Wednesday, April 22, 2015

ကညန Road Safty နဲ့ပတ်သတ် လို့ ကညန ကို ပြောပြချင်ပါတယ်




(မူရင်းရေးသူ - ဦးဝင်းချို)
(စာမြည်းxxx)
ဖရိမ်ကိုဘဲ ပြောတော့မယ်။ ဘယ်ဖရိမ် မှ မကောင်းဘူး။ စက်မှု (၁) က ထုတ်တဲ့ ကားတောင် ဖရိမ် မကောင်းဘူး။ ပုဂ္ဂလိက ထုတ်တာ ဘယ်ကောင်းနိုင်ပါ့မလဲ။  ကည-န က စစ်ဆေးတဲ့နည်းစနစ်မှာ လဲ ဖရိမ် ကို Material ကို စစ်ဆေးနိုင်တာမဟုတ်။  Technique ကို စစ်ဆေးနိုင်တာမဟုတ်။


ဖရိမ်နံပါတ် ဖြတ်ဖေါက် ထည့်ထားရင်တောင်မှ  (လက်ရာ သိတ်သေ သပ်ရင်) စစ်ဆေးနိုင်ဘို့မလွယ်။
အဲဒီတော့ စက်မှုဇုံ ကားနဲ့ ပတ်သက်ရင် ဖရိမ် ကို အော်ရီဂျင်နယ် ကို ပေးသုံး လိုက သုံးပါ။ သို့မဟုတ် နိုင်ငံတော်စက်ရုံ က ထုတ်လုပ်ပေးပါ။သို့မဟုတ် လုံးဝ(လုံးဝ) ထုတ်လုပ်ခွင့်မပေးပါနဲ့ခင်ဗျား။
******************************************************************************


ကျနော် အရည်ကြို Post မှာ Comment ၀င် မရေးဖြစ်အောင် နေတာ။ အခု မနေနိုင်လို့ နည်းနည်းရေးမယ်။


(၁) ““ အများပြည်သူ သွားလာသော လမ်းများပေါ်တွင် အန္တရာယ် ကင်းစွာ (အန္တရာယ်ကင်းစွာ) မောင်းနှင်နိုင်သော ယာဉ် များသည် မှတ်ပုံတင်ခွင့်ရှိသည်”

(၂) မ-ဆ-လ ခေတ် က စုပေါင်း စပ်ပေါင်း ဆင်ထားတဲ့ မော်တော်ယာဉ် မှတ်ပုံတင် ရင် “မ” အက္ခရာ နဲ့မှတ်ပုံတင်ပေးတယ်။

(၃) ကျနော် အမှတ် မမှားဘူး ဆိုရင် မ/၁ ဆိုတဲ့အက္ခရာ နဲ့ကား က “ဂျစ်ကား။ ။ ပ-လ-စ (၁) က တပ်မှူး ဗိုလ်မှူးမောင်မောင်ကျော် စီးဘို့အတွက် တပ် က ဆင်ပေးတဲ့ကား။

(၄) ပ-လ-စ (၁) မှာ ကားဘရိတ် စမ်းတဲ့အခါ အုတ်နံရံ ဆီ ကို အရှိန် မိုင် (၆၀)နှုံးလောက်နဲ့မောင်းပြီး “ဘရိတ် မိ/မမိ စစ်တာ။

(၅) အဲဒီ အလုပ်ကို အရပ်သား ပညာရှင်“ ဦးကျော်ရှိန်” လုပ်တယ် လို့မှတ်မိတယ်။

(၆) နောက်ဆုံး အချက် အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်သော ယာဉ် မဟုတ်ရင် မှတ်ပုံတင်မပေးနိုင်ကြောင်း က-ည-န မှ ငြင်းဆန်ခွင့် ရှိပါတယ်။


 
(ဒီစာကို ရေးတဲ့ ကျနော် ဟာ ပ-လ-စ(၁) က အရပ်သား ၀န်ထမ်း တစ်ဦးဖြစ်ခဲ့ပြီး စက်မှုဇုံကားတွေ အတွက် ပြည်တွင်းဖြစ် ဘော်ဒီ ရိုက်တဲ့လုပ်ငန်း ကို ၀န်ထမ်း အယောက် (၃၀)ကျော် နဲ့
“““ စက်မှု (၁) က ထုတ်လုပ်တဲ့ မော်တော်ကားတွေ အထိ ””ဆင်ပေးခဲ့သူ တစ်ယောက်ဖြစ်ခဲ့တယ် ဆိုတာ စက်မှုဇုံကား စဦး  ထုတ်လုပ်ခဲ့သူတွေတိုင်းသိပါတယ်။ )


ဦးဝင်းချို


 အရည် ကြို's photo.


