Wednesday, August 7, 2013

သောတာပန် စိတ်ထား အင်္ဂါ { ၇ } ပါး





 ဖြစ်ကြောတို ၊ ငြိမ်းလိုစိတ်
ထွက်ရိပ်ကင်း ၊ ချက်ခြင်းကု
ပျက်မှုစိုး ၊ တိုး၍စိုက်
လှိုက်လှိုက်ဖို ၊ ကြည်ညို ခုနှစ်တန်

 သောတာပန်။

၁။ အရိယာ အဆင့်သို့ရောက်သော်လည်း မပယ်ရသေးသော ကိလေသာ များကြောင့် လွန်ကျူး မိတတ်၏။ လွန်ကျူး မိလျင် ဥာဏ်ဖြင့် ချက်ချင်းရပ်နိုင် သဖြင့် .....

(က) သောတာပန် ကဖြစ်ကြော တို၏။
(ခ) ပုထုဇဉ် ကဖြစ်ကြော ရှည်၏။




၂။ မပယ် ရသေးသော ကိလေသာ များကို ငြိမ်းအေးအောင် လုပ်မယ်လို့

(က) သောတာပန် က အမြဲတမ်း စိတ်ထားရှိ။
(ခ) ပုထုဇဉ်က ထို စိတ်မျိုးမထား။



၃။ ဤ ဘုရားသာသနာမှာ သာလျင် သောတာပန် ၊ သကဒါဂါမ် ၊ အနာဂါမ် ၊ ရဟန္တာ များ အဖြစ်ဖြင့် ထွက်ရပ်လမ်း ရှိသည
် ။ အခြား တိတ္ထိတွေ ရဲ့ သာသနာမှာ မရှိဟူ၍

(က) သောတာပန် က ယုံကြည်သည်။
(ခ) ပုထုဇဉ် က အခြားသာသနာမှာ လည်း ရှိလိမ့်ဦးမည်ဟု ယူဆ။

၎။ အပြစ် သင့်သွားလျင် အချိန်ဆွဲ၍ မထား ၊ နံနက် သင့်လျင် နံနက် ၊ ညနေ သင့်လျင် ညနေ ချက်ချင်း

(က) သောတာပန်က ကုသ။
(ခ) ပုထုဇဉ် က ထိုသို့မကုသ။

၅။ (က) သောတာပန် က အပြစ်ဖြစ်မှာ စိုးရွံ ၊ သီလ ပျက်မှာကြောက်သည်။
(ခ) ပုထုဇဉ် က ထိုသို့မစိုးရွံ ၊ သီလပျက်မှာ လည်း အမှုမထား။

၆။ သစ္စာတရားတွေ အမှန် တရားတွေ ဟောပြီ ဆိုလျင်.......

(က) သောတာပန်က စိတ်စိုက်၍ နာနေနိုင်၏။
(ခ) ပုထုဇဉ်က ထိုတရားတွေနားထဲမရောက်။

၇။ သစ္စာတရားတွေကို နာယူပြီးပြီဆိုလျင်လည်း ပြော၍မဆုံး ချီးကျူး၍မဆုံး ကြည်နူးမှုတွေ ဖုံးပြီးလျင်

(က) သောတာပန် က တပြုံးပြုံးနှင့် ကျေနပ်နေ၏။
(ခ ) ပုထုဇဉ် က ထိုသို့ခံစားမှု မရနိုင်။


ဤ အင်္ဂါရပ် (၇) ပါးနှင့် ညီညွတ်လျင် ကိုယ့်ကို ကိုယ်ဆုံးဖြတ် ချက် ချနိုင်သည်။


(မိုးကုတ် ဆရာတော်ဘုရားကြီး ၏ စာအုပ် မှ ကောက်နှုတ် ပါ၏)

No comments:

Post a Comment