Monday, August 12, 2013

ကျွန်တော် ငယ်ငယ်


ကျွန်တော် ငယ်ငယ်

ကျွန်တော့် အကြောင်း ကို ကျွန်တော် ပြန် အမှတ်ရစေ ဖို့ ဒိုင်ယာယီ သဖွယ် ပြုစုမယ် လို့ ရည်ရွယ်ခဲ့တာ ခုထိပဲ ဆိုပါတော့ မရေးဖြစ်သေးဘူး ဒီနေ့ ဘလော့ဂါ တစ်ယောက် ရဲ့ ဆိုဒ်မှာ သူ့ အကြောင်းဖော်ပြ ထားတာတွေ့တော့ ကျွန်တော်လည်း ကိုယ့်အကြောင်း ကိုယ်ရေးဖို့ စတင်တော့ တာပဲ . ဒါက အစပဲ.


ကျွန်တော် က ခုမှ သာ ကွန်ပြူတာ ကို လက်နဲ့ ရင်းနှီးနေတာ ငယ်ငယ် ကနေ ဘွဲ့ရတဲ့ အထိ ကွန်ပြူတာ ကို မကိုင်ဖူးဘူး သေချာ လည်း မမြင်ဖူးဘူး . ဘာပဲဖြစ်ဖြစ် ခု ဒီလို စာလေး ရေးနိုင် တယ် ဆိုတော့ ဂုဏ်ယူမိတယ် .ဘာပဲဖြစ်ဖြစ် အကြောင်းအရာ ထူးထူးခြားခြား ရှိရင် ရေးချင်တဲ့ စိတ်က ဖြစ်နေလေတယ်လေ ငယ်ငယ်က အကြောင်းလေးတွေကိုပေါ့ . သတိတရ ရှိချင်တာပါ …
 

ကျွန်တော်ငယ်ငယ် က လုပ်ခဲ့ဖူးတာတွေ ပြောအုံးမယ် . ငယ်ငယ်က ကျောင်းတက်လို့ အပြီး နွေကျောင်းတွေ ပိတ်တဲ့ အခါမှာဆို ကျွန်တော်တို့ဘက်က တောဘက်ဆိုတော့ လယ် ယာတွေ ကိုင်းတွေနဲ့ ပေါ့ ဒါတွေကို ထွန်ယက်ဖို့ နွားတွေ မွေးရတယ် ခိုင်းနွားတင် မက ဘူး နွား အပိုတွေပါ မွေးတာ. အဲ့ဒီတော့ ကျွန်တော်က ယောက်ျားလေးဆိုတော့ အလိုလို အလုပ်တစ်ခု ရသွားတာပေါ့ ဗျာ. အလုပ်က “နွားကျောင်းသား”ဆိုတဲ့ အလုပ်ပဲ ….

.ကျွန်တော် ငယ်ငယ် က နွားကျောင်းရတာ နေပူထဲ သွားရတာဆိုတော့ လူက မဲလိပ်နေတာပဲ ခုထိ အရောင်က မပြောင်းနိုင်သေးဘူး မဲလိပ်မဲလိပ်နဲ့ သူငယ်ချင်းတွေနဲ့ မိသားစုက . ပြောကြတယ် မင်းက အသားကို ဖြူမလာဘူးတဲ့ . ဟီး ဟီး .. အသားအရေ ကောင်းကြောင်း ကြွားတာနော် ..…


ခု ဒီအင်တာနက် ကို သုံးတာလည်း စာဖတ်တာ ဝါသနာပါ လို့ စာပေ ကိုလေးစားလို့ လိုက် ဖတ်နေတာ သူများ စာတွေ အားကျလို့ ခု ရေးနေတယ် ဆိုပါတော့ဗျာ. ကျွန်တော် ခုဖြတ် သန်းနေ တာမှာ ငယ်ငယ် က မကောင်းတာ လား အတိတ်က မကောင်းတာ လား မသိဘူး ကံကောင်း တာ ဆိုတာကို မှန်ဘီလူး နဲ့ ကြည့်ယူ၇တယ် … ကြွားတာပါ …
 