================================
Road Safety Test (သဘာဝ ကျတဲ့ ယာဉ်စစ်) အပိုင်း (၁)
================================
အရည်ကြို ကို ပြောထားဖြစ်တဲ့ အတွက်ရေးပါတယ်။

(ပညာရှင် များကို ဆရာလုပ်ခြင်း မဟုတ်ပါ။ သာမန်ပြည်သူများ သိသင့်သိထိုက်သည် များကို တတ် သလောက်၊ မှတ်သလောက်ပြောပြခြင်းဖြစ်ပါသည်)

“ယာဉ်စစ်” ဆိုတာ က တစ်နှစ် တစ်ခါ မော်တော်ကား ကို လိုင်စင် ၀င်တဲ့အခါမှာ ခဲခြစ် တာ(အပါအ၀င်) လို မျိုး က-ည-န ရုံး မှာ သွားလုပ်ရတဲ့အလုပ်။

“ဘာကြောင့်လုပ်ရတာလဲ ”
==================
တစ်နှစ်ကြာမောင်းပြီး တဲ့မော်တော်ယာဉ် တစ်စီး အနေ နဲ့ အများပြည်သူ သုံးစွဲ တဲ့ လမ်းမပေါ်မှာ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်တဲ့အနေအထား ရှိ/ မရှိ ဆိုတာကို  စစ်ဆေးပြီး အန္တရာယ် မဖြစ်နိုင် တာသေချာ ဘို့(သေချာဘို့) စစ်ဆေးရတာ။


ဘာတွေကို စစ်ဆေးမှာလဲ
==================
လက်ရှိ အချိန်မှာ ယာဉ်စစ်ဆေးခြင်း ကို က-ည-န အနေ နဲ့သာ စစ်ဆေးနေတာဖြစ်ပေမဲ့  ကိုယ်တိုင် ယာဉ်မောင်းနေသူတွေ အနေနဲ့ ယာဉ်ရဲ့ အစိတ်အပိုင်းတွေ ကို သေသေ ချာချာ နားလည်ထားပြီး စစ်ဆေး ဘို့လိုအပ်ပါတယ်။


မိမိရဲ့ မော်တော်ယာဉ် ကို စစ်ဆေးဘို့အတွက် အပိုင်း (၄) ပိုင်း ခွဲထားသင့်ပါတယ်။
 

(၁) Engine (မောင်းနှင် ဘို့လည်ပတ်အား)
 

(၂) Chassis (မော်တော်ယာဉ် ကိုယ်ထည်ပိုင်း)
 

(၃) Transmission (ဂီယာဘောက်နှင့်ဆက်စပ် ပစ္စည်းများ)
 

(၄)Suspension (တုန်ခါမှု ထိန်းသိမ်းပြီး ဟန်ချက် တည်မြဲအောင် ဆောင်ရွက်သောပစ္စည်းများ)
Electric & Electronic အပိုင်း နဲ့ Luxury & Entertainment အပိုင်းတွေ ကိုတော့ Road Safe အတွက် စစ်ဆေး တဲ့အခါမှာ (Battery ခေါင်းမြင် ရအောင် ဘောနပ် ဖွင့်ပေးရတာက လွဲပြီး) လုပ်ဆောင်လေ့မရှိပါဘူး။
 

အဲဒီတော့ အထက်မှာ ဖေါ်ပြထားတဲ့ ၁/၂/၃/၄ အမျိုးအစား လေးခု ရဲ့ လုပ်ဆောင်ပုံတွေကို သိထား၇င် လုံလောက်ပါပြီ။

(၁) Engine ကို စစ်ဆေးမယ်။
လက်ရှိ အချိန်မြန်မာနိုင်ငံမှာ စစ်ဆေးတဲ့ အနေအထား ကတော့ Engine Block မှာ ရိုက်နှိပ်ထားတဲ့ အင်ဂျင် နံပါတ် ကို ခဲခြစ်ယူ တဲ့အလုပ်ကို လုပ်ပါတယ်။ မူလ မှတ်ပုံတင် ထားတဲ့အင်ဂျင်ကို သုံးနေတာလား။ အသစ်ပြောင်းတင်ထား သလား သိဘို့အတွက်ပါ။ အင်ဂျင် အသစ်ပြောင်းတင် ထားခဲ့ရင် “အခွန်”ကောက်နိုင် ဘို့။
“အဲဒါ Road Safety နဲ့မဆိုင်ဘူး”


***မူလ အင်ဂျင် မကောင်းတော့လို့ အင်ဂျင်အသစ် တင်လိုက်တဲ့အခါ မှာ အသစ် ရဲ့Block တုံးပေါ်က နံပါတ် ကို တိုက်ဖျက် လိုက်ပြီး နံပါတ် အဟောင်းကို Stencil နဲ့ ပြန်ရိုက် တဲ့အလုပ် Without ကားတွေခေတ် စားတဲ့ အချိန် က ကျနော် လုပ်ပေးခဲ့ဘူးတယ်***

(((  အမှန် တကယ် လိုအပ်တာ က အင်ဂျင် ကို အကြိမ်ကြိမ် နှိုးကြည့်ရပါမယ်။  အင်ဂျင် ကို နှိုးပြီး တဲ့ အချိန် မှာ အင်ဂျင်သံ နားထောင် တာနဲ့ အင်ဂျင် ရဲ့အစိတ် အပိုင်းတွေ (Piston,cylinder,combustion chamber,crank shaft,) ဟာ ပုံမှန်အတိုင်းရှိ/မရှိ သိနိုင်လောက် တဲ့ အတွေ့အကြုံ မရှိဘဲ စစ်ဆေးရင်တော့အကျိုး မထူးပါဘူး။)))
 

