Saturday, August 24, 2013

၂၃ ဒေါ်လာဖြင့် ရောင်းစား ခံရသော မိန်းမ


 
သူမအမည်က ‘ခင်’ ဖြစ်သည်။ ပထမဦးဆုံး ယောက်ျား အရက်သမားက စွန့်ပစ်ခြင်း ခံခဲ့ရ သည်။ နောက်တစ်ယောက် ထပ်ယူပြန်တော့လည်း ညှဉ်းပန်း နှိပ်စက်တတ်သည့် အရက် သမား ဖြစ်နြေ ပန် သည်။ ထို အချိန်တွင် အိမ်နီးချင်းတစ်ဦးက သူမကို အလုပ်လာပြီး ကမ်း လှမ်း သည်။
 

ခင့်အသက်က ၃၃ နှစ်သာ ရှိသေးသည်။ မူလတန်း ပြီးအောင်ပင် ပညာမသင်ကြားခဲ့ရသဖြင့် အတွေးအမြင်ကလည်း မြင့်မားလှသည် မဟုတ်။ မူဆယ်မြို့တွင် အိမ်ဖော် လုပ်ရမည်ဟူသည့် ကမ်းလှမ်းချက်ကို စွန့်စားပြီး လက်ခံလိုက်သည်။
 

သို့ဖြင့် အရက်သမား ခင်ပွန်းနှင့် မန္တလေးကို စွန့်ပြီး သမီးလေးကို ခေါ်ကာ အိမ်နီးချင်းနှင့်အတူ မူဆယ် သို့ သူတို့ထွက်ခဲ့ကြသည်။ နောက်တစ်ရက် မနက်တွင် သူမ ယာယီနိုင်ငံကူးလက်မှတ် တစ်စောင် ကို ရခဲ့သည်။ ထိုလက်မှတ်က သူ့အတွက် ထူးဆန်းနေသည်။ မကြာမီ သူတို့ကို တရုတ်နယ်စပ် သို့ ခေါ်သွားသည်။ သူမ ကို ခေါ်လာသည့် သူအား တရုတ် တစ်ယောက် က ငွေ၂၀,၀၀၀ ကျပ် ပေးနေသည် ကို တွေ့လိုက်ရသည်။
 

ကျွန်မက ခင့်ကို ရောင်းစားလိုက်ခြင်းကို သိပါသလားဟု မေးလိုက်သည်။ သူမက “သိတော့ သိတယ် ။ ဒါပေမဲ့ ဘာလုပ်ရမှန်းလဲ မသိဘူး” ဟုပြန်ပြောသည်။ ခင်က ကျွန်မကို စကားပြန်က တစ် ဆင့် ဖုန်းဖြင့် ပြန်ပြော ပြနေခြင်း ဖြစ်သည်။

 နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) က လူကုန်ကူးခြင်း သည် အလုပ်အကိုင်များကို အမှားပြောပြီး ဆွယ်တရားဟော စည်းရုံး ကာ နောက် ဆုံး တွင် လိင်ကျွန် သို့မဟုတ် အခိုင်း အစေ များ ဘဝဖြင့်သာ အဆုံးသတ်ရလေ့ ရှိကြောင်း ပြောကြားထားသည်။
 


World Vision မှ လူကုန်ကူးမှု ကျွမ်းကျင်ပညာရှင် မယ်လီဆာစတီးဝပ် က“ပရမ်းပတာ ရာဇဝတ်မှု ” ဟု လူကုန်ကူးမှု ကို အမည်တပ် ထားသည်။ လူကုန်ကူးခြင်း ဆိုသည်မှာ စွန့်စား လု ပ်ဆောင် ရသည့် တရားမဝင် လုပ်ငန်းတစ်ခု ဖြစ်ပြီး တိတ်တိတ်ပုန်း လုပ်ဆောင်လေ့ ရှိသောကြောင့် လူမသိ သူမသိ ကိစ္စများ ဖြစ်သွားရခြင်းက များသည်။ 

