Saturday, November 1, 2014

ဂရန်၊ မှတ်ပုံတင်၊ လိပ်စာ အတုဖြင့် မြေကွက်လွတ် တခုကို ကျပ်သိန်း သုံးထောင်ဖြင့် ရောင်းချ သူများ ထွက်ပြေး တိမ်းရှောင်နေ

 

အလုံမြို့နယ် အောင်ဇေယျလမ်း ရှိ မြေကွက်လွတ် တခုကို ဂရန်အတု၊ မှတ်ပုံတင်အတု၊ လိပ်စာ အတုပြုလုပ် ကာ ကျပ် သိန်းသုံးထောင်ဖြင့် ရောင်းချ သူများ ထွက်ပြေး တိမ်းရှောင်နေကြောင်း
 ၎င်းမြေ အား ၀ယ်ယူခဲ့သူ က အောက်တိုဘာ၂၉ ရက်တွင် News Watch ဂျာနယ်သို့ ပြော ကြား ခဲ့သည်။
မြေကွက် ကို ၀ယ်ယူ ခဲ့သူက “အရောင်းအ၀ယ် လုပ်မယ့် ပွဲစားတွေ က ဒဂုံ၊ ဘောက်ထော်၊ ရန်ကင်း၊ အလုံ ဘယ် နေရာတွေ လိုချင်လဲ ဆိုပြီး ဂရန်လေး ခု လာပြတာ၊ ကျွန်တော်က အလုံ က မြေ ကို လိုက်ကြည့်တယ်၊ မြေကွက် က ဘာ အဆောက်အဦး မှ မရှိဘူး။

 ဒီတော့ စည်ပင်သာယာ ကို သူတို့ ဂရန်နဲ့ သွားကြည့်တာ ဒေါ်သန်းသန်းဝင်း ပိုင် အမည်နဲ့ တကယ် ရှိတယ် ဆိုပြီး စရံ သိန်းငါးဆယ်ချေပြီး အရောင်း အ၀ယ်ဖြစ်ခဲ့ တယ်” ဟု ပြောကြား ခဲ့သည်။ ၂၀၁၄ ဇွန်လ ၃ ရက်နေ့ တွင် စရံငွေ ကျပ်သိန်း ၅၀ ပေးချေ အပြီး ၆ ရက်နေ့တွင် ပထမ အရစ် ကျပ်သိန်း ၉၅၀ ကို CB ဘဏ် မှ ထပ်မံပေးချေ ခဲ့သည်ဟု ဆိုသည်။


 “ပထမ အရစ် သိန်းတထောင်ပေး အပြီး ကျွန်တော်က မြေကွက် ကို ခြံဝင်း သွားခတ်ချိန် မှာ မြေကွက် ပိုင်ရှင် အစစ် နဲ့ တွေ့တာပဲ။ သူ ကလည်း ဂရန်ပြတယ်။ ကျွန်တော့်မှာ လည်း ဂရန် ရှိတယ် ဆိုတော့ စည်ပင်မှာ သွားပြီး ဖြေရှင်းပါတယ်။ အဲဒီတော့ မှ ကျွန်တော့် ဂရန်အတု ဆိုတော့ သိရတာပါ”ဟု ပြောကြားသည်။

ယင်းကဲ့ သို့ ဂရန် အတု၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း ပိုင်ရှင် ၏ နာမည် အတုများ ပြု လုပ်ရောင်း ချ မှုအား သိရှိချိန်မှ စ၍ ရောင်းချခဲ့သူ များအား ရဲစခန်း သို့ တိုင်တန်း ခဲ့သည်ဟု ဆိုသည်။