Engine Oil ကို စစ်ဆေးကြည့်မယ်။ Exhaust က  ထွက်တဲ့ အငွေ့ တွေ ကို ကြည့်မယ် ဆိုရင်လည်း (အနည်း အကျဉ်းတော့) အင်ဂျင် ရဲ့ အလုပ်လုပ်နိုင်မှု ကို ခန့်မှန်းနိုင်မှာပါ။

အင်ဂျင် မကောင်းရင် Road Safety အတွက် ဘာဖြစ်နိုင်သလဲ
=========================================
အင်ဂျင် မကောင်းရင် လမ်းမှာ ကား ထိုးရပ်သွား တာဖြစ်နိုင်တယ်။ နောက်က အရှိန်နဲ့ မောင်းလာ တဲ့ကား ရှိမယ်။ သူ ကလည်း အချိန်မီ  ဘရိတ် မအုပ်နိုင်ဘူး ဆိုရင် တိုက်မိနိုင် တယ်။(သို့မဟုတ်) Traffic Block ဖြစ်နိုင် တဲ့(ကားကျပ်တဲ့)နေရာမှာ ကားပျက်ရင် ကားတန်းကြီး လမ်းပိတ်သွားလိမ့်မယ်။


အကြံပေးခြင်း။
==========
အင်ဂျင်ပိုင်း ဆိုင်ရာ အပြစ် ရှာဖွေတွေ့ရှိခဲ့ရင် အင်ဂျင် အသစ်ပြောင်းဘို့အကြံပေးပါ။
အင်ဂျင် အသစ်(အမှန်ကတော့ အဟောင်းပါဘဲ)ပြောင်းခြင်း အတွက် အခွန် ကောက်ခံခြင်း ကို လျှော့ပေါ့သတ် မှတ်ပေးလျှင် အင်ဂျင်ပိုင်း အားနည်းသည့်မော်တော်ယာဉ်များ အတွက် လဲ လှယ် နိုင်မည့်အခွင့်အရေးပိုများလာပါလိမ့်မယ်။


( အထူးသဖြင့် လူစီး ဘတ်စ်ကားများ)

ထပ်ဆင့်အကြံပေးခြင်း
================
အင်ဂျင်ပိုင်း ဆိုင်ရာ စစ်ဆေးခြင်း အတွက် သတ်မှတ် ထားသော Certificate ရ ယူစေပြီး  ပုဂ္ဂလိက Engine Workshop များတွင် စစ်ဆေးစေသင့်ပါတယ်။


ထိုကဲ့သို့ပုဂ္ဂလိက Engine Workshop များကို လည်း မြို့နယ်တိုင်းတွင် စည်းကမ်း တကျ (မည်သူ မဆို) အဆင့်မီ ဆောင်ရွက်နိုင်လျှင် ခွင့်ပြုပေးသင့်ပါတယ်။

က-ည-န ယာဉ်စစ်ဌာန အတွက် တာဝန်လျော့သွားသလို အင်ဂျင်ပိုင်းဆိုင်ရာ စစ်ဆေးနိုင်ခြင်း မရှိဘဲ အင်ဂျင် နံပါတ် ခဲခြစ်ရုံ သက်သက် လုပ်ဆောင်နေခြင်းကိုလည်း အနှောင့်အရှက် မဖြစ်တော့ပါ။

********************************************************************************
 
အပိုင်း(၂) Chassis (ကိုယ်ထည်ပိုင်း)
*****************************
အလွယ်ပြောရင် အခုပြဿ        နာတက်နေတဲ့ ဘော်ဒီတွေ ကိစ္စပါဘဲ။ တိတိ ကျကျပြောရ ရင်တော့ Frame ,လည်းပါတယ်။

အဲဒိတော့ အတိုဆုံးပြောရရင် “သံပြား”တွေနဲ့ ပတ်သက်တဲ့ အကြောင်း။ ယာဉ်စစ် Road Safety Test လုပ်တော့ ဘော်ဒီ ကိုလည်း စစ်တာဘဲ။ ဘာကို စစ်သလဲ ဆိုရင် Frame မှာရိုက်ထားတဲ့နံပါတ်။ ကုမ္မဏီက ထုတ်လုပ် လိုက်တုန်းက အမှတ်စဉ်။ Frame သံပြားမှာ ရိုက်လိုက်တယ်။ အဲဒါကို ခဲနဲ့ခြစ်ယူထားပြီး။နှစ်စဉ် အဲဒီ“ခဲခြစ် စက္ကူလေးတွေ ကို တိုက်ပြီးစစ်တယ်။

***တူရင် ရပြီလား***
********************
အဲဒါက အရေးကြိးတယ်။ 
စက်မှုဇုံ ကားတွေနဲ့ပတ်သက်ပြီး ဒီစာတွေရေးဖြစ်တာ ဆိုတော့စက်မှု ဇုံထုတ် Frame တွေ အကြောင်းကိုပါ။ ထည့်ပြောရတော့မှာပေါ့။
 

