Friday, April 24, 2015

မိမိတို့ ရဲ့ ငွေကြေး ကို ဘယ်လို စီမံခန့်ခွဲကြမလဲ

နည်းစနစ်ကျကျအတွေးအခေါ်'s photo.


တကယ်လို့ သင်ဟာ မိမိ တို့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ၊ဆွေမျိုး မိသားစုတွေ ဆီမှ ပိုက်ဆံချေးငှား သုံးစွဲ ရပြီး အကြွေးတွေ တင်နေရတဲ့ အထိ ငွေအထွက် များနေလျင် မိမိ ရဲ့ ငွေကြေးသုံးစွဲမှု စနစ်ကို ပြန်လည် သုံး သပ်ပြီး ငွေကြေး သုံးစွဲခြင်းဆိုင်ရာ စီမံကိန်း တစ်ခုကိုဆွဲလိုက်ပါ။

ဒီလို စီမံကိန်း ဇယားတစ်ခု ကို ရေးဆွဲ လိုက်ခြင်းဖြင့် နောက်  ထပ်ငွေကြေး သုံးစွဲမှု အတွက်ကြိုတင်ပြင် ဆင် မှုတွင် များစွာ အထောက်အကူပြုနိုင်ပါတယ်။

အဆင့်(၁)-မိမိ တို့ရဲ့ ဝင်ငွေ ကို သိပါ။
မိမိ ရဲ့ ဝင်ငွေ အနေအထား ကို သိပြီး ဘယ်လောက် အတိုင်း အတာထိ သုံးလို့ရမလဲ ဆိုတာ အသေအချာ သိထားဖို့လိုပါတယ်။ တကယ် လို့ သင်ဟာ ပုံမှန် လစာ ဝင်ငွေ ရှိတဲ့ အစိုးရဝန်ထမ်း ၊ ကုမ္မဏီဝန်  ထမ်းတွေ ဖြစ်နေခဲ့လျင် သင့်အနေ နဲ့ ဒီအချက် ကို ပိုမို သိရှိထားဖို့လိုပါတယ်။

တကယ်လို့ သင်ဟာ နာရီ အပိုင်း အခြားဖြင့် လုပ်အားခ ရတဲ့သူ ၊ဒါမှမဟုတ် ကိုယ်ပိုင် လုပ်ငန်း လုပ်နေ သူဖြစ်နေခဲ့ လျင်တော့ သင်ဟာ ပျမ်းမျ  အားဖြင့် မိမိ ရဲ့ ဝင်ငွေ ပမာဏ အနေအထားကို တွက်ချက်ထား ဖို့လိုပါတယ်။


အဆင့်(၂) မိမိ ရဲ့ ပုံမှန် အသုံးစရိတ် ကို သိပါ။
မိမိ တွင် ပုံမှန်ပေးစရာ ရှိတဲ့ အသုံးစရိတ် အားလုံးကို စဉ်းစားလိုက်ပါ။ပြီးတော့ အရင်လ က သုံးစွဲ ခဲ့တာတွေ ကို အမှတ်ရပါ။ အချို့သော အသုံး စရိတ်တွေဖြစ်တဲ့ အိမ်ငှားခတွေ လိုမျိုး က တစ်သတ်မတ်တည်း ဖြစ်နေတဲ့ ပုံမှန်ကုန်ကျ စရိတ်မျိုးဖြစ်ပါတယ်။ 

အခြား အသုံးစရိတ် လိုမျိုး က မိမိ သုံးစွဲ ခဲ့တဲ့ အသုံးအစွဲ အပေါ် အခြေခံပြီး များပြားနိုင်ပါတယ်။ မိမိတို့ရဲ့ ပုံမှန် အသုံးစရိတ်တွေ ထဲမှာ အောက်ဖော်ပြပါ အသုံးစရိတ်တွေ က မရှိမဖြစ် ပါဝင်နေပါလိမ့်မယ်။

အိမ်လခ
အထွေထွေအသုံးစရိတ် ( ဥပမာ- တယ်လီဖုန်း ခ၊ အင်တာနက်ခ ၊ရေဖိုး၊ မီးဖိုး၊ အမှိုက်ခ)
စားသောက်ကုန်
အာမခံကြေး
ဆေးဝါး
သွားလာကုန်ကျစရိတ်
ဆေးကုသကုန်ကျစရိတ်
အားလပ်ချိန် မှာ အပန်းဖြေသွားလာဖို့စရိတ်
တစ်ကိုယ်ရေတစ်ကာယ အသုံးစရိတ်
အကြွေးဆပ်ဖို့ငွေကြေး
ကလေးကျောင်းစရိတ်
 


အဆင့် (၃) ဒီ အချက် အလက်တွေ ကို အသုံးပြုပြီး ငွေကြေး သုံးစွဲမှုနှုန်းထား ဇယား တစ်ခု ရေးဆွဲ ထားပါ။
ဒီလို အသုံးစရိတ် ဆိုင်ရာ ဇယား တစ်ခု ရေးဆွဲထားခြင်း ဟာ ကောင်းမွန်တဲ့ လမ်းကြောင်း တစ်ခုအဖြစ် ထိရောက်မှု ရှိစေပါတယ်။