လိင်ကုန်ကူးမှုမျိုး တွင်လည်း အခြားရာဇဝတ်မှု များကဲ့သို့ အုပ်စုဖွဲ့ ကျူးလွန်ခြင်း မဟုတ် သည့် အတွက် တိတ်တဆိတ် လုပ်ဆောင်လေ့ ရှိသောကြောင့် လက်သည်မပေါ်သည်က များ သည် ။၂၀၁၁ ခုနှစ် တွင် မြန်မာနိုင်ငံ၌ တရားဝင် ထုတ်ပြန်ချက်အရ လူကုန်ကူးမှု ၁၇၇ မှုသာ ရှိကြောင်း အမေရိကန် အစိုးရ ၂၀၁၂ ခုနှစ် လူကုန်ကူးမှု အစီရင်ခံစာအရ သိရသည်။ 

 ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု၏ ၆၉ ရာခိုင်နှုန်းသည် အမျိုးသမီးများကို တရုတ်ပြည်တွင် အတင်း အဓမ္မ လက်ထပ်ရန် ခိုင်းစေမှုများ ဖြစ်ကြောင်းလည်း တွေ့ရသည်။ တရုတ်ပြည် ပြည်သူ့ လုံခြုံရေးနှင့် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး တပ်ဖွဲ့မှ ညွှန်ကြားရေးမှူး က လည်း နိုင်ငံခြား မှ အမျိုးသမီးများကို တရုတ်ပြည် အတွင်းသို့ တင်ပို့ခြင်း မှာ မြင့် မားနေကြောင်း ပြော ကြားချက် က သက်သေခံနေသည်။

တစ်နာရီခွဲလောက် ဘတ်စ်ကား မောင်းလာပြီးနောက် တရုတ်ပိုင်နက် အတွင်းသို့ ခင်တို့ ရောက်လာကြသည်။ ဘယ်ရောက်၍ ဘယ်ပေါက်မှန်းမသိ၊ တည်းခိုခန်း တစ်ခု သို့ ရောက်သော အခါ သူမကို တရုတ်ငွေ ၂၀၀၀ ဖြင့် ထပ်မံရောင်းချခဲ့ပြန်သည်။ ထို တည်းခို ခန်း တွင် သူမ ကို ညနေခင်းတိုင်း လူတွေ လာကြည့်ကြမှ နည်းနည်း သဘောပေါက် လာ သည်။ 

ခင်က “သူတို့က ကျွန်မကို တိရစ္ဆာန် တစ်ကောင်လို ဆက်ဆံကြတယ်” ဟုဆိုသည်။ အမျိုးသမီး ပွဲစား က သူမကို မျက်စိအောက်က အပျောက်မခံတော့။ သူတို့ကို အာခံ လျှင် ထောင် ချ ပစ်မည်ဟု ခြိမ်းခြောက်ကြသည်။ နောက်ဆုံး တွင် ခင့်ကို တရုတ်ပြည် ရှန်ဒေါင်း နယ် ပွဲ စား တစ်ယောက် ထံ လွှဲပြောင်း ပေးလိုက်ပြန်သည်။ ထို ခုနစ်ရက်ခရီးကို မထွက်မီ သူမ သမီးလေး ကို သူမနှင့် ခွဲထားလိုက်သည်။
 

“သူတို့က ကလေးကိုခေါ်သွားရင် ကျွန်မကို ရောင်းစားလို့ မရတော့ဘူးလို့ ပြောကြတယ်။ သူတို့ က သမီးလေးကို မန္တလေးကို ပြန်ပို့ပေးမယ်လို့ ပြောကြတယ်” ဟု ခင်က ပြန်ပြောပြသည်။ သူမတွင် အခြားရွေးချယ် စရာ မရှိတော့သဖြင့် မန္တလေးလိပ်စာကို သူတို့ အား ရေးပေး လိုက် သည်။ စိတ်နှလုံး ကြေကွဲ စွာဖြင့် သမီးလေးကို ထားခဲ့ရသည်။
 
