Saturday, August 24, 2013

DESKTOP PC တစ်လုံး ၀ယ်တော့မယ် ဆိုရင်


DESKTOP PC တစ်လုံး ၀ယ်တော့မယ် ဆိုရင် (ARTICLE)

 



Laptop ကို အသုံး ပြုသူ အများ စုရဲ့ ရည်ရွယ် ချက်ဟာ အလုပ် လုပ်ဖို့ နဲ့ ဂိမ်းကစား ဖို့အတွက် ဘယ်နေရာ ကို မဆို သယ်သွား လို့ ရနိုင်အောင် ဖြစ်ပါတယ်။ ဒါပေမဲ့ စွမ်းဆောင်မှု ကောင်းတဲ့ Laptop တွေဟာ ဈေးကြီး တတ် သလို နောက်ဆုံးပေါ် ဂိမ်းတွေ ၊ ဒါမှ မဟုတ် ဗွီဒီယို တည်းဖြတ် မှု နဲ့ Graphics ပိုင်း တွေ မှာ မနိုင်တာ မျိုးတွေ ဖြစ်တတ် ပါတယ်။ ဒါကြောင့် Desktop PC ကို ပြောင်းသုံး ချင်လာ တတ်ကြ ပါတယ်။
 ယနေ့ ခေတ်မှာ Desktop တွေ ဟာ စွမ်းဆောင် မှု အပြည့် အ၀ ပေးနိုင် တဲ့ အပြင် စတိုင် ကျပြီး နေရာ လည်း သိပ်မယူ တော့ပါဘူး။ အခု မှ စပြီး ကွန်ပျူတာ ကို သုံးမယ့် သူတွေဟာ  Desktop တစ် လုံး ၀ယ်ဖို့ အတွက် အနည်းဆုံး ဒီအချက် တွေကို သိထားသင့် ပါတယ်။

 

Processor
 

Processor ဆိုတာ PC တစ်လုံး ရဲ့ အင်ဂျင် လို့ ဆိုနိုင် ပါတယ်။ မြန်ဆန်ပြီး စွမ်းဆောင်မှု ပြည့် ၀ တဲ့ Processor ဟာ သင့်ရဲ့ ကွန်ပျူတာ ကို အချိန် တို အတွင်း မှာ အလုပ် တွေကို လျင် လျင် မြန်မြန်နဲ့ ပြီးစေ ပါတယ်။ 

Intel’s Core Processor တွေဟာ အခြေခံ အားဖြင့် သုံးမျိုး ခွဲခြား ထားပါတယ်။ အဲဒါတွေ ကတော့ i3, i5, i7 တို့ ဖြစ်ပြီး သာမန်၊ ပိုကောင်း တာနဲ့ အကောင်းဆုံး ဆိုပြီး ခွဲခြားထား တာပါ။ 

Core i3 Processor ကိုတော့ လုပ်ငန်း သုံးဖို့ နဲ့ Entry-level System တွေ မှာ အသုံး ပြုတတ် ကြပါ တယ်။ 

Core i7 ကိုတော့ High-end PCs တွေ အတွက် သုံးပြီး Core i5 ကတော့ သာမန် အလယ် အလတ် တန်းစားတွေ မှာ အသုံးပြု ပါတယ်။ Basic computing အတွက် ဆိုရင်တော့ Core i3 ဒါမှ မဟုတ် Core i5 တို့ ကို အသုံး ပြုရင် အဆင် ပြေပေမယ့် တကယ်တမ်း စွမ်းဆောင်မှု အပြည့် အ၀ သုံးဖို့ လိုတာမျိုး ဒါမှ မဟုတ် Advanced Gaming တွေမှာ ဆိုရင်တော့ Core i7 ကို အသုံး ပြုသင့် ပါတယ်။
 


Memory(RAM)
 

Processor ဟာ PC တစ်လုံး ရဲ့ အင်ဂျင် ဆိုရင် Memory ဟာ လောင်စာ ဆီ တစ်ခု ဖြစ်မှာပါ။ သင့်ရဲ့ Desktop PC မှာ Application အမျိုးမျိုး ကို ဖွင့်မယ် ဆိုရင် Memory ကနေ တစ်ဆင့် တင်ပေး ရတဲ့ အတွက် သူဟာ လည်း အရေးပါ ပါတယ်။

 Memory အရွယ် အစားပေါ် မူတည် ပြီး သင့်ရဲ့ PC ဟာ မတူညီ တဲ့ Application ဘယ်လောက် ကို တစ်ချိန် တည်း မှာ ပြရ မလဲ ဆိုတာ ကို တွက်ချက် နိုင်မှာ ဖြစ်ပြီး Overall Performance ဟာလည်း Memory ပေါ်မှာ မှီခိုနေ ပါတယ်။
 

လက်ရှိ အချိန် မှာတော့ RAM 4GB ဆိုတာ အနည်း ဆုံး ဖြစ်ပြီး Gigabyte ပိုများလေ၊ လုပ်ငန်း များများ ကို ပိုလုပ်ပေး နိုင်လေ ဖြစ်ပါတယ်။ ဓာတ်ပုံ၊ ဗွီဒီယို၊ 3D ရုပ်ပုံ တွေနဲ့ ပတ်သက်တဲ့ တည်းဖြတ်တာ အစ ရှိတဲ့ လုပ်ငန်းမျိုး တွေကို လုပ်မယ် ဆိုရင်တော့ အနည်းဆုံး Memory 8GB လောက်ကို အသုံး ပြုမှ အဆင် ပြေပြေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ 

တကယ် လို့များ သင်ဟာ Memory 4GB ထက် များတာ ကို သုံးဖို့ လိုတယ် ဆိုရင်တော့ သင် အသုံး ပြုမယ့် Windows Version ဟာ 64-bit ဖြစ်ဖို့ လိုပါတယ်။
 

Expandability
 

Desktop PC တွေ ရဲ့ အားသာချက် တစ်ခု ကတော့ သုံးရတာ ပိုအဆင် ပြေစေဖို့ အတွက် အစိတ် အပိုင်း တွေ ကို ထပ်ထည့် တာ လဲတာ မျိုးတွေ လုပ်လို့ ရတာ ဖြစ်ပါတယ်။ အရွယ် အစား ပိုကြီးတဲ့ Tower Case တွေ မှာ အကန့်တွေ ပိုများ တဲ့ အတွက် Hard Drives, DVD Drives, Graphics Card နဲ့ တခြား အစိတ် အပိုင်း တွေကို စိတ်ကြိုက် ထည့်ဖို့ ပိုအဆင် ပြေစေ ပါတယ်။
 

တကယ်လို့ သင့် ရဲ့ Tower Case ဟာ အသေးစား ဒါမှ မဟုတ် All-in-one အမျိုး အစား ဖြစ် ပြီး Expand လုပ်ဖို့ အတွက် လိုအပ် တဲ့ Port တွေ ရှိမယ် ဆိုရင်တော့ External Device တွေ ကို ပေါင်း ထည့် ပြီးတော့ Capabilities မြှင့်လို့ ရပါတယ်။

 USB, Thunderbolt, Firewire, HDMI နဲ့ တခြား Port တွေဟာ တခြား External Hard Drive တွေ ဖြစ်တဲ့ External Hard Drives, Webcams အစ ရှိတာ တွေကို ချိတ်ဆက် ပေးနိုင် မှာ ဖြစ်ပါတယ်။
 



Reference: Pcworld.com
Credit :  http://itnews.credowave.com

                             
 မောင်ဝါသနာ မှ မျှဝေဖေါ်ပြသည်...


No comments:

Post a Comment