Thursday, April 16, 2015

IC Show ပွဲ Gran Royal ဆီက စပွန်ဆာ မယူဘဲ ဝင်ကြေးနဲ့ တင်ဆက်

 MG 6015 copy

ရန်ကုန် (မဇ္ဈိမ) ။ ။ လေးနှစ် ဆက်တိုက် ကန်တော်ကြီး အတွင်း Grand Royal ၏ စပွန်ဆာဖြင့် သင်္ကြန် မဏ္ဍပ်ဆောက် ကာ ပရိတ်သတ်များ အား ဖျော်ဖြေပေးခဲ့သော် လည်း ယခု ငါးနှစ်မြောက်နှစ် တွင် Grand Royal ထံမှ စပွန်ဆာ မယူတော့ဘဲ Iron Cross အဖွဲ့ကို ဖိတ်ကြားကာ ပန်းခြံ ဝင်ကြေးသာ ကောက်ခံ၍ အခမဲ့ဖျော်ဖြေ ခဲ့သည် ဟု ပွဲစီစဉ်သှူStar and Model agncy တည်ထောင်သူ ဂျွန်လွင် က မဇ္ဈိမကို ပြောသည်။

"ဒီနှစ် ကတော့ Grand Royal စပွန်ဆာ နဲ့ မဟုတ်ပါဘူး။ ကျွန်တော် တို့ Iron Cross ရဲ့ စင်တင်ဖျော်ဖြေမှု နဲ့ ဝင်ကြေး နဲ့ပဲ လုပ်တာပါ။ ပထမတော့ ဝင်ကြေးက ၅၀၀ကောက် မလို့ အခု ကတော့ ပန်းခြံ က ဝင်ကြေးက ၃၀၀ပဲ ကောက်ခွင့်ရှိတယ် ဆိုလို့ ကျွန်တော်တို့ ဝင်ကြေး အနေနဲ့ က တော်တော် ထိခိုက်သွားပါတယ်" ဟု ပြောသည်။

 ကန်တော်ကြီး ဝင်ကြေး ကို ပုံမှန် လူကြီး ၃၀၀၊ ကလေး ၂၀၀ ကောက်ခံလေ့ ရှိသော်လည်း ၂၀၁၄ခုနှစ် သင်္ကြန် ကာလ ကမူ လူကြီး ၅၀၀၊ ကလေး ၂၀၀နှင့် ကား ဝင်ကြေး ၁၀၀၀ ကောက်ခံခဲ့သည်။ ၂၀၁၅ ခုနှစ်တွင်မူ ဝင်ကြေး ပုံမှန်သာ ကောက်ခံသည်ကို တွေ့ရသည်။


 
ကန်တော်ကြီး မျှော်စင်ကျွန်း အတွင်း Iron Cross အဖွဲ့ က သင်္ကြန်တွင်း လေးရက် လုံး တနေကုန် သီဆိုဖျော်ဖြေ မည်ဖြစ်ပြီး ပရိတ်သတ် များကလည်း သင်္ကြန် အကြို၊ အကျ နှစ်ရက် တွင် ကျွန်း တစ်ကွင်းလုံး အပြည့် လာရောက် အားပေးခဲ့သည်။

ပွဲ စီစဉ်သူ ဂျွန်လွင် က ယခု  ရှိသည့် စတိတ်စင် တစ်ခုအပြင် လာရောက်ကြည့်ရှုသူများ အတွက် ဒီဂျေ စင် နှင့် ရေပက်စင် ကိုပါ ထားရှိ ရန် စီစဉ်ထားသော်လည်း ခွင့်ပြုချက် မရခဲ့ဟု ဆိုသည်။

"အဓိက ကျွန်တော်တို့ ပေးချင်တာကတော့ Music နဲ့ ရေတွေ နဲ့ သင်္ကြန်ကို မြူးမြူးကြွကြွ ဖြတ် သန်းစေချင် တာပေါ့နော်။ ဒါပေမယ့် ဒီနှစ် ကျွန်တော်တို့ ပါမစ်လျှောက်တဲ့ အထဲ မှာ ရေပက်စင် နဲ့ ဒီဂျေစင် နဲ့ ထည့် ပြီး ဆောက် ခွင့် မရှိတာပေါ့။ ဒါပေမယ့် ဒီမဏ္ဍပ်ရှေ့ မှာ မြူးဇစ်တွေ နဲ့ ဒီဂျေတွေ နဲ့ ရေတွေ နဲ့ လုပ်ပြီး ပရိတ် သတ်တွေ ပျော်ပါတယ်" ဟု မဇ္ဈိမ ကို ပြောသည်။

Grand Royal သည် ၂၀၁၄ ခုနှစ် သင်္ကြန် အကြိုနေ့ က ထိုင်း မှ အက အဖွဲ့ကို ငှားရမ်းဖျော်ဖြေ ခဲ့ရာ ထိုအက အဖွဲ့၏ ဝတ်စား ဆင်ယင်မှု သည် မြန်မာ့ ရိုးရာ ဓလေ့ ထုံးတမ်းနှင့် ဆန့်ကျင်နေ၍ ဝေဖန်မှု ခံခဲ့ရသလို မဏ္ဍပ် ကိုလည်း နာမည်ပျက် စာရင်း သွင်းခံ ခဲ့ရသည်။ 

၂၀၁၅ ခုနှစ်တွင် မူ ထိုမဏ္ဍပ် တွင် ခြေမျက်စိ မှ လည်ပင်း အဆုံး လုံခြုံစွာ ဝတ်ဆင် ဖျော်ဖြေမည်ဟု ဂျွန်လွင် က မဇ္ဈိမ ကို ပြောထားသည်။

Written by  မဇ္ဈိမ 
 From... http://www.searchmyanmar.com/link/frame/cid/49200

No comments:

Post a Comment