ကျနော်တို့ကိုယ်တိုင် လုပ်လာခဲ့တာဘဲလေ။  ဘော်ဒီရုံ ဘယ်ရုံ မှာဘဲဖြစ်ဖြစ် Frame လုပ်ဖို့ ပထမဆုံး Original Frame တစ်ခုကို ယူပြီးတော့ Curve တွေကို မှတ်ရတယ်။
 

တစ်ပုံစံတည်းဖြစ်နိုင်သမျှ ဖြစ်အောင် ပုံတူ ကူးတယ် ဆိုပါတော့လေ။
ဒါပေမဲ့ လုံးဝ ထည့်မစဉ်းစားတာ က Material (အမျိုးအစား) နဲ့ Technique (နည်းစနစ်)။ ဘာကွာ သွားလဲ။ အဲဒါ အရေးကြီးတယ်။ နည်းနည်း စကားကြော ရှည်မှဖြစ်မယ်။


သံပြားဖြစ်လာဖို့ အတွက် “သံတုံး”တွေ ကို Roller တွေနဲ့ ကြိတ်ရတယ်။ အထပ်ထပ် ကြိတ်ရင်း နဲ့ တဖြည်းဖြည်း ပါးလာတယ်။

ကြိတ်တဲ့အခါမှာ နည်းစနစ် (၂)မျိုးရှိတယ်။ 
********************************
Hot roll system နဲ့ Cold roll system ။
သံတုံးတွေ ကို ရဲနေအောင် မီးဖုတ်ပြီး ပူနေတဲ့ သံပြားတွေကို Roller ထဲ ထည့်ကြိတ်တော့ တဖြည်းဖြည်း ပါးလာတယ်။ အဲဒါ Hot roll system။ရေ လုံးဝ မပါဘူး။


 ပူနေတဲ့ သံတုံးကိုကြိတ်တာ ဆိုတော့ မြန်တယ်။
သံတုံး ကို Roller ထဲ ထည့်ကြိတ် တာတော့တူတူဘဲ။ ဒါပေမဲ့ ကြိတ်တဲ့ အခါမှာ Friction ကြောင့် ဖြစ်လာ တဲ့အပူ ကိုပါ သံပေါ်မှာ မရောက်အောင် Roller ကို ရေအေးလောင်းပြီး ကြိတ်တဲ့ နည်းစနစ် က Cold Roll System ။ အချိန်ကြာတယ်။ ဖြည်းဖြည်းချင်း ပါးသွားအောင်ကြိတ်ရတာ။ အဲဒီတော့ Cold Roll System နဲ့ ထုတ်ထား တဲ့သံပြားတွေ ကဈေးကြီးတယ်။

 ဈေးကြိး သလို အရည်အချင်းလည်း ကွာတယ်။ ဘယ်နေရာမှာ ကွာသလဲ ဆိုတော့ Tension လို့ခေါ်တဲ့ “ပြန်ဆန့်နိုင်စွမ်း”မှာ ကွာတယ်။ Spring Tension လို ချက်ချင်းပြန် မကန်နိုင်ဘူး။ 

အဲဒီတော့ ဘော်ဒီ ပါးပါးလေး ကို ဖိလိုက် ရင်ပြန်ကန် တက်လာ တယ်။ ပြည်တွင်းမှာ ရိုက်ထားတဲ့ ဘော် ဒိတွေ ကို ဖိ လိုက်ရင် ချိုင့်ဝင်သွားတယ်။ (နည်းနည်း ရှည်ရှည်ရေးရမှာ ဆိုတော့ တစ်ပိုင်းနားပါရစေအုံး)

Hot Roll နဲ့ Cold Roll ကိစ္စက ဒီလောက်ပေါ့ပေါ့လေး မဟုတ်ဖူး။
ကျနော်တို့နိုင်ငံမှာ Sheet Metal နဲ့ပတ်သက်တဲ့ပညာရှင် က နည်းနည်းလေးဘဲရှိတာ။
သံပြားတွေ ကို လိုသလို ပုံဖေါ်တဲ့ ပညာရပ် ကို “သံဖြူ  သမား”လောက်ဘဲ မြင်ဘူးနေတဲ့နိုင်ငံ ဆိုတော့ Frame တစ်ချောင်းဖြစ်အောင်......


