Saturday, August 17, 2013

အင်တာနက် ၀က်ဘ်ဆိုက် တွင် ဆဲဆိုမှု များကို ရုရှား ၌ တားဆီး သွားမည်




ရုရှားနိုင်ငံ ရှိ အင်တာနက် ၀က်ဘ်ဆိုက် များ အတွင်း ရိုင်းပျသော အရေးအသားများနှင့် ဆဲဆိုမှုများကို တားဆီးသွားနိုင်ရန် ရုရှားအစိုးရက စီစဉ် ဆောင်ရွက်လျက် ရှိသည်။ 

ထိုသို့ ပြုလုပ်ရခြင်းမှာ ကလေးသူငယ်များအား မနှစ်မြို့ဖွယ် အမူအကျင့်များ ကူးစက်သွားမည်ကို စိုးရိမ်သောကြောင့် ရုရှားနိုင်ငံရှိ ၀က်ဘ်ဆိုက်များအတွင်း ဆဲဆိုသော စကားလုံးများ ပါရှိလာ ပါက ထိုဝက်ဘ်ဆိုက်ကို တားဆီး အရေးယူသွားမည် ဟု အစိုးရ ထိပ်တန်းအရာရှိ တစ်ဦးဖြစ်သူ ယီလီနာမစ်ဇူလီနာက ထုတ်ဖော် ပြောကြားခဲ့သည်။ 

အင်္ဂလိပ် ဘာသာဖြင့် အသုံးပြုသော အင်တာနက်ဝက်ဘ်ဆိုက်များ အတွင်း အသုံးပြုသူများ သည် ရုရှား ဘာသာ အပါအ၀င် နိုင်ငံ အတွင်း အသုံးပြုမှူ အများဆုံး ဖြစ်သော ဘာသာလေးမျိုး အဖြစ် ဆဲဆိုသော ရေးသားပြောဆိုမှုများ ပါဝင်လာပါ က ထိုဝက်ဘ်ဆိုက် ကို ၂၄ နာရီအတွင်း ပိတ်ပစ်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ 


 
ရုရှားအစိုးရ၏ ထိုသို့ ကန့်သတ်မှုအပေါ် ကမ္ဘာ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့် အဖွဲ့က အပြင်းအထန် ဝေဖန်ခဲ့ပြီး ထိုလုပ်ရပ်သည် ဒေသတွင်းရှိ နိုင်ငံရေး သဘောထား ကွဲလွဲ မှု များကို တားဆီးပိတ်ပင်မှု တစ်ခုသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

သို့ရာတွင် မော်စကိုမြို့ ဥပဒေရေးရာ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ဆာဂျီဆီမာနော့ဗ် ကမူ ထိုသို့ တားမြစ်မှုသည် လူ့အခွင့်အရေး လွတ်လပ်မှုကို ထိန်းချုပ် ခြင်းမဟုတ်ဘဲ လူငယ်လူရွယ်များ အနေဖြင့် လူ့အဖွဲ့အစည်းအတွင်း မလိုလားအပ်သော ရိုင်းပျမှု ဓလေ့ထုံးတမ်း အစဉ်အလာများ ယဉ်ပါးလာမည်ကို စိုးရိမ်သောကြောင့် ယင်းသို့ တားဆီးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
                         

 Swe Sone Media Group မှ မျှဝေဖေါ်ပြသည် 

No comments:

Post a Comment