Sunday, November 16, 2014
Samsung ဖုန်းများ အစစ် ဟု မလေးရှား မှာ ညာရောင်းနေကြ။
 မျက်မြင်အရ  အားလုံးကို တစ်ထေ ရာတည်း တူအောင် လုပ်ထားတာပါ။ ကျနော် ဝယ်လိုက်တဲ့ ဖုန်း ကတော့ စမ်းသပ် မှု တွေ စစ်ဆေးမှု တွေ ကို မခံနိုင် ရှာလို့  သုံးစား မရလောက် နီးပါးဖြစ်သွား ပါပြီ ။  ပညာ ကို ငွေ နဲ့ လဲရတာ ပါဘဲ။ ဒီနေ့ ခေတ် အင်တာနက်ကြီး ဟာ ကျနော့ တွက်တော့ IT ကို မဟာဝိဇ္ဇာဘွဲ ယူ ဘို့ အပြည်ပြည်ဆိုင်ရာ တက္ကသို လ် ကျောင်းတော်ကြီး ပါ။
 ကျောင်းသွား ရတဲ့ ဒုက္ခ ကင်း ပါတယ် မနက် မိုးလင်း လာရင် ကွန်ပျူ တာ ဖွင့်ကျောင်းတက် ရုံ ပါဘဲ။ ကျောင်းလခ လဲငြိမ်း ပါတယ် သို့ ပေမဲ့ Wifi Free မရတဲ့ အိမ်တွေမှာ နေမိ ရင်တော့ တစ်လ ကို အင်တာနက် လိုင်းဘို့း  မလေးငွေ RM 200 လောက် ရှိပါတယ် ။ အိမ်လခ က RM 300 ဝန်းကျင်လောက် ရှိပါတယ်။ တစ်လကို မလေးငွေ ၅၀၀ လောက်တော့ လိုပါတယ် ဒါဟာ ကျောင်းစရိတ် ဆိုပါတော့။ 
ကံကောင်းတယ် ဘဲ ပြောရမလား မသိဘူး ခုကျနော်ပြောင်းနေ တဲ့ အိမ်မှာ Wifi Free ရနေပြီး ငွေ မတပ်နိုင်လို့  အခန်း ကို Share ပြီးနေလိုက် တာ အခန်းခ RM110 နဲ့ တစ်လ နေလို့ ရပါတယ်။ ထား ပါတော့ Samsung အကြောင်း ဆက်ပြော မယ် Samsung ကို ကျနော်ဝယ်တော့ စစ်နည်းတွေ နဲ့ စစ်ဝယ် ခဲ့တာပါ ။ ဒီ စစ်နည်းတွေ အသုံး မဝင်တာကို ကျနော့ လက်ထဲရောက်ပြီး မှ သိရတော့ တာပါဘဲ။ စစ်နည်းလေးတွေ ကို အောက်မှာ ပြောပြပါမယ်။
         Samsung တွေကို စစ်တဲ့ အခါမှာ *#0*# ကို သုံးပြီး စစ်နည်းကို အရင်ပြောပြ ပါမယ်။ ဖုန်း ထဲမှာ အဲဒီ *#0*# ကိုရိုက်ပြီး ဝင်လိုက်ရင် အောက်မှာမြင်ရတဲ့ ပုံမျိုးပေါ်လာပါမယ်။
 ဒီပုံ ထဲမှာ Sensor ဆိုတာ ပါတယ် အောက်က ပုံမှာ ခရမ်း ရောင် နဲ့ ဘောင်ခတ်ပြထားပေးပါတယ်။
ခရမ်း ရောင် နဲ့ ဘောင်ခတ်ပြ ထားတဲ့နေရာ ကို နှိပ်ပြီး ဝင်လိုက်ပါ။ အောက်ပါကဲ့ သို့  ပုံကိုတွေ့ ရပါမယ်။
 ဒီပုံလေးပေါ်ကို လက်ဝါးအုပ်လိုက်ပါ ထိစရာမလိုပါဘူး အရိပ်ဖြတ်သွားရင်ရပါပြီ Screen ဟာအစိမ်းရောင်ပြောင်းသွားပါလိပ်မယ် စက္ကန့် ပိုင်းသာကြာပြီး ပြန်ဖြူ သွားပါမယ် အောက်ပါပုံကိုကြည့်ပါ။
ခဏလေး သာ စိမ်းပြီး အရောင်ပြန်ပြောင်း သွားပြီးအောက်က လို ပြန်ဖြူ  သွားမှာပါ။ ပုံတွေ က ကျနော် စမ်းစဉ် တုန်းက ပုံတွေ မဟုက်ပါဘူး သူငယ်ချင်း တစ်ယောက်ဖုန်း ကို ဖွင့်ခိုင်းပြီး ရိုက်ယူ လာရတာပါ မီးချောင်းဖွင့် ထားတော့ ပုံတွေ မကြည်လ င်ပါဘူး အောက်က ပုံကိုကြည့်ပါ အနီရောင် နဲ့ ဘောင်ခတ်ပြထားတဲ့နေရာ မှာ Image ဆိုတဲ့ စလုံး ရှိပါတယ်။
