Tuesday, August 6, 2013

ကုသိုလ် တစ်ပဲ င၇ဲ တစ်ပိဿာ တော့ မပေးစေလို



မနေ့က ညပိုင်း ၈နာရီ နဲ့ ၉နာရီ ရုပ်မြင်သံကြား သတင်းတွေကြည့်ပြီး တဲ့နောက် အိမ်က မိသားစု နဲ့ အတူ စည်းတစ်ခု ရဲ့ အနမ်း ဆိုတဲ့ မြန်မာ ဗီဒီယိုဇာတ်ကား တစ်ကားကို ကြည့်ဖြစ်ခဲ့ပါတယ်။ ခုတစ်လော မြန်မာဗီဒီယို ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ဆူဆူညံညံ အသံတွေ ထွက်နေတဲ့ အတိုင်းပါပဲ။ 

ဆင်းရဲနွမ်းပါးတဲ့ ကောင်လေးတွေ ကို လုပ်ငန်းရှင် အမျိုးသမီးကြီးတွေ က စပွန် ဆာပေးတဲ့ ဇာတ်လမ်း ကျောရိုးကိုအခြေခံပြီး ယောက်ျားလေးတွေနဲ့ အမျိုးသမီးကြီးတွေ ဆုံပြီး အရက်သောက်တဲ့ အခန်းတွေ၊ ဟိုတယ်သွားတဲ့ အခန်းတွေကို ဝေေ၀ဆာဆာ ထည့်သွင်း ရိုက် ကူးထားတာ တွေ့ရ ပါတယ်။ ဇာတ်လမ်းက ပညာပေးချင်တယ် ဆိုတာထက် လူပိုကြည့်အောင် အညှီအဟောက် အခန်းတွေ ထည့်သွင်းရိုက်ကူးထားတာ တွေ့ရပါတယ်။

အမြင်ဆိုတာလည်း အမျိုးမျိုးရှိနိုင်တဲ့ အတွက် အခုလို အများပြည်သူ အတွက် ရိုက်ကူးထုတ် လုပ်နေ တဲ့ မြန်မာ ဗီဒီယို ဇာတ်ကားတွေ မှာ ထည့် မရိုက်သင့်တဲ့ အခန်းမျိုးတွေ ကို ထည့် ရိုက်ခြင်း အားဖြင့် မလုပ် သင့်ဘူး ဆို တဲ့ အမြင်အပြင်၊ နည်းပေး လမ်းပြ လုပ်ပေးလိုက် တယ် ဆိုတဲ့ အမြင် မျိုးရှိနိုင်တာကိုလည်း ရိုက်ကူး ထုတ်လုပ် တင်ဆက်သူတွေ သတိပြုသင့်တယ် လို့မြင် ပါတယ်။

မီဒီယာ သမားတွေ ကိုယ်တိုင်က ကိုယ်ထုတ်လုပ် လိုက်တဲ့ ဇာတ်ကား ရဲ့ နောက်ဆက်တွဲကို ထည့် စဉ်းစားဖို့ လိုအပ်ပါတယ်။ တစ်လောတုန်း ကလည်း မျက်လုံးလေး ကလယ် ကလယ် ဆိုတဲ့ ဗီဒီယို ဇာတ်ကား ကို မိသားစုနဲ့ အတူ ကြည့်နေတုန်း ရီမုဒ်ကို ယူပြီး ထကျော်ခဲ့ရတယ်။

မြန်မာဗီဒီယာဇာတ်ကားကို ရီမုဒ်ကွန်ထရိုးကိုင်ပြီး ကြည့်ရတဲ့ အခြေအနေရောက်နေပြီလား။ မြန်မာ ဗီဒီယို ဇာတ်ကားတွေ ဘာကြောင့် အဲဒီလိုတွေ ဖြစ်ကုန်ကြတာပါလဲ။ ဆင်ဆာ ရှိတုန်း က တရားလွန်ဖြတ်တောက် ပစ်တယ်လို့ ကြားခဲ့ဖူးပါတယ်၊ 