အဆင့် (၄) နေ့စဉ် အသုံးစရိတ် ကို သိအောင်လုပ်ပါ။
ဘယ်လောက် ဘဲ မိမိ တို့မှာ ကောင်းမွန် တဲ့ စီမံကိန်း ဇယားတွေ ဆွဲထားပါစေ လူတွေ မှာ အများအားဖြင့် အမြဲတမ်း အပိုဝယ် စရာဆိုတာ ကြုံတတ်ကြရပါတယ်။ ဥပမာ ကားဆီပြတ်သွားလို့ ဆီထည့်ရတာတွေ ၊ ဖိနပ်ပြတ်သွား လို့ ဖိနပ် အသစ် ဝယ်ရတာတွေ၊ လမ်းလျောက်သွားနေရင်း စတိုးဆိုင်ရှေ့ ဖြတ်လျောက် မိတဲ့အခါ လမ်းကြုံကော်ဖီ ဝင်ဝယ် မိတာမျိုး နဲ့ မမျော်လင့်ဘဲ ကုန်ကျရတဲ့ စရိတ်တွေရှိတတ်ကြပါတယ်။ 

ဒါ့အပြင် စိတ်အလို လိုက်ပြီး အကြိုက်တွေ့တိုင်း ဝယ်ယူခြင်း ကလည်း ရှိနေတတ် သလို ဒါတွေဟာ ဆုတွေ ယူနေသလို ပျော်စရာကောင်းပေမယ့် ပုံမှန် ဝယ်ဖြစ်လာရင်တော့ ဒါဟာ မိမိ တို့ရဲ့ ဘဏ္ဌာရေး ကို ထိ ခိုက်မှုဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် မိမိ တို့ရဲ့ နေ့စဉ် အသုံးစရိတ် ကို သိရှိပြီး မျတစွာ သုံးစွဲတတ် ဖို့လိုပါတယ်။ဥပမာ - မလိုအပ်ဘဲ မဝယ်ယူဘဲ တကယ်လိုအပ်လို့ ဝယ်ယူတာမျိုး ဖြစ်ဖို့လိုပါတယ်။
 
တိုင်ပင်ဆွေးနွေးခြင်းဖြင့် အကူအညီရယူပါ။
တကယ်လို့ သင့်မှာ မိမိရဲ့ ငွေကြေးအပေါ် ပုံမှန် စီမံခန့်ခွဲခြင်းဖြင့် ကြိုးစားဆောင်ရွက်ချက်တွေ ရှိနေပေ မယ့် သင့်မှာ အခက် အခဲ တစ်စုံ တစ်ရာ ရှိနေ ခဲ့လျင် မိမိ တို့ရဲ့ ရင်းနှီး ယုံကြည်ရာ မိသားစုဝင်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ ဆီမှာ အကြံဥာဏ်တောင်းခြင်းဖြင့် အကူအညီရယူပါ။

သင့်ရဲ့ မိတ်ဆွေ ၊ မိသားစုဝင်တွေ က သင့်ရဲ့ သုံးစွဲမှု အနေအထား ကို ကြည့်ပြီး ဘယ်ဟာ ကဖြင့် တကယ့် သုံးသင့် တယ်၊  မသုံး သင့်ဘူးဆိုတာ ထောက်ပြ အကြံပြုခြင်းဖြင့် အကူအညီ ရနိုင်ပါတယ်။

 ငွေကြေး ကို ဘယ်လိုစုဆောင်းနိုင်ကြမလဲ ။
သင်ဟာ တစ်နေ့အသုံးစရိတ် ကို တစ်နေ့ ထိန်းချုပ်မှု ရရှိလာတာနဲ့တစ်ပြိုင်နက် ငွေကြေးကို စုဆောာင်း ဖို့အစီ အစဉ် ဇယား တစ်ခု ကို ရေးဆွဲဖို့လိုလာပြီ။ 

ဥပမာ - DVD စက်တစ်လုံးကို ဝယ်ယူဖို့အတွက် ငွေစုဆောင်းထားခြင်း ၊ အားလပ်ရက်မှာ ခရီးထွက်ဖို့ အတွက် ငွေကြေး စုဆောင်း တာမျိုး ၊ မိမိ တို့ရဲ့ ကလေးတွေ ကို ကျောင်းသို့ပို့ပေးပြီး ရေရှည် စီမံကိန်း တစ်ခု အနေနဲ့ပညာရေးမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ငွေကြေးစုဆောင်းခြင်း ၊ ပင်စင် အနားယူတဲ့ အခါ သုံးစွဲဖို့ ငွေကြေးစုဆောင်းခြင်း။

