Friday, April 3, 2015

Double Cap ကားများ ကျပ် သိန်းတစ်ရာ ခန့် ဈေးကျဖွယ် ရှိ

Double Cap ကားတစ်စီး ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)


တံခါးနှစ်ပေါက်ပါ Double Cap ကားများ ဆိပ်ကမ်း အရောက် တန်ဖိုး စီအိုင်အက်ဖ်ပြောင်းလဲ သတ်မှတ် လိုက်ခြင်းကြောင့် အဆိုပါကားများ၏ ဈေးနှုန်းမှာ ကျပ်သိန်းတစ်ရာခန့် ဈေးကျမည်ဖြစ်ကြောင်း ကားတင် သွင်းသူ လုပ်ငန်းရှင်များ ကပြောသည်။

တံခါးနှစ်ပေါက်ပါ Double Cap ကားများ၏ ကုန်သွယ်ခွန်ကို ၂၅ ရာခိုင်နှုန်းပေးဆောင်နေရာ မှ ယခု စီအိုင်အက်ဖ် တန်ဖိုး သစ်တွင် ၅ ရာခိုင်နှုန်းသာ ရှိတော့သဖြင့် ယခင် ကျပ်သိန်း သုံးရာ ၀န်းကျင်ရှိ ကားများ ၏ ဈေးနှုန်းမှာ သိန်း ၂၀၀ ၀န်းကျင်ဖြင့် ၀ယ်ယူ စီးနင်းနိုင်တော့မည် ဖြစ်သည်။

ယခင်က ၂၀၁၃ Ford SVT Raptor ကားတစ်စီးလျှင် ကျပ် ၂၂၅ သိန်း ကျသင့်ရာမှ ယခုသိန်း ၁၄၀ ကျော်ဖြင့် ၀ယ်ယူ စီးနင်းနိုင် တော့မည်ဖြစ်ကြောင်း District Trading ကုမ္ပဏီ မန်နေဂျင်းဒါ ရိုက်တာ ကိုတင်ထွဋ် က ရှင်းပြ သည်။

ထို့အပြင် Toyota Tundra Cadillac Escalade EXT ကားများမှာလည်း ကျပ်သိန်း တစ်ရာကျော် အတွင်း ကျဆင်း သွားနိုင်ကြောင်း ၎င်းက ဆိုသည်။


ယခင်က ဆိပ်ကမ်းအရောက် စီအိုင်အက်ဖ် တန်ဖိုး များကို စီးပွား ကူးသန်းဝန်ကြီးဌာန က တိုက်ရိုက် သတ်မှတ် ထုတ်ပြန်ပေးနေသော် လည်း ယခုနှစ်မှ စတင်ပြီး အ ကောက်ခွန် ဦးစီးဌာနက ပြောင်းလဲ သတ် မှတ် ထုတ်ပြန်ပေးလိုက် သောကြောင့် ယခုကဲ့သို့ တွက် ချက်သည့် တန်ဖိုးပုံစံများပြောင်း လဲကာ ဈေးနှုန်းများ ကျဆင်းလာ ခြင်းဖြစ်သည်ဟု ကားတင်သွင်းသူများက သုံးသပ်သည်။

‘‘ရှင်းရှင်းလေးပဲ အစိုးရက ကားတင်သွင်းတဲ့ အပေါ်မှာ အခွန် တွေ ထပ်လျှော့ရင် ဈေးတွေထပ် ကျမယ်’’ တစ်နိုင် တစ်ပိုင်ကား တင်သွင်းသူ ကိုမြတ်မင်းစိုး က ဆို သည်။

ကားတင်သွင်းသူ အများစု က ယခု Double Cap များ ၏ စီအိုင်အက်ဖ်များ ပြောင်းလဲသွား ခြင်းကြောင့် ထပ် မံပြီး အိမ်စီးကား သေးများ ၏ စီအိုင်အက်ဖ် လည်း လျော့ကျလာနိုင်ကြောင်း ခန့်မှန်း ပြောဆိုနေကြသည်။

ရန်ကုန်တွင် လက်ရှိစီအိုင် အက်ဖ်နှုန်းထားပြောင်းလဲလိုက် ခြင်းကြောင့် ဈေးကျ လာသည့် Double Cap ကား များကို Brand New အရောင်းပြခန်းများ ဖြစ် သည့်ဖို့ဒ်၊ ချက်ဗလက်၊ တိုယိုတာ အရောင်းပြခန်းများတွင် အများ ဆုံးရောင်းချနေပြီး အဆိုပါကား များ၏ ဈေးနှုန်းများ ကျဆင်းလာ နိုင်မည် ဖြစ်ကြောင်း သိရသည်။

သို့သော် လတ်တလောတွင် စီအိုင်အက်ဖ်ဈေးနှုန်း အပြောင်း အလဲကြောင့် ဈေးနှုန်း ကျဆင်းနိုင် သော်လည်း အမေရိကန်ဒေါ်လာ ဈေး ဆက်တိုက်မြင့်တက်နေမှုနှင့် အခြား အထွေထွေ ကုန်ကျစရိတ် များကြောင့် ဈေးကို အများဆုံး လျှော့ချ၍ ရောင်းချနိုင်ဦးမည် မ ဟုတ်ကြောင်း Brand New ကား အရောင်းပြခန်း ပိုင်ရှင် အချို့က ဆိုသည်။

From...7Day Daily

 http://www.7daydaily.com/story/35001#.VR4Wx45iW1s
 


No comments:

Post a Comment