Thursday, April 2, 2015

ဝင်းဦး ကိုတွေ့ ခြင်း


"ဝင်းဦးကိုတွေ့  ခြင်း
=================

၁၉၃၈ ခုနှစ်မှ ၁၉၇၄ ခုနှစ်အတွင်း ဆရာရေးသား ခဲ့သော ဆောင်းပါးအများစုအနက် ဗိုလ်တထောင် သတင်းစာပါ 'ပွင့်ပွင့်လင်းလင်းပြောပါရစေ' ကဏ္ဍမှ ဆောင်းပါးများနှင့် မြန်မာ့အလင်း၊ အိုးဝေ၊ သွေးသောက်၊ ရှုမဝစသည့် သတင်းစာ၊ မဂ္ဂဇင်းများမှ ဆောင်းပါးများအား အပတ်စဉ် စနေနေ့တိုင်း ဖော်ပြပေးမည်ဖြစ်ပါသည်။ ဆရာသိန်းဖေမြင့်၏ အလွှာစုံနယ်ပယ်စုံမှ လူပုဂ္ဂိုလ် အကြောင်းပြု အနုပညာမြောက်ရေးဖွဲ့မှုနှင့် 'မူ' အပေါ်အလေးအနက်ထားရေးသားထားမှုတို့ကို တည်းဖြတ် ခြင်းမပြုဘဲ မူရင်းအတိုင်း ဖတ်ရှု ရခြင်းဖြင့် လူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိစာပေ၏ သရုပ်သကန်ကိုသိရှိလိမ့်မည်ဟု ယုံကြည်ပါသည်။

သိန်းဖေမြင့်

မကြာမီက ကျွန်တော်တို့သတင်းစာမှာ အနီ (၁၉၅၆) ဆိုတဲ့ဆောင်းပါးရှင်က ''မောင်တို့ချယ်ရီမြေ'' ဇာတ်
ကားနှင့်ဇာတ်လိုက်ဝင်းဦးတို့ကိုပြင်းထန်စွာ ဝေဖန်ရှုတ်
ချလိုက်တယ်။

အယ်ဒီတာချုပ်လုပ်သူဟာ သတင်းစာထဲမှာပါသမျှ
အတွက်တာဝန်ယူရပေမယ့် တကယ်တော့ ပုံမနှိပ်ခင် 
အကုန်ကြိုတင်ဖတ်ခြင်း၊ တည်းဖြတ်ခြင်းပြုတာမဟုတ်
ဘူးဗျ။ ဒီတော့ အထက်ဖော်ပြပါ ဝေဖန်ရေးဆောင်း ပါးပါ
လာတော့မှသာ ဖတ်လိုက်မိတယ်။ ဖတ်ပြီးလျှင်ပြီးခြင်း
တယ်ပြင်းထန်တဲ့ဝေဖန်ရေးပါကလားလို့ မှတ်ချက်ချ
လိုက်မိပါတယ်။ကျွန်တော်တို့ မိတ်ဆွေအများအပြားနှင့်ဗိုလ်တထောင်ရဲ့ ဥပဒေရေးရာ အတိုင်ပင်ခံတို့ကလည်း တယ်လီဖုန်းနှင့်တစ်မျိုး၊ လူကိုယ်တိုင်တစ်မျိုး၊ ခင်ဗျားတို့ ဝေဖန်ရေး လွန်လွန်းတယ်ဗျို့လို့ ပြောကြပါတယ်။

ဝေဖန်သူအနီ (၁၉၅၆) ကစိတ်လိုက်မာန်ပါဝေဖန်
လိုက်တော့ အပြုသဘောမပါ။ ရှုတ်ချပြစ်တင်မှု သက်သက်
လိုဖြစ်နေတယ်။ သုံးနှုန်းလိုက်တဲ့စကားတွေကလည်း အင်မတန်ခါးသီးနေတာတွေ့ရတယ်။ အဲဒီဝေဖန်ရေးနှင့် 
မရှေးမနှောင်းဘဲရန်ကုန်မြို့မှ သတင်းထောက် ၆ဝ လောက်
က လည်း မောင်တို့ချယ်ရီမြေနှင့်  ဝင်းဦးတို့ကို ရှုတ်ချ
ကန့်ကွက်ကြတာတွေ့ရသေးတယ်။

