Sunday, November 30, 2014

မြန်မာ့လေကြောင်း / အာကာသ ကျောင်းသား တို့ Radio Control လေယာဉ် တီထွင်နိုင်ပြီ



မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသ ပညာ တက္ကသိုလ် စက်နှင့် ပျံသန်းယာဉ် ဌာနမှ ကျောင်းသား ရှစ်ယောက်နှင့် ဖွဲ့စည်းဆောင် ရွက်ခဲ့သော DAWN SWAZ အမည်ပေးထား သည့် Radio Control သုံးလေယာဉ် အား(၁၂.၁၀၂၀၁၃) နေ့ မနက် ၇း၃၀ နာရီ အချိန်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင် ခဲ့ပါတယ်။

လေယာဉ် တည်ဆောက်ရခြင်း ၏ ရည်ရွယ်ချက် များကို အဖွဲ့ဝင် တစ်ဦးဖြစ် သည့် ကိုစွမ်းထက်မှ ရိုးရာလေး ကို အခုလိုရှင်းပြပါတယ်။
 
 "ကျွန်တော်တို့ တက္ကသိုလ်မှ ငါးနှစ်တာ သင်ကြားပေးခဲ့တဲ့ သီအိုရီ များကို အခြေခံပြီး လက်တွေ့ အသုံး ချဆောင်ရွက်နိုင်ဖို့ရယ် ၊ ကိုယ်ပို င် ဒီဇိုင်းများ တွက်ချက် ပြီး လေကြောင်း ဆိုင်ရာ နည်းပညာများ တိုးမြှင့်ဖော်ဆောင် နိုင်ဖို့ရယ် နောက်ပြီးတော့ အခု တည်ဆောက်ထားတဲ့လေယာဉ်ကို အကျိုးပြု လုပ်ငန်း များမှာ အသုံးချနိုင်ဖို့ အတွက် ရည်ရွယ်ချက် နဲ့ ကြိုးစား တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။


လေယာဉ်ဆိုင်ရာ အချက်အလက်များကို ကိုဝေယံစိုးမှ ဆက်လက် ရှင်းပြရာ
" ကျွန်တော်တို့ DAWN SWAZ လေယာဉ် ဟာ တောင်ပံ အလျား ၉ ပေ၊ ကိုယ်ထည်အလျား ၅.၈ ပေရှိပြီး အင်ဂျင်ပါဝါ 2.9 hp ကို အသုံးပြု တည်ဆောက် ထားပါတယ်၊ 
 
 တစ်စီး လုံး ရဲ့အလေးချိန် ကတော့ ၂၃ပေါင်ရှိပါ တယ်၊ လေယာဉ် ရဲ့ ထူးခြားချက် ကတော့ ကျွန်တော်တို့လေယာဉ် ဟာ အမေရိကန်နိုင်ငံ မှာ လက်ရှိ အသုံးပြုပျံသန်း လျက်ရှိတဲ့ Predator MQ-9 Reaper လေယာဉ် ဒီဇိုင်းကို မှီငြှမ်းပြီး ကိုယ်ပိုင် ဒီဇိုင်းဆွဲ တည်ဆောက် ထားခြင်းဖြစ်ပါတယ်၊
 
 အမြှီးပိုင်းကို သာမာန်လေယာဉ် ဒီဇိုင်းတွေ လို မဟုတ်ပဲ ထိန်းချုပ် ပျံသန်းရာမှာ ပိုပြီးကောင်းဖို့အတွက် Y ပုံသဏ္ဍန်Tail ကို တည်ဆောက်ကာ အင်ဂျင် ကနေ နောက်တွန်း အားကို ယူပြီးပျံသန်း ရတဲ့ ဒီဇိုင်းဖြစ် ပါတယ် ။
 
ဒီ့မတိုင်ခင် DAWN SWAZ,လေယာဉ် တည်ဆောက်မှု မတိုင်ခင် အကြိုစမ်းသပ်မှုအနေဖြင့် Motor Power သုံးလေယာဉ်ငယ် ကို ယမန်နှစ် က စမ်းသပ်ပျံသန်းခဲ့ ပါသေးတယ်။ အဲလိုအကြိုစမ်းသပ် မှုတွေ လုပ်ခဲ့လို့ သာ တိကျမှန်ကန် တဲ့ ဒီဇိုင်း တွက်ချက်မှု platform ကို ရရှိခဲ့တာဖြစ်ပါတယ်။ 
 
