နီးပါး က လာမယ့် လွှတ်တော် အစည်းအဝေး မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ကော်မတီ ရဲ့ အစီရင်ခံစာ အပေါ် အကြိတ် အနယ်ဆွေးနွေး ဖို့ ပြင်ဆင်နေကြတယ် လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် ကို ဒေါ်ခင်ခင်အိ က ဆက်သွယ်မေးမြန်းထား တာ နားဆင်နိုင်ပါတယ်။


Go to Source

  on November 9, 2014
 From...Myanmar Latest News

 

No comments:

Post a Comment