ဒါနှင့် ကျွန်တော်ဟာ အနီ (၁၉၅၆) နှင့်အခြားလူငယ်
ကလောင်ရှင်တွေကို ဝေဖန်ရေးဆိုတာ ဘယ်လိုဖြစ်ထိုက်
တယ်လို့ အကြံပေးချင်တာက တစ်ကြောင်း၊ လူပြောများ
လှလို့စိတ်ဝင်စားလာတာက တစ်ကြောင်းကြောင့် မောင်
တို့ချယ်ရီမြေကို သွားကြည့်လိုက်တယ်ဗျ။

ကျွန်တော်တို့ရှက်လည်းရှက်ပါရဲ့။ ဝမ်းနည်းစွာဖြင့် ဝန်ခံလိုပါတယ်။ သည်လောက်နာမည်ကြီးလှတဲ့ ဝင်းဦးကို 
ရုပ်ရှင်ပိတ်ကားပေါ်မှာ တစ်ခါမျှ ယခင်ကမမြင်ဖူးသေး
ဘူးဗျ။ ဝင်းဦးရေးတဲ့ ဝတ္ထုဆိုတာလည်း တစ်ခါမျှ ယခင်က
မဖတ်ဖူးသေးဘူးဗျ။ ကျွန်တော့်ချွတ်ယွင်းချက်ပါပဲ။ မြန်မာ
ရုပ်ရှင်ကားဆိုလျှင် ဖိတ်ပြ တာတောင် မကြည့်ဖြစ်လှဘူး။

မောင်တို့ချယ်ရီမြေကို တာဝန်ဝတ္ထရားတစ်ခုအနေနှင့် သွားကြည့်တယ်။ ကျွန်တော်ကတော့ ဝင်းဦးကို စွဲသွား
တယ်။ ခင်သန်းနုကိုလည်းအတော်သဘောကျသွားတယ်။ 
ရုပ်ရှင်မှာ တွေ့လိုက်ရတဲ့ဝင်းဦးကို သဘောကျပြီးတဲ့
နောက် သူ့ဝတ္ထုတစ်ခုကိုရှာဖတ်တယ်။ ရှုမဝမဂ္ဂဇင်း
အဟောင်းမှာ နှစ်ယောက်ထဲနေချင် တယ်ဝတ္ထုတစ်ခုကို ကံအားလျော်စွာသွားတွေ့ရတယ်။ ဝင်းဦးဟာ ထူးထူး
ချွန်ချွန်အနုပညာမြောက် စွာရေးသားနိုင်တဲ့ စာရေး
ဆရာတစ်ဦးဖြစ်နေတာကိုလည်း တွေ့ရပြန်တယ်။ 

ကျွန်တော့်အနေနဲ့  ဖြင့်ထွက်သမျှ ဝတ္ထုတိုရှည်
မှာ ကဗျာများကို ဖတ်ရန်အင်မတန်ခဲယဉ်းပါတယ်။ ရံဖန်ရံခါ  နာမည်ကြီးလာတဲ့ စာရေးဆရာရဲ့လက်
ရာတစ်အုပ်အုပ်ဖြစ်စေ၊ ကောင်းလှပါသည်ဟု လူပြောများသောစာ တစ်ပုဒ်ပုဒ်ဖြစ်စေ ရှာဖွေဖတ်
ရှုရပါတယ်။ ခုတော့ ''မောင်တို့ချယ်ရီမြေ''ကြည့်
မိတဲ့ ကျေးဇူးကြောင့်ဝင်းဦး ရဲ့ ''နှစ်ယောက်ထဲနေ
ချင်တယ်'' ဝတ္ထုကို ဖတ်မိရပေတော့တယ်။