တစ်လလောက် ခင်တစ်ယောက် မစားနိုင်မသောက်နိုင် ဖြစ်သွားခဲ့သည်။“ရူးမတတ် ခံစားရ တယ်။ ကျွန်မမှာ အားလုံး ဆုံးရှုံးသွားသလို ခံစားလိုက်ရတယ်” ဟု သူမကဆိုသည်။ ရှန်ဒေါင်း က ပွဲစား သည် တစ်လခန့် အကြာတွင် လူတစ်ယောက်ကို ခေါ်လာသည်။ ထိုသူက အရပ်ပုပု၊ အသား အရေက ဖြူဖြူ ဖြစ်သည်။ 

သူမကို သူနှင့် လက်ထပ်မည်လားဟု မေးမြန်းခြင်း ခံရသည်။ လက်ရှိ အနေအထား တွင် ထောင် ချ သလို အထားခံရခြင်းထက် လက်ထပ်လိုက်ရတာမှ ကောင်းသေးသည်ဟု ထိုတည်း ခိုခန်း တွင် ရောက်နေသည့် အခြား အမျိုးသမီးတစ်ဦးက တိုက်တွန်းသည်။
 

ခင်သည် မကြာမီ ယောက်ျားရသွားသည်။ သူ့အမည်က ကျင်ဇီဂျန်း ဖြစ်သည်။ အသက် ၂၀ ခန့် ရှိပြီး စက်ရုံအလုပ်သမား တစ်ယောက်လည်း ဖြစ်သည်။ တိုင်းပြည် အတွင်း ရှိ မှောင် ခိုဈေး ကွက်နှင့် နိုင်ငံခြား သတို့သမီး ရှာဖွေရေးကတစ်ဆင့် သူကခင့်ကို ရှာဖွေတွေ့ ရှိ ခဲ့ခြင်း ဖြစ် သည်။
 
တရုတ်ပြည်တွင် ယောက်ျားလေး ၁၀၈ ဦးမွေးတိုင်း မိန်းကလေး ၁၀၀ နှုန်း ဖြစ်နေ သဖြင့် ယော က်ျားနှင့် မိန်းမအချိုး မမျှတမှု ရှိနေသည်။ ထို့ပြင် တရုတ်ပြည်တွင် မိသားစု တစ်စု ကလေး တစ်ယောက်နှုန်းသာ ယူရသဖြင့် မိန်းကလေး ရှားပါးမှုကို မကု စားနိုင်ဘဲ ဖြစ်နေ ခဲ့သည် မှာ ကာလကြာခဲ့ပြီ ဖြစ်သည်။
 

တရုတ် ယောက်ျားလေးတိုင်း၏ အိပ်မက်တွင် အိမ်ထောင်ပြုလိုကြသည်။ နေစရာအိမ်၊ ကားနှင့် လစာ ကောင်း သည့် အလုပ်အကိုင်များ ရှိလိုကြခြင်းမှာ အမြင့်ဆုံး ဖြစ်သည်။ တရုတ်ရိုးရာ အရ လည်း ထိမ်းမြားလက်ထပ်ခြင်းနှင့် သားသမီးများ ယူခြင်းသည် ဘဝအထွတ်အထိပ် ဖြစ်သည်။
 
ပထမတစ်ပတ်တွင် သူမရောက်နေသည့် အိမ်သစ်မှာ ပျင်းစရာ ကောင်းလှသည်။ သူတို့ ဘာ သာ စကား ကို မတတ်သဖြင့် ပိုဆိုးသည်။ သို့သော် သူတို့စကား အနည်းငယ်ကို မကြာ မီ လေ့ကျက်မိလာသည်။ ဇီဂျန်းကလည်း သူမကို မိသားစု ယာမြေအတွင်း မည်သို့ လုပ်ဆောင် ရမည်ကို ပြသပေးသည်။ ထိုယာထဲတွင် ခင်သည် ပြောင်းနှင့် ဆန်စပါးများကို စိုက်ပျိုး ရသည်။ သူမချက်ပြုတ်သည့် မြန်မာဟင်းကို တရုတ်က မစားတတ်သဖြင့် သူမ တစ်ဦး တည်းသာ ညစာ ကိုစားရသည်။ 