(၁)သံပြား ကို Gas Cutter နဲ့ ဖြတ် (နဂို ကတည်းက Tension နည်းနေတဲ့သံပြား။ လိုသလို ပုံသွင်း လို့ရနေ တဲ့သံပြား ကို မီးနဲ့ ဖြတ်တော့ အပူကြောင့် သံပြား က ပိုပြီး Tension ကျသွားတယ်။)

(၂) စက္ကူ  ပုံ နဲ့ တိုင်းပြီးဖြတ် ထားတဲ့သံပြား ကို U ပုံဖြစ်အောင် (တချို့က Press နဲ့ချိုး။  တချို့က တူ နဲ့ရိုက်ပြီး) ပုံဖေါ်။ (အဲဒီမှာ သံပြား က ထပ်နာ ။မော်လီကျူးတွေပြို ကွဲ တယ် ဆိုတဲ့အသုံး အနှုံးမျိုး ထိတော့မပြောပါဘူး)

(၃) ပုံကြမ်းပေါ်လာတဲ့ Frame ပုံ သံချောင်းကို mould ပုံ ယူထားတဲ့( U Beam တွေ နဲ့ဆင် ထားတဲ့ ) စင် ပေါ် တင်ပြီးတော့ မှ ဟိုဆွဲ၊ ဒီတွန်း နဲ့ ပုံကျအောင် လုပ်ရတာ။

***တစ်ပုံစံတည်းဖြစ်သွားပြီ။ ဘာအားမှ မရှိတော့ဘူး။***
***********************************************
Material ဆိုတဲ့ ကုန်ကြမ်း ပစ္စည်းမှာ တင်ဘဲ“ အဖိုးနည်း၊ အိုးကွဲ ”တွေ ကို သုံးထား ရတဲ့အပြင် နည်း စနစ် ကလည်းမမှန် ဘူးဆိုတော့။

နည်းစနစ် Technique အကြောင်း နည်းနည်းပြောရအုံးမယ်။
Cold Roll System နဲ့ ထုတ်ထား တဲ့ သံပြား ကို မှ Forming Technique နဲ့ ထုတ် ရတာ။ Cold Roll System နဲ့ ထုတ်ထားတဲ့ သံပြား ကို လက် နဲ့ ရိုက်လို့မရဘူး။ Tension နဲ့ပြန်ကန်နေလို့။

(ကျနော်တို့ဆီ က ဘော်ဒီ ဆရာများ က “ခဲပြား” လို့ခေါ်တဲ့ Hot Roll ကို မှ Coating လုပ် ထားတဲ့ သံပြား ကို ဘော်ဒီ ရိုက်ရမှ လိုတဲ့ပုံရမယ် ဆိုပြီး “ခဲပြား” ကို ထပ်မှာသေးတာ)

အဲသလို Forming Technique နဲ့ ပုံရိုက် ထုတ်ရတယ် ဆိုပေမဲ့ နောက်ထပ် သိသင့်တဲ့ အချက်တွေ ရှိသေး တယ်။ အဲဒါ က ပေးရမည့်အား။ Load။
 

စက်မှုဇုံတွေမှာမြင်ဘူးကြ မှာပါ။ ကရိုင်းစက် ဆိုတာ။ သူက “ဆတ် ကနဲ” အားအများကြီး နဲ့ရိုက်တာ Impact Load ။နောက်တစ်မျိုး က Hydraulic စက်မျိုး နဲ့ တဖြည်းဖြည်းချင်း ဖိတာ။ (အဲဒီ အားမျိုးကို အင်္ဂလိပ် လို ဘယ်လိုခေါ်သလဲတော့မမှတ်မိတော့ဘူး။) လိုအပ်တဲ့နည်းစနစ် နဲ့လုပ်မှ မှန်ကန်တဲ့ အင်အားရှိတဲ့ ပုံ ရမှာ။

 နောက်တစ်ခုရှိသေးတယ်။ အဲဒါက Rein force “ကြိုတင်အားဖြည့်တာ”။ သံပြားနဲ့ ရိုက်ထားတဲ့ ပစ္စည်း (သံသေတ္တာ ဘဲ ဖြစ်ဖြစ်၊ ကားဘော်ဒီ ဘဲဖြစ်ဖြစ် ၊ရေတံလျှောက်ဘဲဖြစ်ဖြစ်)တွေမှာ အဖေါင်းလေးတွေ၊ အချိုင့်လေးတွေ ရိုက်ထားတာ 

“ကြိုတင်အားဖြည့်ထားတာ။ ပါးပါးလေးနဲ့ ကွေး မသွားအောင်၊တောင့်တင်းနေအောင် (အိမ်မိုးသွပ် ကိုကြည့်ရင် သိပါတယ်။ လိုင်းတွေထည့်မထားရင် ကိုင်လို့ ရမှာ မဟုတ်ဖူး) အဲဒိတော့ Chassis ကိုယ် ထည်ပိုင်း ကိုပြန်ချုပ် လိုက်မယ် ဆိုရင်

(၁) Material ကုန်ကြမ်း ပစ္စည်း အမျိုး မမှန်ဘူး။
(၂) Technique နည်းစနစ် မမှန်ဘူး။
အဲဒီ အတွက် Strength အား မရှိတဲ့ပုံစံ တူတဲ့ ပစ္စည်းတွေလောက် ဘဲဖြစ်လာတယ်။


ဒီကြားထဲ မှာ Pay Load လို့ခေါ်တဲ့ “တင်ဆောင်နိုင်တဲ့ စွမ်းရည်” တန်ဝက် ရှိတဲ့ကားကို တစ်တန် တင် တယ်။ တစ်တန်ခွဲ တင်တယ်။ ပစ္စည်းတင်တဲ့ကားကို “လူ”တွေ တင်တယ်။
 