ကျွန်တော့်အခြေအနေကို'ဝင်းဦးကိုတွေ့ခြင်း'လို့ ဖော်ပြလျှင်အင်မတန်ဆီလျော်ပါတယ်။

ဝေဖန်ရေးသည် ရှုတ်ချပြစ်တင်ရေးမဖြစ်အပ်

'မောင်တို့ချယ်ရီမြေ' ဟာလေးနက်မှုရှိသော၊ ပညာပေးသော ဇာတ်ကားမဟုတ်ဘူး။ ပျော်စရာ၊ 
တစ်ခါ တစ်ခါတော့ လွမ်းဖွယ်၊ ကြေကွဲဖွယ်ရာ
ကောင်းတဲ့ ဖြေဖျော်ရေးအချစ်ဇာတ်ကားတစ်ခု
ဖြစ်တယ်။ ဖြေဖျော်ရေးသက်သက်အနေနှင့် ပြော
ရရင် အောင်မြင်တယ်လို့ပဲ ဆိုရမှာပဲ။

သို့ပေမယ့် လေးနက်မှုနှင့် ပညာပေးမှုမရှိတဲ့
အတွက် အဆင့်အတန်းမြင့်တဲ့ဇာတ်ကားစာရင်းထဲ သွင်းလို့တော့ ရမယ်မဟုတ်ဘူး။

ဒါတင်မကသေးဘူး။ ဇာတ်ကားအနေနှင့်ချွတ်ယွင်း
ချက်များရှိနေတယ်။ အထင်ရှားဆုံး ချွတ်ယွင်းချက် ကတော့ မေမြို့(ပြင်ဦးလွင်)အနီး ရှမ်းကုန်းပြင်မြင့်
တစ်ဝိုက်မှာ ခြံလုပ်ကိုင်စားသောက်နေကြတဲ့ လူမှု 
အဖွဲ့အစည်းနှင့်ခွင်မကျ၊ သဘာဝမကျတဲ့ နေမှုထိုင်မှု 
ဝတ်စားဆင်ယင်မှုဓလေ့ထုံးစံတွေ၊ အမျိုးသားဟန် 
လုံးဝပျောက်နေတဲ့ အနောက်တိုင်းမှ ကူးယူထားတဲ့အက၊ အပြ၊ အဆိုတွေဖြစ်တယ်။

သာမန်ချွတ်ယွင်းချက်လို့တောင် ဆိုရန်ခဲယဉ်းနေ 
တယ်။ ဘာကြောင့်လဲဆိုတော့ဘုန်း ကြီးနှင့်ဘီးဆိုတာလို မဆီလျော်မသင့်တော်တဲ့ ဇာတ်ကွက်ဇာတ်ကောင်နှင့် ဇာတ်မြင်ကွင်းထဲမှာ အနောက်တိုင်းမှ ကူးယူထား တဲ့ စားဝတ်နေထုံးစံဓလေ့တွေ၊ အဆို၊ အက၊အတီးတွေ 
ဇွတ်အတင်းထည့်ထားတဲ့အတွက်ကြောင့်ပါပဲ။ ဒီလို ဇွတ်
အတင်းထည့်ထားသူကထည့်ထားတော့ အနီ ၁၉၅၆ လို 
လူငယ်ကလောင်ရှင်များကလည်း ဇွတ်အတင်းရှုတ်ချ ပြစ်တင်တဲ့ အဖြစ်ရောက်ကုန်တယ်။

မောင်တို့ချယ်ရီမြေဟာ ဖြေဖျော်ရေးကားအနေနှင့် အောင်မြင်တယ်။ သို့သော်လေးနက်မှုနှင့်ပညာပေးမရှိ လို့ အဆင့်အတန်းမြင့်တဲ့ကား မဟုတ်ဘူး။ အနောက်တိုင်း
ယဉ်ကျေးမှုကို ဇွတ်အတင်းသဘာဝမကျဘဲ ထည့်သွင်း
ထားတဲ့ချွတ်ယွင်းချက်ကလည်းရှိတယ်။ ဒါပေမယ့် ဇာတ်
ဆောင်တွေဟာ အဲဒီအနုတ်လက္ခဏာ တွေကို ကျော်
လွှားပြီးအမှတ်တွေ အများကြီးရသွားကြတယ်။ ဝင်းဦးဟာ 
ဒါ့ကြောင့် ကျော်ပေတာပဲလို့ ကျွန်တော်သဘောပေါက်
မိတယ်။ ရုပ်ကလည်း ယောက်ျားပီသစွာချောပြီး အသံက
လည်းကောင်း၊ အဆိုကလည်း ကောင်းဖြစ်တယ်။ ကျွန်
တော်အထူးချီးကျူးမိတာကတော့ ဝင်းဦးဟာ သီချင်းဆိုတဲ့
အခါမှာ စကား တစ်လုံးစီ၊ တစ်လုံးစီနားလည်သဘော
ပေါက်သည့်တိုင် ရှင်းလင်းပြတ်သားခြင်းဖြစ်တယ်။ ကျွန်
တော့်အဖို့ ခင်သန်းနုကိုလည်းပထမဆုံးကြည့်ရခြင်းပါပဲ။ အတော်ပဲ သယ်နိုင်တာတွေ့ရတယ်။ သန်းနွဲ့ကတော့ ဒီကားမှာ သူတင်လိုက်တဲ့ပုံစံကိုသူ့သဘောတောင်သူချိုး
နိုင်ဖို့ပင် ခဲယဉ်းမယ်ထင်တယ်။

