Sunday, November 30, 2014

ပုခုံးဆစ် လွဲသူ

 


တစ်ခါ က ကမ္ဘာ့  နံပါတ်တစ် လို့ ပြောလို့ ရတဲ့ အရိုး အကြော ဆရာဝန်ကြီး တစ်ယောက်ရှိတယ်.။ ဆရာဝန်ကြီး က အလွန်တော် သလို သူ့ရဲ့သြဇာ ကလည်း တော်တော် ထက်တယ်.။ သူ့ကို လေးစား ချစ်ခင်ကြ တဲ့ သူ့တပည့်တွေ ကလည်း ကမ္ဘာနဲ့ အနှံ့ပဲလေ.။ 

ဆရာဝန်ကြီး ကလည်း တကယ် ကို တော်ရှာ ပါတယ်.။ တစ်ခုခုဖြစ်နေတာ တွေ့တာ နဲ့ စမ်းသပ်နေ စရာ မလိုဘူး.။ ဟို အကြော ကို ဟိုလို ဆွဲလိုက်.၊ လက်မျက်နေတယ် ဆိုရင် သူက ကိုင်ကြည့် သလိုလိုနဲ့ အကြောပြင် လိုက်တာ သိတောင် မှ မသိလိုက် ရဘူး.။ 

 ပါးစောင်တွေ အံ့လွဲနေရင် လည်း ဆက်ခဲနဲ ဆိုရင် နာတောင်မှ မနာလိုက် ရဘူး..။ ခြေထောက်ကျိုးနေသူ ဆိုရင် လည်း ဆရာဝန် ကို ကျောက်ပတ်တီး ကိုင်ရင် လူနာ က ဘာမှ တောင် မှ မသိအောင် အကို င် အတွယ် ကလည်း ညက်တယ်.။ 


 
ဒီလို ဆရာဝန်ကြီး မှာ အားလုံးတော်နေ တတ်နေပေ မဲ့ ဆရာဝန်ကြီး မှာ အားနည်းချက် တစ်ခု ရှိတယ်.။ အရက်သောက်ပြီ ဆိုရင် အမူး လွန်အောင် သောက်တတ် တာပါပဲ..။ ပြီးတော့ ..ဆရာဝန်ကြီး ဆီမှာ လူသိ မခံချင် တဲ့ လျှိုဝှက်ချက် တစ်ခု ရှိတယ်တဲ့..။ ဒါကို ဘယ်သူ့မှ သေချာ မသိဘူး.။ 

သူတို့ နားစွန် နားဖျား ကြားတာ ကတော့ ဆရာဝန်ကြီး ရဲ့ လျှိုဝှက်ချက် က သူ့ရဲ့ “ ပထမဆုံး လူနာ ” ဖြစ်တယ် လို့တော့ ကြားမိတယ်။ သေတော့ မသေချာ.။ မေးလည်း မမေးရဲကြဘူးလေ.။ 

တစ်နေ့တော့ ..ဆရာဝန် များ နှစ်ပတ်လည် တွေ့ဆုံ ပွဲလေးမှာ အားလုံး လိုပဲ မပါ မဖြစ် ဆရာဝန်ကြီး လည်း ရောက်နေတာပေါ့.။ နာမည်ကြီး ဆရာဝန်ကြီး ဆိုတော့ လုသိ ကလည်း များတယ်လေ.. ဒီတော့ ဟိုလူ က တစ်ခွက် တိုက် ဒီလူက တစ်ခွက်တိုက် နဲ့ ဆရာဝန်ကြီးတော်တော် မူးလာပြီ..။ 

အဲဒီ အချိန်မှာ အားလုံး က ဆရာဝန်ကြီး ကို မိန့်ခွန်းပြောပေးဖို့ တောင်းဆိုကြတယ်.။ ဆရာဝန်ကြီး ကလည်း မူးနေတော့ ပြောမယ် ပဲ ဖြစ်နေတော့တယ် ။ ဒီတော့ မိန့်ခွန်းပြော တယ်.။ ပျော်ပျော်ပါးပါးပဲ.။ အဲဒီ အချိန်မှာ ရွှတ်နောက်နောက် ဆရာဝန်လေး တစ်ဦး က “ဆရာဝန်ကြီး ခင်ဗျား.။ ဆရာဝန်ကြီး မှာ လျှို့ဝှက် ချက် တစ်ခု ရှိတယ်လို့ ကြားမိပါတယ်.။ အဲဒါလေး ပြောပြပါလား..။

