Monday, August 12, 2013

ဒေါသ ကို လျှော့ပါးစေသည့် နည်းလမ်း များ



ဒေါသလျော့ပါးစေသည့်နည်းလမ်းများ

ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ရဲ့ စာအုပ်ထဲ မှ ကောက်နုတ်ဖော်ပြပေးတာဖြစ်ပါတယ်.
 

အားလုံးကို ဖတ်စေချင်တဲ့ဆန္ဒတခုတည်းနဲ့မျှဝေပေးတာ ဖြစ်ပါတယ်. ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြ ပါနော်……

၁။ သွားစရာ ရှိရင် လိုက်မယ့် သူတွေ ကို ကြိုကြို  တင်တင် ပြောထားပါ။ 


 ကပ်ပြီး မှပြော ရင် ပြင်ဆင် ချိန် မလုံလောက် လို့စောင့်နေရတဲ့ အခါမှာ စိတ်တို တတ်တယ်.


၂။ သုံးနေကျ  ပစ္စည်းကို ကြိုကြို  တင်တင် ၀ယ်ထားပါ။  


သုံးချင်တဲ့ အချိန်ကျမှ ကုန်နေလို့ စိတ်တို ရတာ မဖြစ်အောင်နော်.



၃။ ကတိ အကြွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်.
 


ဒါကြောင့် ကတိ ကို လွယ်လွယ် နဲ့မပေး ပါနဲ့။ ကတိပေးပြီး မှ ကတိ အတိုင်း မတတ်နိုင်တဲ့ အခါ စိတ်ဆင်းရဲ ရတယ် .စိတ်တို ရတယ်. ကတိ မတည်တဲ့ သူလို့ အပြောခံရတဲ့ အခါ ဒေါသဖြစ် တယ်.

၎။ မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာ မျိုးကို မမှန်းပါနဲ့။ 


ကိုယ့် ရည်မှန်းချက် ဟာ ကိုယ့် အခြေအနေ နဲ့ကိုက်ညီ ဖို့ လိုတယ် . ကိုယ့် ရည်မှန်းချက် ကို နဲနဲချင်း တဖြေးဖြေးမြှင့်ပါ

၅။ ကိုယ့် အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့
အချိန် လုံလောက်အောင် စီစဉ်ထားပါ။  

အရေး မကြီးတာတွေ ကို အရင် လုပ်ပြီးတော့ ပင်ပန်းသွားတဲ့ အခါကျမှ အရေးကြီးတာ ကို လုပ်ရင် ပိုပြီး စိတ်ပင်ပန်းတယ်. ဒါကြောင့် အရေးကြီး တာကို အရင်လုပ်ပါ။ 

အရေးကြီး တာကို အရင် လုပ်ပြီးသွားရင် စိတ်ပေါ့ပါး သွားလို့ နောက်လုပ်စရာ သိပ်အရေး မကြီးတာတွေ ကို လုပ်ဖို့် အားတက် လာတယ်.

၆။ စနစ် တကျ လုပ်တတ် တဲ့ အကျင့် ကို လေ့ကျင့် ထားပါ။ 


စနစ် ရှိရင် အချိန်ကုန် သက်သာတယ်.အမှားနည်း တယ် . စိတ်ပင်ပန်း ရတာ လူပင်ပန်းရတာ နည်းတယ်.

ရ။ ကိုယ်နေတဲ့နေရာ၊ ကိုယ် အလုပ်လုပ်တဲ့နေရာ ကို တတ်နိုင် သလောက် သန့်ရှင်းအောင် သပ်ရပ်အောင် လှပအောင် ပြုပြင်ပါ။  


ရှုပ်ထွေး ညစ်ပတ်နံစော်နေ တဲ့ နေရာမျိုး မှာ အလုပ်လုပ် ရရင် စိတ်ကြည်လင် မှာ မဟုတ်ဘူး။