ဒီဇာတ်ကားကြည့်ပြီး အခြား သတင်းစာမှ အယ်ဒီတာ
ကြီးအချို့နှင့် ကျွန်တော်ဆွေးနွေးမိတယ်။ အထက်ပါ 
ကျွန်တော့်အထင်မြင်ချက်များနှင့် တစ်ထပ်တည်းထင်မြင် ချက်ပေးကြတယ်။ ပြီးတော့ 'ဘာကြောင့်သတင်းထောက်
တွေကကန့်ကွက်ကြတာလဲ' လို့စဉ်းစားကြတယ်။ တစ်နေ
ရာမှာ သတင်း ထောက်တွေကို ဝေဖန်ထားတာပါတယ်။ ဒါတွေကို မခံမရပ်နိုင်ဖြစ်လောက်အောင်အကြောင်းမရှိဘူးလို့  သဘောရကြတယ်။
စာအုပ်ဖြစ်ဖြစ်၊ရုပ်ရှင်ဖြစ်ဖြစ်ဝေဖန်တဲ့အခါမှာ ရှုတ်ချ
ခြင်း၊ ကဲ့ရဲ့ခြင်းမဖြစ်ထိုက်ဘူး။ ဝေဖန်ရေးဟာ-

(၁) စာဖတ်ပရိသတ်၊ သို့မဟုတ် ရုပ်ရှင်ကြည့် ပရိတ်သတ်
ကို ဖတ်တတ်အောင်၊ကြည့်တတ်အောင် လမ်းညွှန် ခြင်း၊ ပညာပေးခြင်းဖြစ်ရမယ်။

(၂) အကောင်းအဆိုး၊ အကျိုးအပြစ် ဒွန်တွဲနေသည်သာ 
များတဲ့အတွက် အကောင်းနှင့်အကျိုးတို့ကို မြှင့်တင်
ပေးပြီး အဆိုးနှင့်အပြစ်ကို ပြုပြင်ဖွပ်လျော်ပေးရမယ်။ 
အဆိုးနှင့် အပြစ်ကိုပြင်ဆင်နိုင်အောင်ကူညီတဲ့ သ
ဘောဖြစ်ရမယ်။ဒါမှ အပြုသဘောဝေဖန်ရေးဖြစ်မယ်။