ဒါတွေဟာ ငွေကြေး တစ်ခုကို အလုံအလောက် ရရှိဖို့အတွက် အချိန်ယူပြီး စုဆောင်းခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေး တစ်ခု ကို ဘယ်လို စုဆောင်းရမလဲ ဆိုတဲ့ လမ်းညွှန်ချက် အချို့ကို အောက် တွင်ဖော်ပြ ထားပါတယ်။

နည်းနည်းလေးစီ စုဆောင်းသွားပါ။- တစ်ကြိမ် မှာ နည်းနည်းလေးစီ ငွေ စုဆောင်းသွားခြင်း ဟာ စိုးရိမ်ကြောင့်ကြမှု နည်းစွာနဲ့ ပန်းတိုင် သို့ ရောက်ရှိနိုင်ပါတယ်။ တကယ်လို့ သင်ဟာ DVD စက် တစ်လုံး ကို ဒေါ်လာ ၁၂၀ နှင့် ဝယ်ယူချင်တယ် ဆိုပါစို့။ ဒါဟာ သင့်ရဲ့ လစဉ် အသုံးစရိတ် ထဲမှ တစ်လုံး တစ်ခဲ ထွက် သွားနိုင်တဲ့ အခြေအနေ မျိုးဖြစ်ပါတယ်။ 

ဒါကြောင့် ကြိုတင်ပြီး ပုံမှန် နည်းနည်း စီ စုဆောင်း ထားခြင်း ဖြင့် တစ်ခါတည်း တစ်နင့် တစ်ပိုးကုန်ကျ သွား မယ့် အခြေအနေမျိုး ကို ကျော်လွှားနိုင်ပါတယ်။

ဘဏ့် အကောင့်တစ်ခုဖွင့်ထားပါ။-သင့်ရဲ့ငွေကြေးတွေ ကို ဘဏ်မှာ သိမ်းထား လိုလျင် ဘဏ် အကောင့် တစ်ခု ဖွင့်ထားလိုက်ပါ။ ဥပမာ တစ်လကို ပုံမှန် အနေနဲ့ ၁ဝ ဒေါ်လာစီ ပေါ့ပေါ့ ပါးပါး စုဆောင်း ထားခြင်းဖြင့် ၂ နှစ်ကျော်လာတဲ့အခါ ဒေါ်လာ ၂၅၀ စုဆောင်းပြီး သွားဖြစ်ပါလိမ့်မယ်။

သင့် အနေနဲ့ တစ်လ ကို ၁၀ ဒေါ်လာ စုဆောင်းရခြင်း အပေါ် ခံစားချက် သက်ရောက်မှု မရှိပေမယ့် ၂ နှစ် အကြာမှာ စုဆောင်း သွားမိ တဲ့ ငွေကြေး ပမာဏ အပေါ်တွင်တော့ သက်ရောက်မှု အများကြီး ရရှိမှာပါ။

မိမိ ကိုယ်တိုင် မှ သဘောတူကြည်ဖြူစွာလုပ်ဆောင်ပါ။- ငွေကြေး သုံးစွဲခြင်း နှင့် ငွေကြေး စုဆောင်းခြင်း တို့ကို မျ တအောင်လုပ်ဆောင်ခြင်း ဟာ သင့်ရဲ့ စိတ်နှလုံး ကိုပျော်ရွှင်စေဖို့ အထောက်အကူဖြစ်စေ  ပါတယ်။ ဥပမာ နေ့တိုင်း သင်ဟာ ဆော်ဒါ တစ်ခွက် သောက်တယ် ဆိုလျင် သင့်ရဲ့ဝင်ငွေထဲ က လေးပုံ တစ်ပုံ ကို သင့် ရဲ့ ဘဏ် အကောင့်ထဲ ကိုသွင်းလိုက်ပါ။ 

 နေ့တိုင်း ရေခဲမုန့်စားဖြစ်တယ် ဆိုလျင် ရေခဲမုန့်တန်ဖိုးနှင့် ပမာဏ တူတဲ့ ငွေကြေး ကို ဘဏ်အကောင့်ထဲ သို့ထည့်လိုက်ပါ။

မမျော်လင့်ဘဲ ရရှိ လာတဲ့ငွေကြေး။-မမျော်လင့် ဘဲ ထီပေါက် သလို မျိုးငွေတွေ ဝင်လာခဲ့လျင် ၊ ဒါမှမဟုတ် အမွေတွေ ရရှိ လာတာမျိုး ကြုံလာ ခဲ့လျင် ဒီလိုငွေကြေးမျိုး ကို မှန်ကန်စွာဖြင့် လွတ်လွတ် လပ်လပ် သုံးစွဲနိုင် ပါတယ်။ 

တကယ်လို့ ဒီငွေကြေးတွေ ကို ပါ သင်က စုဆောင်း ထားချင်တယ် ဆိုလျင်တော့ ဒါဟာ သင့်အတွက် ပန်းတိုင် သို့ အမြန်ရောက်စေဖို့နည်းလမ်းဘဲဖြစ်ပါတယ်။


Credit to Original post owner
K.K(ကနောင်)

 နည်းစနစ်ကျကျအတွေးအခေါ်

No comments:

Post a Comment