ဂ။ စိတ်ကြည်လင်မှု ကို ဖျက်ဆီး တတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာ မှာ မရှိပါစေနဲ့။  


နံရံပေါ် မှာ စာအုပ် စင်ပေါ်မှာ အလုပ် စားပွဲပေါ် မှာ စိတ်ကို အနှောက် အယှက်ပေးနိုင် တဲ့နေရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာ ကိစ္စ စိတ်ညစ်စရာ ကိစ္စကို အဟောင်းကို အသစ်ဖြစ်အောင် လုပ်မယ့်ပစ္စည်းမျိုး ကို မြင်နိုင်တဲ့နေရာ မှာ မထားတာ ကောင်းတယ်.
 

အနံ့ အသက် ဆိုးတွေ၊ မီးခိုးတေ ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်.  
 မရှိအောင် မတတ်နိုင် ရင်တော့နည်းနိုင် သမျှနည်းအောင် လုပ်ပါ။

၉။ စိတ်အေးအေးချမ်းချမ်းနေချင်
ရင် သူများ အကြောင်းကို တတ်နိုင်သလောက် မပြော ပဲနေတာကောင်း တယ်.


အထူး သဖြင့်သူများ မကောင်းကြောင်းမပြော ပဲနေတာကောင်းတယ်.ကိုယ့် အကြောင်းကို သူများ က မကောင်းပြောရင်တောင် မှ သူပြောတာ မဟုတ်ကြောင်းပြော ကိုပဲ အေးအေးဆေးဆေးပြောပြီး သူ မကောင်းကြောင်း ကိုတော့ ဟုတ်နေရင်တောင်မှ မပြောပဲ ထားလိုက်တာ က ပိုကောင်းတယ်.

၁၀။ စိတ် အနှောက် အယှက်ဖြစ်ရ တာ နည်းချင်ရင် မလိုအပ် ပဲနဲ့ လူများများ နဲ့မရောပါနဲ့။


အခက်အခဲ ရှိလို့ ပြောချင်ရင် တကယ်ကောင်း တဲ့ အကြံ မျိုးကို ပေးနိုင်မယ့် သူကို ပဲပြောပါ။ မဆိုင်တဲ့ သူတွေကို မပြော ပါနဲ့။  စိတ်ပျက်စရာ ကို ပြောတတ်တဲ့ သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ 

စိတ်ပျက်စရာ ကို ပြောတတ်တဲ့ သူတွေကို ပြောရင် ကိုယ်ပါ စိတ်ဓာတ်ကျမယ်. စိုးရိမ်စိတ်တွေ များလာမယ်   စိတ်ပင်ပန်းမယ်.ကိုယ် လုပ်မယ့် အလုပ်မျိုးကို လုပ်နေတဲ့ သူ. အတွေ့အကြုံများ တဲ့ သူမှ သာ ကိုယ့် အခက် အခဲ ကို နားလည်မယ်.ဒါကြောင့် ဘယ်သူ နဲ့တိုင်ပင်မယ် ဆိုတာ ကို သေသေချာချာစဉ်းစားပါ။

၁၁။ အေးအေးဆေးဆေးပြော တတ်အောင် လေ့ကျင့် ပါ။


 အေးအေးဆေးဆေး လုပ်တတ်အောင် လေ့ကျင့်ပါ။ အလျင်လိုတဲ့ အကျင့်ဟာ စိတ်ပင်ပန်းစေ တယ်. အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ  လျှင်အမှားများ တယ်. မှားလို့ပြန်လုပ်ရ ရင် အချိန်ပို ကုန် တယ်. ဒါကြောင့် စိတ်ရှည်ရှည် နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့ အကျင့်ဟာ ရေရှည် မှာ စိတ်အေးချမ်းမှု ကို ပေးတယ်။