(ဘာကွာ သလဲ ဆိုတော့ ပစ္စည်းတင်ရင် ပစ္စည်းတွေ က ထားရာနေရာမှာနေတယ်။
လူက ရွှေ့ပြောင်းနေရာ ယူတာ ရှိတယ်) Stability “ဟန်ချက်”မငြိမ်တော့ဘူး။  မှောက်ဖို့ပို လွယ်တာပေါ့။

ကဲ.......Frame ဆိုတဲ့ ကိုယ်ထည်ပိုင်း ထိုက် သလောက်တော့ပြီးပြါ့ပီ။

အကြံပြုခြင်း
========
စက်မှုဇုံ တွေ က ထုတ်လုပ် တဲ့ကားတွေ ကို Frame ကိုယ်တိုင် မရိုက်ပါစေနဲ့။
စက်မှု(၁) လို နိုင်ငံတော်ပိုင် စက်ရုံတွေ က လိုအပ်တဲ့စက်ပစ္စည်းတွေ ၀ယ်ယူဖြည့်တင်းပြီး ထုတ်လုပ်တဲ့ Frame တွေ ကို အသုံးပြုပြီးမှ ဆင်ခွင့်ပေးပါ။


 ဘော်ဒီပိုင်း ကိုပါ ထပ်ပြီး အကြံပြုရင် ကျနော်နေစရာ မရှိမှာ စိုးလို့ အကြံ မပြုတော့ပါဘူး။
မော်တော် ကားဘော်ဒီ ပိုင်းမှာ အခက်ဆုံးဖြစ်တဲ့


**ကား တံခါးအပေါ် က မှန်တင်/ချ  အလုပ် ကို ထိန်းတဲ့ မှန်ကိုင်း ကို Original အတိုင်း မီလီမီတာ အတိ အကျ ကို Vernier Clipper နဲ့တိုင်းပြီး ဆယ့်တစ်ချက် အတိ အကျ ခေါက်၊ စက်မှုဇုံ မော်တော်ကား ထုတ်တဲ့ ကုမ္မဏီတွေ ကို ရောင်းစား ခဲ့တာ ကျနော် တစ်ယောက်ထဲ ရှိပါတယ် ခင်ဗျား။ ဘယ်ဖရိမ်မှ မကောင်းဘူး။
 

စက်မှု (၁) က ထုတ်တဲ့ကားတောင် ဖရိမ်မကောင်းဘူး။ ပုဂ္ဂလိက ထုတ်တာ ဘယ်ကောင်းနိုင်ပါ့မလဲ။
ကညန က စစ်ဆေးတဲ့နည်းစနစ်မှာလဲ ဖရိမ်ကို Material ကိုစစ်ဆေးနိုင်တာမဟုတ်။
 

Technique ကို စစ်ဆေးနိုင်တာမဟုတ်။ ဖရိမ်နံပါတ် ဖြတ်ဖေါက်ထည့်ထားရင်တောင်မှ
(လက်ရာသိတ်သေသပ်ရင်) စစ်ဆေးနိုင်ဘို့မလွယ်။


အဲဒီတော့ စက်မှုဇုံကားနဲ့ ပတ်သက်ရင် ဖရိမ်ကို အော်ရီဂျင်နယ်ကို ပေးသုံးလိုက သုံးပါ။
သို့မဟုတ် နိုင်ငံတော်စက်ရုံ က ထုတ်လုပ်ပေးပါ။

သို့မဟုတ် လုံးဝ (လုံးဝ) ထုတ်လုပ်ခွင့်မပေးပါနဲ့ခင်ဗျား။

=======================
အပိုင်း(၃) Transmission
=================
အင်ဂျင်က လည်ပတ်တဲ့အား ရလာတယ်။ အဲဒိ လည်ပတ်တဲ့အား ကို မော်တော်ကား ရဲ့ဘီး ဆီ ကို ရောက်အောင် ပို့ပေးတဲ့အပိုင်းတွေက Transmission ။ Gear Box ပါတယ်။ (နောက်ယက် ဆိုရင်) Propeller Shaft ပါမယ်။ Axle ပါမယ်။ (ရှေ့ယက် ဆိုရင် ) Joint အနေ နဲ့ ဒူးဆစ် ပါမယ်။


Transmission ကို ဘယ်လိုစစ်ဆေးမလဲ။
*********************************
ကားမမောင်းကြည့်ဘဲ စစ်ဆေးဘို့မဖြစ်နိုင်တဲ့အလုပ်။
သူက မော်တော်ကား ဘီးဆီ ကို အင်ဂျင်က လည်ပတ်တဲ့ အား ရောက်/မရောက်စစ်ဆေးရမှာ။ မမောင်းရင်မသိဘူး။ မောင်းမယ် ဆိုပြန်တော့လည်း လည်ရုံ သက်သက်နဲ့မဖြစ်နိုင်ဘူး။
Torque ကို စစ်ရမှာ ဆိုတော့ Lever ကုန် မဟုတ်ပေမဲ့Gear ကုန်တဲ့အထိ မောင်းပြီး စစ်ဆေးရမှာ။