အခု ကျတော့ လုံးဝကို အဖြတ် အတောက် မရှိတော့ဘူးလို့ ကြားနေရပြန်ပါတယ်။ လုံးဝကို လွှတ်ပေးလိုက်တာလား။ အဲဒီလို လွှတ်ပေးလိုက်တဲ့အတွက် မောင်နဲ့နှစ်မ၊ သားနဲ့အမိ ကြည့်ဖို့မသင့်လျော်တဲ့ ဇာတ်ဝင်ခန်းတွေ ကို ထည့်ရိုက်လာကြတာတွေ့လာရပါတယ်။ 

လွတ်လပ်ခွင့် ဆိုတာကို တစ်လွဲ အသုံးချနေကြလေ သလား မပြောတတ်တော့ ပါဘူး။
အများပြည်သူ ကို ပေးသင့်တဲ့ Message ပေးဖို့အတွက် အနုပညာဆန်စွာ သိမ်သိမ်မွေ့မွေ့ မရိုက် တတ်ကြတော့ဘူးလား။

အဲဒီလို ညစ်ညမ်း ဇာတ်ဝင်ခန်းတွေ ထည့်ရိုက်မှ အနုပညာမြောက်မယ် လို့ ပြောမယ် ဆို ရင်တော့  အနုပညာ ကိုခုတုံးလုပ်ပြီး အညှီအဟောက် ဇတ်လမ်းတွေ နဲ့ ငွေရှာနေတဲ့ သူပဲ ဖြစ် ပါလိမ့်မယ်။

အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ မြန်မာ့ရုပ်ရှင် ကလည်း ပြောင်းတော့ ပြောင်း လဲ လာ တယ် တဏုာရာဂဘက် ကို ပိုပြောင်းလာတယ် ဆိုတာ မျိုး မဖြစ်စေချင်ပါဘူး။

တစ်လော တုန်းက နိုင်ငံတကာ သတင်းစာ ဆရာတွေ နဲ့တွေ့ဆုံပွဲ တစ်ခုမှာ ဒါရိုက်တာ တစ်ဦးနဲ့တွေ့ ရင်း စကားပြောဖြစ်ကြပါတယ်။ လက်ရှိ သရုပ်ဆောင်တွေ ရဲ့ အ၀တ် အစားတွေ နဲ့ ဖက်ရှင်ဒီဇိုင်းတွေ အကြောင်းတွေကို ပြောဖြစ်တော့ မြန်မာပြည် က မင်းသမီးတွေနဲ့ သရုပ်ဆောင်တွေ ၀တ်နေတဲ့ တိုတိုပြတ်ပြတ် ဒီဇိုင်းတွေ က ဖွံ့ဖြိုး နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ မှာတော့ Sex worker တွေ ၀တ်တဲ့ ဒီဇိုင်းတွေ ဖြစ်နေတယ်လို့ ပြောဆို ကြတာလည်း ကြားဖူးခဲ့ပါတယ်။


သူများနိုင်ငံတွေ က Sex workerတွေ ရဲ့ တိုတိုပြတ်ပြတ်နဲ့ ခန္ဓာကိုယ် ဖော်နေတဲ့ ဒီဇိုင်းတွေကို ကျွန်မ တို့ တိုင်းပြည်က သရုပ်ဆောင်မင်းသမီးတွေ ဘာဖြစ်လို့ အတုခိုးပြီး ၀တ်ကြသလဲ ဆိုတာလည်း ကျွန်မ တော့ စဉ်းစားလို့မရပါဘူး။

တကယ်တော့ မီဒီယာလောကသားတွေ ဆိုတာ အများပြည်သူ အတွက်(၀ါ)လော ကကောင်း ကျိုး အတွက် ကောင်းရာ မွန်ရာ ကို လမ်းပြ တွန်းပို့ပေးရမဲ့ သူတွေပါ။ ဆိုးယုတ်မှုတွေ ကို တားဆီးနိုင်ဖို့နဲ့ ကောင်းမြတ်တဲ့ လောကတစ်ခုကို ဖန်တီးနိုင်ဖို့ အတွက် တစ်ဖက် တစ်လမ်းက အထောက် အကူပြု တွန်းပို့ပေးဖို့ဆိုတာ မီဒီယာတွေရဲ့ တာဝန်ပါ။


မိတ်ဆွေများ အားလုံး ကို လေးစား ချစ်ခင်လျက်ပါ။           
 မေသင်္ကြန်ဟိန် (မြစ်မခ)

No comments:

Post a Comment