Wednesday, April 29, 2015

မိသားစု ရှိတဲ့ သူတိုင်း ကိုယ့် မိသားစု ကို အချိန်ပေးဖို့ မမေ့ပါနဲ့.

Mg Thiha's photo.


 ကလေး တစ်ယောက် ကို ချီဖို့ အချိန် ( ၆ ) လပဲရှိတယ် ။
အဲ့ဒီ နောက်ပိုင်း သူ့ဟာ သူ တွားသွား လိမ့်မယ်။


ကလေး တစ်ယောက် ကို ချီဖို့ အချိန် ( ၁ ) နှစ်ပဲ ရှိတယ် ။
အဲ့ဒီ နောက်ပိုင်း သူ့ဟာသူ လမ်းလျှောက်လိမ့်မယ်။


ကလေး တစ်ယောက် ကို အချိန်ကြာကြာ ဖက်ဖို့ အချိန် ( ၂ ) နှစ် ပဲ ရှိတယ် ။
အဲ့ဒီ နောက်ပိုင်း သူတို့ ကို အချိန် အကြာကြီး အဖက် မခံတော့ဘူး။


ကလေး တစ်ယောက် နဲ့ အိမ်မှာ အချိန် တော်တော်ကြာကြာနေဖို့ အချိန် (၁၀ ) နှစ် ပဲရှိတယ် ။
အဲ့ဒီ နောက်ပိုင်း သင့် ထက် စာရင် သူတို့ သူငယ်ချင်း နဲ့ ပဲနေရတာ ပိုနှစ်သက်လိမ့်မယ်။




ကလေး တစ်ယောက်ကို ( ၁၅ ) နှစ် အထိ ပဲ ကိုယ်ဖိ ရင်ဖိ ဂရုစိုက်ပေးလို့ ရမှာ ။
အဲ့ဒီ နောက်ပိုင်း သူတို့ကို အရမ်း ဂရုစိုက်ရင် တင်းကျပ်တယ် ထင်ချင် ထင်နေလိမ့်မယ်။


ကလေး တစ်ယောက် ကို အနှစ် ( ၂၀ ) လောက် ပဲ တွေ့ချင် တွေ့ရ လိမ့်မယ် ။
တချို့က အဝေးမှာ အိမ်ထောင်ကျပြီး ခွဲနေရ သလို ကိုယ့်ရဲ့သက်တမ်း လဲ ရှိချင်မှ ရှိမယ် ။
ဘယ်သူမှကြို  မသိနိုင်ဘူး။


မိသားစု ရှိတဲ့ သူတိုင်း ကိုယ့် မိသားစုကို အချိန်ပေးဖို့ မမေ့ပါနဲ့ ။
လူ့ဘဝ က အချိန် တိုတယ် ။ ရှိတဲ့ အချိန်လေးမှာ ပျော်ရွှင်စွာ နေနိုင်ကြပါစေ။



Credit to: Cartoon Kyaw Thu Yein
 Mg Thiha feeling thankful
 From... World Myanmar

 

No comments:

Post a Comment