ခု လူက ငမွဲ .. မွဲပေမဲ့ ချစ်သူပေါလား ဆိုတော့ ဟီးဟီး မရှိ… အဲ့ဒီလောက်တောင် ပေါများတာ အကြောင်းက ကျွန်တော် ငယ်ငယ်က အကုသိုလ် များတဲ့ ကောင်လေးဗျ . တံငါနား နီးတံငါ မုဆိုး နားနီး မုဆို ဆိုပါတော့ဗျာ ကျွန်တော် နေတာက တော အရပ်ဆိုတော့ သူများအသက် ကလေးတွေ ကို သတ်ဖို့ရာ များ လွယ်လွယ်လေးဗျာ တောထဲ က ထွက်တဲ့ အကောင်လေးတွေ ကို ဟင်းလျာ အဖြစ် ကျွန်တော် တို့ တော အရပ်မှာ အသုံးဝင် တယ်ဗျာ့ 

အဓိက အများစုကတော့ ငါး .. ကြွက် .. ဖား … ငှက် … နဲ့ တစ်ခြား စားရတဲ့ တိရိစ္ဆာန်လေးတွေပဲ . ကျွန်တော် ငယ်ငယ်က ဘာမသိ ညာမသိ သူများအသက် သတ်တယ် အဲ့ဒီအထဲမှာ ကြွက်ဆိုတဲ့ သတ္တဝါ ကို အသတ်များ ဆုံးပဲ ခု ဒီဘက်က အိမ်ကြွက်တွေ လိုတော့ မဟုတ်ဘူး သူတို့က တောထဲမှာ နေတယ် လယ်ကွင်းပြင်ထဲမှာ နေတယ် …..

ဘယ်အချိန် ဘယ်လို ခံစားရမယ်တော့ မသိဘူး လုပ်ခဲ့မိတယ် မသိခဲ့တာပေါ့ဗျာ …ငယ်ငယ်က ဘာလို့ အဲ့ဒါကို ဝါသနာပါခဲ့လဲ ဆိုရင် သူက လွယ်လွယ်နဲ့ မရဘူး သူ့ကို ရဖို့ စွန့်စားရတယ် ဗျ . တောကောင်လေးတွေဆိုတော့ သူတို့အသက်ကို ကာကွယ်ဖို့ အမျိုးမျိုး ကြိုးစားကြတာပေါ့ . (သက်ရှိတိုင်း မိမိ အသက်ကို မြတ်နိုးကြသည်) 

သူတို့ ကြိုးစား ထွက်ပြေး တယ် ကျွန်တော် တို့က နောက်က လိုက်တယ် သူတို့ သေရ မှာ ကြောက် ရွံ့ နေတဲ့ အချိန်မှာ ကျွန်တော် တို့က သွေး ဆူဆူနဲ့ သနားဖို့ အလျဉ်းမရှိ လိုက် သတ်တယ် မရရအောင် သတ်တယ် ဘာရယ်မဟုတ် ဝါသနာက ကို သတ်ချင်နေတာ . (ခုတော့ မှားမှန်းသိပါပြီ … ပြင်လို့ရသမျှ အကုန် ပြင်ဖို့ ရှိပါတယ်) 

အဲ့ဒီ့  ကြွက် အကြောင်း ပြောအုံးမယ် …ကြွက်ဆိုတဲ့ သတ္တဝါက မြေကြီးထဲမှာ တွင်းတူးပြီးနေ တယ် သစ်ပင်တွေပေါ်မှာ အသိုက်ဆောက်တယ် နောက် သစ်ခလောင်းတွေ ထဲမှာ ဝင်ပြီး အောင်းနေ  တယ် သူတို့ အသိုက်တွေ ကို ညဖက်မှာ သစ်ကိုင်းလေးတွေ ကို ပါးစပ်က သွားလေးတွေနဲ့ ကိုက်ဖြတ်ပြီး တစ်ကိုင်း ချီတစ်ကိုင်း သယ်နဲ့ အုံဖွဲ့ကြတယ် 

