Tuesday, November 11, 2014

မိဖနှစ်ဦး အား အရှင်လတ်လတ် မီးရှို့အသတ် ခံရသည့်ဖြစ်ရပ် ကို သားဖြစ်သူ ကလေးငယ် မှပြောပြသော (ရုပ်သံ)

  

နိုဝင်ဘာ ၄ ရက် နေ့က လာဟိုးမြို့ တစ်နေရာ ၌ ကုရ်အာန် ကျမ်းအားစော်ကားမှုဖြင့် မီးရဲရဲတောက်နေသော အုတ်ဖုတ် သည့်မီး ဖိုထဲ ပစ်ထည့် ကာ အရှင်လတ်လတ် မီးရှို့သတ် ခံရသည့် ခရစ်ယာန် လင်မယားနှစ်ဦး၏ ကျန်ရစ်သူ ၆ နှစ်သား ကလေးငယ် အား ၎င်း မျက်မြင်တွေ့ရှိခဲ့ရသော မိဘနှစ်ပါး အသတ်ခံ ရပုံ အဖြစ်အပျက် အား မေးမြန်းရာ ကလေးငယ် မှ ......
 
၎င်း၏ မိဘများ ကို လူအုပ် မှ နှိပ်စက် ညှင်းပမ်းကြကြောင်း၊ ထို့နောက် ကြိုးနှင့် တုတ်၍ ထွန်စက်နောက် ၌ တရွတ်တိုက် ချိတ်ဆွဲ ကာ ရပ်ကွက် အနှံ လှည့်လည်မောင်းနှင် ခဲ့ကြကြောင်း၊ နောက်ဆုံးတွင် ၎င်း ၏ မိဘနှစ်ပါးနှစ်ဦး ကို အုတ်ဖုတ်သည့် မီးဖိုထဲ ပစ်ထည့် ကာ အရှင်လတ်လတ် မီးလောင်တိုက် သွင်း လိုက်ကြကြောင်း ဖြေကြားခဲ့သည်။




ခရစ်ယာန် လင်မယားနှစ်ဦး အား မီးဖိုထဲ ပစ် မထည့်ခင် ထွက်မပြေးနိုင်အောင် ဆို၍ ၎င်းတို့ ၏ ခြေထောက်များ အား ရိုက်ချိုး ခဲ့ကြကြောင်းလည်း သတင်းများ ၌ ဖော်ပြသည်။



ကလေးငယ်နှင့် အမေး အဖြေ ဗွီဒီယိုဖိုင် အား အောက်ပါ link ၌ ကြည့်ရှုနိုင်ပါသည်။


မျိုးမင်းသန့်  ဘာသာပြန်ဆိုသည်။ 
ရွှေမြန်မာမီဒီယာ


ရုပ်သံဖိုင်ကြည့်ရန်။

From...Myanmar Latest News

 

No comments:

Post a Comment