က-ည-န ရုံးတွေ ရဲ့ လက်ခံနိုင်တဲ့ အနေအထား နဲ့ ၀န်ထမ်း အင်အားဟာ ဘယ်လိုမှ မစစ်ဆေးနိုင်လောက် တဲ့ အခြေအနေပါ။

အကြံပေးခြင်း
========
မဖြစ်နိုင်တာကို မလုပ်ရင် ကိုယ်တိုင် နဲ့ အများ အတွက် အသင့်တော်ဆုံး“ဆုံးဖြတ်မှု” ဖြစ်ပါတယ်။ Transmission အပိုင်း ကို Specialize အနေနဲ့  လုပ်တဲ့ Work shop တွေမှာ ဘဲ ပြုပြင်ကြတာ ဆိုတော့..............။
က-ည-န အနေ နဲ့ Road Safety အတွက် စစ်ဆေးမယ် ဆိုရင် Transmission အပိုင်း ကို စစ်ဆေး တယ် လို့ အမည်တပ် မခံပါနဲ့။ (တကယ်လည်း မစစ်ဆေးနိုင်ပါဘူး)


အပိုင်း (၄) Suspension
================
အရေးအကြီးဆုံး အစိတ် အပိုင်းဖြစ်ပါတယ်။ အန္တရာယ် အဖြစ်နိုင်ဆုံး အစိတ် အပိုင်းပါ။


(၁) Engine မကောင်းရင် စက်ရပ်သွားမယ်။ အများဆုံး လမ်းပိတ်သွားမယ်။

(၂) Chassis မကောင်းရင် (ခင်ဗျား မသိဘူး ။ ပညာရှင် နဲ့ထုတ်လုပ်သူက လွဲပြီး ဘယ်သူမှ မသိဘူး။ ကြိုတင် ကာကွယ်တဲ့ နည်းတွေကို အစွမ်းကုန်သုံး။ပြီးရင် အဲဒီ အတွက် ကမ္မသကာ ထားရမည့်ကိစ္စဖြစ်သွားတယ်)

(၃) Transmission မကောင်းရင် “ဂီယာ မကောင်းရင် ဆီကုန်ပြီး ကားမရွေ့ဘူး”
“ဂျွုင့်မကောင်းရင် ကားရှေ့မရောက်ဘူး”လမ်းမှာ ဂျွုင့်ပြတ်သွားရင် ကား ရပ်သွားမယ်”
ပိုးစိုး ပက်စက် အန္တရာယ်ဖြစ်တာမျိုး (ကိုယ်ကလဲ သတိထားရင်) မဖြစ်နိုင်ဘူး။


(၄)Suspension မကောင်းရင်..............................။
Suspension ဆိုတဲ့အပိုင်း မှာ မော်တော်ကား တစ်စီးကို Stable ဖြစ်အောင် ထိန်းသိမ်း ရတဲ့အပိုင်း ။ ဘေးနှစ်ဖက် ဘယ်/ညာ မလူးအောင် ။ရှေ့နောက် (ခေါင်းထောင် ဖင်ထောင်မဖြစ်ဘဲ) ထုတ်လုပ်စဉ်က အတိုင်းရှိအောင်။
 

Alignment မော်တော်ကားဘီးတွေ နဲ့ကိုယ်ထည် တဖြောင့်တည်းရှိနေအောင် စီစဉ်တဲ့ပစ္စည်းတွေ ၊နောက်ပြီး ရပ်လိုတဲ့နေရာမှာ တိတိ ကျကျ ရပ်အောင်ဆောင် ရွက်ရတဲ့ပစ္စည်းတွေ။

ဒီ အပိုင်း က တိတိကျကျ စစ်ဆေးရမည့်အပိုင်း။ ဘာကြောင့်လဲ ဆိုရင် ထုတ်လုပ်စဉ် က မူလ အနေ အထား ကို မြန်မာနိုင်ငံ ရောကိ မှ “လိုတိုး၊ ပိုလျှော့” လုပ်တာ အများဆုံးအပိုင်း။
 

Original တွေကိုတောင် မှ Modified ပြန်လုပ်တဲ့ အစိတ်အပိုင်း။
လူတွေ အများကြီး၊ကုန်တွေ အများကြီး တင်လို့ရအောင် ပြုပြင်ကြတဲ့အပိုင်း။
Work Shop က လုပ်ပေးတဲ့အတိုင်းလက်ခံရတဲ့အပိုင်း။ လေးတွေပိုးတယ်။
 

Shock Absorber တွေပြင်တယ်။လဲတယ်။ Alignment မမှန်ဘဲ ရအောင်မောင်းကြတယ်။
တိုင်းရော့တွေ၊ဘောဂျွုင်းတွေ အသံမြည်ရုံ နဲ့ ဘာမှ မဖြစ်ပါဘူး လို့သဘော ထားတယ်။

