Thursday, April 23, 2015

နှပ်ဆေးရည် များ ကို ကွမ်းယာ ၌ ထည့်သွင်း စားသုံးခြင်းကြောင့် ကျန်းမာရေး ချို့တဲ့သူ ယခုနှစ်တွင် ပိုမိုများပြား လာ ဟုဆို


Lwin Oo's photo.

 မြန်မာနိုင်ငံ ၌ လူကြီး၊ လူငယ် အများစု သည် ကွမ်းစားလေ့ ရှိသူများ ဖြစ်ကြသည်။
ထိုသို့ ကွမ်း ကို စွဲလမ်း စွာ စားသုံးသည့် အခါ ထုံး၊ ကွမ်းသီး၊ ဆေး စသည့် မိရိုးဖလာ ကွမ်း စားသုံးခြင်း မဟုတ် ဘဲ နှပ်ဆေး အရည် များကိုပါ ထည့်သွင်း စားသုံးခြင်းများ ပြုလာ ခဲ့ကြသည်။

ထို့ကြောင့် နှပ်ဆေးရည်ဖြင့် ကွမ်းယာ စားသုံးသူ အချို့ မှာ အစာအိမ် အူလမ်းကြောင်း ရောဂါများ ရရှိ ပြီး ဆေးဝါး ကုသမှု ခံယူ ရသူ ပိုမိုများပြား လာခဲ့ကြောင်း ပုဂ္ဂလိ က အထူးကု ဆေးရုံကြီးများရှိ အထူးကု ဆရာဝန်ကြီး များ၏ ပြောပြချက်များ အရ သိရသည်။

ကွမ်းကို နှပ်ဆေးရည်ဖြင့် ရေရှည် စွဲ၍ စားသုံး မိပါက အစာအိမ် အူလမ်းကြောင်း ကင်ဆာဖြစ်ပေါ် စေနိုင်ကြောင်း အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာ အထူးကု ဆရာဝန်ကြီး တစ်ဦး ကလည်း ပြောကြားခဲ့သည်။

ကွမ်းစား နှပ်ဆေးရည် များကို ရေရှည် စားသုံး မိခြင်းကြောင့် အစာအိမ် အူလမ်းကြောင်း အတွင်း ကင်ဆာဖြစ်၍ ဆေးဝါး ကုသမှု ခံရသူ များစွာ ရှိခဲ့ရာ ၃၅ ရာခိုင်နှုန်း သာလျှင် အသက်ရှင် ကျန်းမာပြီး ကျန် ၆၅ ရာခိုင်နှုန်း မှာ သက်တမ်းစေ့ နေထိုင်ရခြင်း မရှိကြောင်း စောင့်ကြည့်လေ့လာ နေသူများ၏ မှတ်တမ်းအရ သိရသည်။


 
အဆိုပါ ကွမ်းစား နှပ်ဆေး ရည် များသည် သဘာဝ မဟုတ်သော အနံ့ အသက်များနှင့် သဘာဝ မဟုတ်သော အချို အရသာ ဓာတ် များကို ရောစပ် ထုတ်လုပ် ထားရာ ဓာတုဗေဒ ဒြပ်ပေါင်း အချို့ ပါဝင်လျက် ရှိနေသည်ကို စမ်းသပ် တွေ့ရှိရကြောင်း၊ 

၎င်းဒြပ်ပေါင်းစု များသည် လူ ၏ ကိုယ်ခန္ဓာ အတွင်းပိုင်းရှိ ကိုယ်တွင်း ကလီစာ အစိတ် အပိုင်း များကို ချေ ဖျက်နိုင် သည့် ဒြပ်ပေါင်းစု များ ပါဝင်ကြောင်း၊ ယင်းကြောင့် ပါးစောင်ကင်ဆာ၊ လည်ချောင်း ကင်ဆာနှင့် အူလမ်းကြောင်း ကင်ဆာ စသည်ဖြင့် ဖြစ်ပွားရကြောင်း သုတေသန စာတမ်းများ အရ သိရသည်။

ကွမ်းစား နှပ်ဆေးရည် ဖော်စပ် ရာတွင် အဓိက မရှိမဖြစ် အခြေခံ ကုန်ကြမ်း လိုအပ်ချက် မှာ ဆေးရွက် ကြီး ဖြစ်သည်။ 

၎င်းဆေးရွက်ကြီး ၏ ရုက္ခဗေဒ အမည်ရင်း မှာ နီကိုရှားနား တေဗကန် (Nicotianna Tabacuum) ဟု သိရပြီး ဆိုလင်းနေးစီး (Solanaceae) ခရမ်း မျိုးရင်းဝင် အပင်တစ်မျိုး ဖြစ်သည်။

၎င်း၏ မူလ သဘောအရ အဆိပ် အတောက် များကို ပယ်စေနိုင်သော သတ္တိ ရှိသော်လည်း ဓာတုဗေဒ ဒြပ်ပေါင်း များနှင့် ရောစပ် သုံးစွဲခြင်းကြောင့် လူ ၏ ကျန်းမာရေးကို ထိခိုက်စေခြင်း ဖြစ်သည်။

အဆိုပါ ကွမ်းစားနှပ်ဆေးရည် များကို စားသုံး မိခြင်းကြောင့် ဘေးထွက် ဆိုးကျိုး ရောဂါလက္ခဏာ များ ကို ပြည်သူ့ ကျန်းမာရေး ဌာနနှင့် ပြန်ကြားရေး ဌာနတို့မှ ပြည်သူများ သိရှိစေရန် ကျန်းမာရေး အသိ ပညာ ပေးခြင်း များအား မကြာခဏ ထုတ်လွှင့်ပြသလေ့ ရှိသော်လည်း သက်ဆိုင်ရာ အစား အသောက်နှင့် ဆေးဝါးများ ကြီးကြပ်ရေး အဖွဲ့များမှလည်း စိစစ် ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိကြောင်း သိရသည်။


 မြဝတီ

No comments:

Post a Comment