အပေါ်ပုံကိုကြည့်ပါ   အနီရောင်နဲ့ ဘောင်ခတ် ထားတဲ့နေရာ ကို နှိပ်လိုက်ပါ Samsung ရဲ့ မူရင်း Image ပုံပေါ်လာ ပါမယ် အောက်ပါ ပုံဘဲဖြစ်ပါတယ်။ ဒါဟာ *#0*# ကိုသုံးပြီး စစ်တဲ့နည်းပါ။
မမြင် ဘူးတော့ မူး မြစ်ထင် ဆိုတဲ့ စကားပုံ ကလဲ ရှိတာ ကို ဒီလို စစ်ဆေးလို့ မှန်နေရင် ဟုပ်လှပြီ ဆိုပြီး သူငယ်ချင်းတွေ ရဲ့ Samsung ဖုန်းတွေ ကို အဲဒီနည်း နဲ့ လိုက်စစ်ကြည့် တာ အားလုံး အစစ်တွေကြီးဖြစ်နေတော့ တာဘဲ။ အစစ် ဆိုတာ ကို ကိုယ်တိုင် ကိုင်ဖူး ကိုယ်တိုင် သုံးဘူးမှ သာ အစစ်မှန်း သိရတော့ မလိုကိုဖြစ်နေတော့တာပေါ့။
အတု နဲ့ အစစ် မှာ ကွာခြားချက်တွေ ရှိပေမဲ့ မမြင်ဘူး မသုံးဘူး ရင် သိနိုင် ဖို့ ခက်တဲ့ခေတ်ကြီးပါ MediaTek ကုပ္ပဏီ ဟာ ဒီနေ့ ကမ္ဘာ့ ဖုန်းအားလုံး ကို စိတ်ချိန်မှီ အတု ထုပ်လုပ်နေတဲ့ ကုပ္ပဏီ အကြီးစားကြီး ပါဘဲ  ။ သို့ သော်လည်း ဒီ ကုပ္ပဏီ ကိုကျေးဇူး တင်စရာကောင်းတာ ကတော့ ငွေကြေး မပြည့်စုံသူ ဆင်းရဲသား ဒုကြီး ကို နှစ်လုံး ပီတိဖြစ်စေလောက်အောင် ကို လက်ရာ မှီမှီတွေ ထုပ်လုပ်နေတော့တာ ပါဘဲ။ အပေါ်မှာ ရှင်း ပြထားတဲ့ နှစ်လုံး ထဲက ကျနော် ဝယ်လိုက်  တဲ့ အရောင်ဟာ အနက်ရောင်ပါ။
နောက်ထပ် ထပ်စစ်တော့လဲ အစစ် လို့ ဘဲ ထင်ရလောက်အောင် တိကျနေတာ ကိုတွေ့ ပါတယ်။ ဒီနည်း ကတော့ *#06# ကို သုံးပြီးစစ် တာပါ။ အဲဒီ အခါမှာတော့ မှန်ပါတယ် ဆိုတဲ့ Code နံပါတ်တွေမြင် ရတော့တာပါဘဲ၊ ဘယ်လောက်တော်တဲ့ လူလိမ်တွေ လဲဗျာ ကျနော် ဝယ်လိုက်တဲ့  ဖုန်းမှာ မြန်မာစာ သွင်း စရာကို မလိုပါဘူး ပါပြီးသားပါ သို့ သော် သုံးရနည်းနည်း ခက်ပါတယ်။ ပေးထားတဲ့  Ram တွေ Internal Memory က 32 GB လို့ ပေးထားတာ ဝင် စစ်ကြည့်တော့ လဲ မျက်မြင် အရဟုပ်နေတာပါဘဲ။ 
ဒါပေမဲ့ Internal Memory က 1GB သာ ပါတာ ကို နောက်ထပ် စစ်ဆေးမှုတွေ လုပ်တဲ့ အခါ ကွန်ပျူ တာနဲ့ ဆက် ကြည့်တော့ မှ သိရတော့ တာပါဘဲ။ ဒီတော့ ဖုန်းရဲ့ Internal Memory ကို သိအောင်လုပ်ဖို့ က အရေးကြီး ပါတယ် ဆိုင်ကြီးတွေ မှာ လိမ်မရောင်း ပါဘူး။ အဖြစ်များ တာက သူငယ်ချင်းတွေ ဝယ်လာပြီး ပြန်ရောင်း တာကို ဝယ်မိတဲ့ လူတွေ ဆီမှာ အဖြစ်များတာပါ။ 
ကျနော် ဝယ်ထားတဲ့ Samsung Clone လေးဟာ ခုတော့ Brick ဖြစ်နေပါပြီ သူနဲ့ ကိုက်ညီ မဲ့ Firmware ROM ကို မရမခြင်း ပြန်လည် နိုးထလာ မှာ မဟုပ်တော့ပါ ဘူး။ အောက်က ပုံတွေကို သာ ကြည့်ကြပါတော့။ စားစရာ အလုပ် ကမရှိ ဝယ်ထား တဲ့ ဖုန်းတွေ ကွန်ပျူ တာတွေ က လဲ စားလို့ မရ အင်းး ပီတိ စား ရင် အားဖြစ် သတဲ့ ရှေ့ လူကြီး များ ပြောသွား တာ ဒီနေလဲ ပီတိလေး ဘဲ စားရင်း ပညာ ထပ်ရှာလိုက်ပါ ဦးမည်။
From.....မြန်မာတို့ အတွက် ဗဟုသုတ
14/11/2014 
No comments:
Post a Comment