Monday, August 5, 2013

အိမ်တွင်းဖြစ် သဘာဝ အကိုက် အခဲပျောက်ဆေး များ



ဂျင်း

သူက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံးသင့်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ ကတော့ နားကိုက်တာကို ပျောက်ကင်းစေပါတယ်။ နားကိုက် ဝေဒနာ ခံစားရ သူ များ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက် ကင်းစေပါတယ်။ 
 ကြက်သွန်ဆီ ဆိုလို့ အခြား မဟုတ်ပါဘူး။ သံလွှင်ဆီ သန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီး အအေး ခန်း ထဲထည့်ရင် ကြက်သွန်ဆီ ရပါတယ်။

လေးညှင်းပွင့်

သွားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ လေးညှင်းပွင့်ခြောက်မှုန့် နဲ့ သွားတိုက်ခြင်းက ကိုက်ခဲမှု ပျောက်ကင်းစေပါတယ်။

ပင်စိမ်းရွက်/ ပက်ပါမင့်ရွက်

Peppermint လို့ခေါ်တဲ့ အရွက် တစ်မျိုးက မြန်မာခေါ် ပင်စိမ်းရွက် နဲ့ နီးစပ်ပါတယ်။ သူ့မှ ရတဲ့ ဆီကလည်း ကြွက်သား နာကျင်ကိုက်ခဲမှုကို ပျောက်ကွင်း စေပါတယ်။

စပျစ်သီး

စပျစ်သီး တစ်ခိုင်စာ နေ့စဉ် စားသုံးသူများ အနေနဲ့ ကျောရိုးတစ်လျှောက် ဆက်စပ်တဲ့ ရောဂါ များ ကို ပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိထားကြ ပါတယ်။



နာနတ်သီး

နာနတ်သီး က အစာအိပ် နာတာတို့၊ ဗိုက်ကြွက်သား နာကျင်မှုတို့ ကို ပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။

ချယ်ရီသီး

ချယ်ရီသီး ကတော့ ဦးခေါင်း ကိုက်ဝေဒနာ ကို ပျောက်ကင်းစေပါတယ်။

ခရမ်းချဉ်သီး

ခါးအောက်ပိုင်း အကြော၊ ကြွက်သား နာကျင်မှုကို ပျောက်ကင်း စေပါတယ်။ ခရမ်းချဉ်သီးဖျော် ရည် နေ့စဉ် စားသုံးခြင်းဖြင့် ခြေထောက် ကိုက်ခဲတာတို့၊ ထုံကျင်တဲ့ ဖြစ်လေ့ဖြစ်ထ ကို ပျောက် ကင်းစေပါတယ်။




International news for myanmar
ဦးဇော် သိသမျှ မျှဝေရာ

No comments:

Post a Comment