Saturday, August 31, 2013

ကင်ဆာရောဂါဖြစ်ပွားနှုန်း လျှော့ချနိုင်ရေး ဓာတ်မြေသြဇာဖြင့် စိုက်ပျိုးနည်းစနစ်ကို ရှောင်ရှားရန်လို


to decrease  cancer disease

မြန်မာနိုင်ငံတွင် စားသောက်ကုန် အသီးအနှံများအား စိုက်ပျိုးရာ၌ ဘေးထွက်ဆိုးကျိုး များသည့် ဓာတ်မြေသြဇာ များအသုံးပြု စိုက်ပျိုးနေမှုကြောင့် ကင်ဆာေ ရာဂါ ဖြစ်ပွားမှုနှုန်း မြင့်မား လာရခြင်းဖြစ်သည် ဟု fame ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း ဥက္ကဋ္ဌ ဒေါက်တာခင်မောင်လွင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းသည် ကမ္ဘာ့အဆင့်တွင် ဒုတိယနေရာ သို့ရောက် ရှိနေကြောင်း၊ ရောဂါဖြစ်ပွားရခြင်းမှာ ဘေးထွက် ဆိုးကျိုးများသည့် ဓာတ်မြေသြဇာများကို ထည့်သွင်း စိုက်ပျိုးခြင်းမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ကြောင်းသိရသည်။


 တောင်သူတွေက ရောင်းပန်း လှအောင်၊ အသီး ထွက်ကောင်းအောင် ဓာတ်မြေ သြဇာ ထည့် တယ်။ အချိုး အစား ကို သေချာ မလေ့လာ ဘဲ ထည့်တော့ ဘေးထွက် ဆိုးကျိုးတွေ များပြီး ဒုက္ခဖြစ်စေတာပေါ့ ဓာတ်မြေသြဇာက မလိုအပ်ရင်မသုံးတာ အကောင်းဆုံး ပါ ဟု ဒေါက်တာ ခင်မောင်လွင် ကပြောသည်။



တောင်သူများအနေဖြင့် ဘေးထွက် ဆိုးကျိုးများသော ဓာတ်မြေသြဇာများကို ထည့်သွင်း စိုက်ပျိုးမည့်အစား သဘာဝ အတိုင်းဘေးထွက်ဆိုးကျိုး နည်းသော နည်းလမ်းများကို အသုံးပြု၍ စိုက်ပျိုးသင့်ကြောင်း၊ သြဂဲနစ် နည်းပညာဖြင့် စိုက်ပျိုးခြင်းသည် စားသုံးသူ၏ ကျန်းမာရေးကို ကာကွယ်ရာရောက်ကြောင်း အော်ဂဲနစ် စိုက်ပျိုးရေး ဥက္ကဌ ဦးနှင်းဦးကဆိုသည်။

သြဂဲနစ် စိုက်ပျိုးရေးက ကုန်ကျစရိတ် မများပါဘူး ဒါပေမဲ့ အထွက်နှုန်းလျော့တော့ စီးပွားရေး အရ ဘယ်သူမှ မစိုက်ပျိုးချင် ကြဘူး၊ သြဂဲနစ် နည်းလမ်းနဲ့ စိုက်ပျိုးချင်လို့ အကူအညီတောင်းရင် ကျွန်တော်တို့ဘက်က အကူအညီ ပေးသွားမှာပါ၊ သဘာဝအတိုင်းစိုက်တာကတော့ အကောင်း ဆုံးပါ။ဟု အော်ဂဲနစ် စိုက်ပျိုးရေး ဥက္ကဋ္ဌ ဦးနှင်းဦး ကပြောသည်။

ဓာတ်မြေသြဇာဖြင့် စိုက်ပျိုးခြင်း၏ ဘေးထွက်ဆိုးကျိုး များနှင့် သြဂဲနစ် နည်းပညာဖြင့် စိုက်ပျိုးခြင်း သည် များစွာကွာခြားမှု မရှိကြောင်း သြဂဲနစ် လက်မှတ်ရရှိရန် လာရောက်လျှောက် ထားသူ ပျဉ်းမနားမြို့မှ လယ်သမားတစ်ဦးက ဆိုသည်။

ကျွန်တော် တို့က သြဂဲနစ် ဆိုတာ အရင် တုန်းက နားမလည်လို့ မိရိုး ဖလာနည်း အတိုင်းစိုက် တာ။ ဒီနေ့ သူငယ်ချင်းတစ်ဦးက ခေါ်တော့ လိုက်လာတာ အစဉ်ပြေတော့ စာရင်းတစ်ခါ တည်းပေးပြီး မြေကို လိုအပ်တဲ့ အချက်အလက်တွေ ပြုပြင်ပြီး သြဂဲနစ်လက်မှတ်ရအောင် လုပ်မှာပါ။ ဒါမှ ကျွန်တော်တို့နိုင်ငံရဲ့ ကင်ဆာရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချနိုင်မှာပါဟု ပျဉ်းမနားမြို့မှ လာရောက်လျှောက်ထားသူ လယ်သမားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ၏ ကင်ဆာရောဂါ ဖြစ်ပွားနှုန်းသည် ကမ္ဘာပေါ်တွင် ဒုတိယနေရာ၌ ရှိနေကြောင်း၊ ကင်ဆာရောဂါ ဖြစ်ပွားနှုန်းလျှော့ချနိုင်ရန် ဓာတ်မြေသြဇာ သုံးစွဲမှုကို လျှော့ချရန် လိုအပ်နေခြင်းဖြစ်ကြောင်း  ဒေါက်တာ ခင်မောင်လွင်က သုံးသပ်ပြောကြားသည်။


No comments:

Post a Comment