သူက မိဘအိမ်တွင် စားလာသည်က များသည်။ ဇီဂျန်းသည် သဘောကောင်းပြီး ကြင်နာတတ် ကာ သူမ ကို အလိုလိုက်သော်လည်း စိတ်ပျက်လာသည်။ သူမစိတ်ထဲတွင် အိမ်သို့ သာ ပြန် လိုသည်။ တရုတ်ပြည်တွင် ခြောက်နှစ် ကြာနေပြီးနောက် အိမ်သို့ ပြန်လည်ရန်လည်း မပြောရဲ သဖြင့် ထွက်ပြေးရန်သာ စိတ်ထဲတွင် အမြဲရှိနေသည်။
 

သူမနေထိုင် သည့် ကျေးရွာအနီး ဈေးထဲတွင် မြန်မာအမျိုးသမီး ခြောက်ဦးနှင့် သိကျွမ်းပြီး တစ်ယောက် အိမ်တစ်ယောက် လည်ပတ်ခဲ့ကြသည်။ ခင်က ဤနေရာတွင် အသက်ရှင် ရပ် တည် ရန်ရုန်းကန် နေထိုင်ရခြင်းထက် မြန်မာနိုင်ငံတွင် နေထိုင်လျှင် ကောင်းမည်ကို ဆွေးနွေး တိုင်ပင် ခဲ့ကြသည်။ 
သူတို့ထွက်ပြေးရန် တိုင်ပင်ကြရာ တစ်ယောက်သာ သူမနှင့် အတူလိုက်မည်ဟု ပြောဆိုခဲ့သည်။
NGO တွင် အလုပ်လုပ်နေသူတစ်ဦး၏ ပြောကြားချက်အရ တရုတ်ပြည် အတွင်းသို့ ထွက်ပြေး လာကြသည့် အမျိုးသမီးများတွင် လွတ်လမ်း နှစ်လမ်းသာရှိသည်။ ကိုယ်တိုင် ထွက်ပြေး၍ ကံကောင်းပြီး လွတ်ချင်လည်း လွတ်နိုင်မည်၊ သို့မဟုတ် အဖမ်း ခံပြီး နိုင်ငံ အတွင်း က နှင် ထုတ်ခြင်း ခံသည့် နည်းလမ်းများ ဖြစ်သည်။

 

ခင်တစ်ယောက် တရုတ်ပြည်မှ ထွက်ပြေးရန် ကြိုးစားစဉ်တွင် သူမတွင် တရုတ်နှင့် ရထားသော အသက်တစ်နှစ်အရွယ် ကလေးတစ်ယောက် ရနေပြီ ဖြစ်သည်။ ကလေးအမည်ကို လုံးထွေး ဟု ပေး ထား သည်။ တစ်ရက် နေ့လယ်ခင်းအချိန် တရုတ်ယောက်ျား အလုပ်သွားချိန်၌ သူမ တိတ် တဆိတ် ခိုးစုထားသည့် တရုတ်ငွေ ၅၀၀၀ ကိုယူပြီး သားကိုခေါ်ကာ အိမ်မှ ထွက်ပြေး ခဲ့သည်။

ရထားတစ်တန်၊ ကားတစ်လှည့်ဖြင့် တရုတ်ပြည်ကို ဖြတ်ကျော်ခဲ့ရသော ခုနစ်ရက်ခရီးသည် သူမ အတွက် ပင်ပန်းခက်ခဲလှသည်။ နောက်ဆုံး တရုတ်-မြန်မာနယ်စပ်သို့ ရောက်လာခဲ့သည်။ သူမမွေးရပ်မြေသို့ပြန်ရောက်ပြီးသူ့ကိုသေပြီဟု ထင်ထားခဲ့သော ဆွေးမျိုးများ ကလည်း ပြန်တွေ့ လိုက် ရ သဖြင့် ထိတ်လန့်တုန်လှုပ် သွားခဲ့ကြသည်။ အချို့ဆိုလျှင် သူမကို မှတ်တောင် မမှတ် မိကြတော့ပေ။
World Vision တွင် တာဝန်ထမ်းဆောင်နေသော NGO တစ်ယောက်၏ ထောက်ပံ့ကြေးဖြင့် ခင် တစ်ယောက် အဝတ်အစားနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချကာ ရပ်တည်နေခဲ့သည်။ မယ်လီဆာစတီးဝပ် ကလည်း တစ်ကြိမ် လူကုန်ကူးမှု ခံရပြီးသည့် အမျိုးသမီးများ သည် နောက် တစ်ကြိမ် ပြန်ပြီး ခံရဖွယ် ရှိသဖြင့် သူတို့ကို ဝင်ငွေတစ်ခုခု ရရှိသည့် အလုပ်များ စီစဉ်ပေးခြင်း ကသာ အဖြေဖြစ်သည် ဟု ဆိုသည်။