(၃) ပုဂ္ဂိုလ်ရေး အာဃာတဖြင့် နစ်နာသွားအောင်ဝေဖန် ခြင်းမျိုး၊ မဖြစ်စေအပ်ဘူး။

(၄) ဝေဖန်ရေးဆိုတဲ့ တာဝန်ကို လေးနက်စွာ ခံယူရမယ်။ ဝေ
ဖန်ရေးဟာ အမျိုးသားစာပေ၊ အမျိုးသား ရုပ်ရှင်စ
သည်ဖြင့် အမျိုးသားယဉ်ကျေးမှုကိုပြုစုကြရာမှာ ဝိုင်း
ဝန်းပြီးတာဝန်ယူရခြင်းဖြစ်ကြောင်း သတိထားကြ
စေလိုတယ်ဗျ။"
၁၉၃၈ ခုနှစ် မှ ၁၉၇၄ ခုနှစ် အတွင်း ဆရာရေးသား ခဲ့သော ဆောင်းပါး အများစု အနက် ဗိုလ်တထောင် သတင်းစာ ပါ 'ပွင့်ပွင့် လင်းလင်းပြောပါရစေ' ကဏ္ဍမှ ဆောင်းပါး များနှင့် မြန်မာ့ အလင်း၊ အိုးဝေ၊  သွေးသောက် ၊ ရှုမဝ စသည့် သတင်းစာ၊ မဂ္ဂဇင်းများမှ ဆောင်းပါးများ အား အပတ်စဉ် စနေနေ့ တိုင်း ဖော်ပြပေးမည်ဖြစ်ပါသည်။ 

ဆရာ သိန်းဖေမြင့် ၏ အလွှာစုံ နယ်ပယ်စုံ မှ လူပုဂ္ဂိုလ် အကြောင်းပြု  အနုပညာမြောက်ရေးဖွဲ့မှုနှင့် 'မူ' အပေါ်အလေးအနက် ထားရေးသားထားမှု တို့ကို တည်းဖြတ် ခြင်းမပြုဘဲ မူရင်း အတိုင်း ဖတ်ရှု ရခြင်းဖြင့် လူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိစာပေ ၏ သရုပ်သကန်ကို သိရှိလိမ့်မည်ဟု ယုံကြည်ပါသည်။

သိန်းဖေမြင့်

မကြာမီက ကျွန်တော်တို့ သတင်းစာ မှာ အနီ (၁၉၅၆) ဆိုတဲ့ဆောင်းပါးရှင် က ''မောင်တို့ ချယ်ရီမြေ'' ဇာတ်
ကားနှင့် ဇာတ်လိုက် ဝင်းဦး တို့ကိုပြင်းထန်စွာ ဝေဖန်ရှုတ် ချလိုက်တယ်။


အယ်ဒီတာချုပ် လုပ်သူဟာ သတင်းစာထဲမှာ ပါသမျှ အတွက် တာဝန် ယူရပေမယ့် တကယ်တော့ ပုံမနှိပ်ခင်
အကုန်ကြိုတင် ဖတ်ခြင်း၊ တည်းဖြတ်ခြင်းပြုတာ မဟုတ် ဘူးဗျ။ ဒီတော့ အထက်ဖော်ပြပါ ဝေဖန်ရေးဆောင်း ပါးပါ လာတော့မှသာ ဖတ်လိုက် မိတယ်။ 


ဖတ်ပြီးလျှင် ပြီးခြင်း တယ်ပြင်းထန်တဲ့ဝေဖန်ရေး ပါကလား လို့ မှတ်ချက်ချ လိုက်မိပါတယ်။ ကျွန်တော်တို့ မိတ်ဆွေ အများအပြားနှင့် ဗိုလ်တထောင် ရဲ့ ဥပဒေရေးရာ အတိုင်ပင်ခံ တို့ကလည်း တယ်လီဖုန်းနှင့် တစ်မျိုး၊ လူကိုယ်တိုင် တစ်မျိုး၊ ခင်ဗျား တို့ ဝေဖန်ရေး လွန်လွန်းတယ်ဗျို့လို့ ပြောကြပါတယ်။


 ဝေဖန်သူ အနီ (၁၉၅၆) က စိတ်လိုက် မာန်ပါဝေဖန် လိုက်တော့ အပြုသဘော မပါ။ ရှုတ်ချပြစ်တင်မှု သက် သက် လိုဖြစ်နေတယ်။ သုံးနှုန်းလိုက်တဲ့ စကားတွေ ကလည်း အင်မတန် ခါးသီးနေတာတွေ့ရတယ်။ 

အဲဒီဝေဖန်ရေးနှင့်  မရှေး မနှောင်းဘဲ ရန်ကုန်မြို့ မှ သတင်းထောက် ၆ဝ လောက် က လည်း မောင်တို့ ချယ်ရီမြေနှင့် ဝင်းဦး တို့ကို ရှုတ်ချ ကန့်ကွက်ကြတာတွေ့ရသေးတယ်။