အခုကျွန်တော်တို့လေယာဉ် ဟာ အမြင့်ပေ ၂၀၀၀ ခန့် ပျံသန်းနိုင်ပြီး အချိန် တစ်နာရီ ခန့်ကြာအောင် ပျံသန်း လို့ရ ပါတယ်။ လေယာဉ် ရဲ့ရှေ့ခေါင်းပိုင်း မှာတော့ aerial photographing လုပ်ဖို့ အတွက် ကင်မရာ တပ်ဆင်ထားပါတယ်။"

စမ်းသပ်ပျံသန်းရာတွင်တွေ့ကြုံရသည့်ရလာဒ်များကို အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဇင်မောင် မှ အခု လိုပြောပြပါတယ်။" ပထမအကြိမ် စမ်းသပ်ပျံသန်းမှု အနေ နဲ့ အမြင်ပေ ၈၀၀ခန့် မှာအချိန် ၁၀မိနစ် ခန့် ကောင်းကင် ဓါတ်ပုံရိုက်နိုင်ခဲ့ပြီး အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ ပါတယ်။ 
 
ကျွန်တော်တို့လေယာဉ်ဟာ စမ်းသပ်ပျံသန်းချိန်မှာ အသက်အဆင်း ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ပြီး လေ ထဲမှာ တည်ငြိမ်စွာပျံသန်းနိုင်ခဲ့ပါတယ် ၊ ပြောင်းလဲ အသုံးပြုလိုက်တဲ့ Y-tail ဒီဇိုင်းဟာ Control ပိုင်းမှာ တည်ငြိမ် ကောင်းမွန်စွာ ထိန်းချုပိ ပျံသန်းနိုင်တာတွေ့ရှိခဲ့ရပါတယ်"

အခုလို အောင်မြင်ခဲ့သည့်အပေါ် ခံစားချက်များကို အဖွဲ့ဝင်ကျောင်းသား တစ်ဦးဖြစ်သည့် ကိုအောင်ငြိမ်းချမ်းထွဋ်  မှ အခုလို ပြောပြသွားပါတယ်။

" ကျောင်းသားများ အနေနဲ့ အခုလို အင်ဂျင် ပါဝါသုံး လေယာဉ်ကို တည်ဆောက် ပျံသန်းနိုင်တာ ဒါ ပထမ ဆုံးဖြစ်ပါတယ်။ 
 
အခုလို အောင်အောင်မြင်မြင် ပျံသန်း သွားခဲ့တာတွေ့ရတော့ ကြိုးစားအားထုတ်မှု ရဲ့နောက် မှာ တန်ဖိုး တူ ရလာဒ် တစ်ခုရှိနေတယ် ဆိုတာ လက်တွေ့ယုံကြည်လိုက် ရလို့ အဖိုး မဖြတ်နိုင် တဲ့စိတ်ဓါတ်အင်အားတွေ ရရှိခဲ့ပါတယ်၊ကျောင်းတော်ကြီးအတွက်လည်း ဂုဏ်ယူရင်းအတိုင်း မသိပျော်ရွှင် မိပါတယ်"

"Projectတွေကို အကျိုးပြုလုပ်ငန်းတွေအထိ အသုံးချနိုင်ရန် အမြဲအားပေး တိုက်တွန်းပေးတဲ့ ပါမောက္ခချုပ်ကြီးနှင့် ငါးနှစ်တာ ပညာသင်ကြားပေးခဲ့တဲ့ စက်နှင့် ပျံသန်းယာဉ်ဌာန မှ ဆရာ ဆရာမများ အား အထူးပင်ကျေးဇူးတင် ရှိပါတယ်။ 
 
အချိန်ပြည့် အားပေးကူညီပေး ခဲ့သော ကျွန်တော်တို့ ရဲ့ Supervisorများ ကိုလည်း အထူးကျေးဇူးတင် ပါတယ်။
 
 လေယာဉ် ဒီဇိုင်း ဆွဲနည်း ပညာများမှ သည် ဒီပရောဂျက် ကို အစမှ အဆုံး အနီးကပ် လမ်းညွှန်ဆောင် ရွက်ပေး ခဲ့ပါသော မောင်းသူမဲ့လေယာဉ် သုတေသန ဌာနမှ ဆရာ ဆရာမ များ ကိုလည်း အထူး ပင်ကျေးဇူး တင် ရှိပါတယ်။"

DAWN SWAZ အဖွဲ့အား ဆက်သွယ်ရန် - https://www.facebook.com/pages/DAWN-SWAZ/125931760910359

ရိုးရာလေးပြည်တွင်းသတင်း

အောင်ခမ်း (ရိုးရာလေး)

YoYarLay
http://www.yoyarlay.com/local-news/u-local-news/38348-myanmar-entrepreneurs-invented-radio-control-air-plane

No comments:

Post a Comment