ဒါတွေကို ကျွန်တော် တို့ အဲ့ဒီ အချိန်တုံးက စာနာ ရမှန်း မသိဘူး . သူတို့ လုပ်လက်စ တွေ့တဲ့ အသိုက်တွေ့ပြီဆို ကျွန်တော် တို့ ခေါ်တာက အုံစို လို့ခေါ်တယ် အဓိကကတော့ ကြွက်တွေ နေ တာပေါ့ … 

ဘာရယ် မဟုတ် ဝါသနာ က ကို အကုသိုလ် ဘက်ကို ယိုင်နေတော့ စာနာ ရမှန်းမသိဘူး အုံတွေ ကို လိုက်ဖွတယ် လေးခွ နဲ့ ပစ်တယ် အထဲမှာ ရှိတဲ့ အကောင်က မထွက်ပဲ ဘယ်နေရဲ ပါ့မလဲ ထွက်လာ တာပေါ့ ထွက်လာလေ ဒီက ကောင်က လက်ထဲ က လောက်လေးခွ လို့ခေါ် တဲ့ လက်နက် နဲ့ ဆော်တော့ တာပဲ နေ့တိုင်း လိုလို သတ်စ ရှိနေတဲ့ လက်တွေ ဆိုတော့ သိပ် မပစ်ရဘူး မှန်တော့တာပဲ ဗျာ နောက် သေတာပေါ့ …. 

ဒီလောက် ရိုင်းစိုင်း လာတာ ကို ခုမှ ကျွန်တော် တွေးမိတယ် တော်တော် အသိတရားကင်းမဲ့ခဲ့ တာပဲလို … အဲ့ဒီ သတ္တဝါနေရာ မှာ ကိုယ်သာဆိုရင် ……. ဆိုပြီး တွေးလိုက်တာ ဘာမှကို အကောင်းမရှိတဲ့ စိတ်နဲ့ လုပ်ခဲ့တာပဲလို့ ကိုယ့်ကိုယ်ကို ခုထိ ယူဆနေတုန်းပဲ(နောင်တ ) ပေါ့ တစ်ခါ အဲ့လို အုံ စို တစ်ခု တွေ့တယ် 

ကျွန်တော်  သိတယ် ဒီ အထဲမှာ အကောင်ရှိတယ် ဒီတော့ လေးခွကို ချိန်လိုက်တယ် ပစ် တယ်ပေါ့ဗျာ ကြွက်က တော်တော် နဲ့ ထွက်မလာဘူး နောက် မနေနိုင်လွန်းလို့ ထွက်လာတယ် ကြွက်က အဝေးကြီး မသွားဘူး အနီးနား မှာပဲ ပတ်ပြေးနေတယ် လေ မကြာပါဘူး လေးခွ ပစ်ချက် မှန်လို့ သေသွား တာပေါ့ ..

 နောက် ကျွန်တော်  ကြွက်သေ ကိုကြည့်လိုက်တယ် … ကြွက်မကြီးဖြစ်နေတယ် နောက် သားတက် မအေလို ပဲ နို့တွေ နဲ့ လေ ဒါနဲ့ ကျနော် အပေါ်က အုံစိုကို မော့ကြည့်လိုက်တယ် . အုံ အတွင်းထဲမှာ ရွစိ ရွစိနဲ့ ကြွက် နီတာရဲလေးတွေ မျက်လုံးတောင် မပွင့်သေးဘူးဗျာ …….သူတို့ ကို သနားလိုက်တာဗျာ .. ခုတော့ သူတို့အမေက ကျွန်တော့်ရှေ့မှာ သေသွားပြီလေ ရင်ထဲ ဘယ်လိုဖြစ်သွားမှန်းကို မသိဘူး ဝမ်းနည်းလိုက်တာ .. 

ဘယ်သူမဆို ဝမ်းနည်း မိမယ် အဲ့လို ဖြစ်အောင် လုပ်တဲ့ သူကို သတ်ချင်နေ လိမ့်မယ် … တော်တော် အသိဥာဏ် တရား ကင်းမဲ့ တယ်လို့ ပြောလိမ့်မယ် ဘာလို့လဲ ဆိုတော့ အဲ့ဒီ ကြွက်ကလေးတွေ မှာ သူတို့ နို့စို့နေကြ အမေ ဘယ် အချိန် ပြန်လာ မလဲ စောင့်နေကြလိမ့်မယ် ..