ဒါနှင့် ကျွန်တော် ဟာ အနီ (၁၉၅၆) နှင့် အခြားလူငယ် ကလောင်ရှင်တွေ ကို ဝေဖန်ရေး ဆိုတာ ဘယ် လိုဖြစ် ထိုက် တယ်လို့ အကြံပေးချင်တာ က တစ်ကြောင်း၊ လူပြောများ လှလို့ စိတ်ဝင်စားလာတာက တစ်ကြောင်းကြောင့် မောင် တို့ချယ်ရီမြေ ကို သွားကြည့်လိုက်တယ် ဗျ။

ကျွန်တော်တို့ ရှက်လည်း ရှက်ပါရဲ့။ ဝမ်းနည်းစွာဖြင့် ဝန်ခံလို ပါတယ်။ သည်လောက် နာမည်ကြီး လှတဲ့ ဝင်းဦး ကို  ရုပ်ရှင်ပိတ်ကားပေါ် မှာ တစ်ခါမျှ ယခင်က မမြင်ဖူးသေး ဘူးဗျ။ ဝင်းဦးရေး တဲ့ ဝတ္ထု ဆိုတာလည်း တစ်ခါမျှ  ယခင်က မဖတ်ဖူးသေးဘူးဗျ။ ကျွန်တော့်ချွတ်ယွင်းချက် ပါပဲ။

 မြန်မာ ရုပ်ရှင်ကား ဆိုလျှင် ဖိတ်ပြ တာတောင် မကြည့်ဖြစ်လှဘူး။ မောင်တို့ချယ်ရီမြေ ကို တာဝန် ဝတ္ထရား တစ်ခု အနေနှင့် သွားကြည့်တယ်။ ကျွန်တော် ကတော့ ဝင်းဦး ကို စွဲသွား တယ်။ ခင်သန်းနု ကိုလည်း အတော် သဘောကျသွားတယ်။  ရုပ်ရှင်မှာ တွေ့လိုက်ရတဲ့ ဝင်းဦး ကို သဘောကျပြီးတဲ့ နောက် သူ့ ဝတ္ထု တစ်ခုကို ရှာဖတ်တယ်။ 

ရှုမဝမဂ္ဂဇင်း အဟောင်းမှာ နှစ်ယောက်ထဲနေချင် တယ် ဝတ္ထုတစ်ခု ကို ကံအားလျော်စွာ သွားတွေ့ရတယ်။ ဝင်းဦး ဟာ ထူးထူး ချွန်ချွန် အနုပညာမြောက် စွာရေးသားနိုင်တဲ့ စာရေး ဆရာ တစ်ဦးဖြစ်နေတာကို လည်း တွေ့ရပြန်တယ်။ ကျွန်တော့်အနေ နဲ့ ဖြင့် ထွက်သမျှ ဝတ္ထု တိုရှည် မှာ ကဗျာများ ကို ဖတ်ရန် အင်မတန် ခဲယဉ်းပါတယ်။ 

ရံဖန်ရံခါ နာမည်ကြီး လာတဲ့ စာရေးဆရာ ရဲ့လက် ရာ တစ်အုပ် အုပ်ဖြစ်စေ၊ ကောင်းလှပါသည် ဟု လူပြော များသော စာ တစ်ပုဒ် ပုဒ်ဖြစ်စေ ရှာဖွေဖတ် ရှုရပါတယ်။ ခုတော့ ''မောင်တို့ချယ်ရီမြေ''ကြည့် မိတဲ့ ကျေး ဇူးကြောင့် ဝင်းဦး ရဲ့ ''နှစ်ယောက်ထဲနေ ချင်တယ်'' ဝတ္ထုကို ဖတ်မိ ရပေတော့တယ်။

ကျွန်တော့် အခြေအနေ ကို'ဝင်းဦးကိုတွေ့ခြင်း'လို့ ဖော်ပြလျှင် အင်မတန်ဆီလျော်ပါတယ်။ ဝေဖန်ရေး သည် ရှုတ်ချပြစ်တင်ရေး မဖြစ်အပ်