၁၂။ လတ်တလော အဆင်ပြေအောင် လွယ်လွယ် နဲ့ကတိ မပေးလိုက်ပါန
ဲ့။ 


ကိုယ့်ကို သဘောကျသွားအောင် ဘာတွေပေးမယ်၊ဘာတွေလုပ်ပေးမယ်. ဘယ်လိုအခွင့် အရေးတွေပေးမယ် .ဆိုတာမျိုး ကို မစားရ ၀ခမန်း မပြောပါနဲ့။တကယ်ပေးနိုင်မှ တကယ် လုပ်ပေးနိုင် မှ ပြောပါ။ ပေးနိုင်တာ ထက် နဲနဲလျှော့ပြောတာကောင်းတယ်။

၁၃။ အရေး မကြီးတာတွေ ကို ငြင်းတာ ခုံတာ မလုပ်ပါနဲ့။


 ငြင်းကြခုံကြရင်း ရန်ဖြစ်တာ မုန်းရတာ စိတ်ဆင်း ရဲရ တာတွေ တော်တော်များတယ်. ဒါကြောင့် အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့ သူဟာ အရေး မကြီးတာတွေ ကို ကိုယ်သိ တိုင်းလည်း မပြောသင့်ဘူး. မေးတိုင်းလည်းမဖြေသင့်ဘူး.

၁၄။ အရေး မကြီးတဲ့ကိစ္စ မှာ 


သူများ မှားနေလည်း သူ့ အမှားကို သူသိ လာအောင် စောင့်သင့် တယ်. ကိုယ် မှန်တိုင်း ၀င်ပြောပြီး အနိုင်မယူ သင့်ဘူး.

၁၅။ လူတွေ အပေါ်မှာ တတ်နိုင် သလောက် စိတ်ရှည်ရှည် ထားပါ.


သူတို့ ကို နားလည်ဖို့ကြိုးစားပါ. ဒေါသ အလျောက် နာ သွားအောင် မပြောပါ နဲ့.တဖက် သားပြော ချင် တာကို ဂရု တစိုက် နားထောင်ပါ. သူ့စိတ်ထဲမှာ ပြောချင်နေတာ ကို ပြော ခွင့်ပေးပါ။

၁၆။ အရေးမကြီးတဲ့ ရပိုင်ခွင့် တချ
ို့ ကို မရမက ရအောင် မလုပ်ပါနဲ့။


သူ့ထက် အရေးကြီးတဲ့ ကိစ္စတွေကို အချိန်ပေးပါ။ မဖြစ်လောက်တဲ့ကိစ္စလေးကို မရမက လုပ် ရင်း နဲ့ အဆင်မပြေဖြစ်ရရင် အချိန်ကုန်လူပန်းပြီး တခြားပိုပြီးအကျိုးရှိတဲ့ အလုပ်တွေပျက်တာပဲ အဖက် တင်မယ်. အသေးအမွှား ရပိုင်ခွင့်ကို အချိန်ကုန်ခံပြီး မရမကရအောင် လုပ်နေရင် ကိုယ့်စိတ်ထားပါနိမ့်ကျသွားတယ်။

၁၇။ လူတွေ ရဲ့ကောင်းတဲ့ အချက်လေးတေ
ွကို မကြာ မကြာတွေးပါ.


အထူး သဖြင့် လူ တယောက် ကို မကျေမနပ်ဖြစ်နေရင် သူ့ အကြောင်းကောင်း တာလေးတွေ ကို တွေးဖြစ်အောင်တွေးပါ။

ကိုယ့်ဒေါသကိုကိုယ်သိပြီး ထိန်းနိုင်တဲ့သူ၊ ရင့်ကျက်တဲ့သူ၊ အကျိုးရှိတဲ့အလုပ်တွေကို များများလုပ်နိုင်ပြီး စိတ်ကျေနပ်မှုရှိတဲ့သူ၊ စိတ်ချမ်းသာတဲ့သူတွေ ဖြစ်ကြပါစေ။
              
ေ၇းမိေ၇း၇ာလေးများမှ မျှဝေဖေါ်ပြသည်...

No comments:

Post a Comment