 နောက် နို့ဆာတဲ့ အခါ သူတို့ သူ့အမေ ကို အော်ခေါ်ကြလိမ့်မယ် . ကျနော် ဘာပြောရမှန်း မသိအောင် ပဲ ဝမ်းနည်းသွား မိတယ် ခု ဒီအကြောင်းလေး ရေးနေတဲ့ အချိန်မှာတောင် ကျွန်တော့ ရင်အုံ ထဲ သူတို့ ကလေးတွေရဲ့ အော်သံတွေ စူးရှနေလေ ရဲ့ဗျာ … ကျနော် အဲ့ဒါ မျိုးတွေကို လုပ်ခဲ့ တယ် သတ် ခဲ့တဲ့ အသက်ပေါင်း ထောင်ချီ ခဲ့တယ် … တစ်ခါ မဟုတ်ဘူး … … ငါတော်တော် မိုက်ခဲ့ ပါလားလို့ လည်း အပြစ်တင်နေမိတယ် … 

ဒါပေမဲ့ ကိုယ့်ကိုယ် ကို အပြစ်တင်နေ လို့ သူတို့ က ကျေနပ်နေမိမှာ မဟုတ်ဘူး ကျွန်တော်  တစ်ခု သတိ ထားမိတယ် ကျွန်တော် တတ်နိုင်တဲ့ ကုသိုလ်တွေ လုပ်မယ် သူတို့ကို အမျှဝေပေး မယ် ကျွန်တော် သေရင် လည်း သူတို့ကို လုပ်ခဲ့တဲ့ တန်ပြန် အပြစ်တွေ ခံ၇မယ် ဆိုတာ သိ တယ် ခံရချင် လည်း ခံရ ပါစေတော့ ဘာလို့လဲ ဆိုတော့ လုပ်ခဲ့မိ တဲ့ အပြစ်တွေ အတွက် ကာယကံရှင် ကျွန်တော် မှ အပ ဘယ်သူ မှ မမျှဝေနိုင် လို့ပဲ 

ခု အသက်ရှင်နေ သမျှ ကျွန်တော့ စိတ် တည် ကြည် မှုတွေ ဖြစ်အောင် ထားမယ် ဒါ နဲ့ အတူ ကုသိုလ် ပြုမယ် အများကို အထောက် အကူုတွေ ဖြစ်အောင်နေမယ်ေ ပါ့ .. စိတ်ကူး မိတယ် ယူဆ မိတယ် အဲ့ဒီလမ်း ခရီးကို ခု တာ ထွက် ကနေ စနေမိ ပါတော့တယ် … 

အတိတ် ကို ပြန် စဉ်းစားရင်း ကျွန်တော် ဝမ်းနည်း မိပါတယ် .. ဘယ်သူ မဆို ဘယ်ပြစ်မှု မဆို ဘယ် အကုသိုလ် မဆို မလုပ် မိဖို့ ကျွန်တော် တောင်းပန်ချင်ပါတယ်…. 

မိမိကိုယ်ကိုယ် ကောင်းအောင်နေကြ ဖို့ တိုက်တွန်း ပါတယ်…. လူ့ ဘဝသက်တ မ်း တစ်လျှောက် မှာ အမှားကင်း ဖို့ ဆိုတာ မလွယ်ပေမဲ့ အမှားနည်းအောင် နေလို့ရတယ် ဆိုတာ မမေ့ပါနဲ့ သူငယ်ချင်း....

သတ္တဝါ အပေါင်း ဘေးရန် ခပ်သိမ်း ကင်းငြိမ်းကြ ပါစေ …

ဘာနေ ( < --- Credit )             

ေ၇းမိေ၇း၇ာလေးများမှ မျှဝေဖေါ်ပြသည်....

No comments:

Post a Comment