'မောင်တို့ချယ်ရီမြေ' ဟာလေးနက်မှုရှိသော၊ ပညာပေးသော ဇာတ်ကား မဟုတ်ဘူး။ ပျော်စရာ၊ တစ်ခါ တစ် ခါတော့ လွမ်းဖွယ်၊ ကြေကွဲဖွယ်ရာ ကောင်းတဲ့ ဖြေဖျော်ရေး အချစ်ဇာတ်ကား တစ်ခု ဖြစ်တယ်။ ဖြေဖျော်ရေး သက်သက် အနေနှင့် ပြော ရရင် အောင်မြင်တယ် လို့ပဲ ဆိုရမှာပဲ။

သို့ပေမယ့် လေးနက်မှုနှင့် ပညာပေးမှု မရှိတဲ့ အတွက် အဆင့် အတန်းမြင့်တဲ့ ဇာတ်ကားစာရင်း ထဲ သွင်း လို့တော့ ရမယ် မဟုတ်ဘူး။ ဒါတင် မကသေးဘူး။ ဇာတ်ကား အနေနှင့် ချွတ်ယွင်း ချက်များ ရှိနေတယ်။ 

အထင် ရှားဆုံး ချွတ်ယွင်းချက် ကတော့ မေမြို့(ပြင်ဦးလွင်) အနီး ရှမ်းကုန်းပြင်မြင့် တစ်ဝိုက် မှာ ခြံလုပ်ကိုင် စားသောက်နေကြတဲ့ လူမှု  အဖွဲ့အစည်းနှင့် ခွင်မကျ၊ သဘာဝ မကျတဲ့ နေမှုထိုင်မှု  ဝတ်စား ဆင်ယင်မှု ဓလေ့ ထုံးစံတွေ၊ အမျိုးသားဟန်  လုံးဝပျောက်နေ တဲ့ အနောက်တိုင်း မှ ကူးယူ ထားတဲ့ အက၊ အပြ၊ အဆိုတွေဖြစ် တယ်။

သာမန် ချွတ်ယွင်းချက် လို့တောင် ဆိုရန် ခဲယဉ်းနေ  တယ်။ ဘာကြောင့်လဲ ဆိုတော့ဘုန်း ကြီးနှင့် ဘီး ဆိုတာ လို မဆီလျော် မသင့်တော်တဲ့ ဇာတ်ကွက် ဇာတ်ကောင်နှင့် ဇာတ်မြင်ကွင်း ထဲမှာ အနောက်တိုင်း မှ ကူးယူ ထား တဲ့ စားဝတ်နေမှု ထုံးစံ ဓလေ့တွေ၊ အဆို၊ အက၊ အတီးတွေ  ဇွတ် အတင်းထည့်ထားတဲ့ အတွက်ကြောင့် ပါပဲ။ 

ဒီလို ဇွတ် အတင်းထည့်ထားသူ က ထည့်ထားတော့ အနီ ၁၉၅၆ လို  လူငယ် ကလောင်ရှင်များ ကလည်း ဇွတ်အတင်း ရှုတ်ချ ပြစ်တင်တဲ့ အဖြစ်ရောက်ကုန်တယ်။

 မောင်တို့ချယ်ရီမြေ ဟာ ဖြေဖျော်ရေးကား အနေနှင့် အောင်မြင်တယ်။ သို့သော်လေးနက်မှုနှင့် ပညာပေးမရှိ လို့ အဆင့်အတန်းမြင့်တဲ့ ကား မဟုတ်ဘူး။ အနောက်တိုင်း ယဉ်ကျေးမှု ကို ဇွတ်အတင်း သဘာဝ မကျဘဲ ထည့်သွင်း ထားတဲ့ ချွတ်ယွင်းချက် ကလည်းရှိတယ်။ ဒါပေမယ့် ဇာတ် ဆောင်တွေ ဟာ အဲဒီ အနုတ် လက္ခဏာ တွေ ကို ကျော် လွှားပြီး အမှတ်တွေ အများကြီး ရသွားကြတယ်။ 

