Saturday, August 10, 2013

လေးညှင်းပွင့် ၏ ကျမ်းမာေ၇း အကျိုးကျေးဇူး များ




လေးညှင်း ကို ဟင်းလျာတွေ ထဲမှာ ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ ရှိပါ တယ်။ စူးရှတဲ့ ရနံ့ကို ပေးနိုင်တဲ့ လေး ညှင်းမှာ ထူးကဲတဲ့ အာဟာရတန် ဖိုးနဲ့

ဆေးဖက်ဝင်အာနိသင်တို့ ရှိကြပါတယ်။

 လေးညှင်း မှာ ပရိုတင်း၊ သံဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက် ဒရိုကလိုရစ် အက်စစ်စတာတွေ အများ အပြားပါဝင်နေပြီး ဗီတာမင်အေ၊ ဗီတာမင် စီ၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့လည်း ပါဝင် နေပါတယ်။
(၁) အကိုက် အခဲပျောက်စေသော အစွမ်း ရှိခြင်း

လေးညှင်း မှာ ပါဝင်တဲ့ ယူဂျီနော အဆီကြောင့် အကိုက် အခဲ သက်သာ စေတဲ့ အစွမ်းရှိကာ သွားကိုက် တာလို ဝေဒနာ တွေ ကုသရာမှာ အသုံးဝင် ပါတယ်။ လေးညှင်းဆီ ထဲကို ဝါဂွမ်း လုံးနှစ်ပြီး သွားကိုက် တဲ့နေရာပေါ် ဖိအုပ်ပေးပါ။


 
 လေးညှင်း ဆီ မှာ ပါဝင်တဲ့ ယူဂျီနော အဆီမှာ ဘက်တီး ရီးယားပိုးတွေ ကို တားဆီး ဆန့်ကျင်ပေး တဲ့ အစွမ်းရှိတာကြောင့် ခံတွင်း ထဲက ပိုး မွှားတွေ ကင်းစင်စေဖို့ သွားတိုက်ဆေး၊ ပလုတ်ကျင်းဆေးရည် နဲ့ လည်ချောင်းဖျန်း စပရေး စတာတွေ ထဲ ထည့်သုံးကြလေ့ ရှိ ပါတယ်။ လေးညှင်းဆီ က သွားဖုံးနာကျင် မှုကိုလည်း သက်သာစေ ပါတယ်။


(၂) ရောင်ရမ်း မှု လျော့ကျစေသော အာနိသင် ရှိခြင်း

လေးညှင်းဆီ မှာ ဖလေဗိုးနွိုက် ပမာ ဏ ပါဝင်မှု မြင့်မားတာကြောင့် ရောင်ရမ်း မှုလျော့ကျစေ တဲ့ အစွမ်း ရှိပါတယ်။ ရနံ့ ကုထုံး သုံးသူတွေက အဆစ်ရောင် ရမ်းနာ နဲ့ ရိုးဆစ်ရောင်ရမ်း မှု ဝေဒနာတွေ ကို ကု သနိုင် ဖို့ လေးညှင်းဆီ အစစ်ကို သုံးကြပါ တယ်။

 လေးညှင်းဆီ ကို ရှူလိုက်တဲ့ အခါ အအေးမိတာ၊ ချောင်းဆိုးတာ၊ ပန်းနာရင် ကျပ် တာ၊ လြွေပန်ရောင် တာ၊ နှာခေါင်း ပိတ်တာ စတဲ့ အသက်ရှူ လမ်းကြောင်း ဝေ ဒနာတွေ ကို သက်သာစေ ပါတယ်။

(၃) ပိုးသတ် အာနိသင် ရှိခြင်း

လေးညှင်း နဲ့ လေးညှင်းဆီ မှာ ပိုး သတ် အာနိသင် ရှိတာကြောင့် အရေပြား ပြတ်ရှရာ၊ ဖန်းဂတ်စ် မှို ပိုးဝင်တာ၊ မီးပူ လောင်တာ၊ အနာဖြစ်တာ၊ ခြေသည်း ဝဲ စွဲတာနဲ့ ပွန်းရှရာ စတဲ့ အရေပြား အနာ တွေကို သက်သာစေပါတယ်။ 

အရေပြား ပေါ်ကို တိုက်ရိုက်လိမ်းတဲ့အခါ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။ လေးညှင်း ဆီမှာ ကြွက်သားတောင့်တင်းမှု ကို ပြေ လျော့စေတဲ့ အစွမ်းလည်း ရှိပါတယ်။


(၄) အစာကြေစေခြင်း

လေးညှင်း ဟာ အစာခြေစနစ် ပြဿ     နာများစွာကို ထိထိရောက်ရောက် ကုသပေးနိုင်စွမ်း ရှိပါ တယ်။ လေပွတာ၊ အစာမကြေတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ စတဲ့ အစာခြေဝေဒနာတွေကို သက် သာ စေ သလို ဝမ်းလျှောတာ၊ အန်တာနဲ့ ဗိုက် နာတာတွေကိုလည်း သက်သာစေပါတယ်။


(၅) ကင်ဆာ ကို ကာကွယ်နိုင်ခြင်း

လေးညှင်း ဟာ အဆုတ် ကင်ဆာနဲ့ အရေပြား ကင်ဆာ တို့ကို ထိထိရောက် ရောက် ကာကွယ်နိုင် တယ် လို့ လေ့လာ သူတွေ က ဆိုပါတယ်။ လေးညှင်း မှာပါ တဲ့ ယူဂျီနောဟာ အစာခြေ စနစ် ကင်ဆာ ဖြစ်စေနိုင် တဲ့ ဆိုးကျိုးတွေကို လျှော့ချ ပေးနိုင်ပါတယ်။


(၆) ကိုယ်ခံ စွမ်းအား စနစ် ကောင်းမွန်ခြင်း

လေးညှင်း နဲ့ လေးညှင်းဆီ ဟာ သွေး တွေ ကို သန့်စင်စေတာကြောင့် ကိုယ်ခံ စွမ်းအား စနစ် ကို ကောင်းမွန်စေ ကာ ရော ဂါမျိုးစုံ ကို တွန်းလှန်ပေးနိုင်ပါတယ်။


(၇) အခြား ကျန်းမာရေး အကျိုးကျေးဇူးများ

လေးညှင်း ဟာ ငှက်ဖျား၊ ကာလဝမ်း၊ ဝဲ အမျိုးမျိုး စတဲ့ အာရှ မှာ အဖြစ် များတဲ့ ကျန်းမာရေးပြဿ   နာတွေ ကို ကုသ ရာမှာ အသုံးဝင်ပါတယ်။ လေးညှင်းဆီ ဟာ အစွမ်း ထက် ခြင် နှိမ်နင်းဆေး အဖြစ် အသုံးဝင်ကာ ခြင် တွေကို ၄-၅နာရီခန့် တွန်းလှန်ပေးနိုင် ပါ တယ်။ လေးညှင်း နဲ့ လေးညှင်းဆီ ကို မွေးကင်းစ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်ချိန် အတွင်း မသုံးခင် ဆရာဝန် နဲ့ တိုင် ပင်ဖို့ လိုပါတယ်။


ကြယ်စင်
Ref>>Good Health       
မြ၀တီ မှ မျှဝေဖေါ်ပြသည်


No comments:

Post a Comment