ယင်း လိမ်လည် ရောင်းချ သူများ ထဲမှ ဒေါ်ချိုချိုမြင့်(ခ) ဆွီတီနှင့် ဒေါ်လဲ့လဲ့ဝင်း က ခေါင်းဆောင်ဖြစ် ပြီး ဒေါ်လဲ့လဲ့ဝင်း သည် မင်္ဂလာဒုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးမှ ဒုဦးစီးမှူးဖြစ်သည်ဟု ဆိုသည်။ ယင်းနှစ်ဦး အပြင် ဒေါ်ယမင်းသောင်း ၊ ဒေါ်စန်းသိင်္ဂီ (ခ)မေသူ ၊ ဒေါ်သန်းသန်းဝင်း (ခ) မတူး၊ မဝေဇင်အောင် (ခ) ဘုတ်ဆုံ တို့လည်း အတူတကွ ပါဝင်သည် ဟု ၎င်းကဆိုသည်။

ယင်း ထဲမှ ဒေါ်သန်းသန်းဝင်း သည် ပိုင်ရှင် ဂရန် အတု ဖြစ်သောကြောင့် အပြင်တွင် တကယ် မရှိနိုင် ဘဲ ဒေါ်ချိုချိုမြင့်(ခ)ဆွီတီနှင့် ဒေါ်စန်းသိင်္ဂီ သည် အဓိက တရားခံဖြစ်နိုင်ကြောင်း ၎င်း တို့ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကာ မယမင်းသောင်း၊ မလဲ့လဲ့ဝင်း၊ မဝေဇင် အောင် တို့အား လသာ ရဲစခန်းမှ ခေါ်ယူ စစ်ဆေးကာ အာမခံပေးထားသည်ဟု ဆိုသည်။

၎င်း တို့အား လသာ ရဲစခန်းက ပုဒ်မ ၄၂၀/၄၆၈ ၄၇၁/၁၁၄ ဖြင့် အမှုဖွင့် အရေးယူ ထားသည် ဟု သိရသည်။ ယင်းနှင့် ပတ်သက်၍ “ကျွန်တော် က အာမခံပေးတာ ကို မကျေနပ်ဘူး။ ဒီ အတွက် ခရိုင် ကို စာတင် ထားတယ်။ ခရိုင်က မှ မရ ရင် တိုင်း၊ ဗဟိုအထိ တက်ဦးမယ် ၊ နောက် လူတွေ ကိုယ် လို မဖြစ်အောင်ဘဲ”ဟု မြေကွက် ၀ယ်ယူခဲ့ သူက ပြောသည်။

ယင်းဖြစ်စဉ် များနှင့် ပတ်သက် ၍ မင်္ဂလာဒုံမြို့နယ်ထွေ အုပ် ဒုဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်း အား ဆက်သွယ်မေးမြန်းရာ ““ဒီဖြစ်စဉ်တွေ နဲ့ ကျွန်မ က ဘာ ပတ်သက်မှု မှ မရှိဘူး။

ကျွန်မနဲ့ မဆိုင်တာ ကို လုပ်တဲ့ အတွက် တရားစွဲမယ်၊ လောလော ဆယ် ၀န်ထမ်း ဥပဒေအရ တာဝန် က ခဏရပ်စဲ ထားတယ်။ တရားခံတွေ က ထွက်ပြေးနေ တဲ့ အတွက် ရဲလုပ်ထုံး လုပ် နည်း အရ ကျွန်မ ဘက်က တရားစွဲ လို့ မရသေးတာပါ။ ရဲစစ်ချက် ကလည်း ကျွန်မ ရဲ့ ကိုယ်ရေး အချက်အလက် ကိုရေးပြီး လက်မှတ် ထိုးခိုင်းတာပါ”ဟု ပြောသည်။

အလားတူ မြေဂရန်၊ မှတ်ပုံတင် အတု များဖြင့် လိမ်လည်ရောင်းချ မှုများ လတ်တလော တွင် ဖြစ်ရပ် ၄ ခု ခန့်ရှိနေ ကြောင်း စုံစမ်း သိရှိနေရသည် ဟု မြေ၀ယ်ခဲ့ သူ က ပြောကြား သည်။


ကိုခက်
News Watch Journal
From...Search Myanmar

 

No comments:

Post a Comment