အဲဒီမှာ အန္တရာယ်တွေကြီးကြီး မားမာဖြစ်တော့တာပါဘဲ။
 

Road Safety Test လုပ်မယ် ဆိုရင် လုပ်ရမည့် အဓိက အစိတ်အပိုင်း ဟာ Suspension  အပိုင်းဖြစ် ပါတယ် လို့ပြောလိုရင်းဖြစ်ပါတယ်။

အကြံပြုချက်
========
က-ည-န တိုင်းရုံး (ယာဉ် စစ်ဆေးခြင်းပြုလုပ်မည့်နေရာ) တိုင်းမှာ (ကနဦး စစ်ဆေးခြင်းမှ တပါး) သက်တမ်း တိုးယာဉ်တွေ အားလုံးကို
 

(၁) Alignment စစ်ဆေးဘို့အတွက် ဌာနဆိုင်ရာ က တာဝန်ယူဆောင်ရွက်ပေးပါ။
(၂) Suspension ကို တာဝန် ယူဆောင်ရွက်ပေးနိုင်တဲ့ Work Shop အလုပ်ရုံ တစ်ရုံ တွဲဖက်ထားပေးပါ။
(၃)Suspension Work Shop ကို “လုပ်ပိုင်ခွင့်”ပေးသလို ဖြစ်လာသမျှ “တာဝန်”ယူဘို့အတွက် ပဋိဥာဉ် လုပ်ဆောင်ပြီး “အာမခံ” လုပ်ငန်းနဲ့ တွဲဖက်ဆောင်ရွက် ပါစေ။

အပိုင်း၁/၂/၃/၄ အားလုံးပေါ်ခြုံငုံ၍ Road Safety Test လုပ်ငန်းရပ်အပေါ်
 

အကြံပြုချက်
================================================

Specialize အထူးပြု ကျွမ်းကျင်ပညာရှင် များက အစိတ် အပိုင်း လိုက် တာဝန် ယူရမည့် ကျယ်ပြန့်သော လုပ်ငန်း ရပ်များကို ဌာနဆိုင် ရာ တစ်ခုတည်းက မလုံလောက်သော ၀န်ထမ်းများနှင့်ကျွမ်းကျင်မှု မပြည့်သော ၀န်ထမ်းမျာကို အသုံးပြု၊ဆောင်ရွက်နေရခြင်း သည် အများပြည်သူ အတွက် “ကောင်းကျိုးထက် ဆိုးပြစ်”ကိုသာ ဖြစ်ပေါ်စေမှာဖြစ်သလို  တာဝန်ယူဆောင်ရွက်ရသော ဌာနဆိုင်ရာ အတွက်လည်း အကြောင်းပြ ချက်ပေါင်းမြောက်များ စွာကို သုံးစွဲပြီး အကောင်းဆုံး အဖြေရရှိစေရန်
 

“အမိန့်”များ“ ညွှန်ကြား ချက်များ” မလိုအပ်ဘဲ ထုတ်ပြန်နေရသည်ဖြစ်သည့်အတွက်

(က) ယာဉ်စစ်ဆေးခြင်း (ကနဦးမှတ်ပုံတင်ခြင်းနှင်တူ/မတူ စစ်ဆေးခြင်း)တစ်ခုတည်းကိုသာ က-ည-န အနေနှင့် ဆောင်ရွက်သင့်ပါသည်။

(ခ) Road Safety Test လုပ်ငန်း အတွက် Register မှတ်ပုံတင်ပြီး “တာဝန်”ယူ၊တာဝန်ခံနိုင်သော ပုဂ္ဂလိက ယာဉ်ပြင်ဆင်ရေး လုပ်ငန်းများအားလွှဲအပ်သင့်ပါသည်။

(ခ/၁) အစိတ်အပိုင်းတစ်ခုချင်းအတွက် လွှဲအပ်ခြင်း။

(ခ/၂) ဌာန ၏ကြီးကြပ်မှုနှင့်အတူ ပူးပေါင်းဆောင်ရွက်စေခြင်း။

(ဂ)ရေဆေး၊ ဆီထိုး Service နှင့် Alignment Section များ ကို ဌာနဆိုင်ရာ ရံပုံငွေ အတွက် ပူးပေါင်းဆောင် ရွက်စေခြင်းက သင့်တော်သည်ဟု ယူဆပါသည်။

(ဃ) အကျင့်ပျက် ၊ခြစားမှု များကို သိလိုလျှင်၊ဖေါ်ထုတ်စေလိုလျှင် သီးသန့်စာတစ်ပုဒ်ဖြင့်ဖေါ် ထုတ်ရေး သားပေးမည်ဖြစ်ပါကြောင်း။

ဤ တွင်ပြီး၏။

ဦးဝင်းချို

(၇)နှစ်လောက်ပြတ်နေတဲ့ အလုပ် ကို ဘာစာအုပ်မှ မကြည့်ဘဲ လက်တန်းရေးရတာ ဆိုတော့အမှား ရှိရင် လဲ ခွင့်လွှတ်ကြပါဗျား။


 အရည် ကြို added 2 new photos — with U Win Cho.

No comments:

Post a Comment