ဝင်းဦး ဟာ  ဒါ့ကြောင့် ကျော်ပေတာပဲ လို့ ကျွန်တော် သဘောပေါက် မိတယ်။ ရုပ် ကလည်း ယောက်ျား ပီသစွာချောပြီး အသံက လည်းကောင်း၊ အဆို ကလည်း ကောင်းဖြစ်တယ်။ ကျွန် တော် အထူး ချီးကျူးမိတာ ကတော့ ဝင်းဦး ဟာ သီချင်း ဆိုတဲ့ အခါ မှာ စကား တစ်လုံး စီ၊ တစ်လုံးစီ နားလည် သဘော ပေါက်သည့် တိုင် ရှင်းလင်းပြတ်သားခြင်းဖြစ်တယ်။ 

ကျွန်တော့် အဖို့ ခင်သန်းနု ကိုလည်း ပထမဆုံးကြည့်ရခြင်း ပါပဲ။ အတော် ပဲ သယ်နိုင်တာတွေ့ရတယ်။ သန်းနွဲ့ကတော့ ဒီကား မှာ သူတင် လိုက်တဲ့ ပုံစံကို သူ့ သဘောတောင် သူချိုး နိုင်ဖို့ပင် ခဲယဉ်းမယ် ထင် တယ်။

ဒီ ဇာတ်ကားကြည့်ပြီး အခြား သတင်းစာမှ အယ်ဒီတာ ကြီးအချို့နှင့် ကျွန်တော်ဆွေးနွေးမိတယ်။ အထက်ပါ
ကျွန်တော့် အထင်မြင်ချက်များနှင့် တစ်ထပ်တည်း ထင်မြင် ချက်ပေးကြတယ်။ ပြီးတော့ 'ဘာကြောင့် သတင်းထောက်တွေ က ကန့်ကွက်ကြတာလဲ' လို့စဉ်းစားကြတယ်။ တစ်နေ ရာမှာ သတင်း ထောက်တွေ ကို ဝေဖန် ထားတာပါတယ်။ ဒါတွေ ကို မခံ မရပ်နိုင်ဖြစ်လောက်အောင် အကြောင်းမရှိ ဘူးလို့ သဘော ရကြတယ်။
 

စာအုပ်ဖြစ်ဖြစ်၊ ရုပ်ရှင်ဖြစ်ဖြစ်ဝေဖန်တဲ့ အခါမှာ ရှုတ်ချ ခြင်း၊ ကဲ့ရဲ့ခြင်းမဖြစ်ထိုက် ဘူး။ ဝေဖန်ရေးဟာ-

(၁) စာဖတ်ပရိသတ်၊ သို့မဟုတ် ရုပ်ရှင်ကြည့် ပရိတ်သတ် ကို ဖတ် တတ်အောင်၊ကြည့်တတ်အောင် လမ်းညွှန် ခြင်း၊ ပညာပေးခြင်းဖြစ်ရမယ်။

(၂) အကောင်းအဆိုး၊ အကျိုးအပြစ် ဒွန်တွဲနေသည် သာ  များတဲ့ အတွက် အကောင်းနှင့် အကျိုး တို့ကို မြှင့်တင်
ပေးပြီး အဆိုးနှင့်အပြစ်ကို ပြုပြင်ဖွပ်လျော်ပေးရမယ်။  အဆိုးနှင့် အပြစ်ကိုပြင်ဆင်နိုင်အောင် ကူညီ တဲ့ သ
ဘောဖြစ်ရမယ်။ ဒါမှ အပြုသဘောဝေဖန်ရေးဖြစ်မယ်။


(၃) ပုဂ္ဂိုလ်ရေး အာဃာတဖြင့် နစ်နာ သွားအောင်ဝေဖန် ခြင်းမျိုး၊ မဖြစ်စေအပ်ဘူး။

(၄) ဝေဖန်ရေး ဆိုတဲ့ တာဝန် ကို လေးနက်စွာ ခံယူရမယ်။ ဝေ ဖန်ရေးဟာ အမျိုးသားစာပေ၊ အမျိုးသား ရုပ်ရှင်စ သည်ဖြင့် အမျိုးသား ယဉ်ကျေးမှု ကိုပြုစုကြရာ မှာ ဝိုင်း ဝန်းပြီး တာဝန် ယူရခြင်းဖြစ်ကြောင်း သတိ ထားကြစေလိုတယ်ဗျ။



No comments:

Post a Comment