“ကျွန်မတို့ ဦးတည်ချက်က လူတွေကို လုံခြုံစိတ်ချရတဲ့ ဘဝရောက်စေဖို့ပဲ။ သူတို့ဘဝကို သူတို့ရွေး ချယ်ပြီး လုပ်ကိုင်စားသောက်ခွင့်တွေ ပေးရမယ်။ သူတို့ကို ဥပဒေအရ အရေး ယူပြီး ထောင်ချမယ် ဆိုရင်လည်း သူတို့ဘဝ ကောင်းသွားမှာမှ မဟုတ်တာ” ဟု စတီးဝပ် က ပြော ကြားသည်။
 

“ကျွန်မတို့က သူတို့ကို အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာပေးတယ်။ သူတို့နောက်တစ်ခါ ဒါမျိုး ထပ်မလုပ်ဖို့ လိုတယ်။ ဖမ်းလိုက်၊ လွှတ်လိုက်၊ ထပ်လုပ်လိုက်ဆိုရင် ဆုံးနိုင်တော့မှာ မဟုတ် ဘူး” ဟု သူမက ဆက်ပြောသည်။ တရားစွဲပြီး သူတို့ကို အပြစ်ပေးလိုက်ခြင်းသည် သူ တို့ ကို အပြစ်ရှိ သလို ခံစားစေနိုင်ပြီး ပို၍ဆိုးသွားစေ နိုင်သည်။ 

သူတို့ဘဝအတွက် အစိုးရကလည်း ခိုနားစရာ နေရာများနှင့် ပြုပြင် ပြောင်းလဲမှုများကို လုပ် ကိုင်ခွင့် ပေးရန်လိုသည်။ အမေရိကန်အစိုးရ အစီရင်ခံစာအရ မြန်မာအစိုးရကလည်း ထိုသို့ လူ ကုန် ကူးခံရပြီး လွတ်မြောက်လာသူများကို ဆေးဝါးများ ကုသပေးခြင်း၊ စိတ် ဓာတ် မြင့် မားရေး အတွက် တွေ့ဆုံဆွေးနွေး အကြံပေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ခင်နှင့် သူ့သားလေး လုံးထွေးတို့သည် ယခုအခါ အခြေအနေ ကောင်းနေပြီ ဖြစ်သည်။ ကျွန်မက ခင့်ကို သူ့သမီးလေးနှင့် ပြန်မတွေ့ချင်ဘူးလားဟု မေးလိုက်သည်။ ခင့်မျက်လုံးက မျက်ရည်များ ကျလာသည်။ 

ယခု အသက် ၄၅ နှစ်ရှိနေပြီ ဖြစ်သော ခင်က နောက်တစ်ကြိမ် လူကုန်ကူးမှု မခံရရေးအတွက် ကတိပေးလိုက်သည်။ သူမသမီးလေးကို နောက်ဆုံး တွေ့လိုက်ရသည့် တရုတ် တည်းခိုခန်းမှ အဖြစ်အပျက်ကို သူမ မမေ့သေးကြောင်း ဆိုသည်။
 

“သမီးလေး ခုဆိုရင် ဘယ်ရောက်နေပြီလဲဆိုတာ မပြောတတ်တော့ ပါဘူးရှင်” ဟု ခင်က လွမ်းဆွေး စွာ ပြောလိုက်သည်။


This Women was sold for $23, by Monica Tan
(http://www.dailylife.com.au/news-and-views/news-features/this-woman-was-sold-for-23-20130625-2otxi.html)
From:The Voice

No comments:

Post a Comment