” ဆရာဝန်ကြီး ရုတ်တရက်တော့ ဆတ် ခနဲ ဖြစ်သွားတယ်.။ နောက်တော့ အမူး ကလည်း လွန်နေ ပြီးတော့ အားလုံး ကလည်း သူ့ကိုလေးစားနေ တဲ့ တပည့်တွေ လို ဖြစ်နေတော့ မထူးပါဘူး ဆိုတဲ့ ပုံစံနဲ့ ပြောတယ်.။ 

“ ဟုတ်ပါတယ်.။ ကျွန်တော့် မှာ လျှို့ဝှက်ချက် တစ်ခု ရှိနေပါတယ်..။ အဲဒါကတော့ ကျွန်တော့်ဘဝရဲ့ ပထမဦးဆုံး လုနာ ဖြစ်တဲ့ ပုခုံး အဆစ်လွဲနေသူ လူနာ ပဲ ဖြစ်ပါတယ်.။ လူက ကျောင်းက ဆင်းကာစ အသက် က ငယ်ငယ် စာတွေ့တွေ က အများကြီး လက်တွေ့ က နည်းနေသေးတယ်လေ.။ 

အဲဒီ အချိန်မှာ နယ်မြို့လေး မြို့မှာ ရှိနေတဲ့ ဆေးရုံ မှာ တာဝန် ကျပါတယ်.။ တစ်နေ့တော့ လူနာ တစ်ယောက်ရောက် လာတယ် ။ သူကတော့ ချော်လဲ လို့ ပုခုံး အဆစ်လွဲသွား တဲ့ လူနာ ပါပဲ..။ ကျွန်တော့် အတွက် ပထမဆုံး လူနာပေါ့ဗျာ.။

 ဒီတော့ ..သူ့ကို စာအုပ်ထဲ က သင်ထား သလို ဟို အကြောကို ဟိုလို ဆွဲ..။ ဒီနေရာ ကို ဒီလို ကိုင် ၊ ဘယ်နေရာ ကို ညှစ်ပေါ့လေ..။ ဒီလို လုပ်တာပဲ မရဘူး.။ လူက ချွေးတွေလည်း ပြန်လာပြီ.။ ဒီကြားထဲ လူနာ က အော်လိုက် တာလဲ ဆေးရုံ တစ်ခုလုံး ဆူညံနေတာပဲ...။ 

ဒီတော့ ဘာလုပ် လို့ လုပ်ရမှန်း လည်း မသိဖြစ်လာပြီ.။ စာအုပ် ထဲက အတိုင်း လုပ်နေတာတွေ လည်း မရသေးဘူးလေ.။ ဒါနဲ့ နောက်ဆုံး နည်း အဖြစ်နဲ့ သပ်လျှို သလို သူ့ချိုင်းကြား မှာ သစ်သားတုံး တစ်ခုကို ခုပြီးတော့ မှ သူ့ကို ထိုင်ခိုင်းပြီး သူ့နံကြား ကို ခြေထောက် တစ်ဖက် က ကန်ပြီး သူလွဲနေ တဲ့ ပုခုံးဆစ် က လက်ကို ကိုင်ဆွဲ လိုက်တော့မှပဲ........။

” ဒီနေရာ မှာ ဆရာဝန်ကြီး က စကားရပ်ပြီး သူ့ပရိတ်သတ်ထဲ ကို မျက်လုံးဝှေ့ပြီး ကြည့်တယ်..။ အားလုံး ကလည်း ဆရာဝန်ကြီး ဘာဆက်ပြော မလဲ စောင့်နေကြတာပေါ့..။ ဒါကို မစောင့်နိုင်တဲ့ ဆရာဝန်လေး တစ်ယောက်က... 

“ ဒီလို ပုခုံးအောက်မှာ တုံးခံပြီး ခြေကန် ဆွဲလိုက်တော့မှ ပြန်ကောင်းသွားရောလား ဆရာ...။” ဆရာဝန်ကြီး က “ ဟက် ” ခနဲ့ တစ်ချက် ရယ်ပြီး ဆက်ပြောတယ်....။ “ ဟင့်အင်း...။ နံရိုးသုံးချောင်း ပါ ကျိုးသွားတယ်....။” တိန်...... 


 Nway Wint
 ( “ ကိုဇော် ” - “ zaw357.blogspot.com ” )
From...http://www.lubo601.com/2014/11/blog-post_644.html#more

No comments:

Post a Comment