Friday, June 26, 2015

လူတွေ အတွက် အရေးကြီး တဲ့ စီမံခန့်ခွဲမှု ပညာ





အလုပ်တွေ နဲ့ရှုပ်ထွေး လွန်းတဲ့ ခေတ်ကာလ မှာ လူတွေ အတွက် စီမံခန့်ခွဲမှု ပညာရပ် ဆိုတာ အရမ်းကို အရေးကြီး ပါတယ်။ လုပ်ငန်းတိုင်း မှာ စီမံခန့်ခွဲမှု ပညာရပ် ဟာ မရှိမဖြစ် လိုအပ် သလို လူတွေ မှာလည်း မိမိ ရဲ့ကိုယ်ရေး ကိုယ်တာ အလုပ်ကိစ္စရပ်များနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲတတ်ဖို့လိုအပ်ပါတယ်။ 

စီမံခန့်ခွဲမှု မရှိဘဲ လုပ်ကိုင် မိကြတဲ့ အခါ မလိုအပ်ဘဲ စိတ် ပင်ပန်း ရခြင်း ၊ အချိန်ကုန် ရခြင်း၊ အရေးကြီးတဲ့ ကိစ္စရပ်တွေကို လက်လွှတ် ဆုံးရှုံး ရခြင်းတို့ကြုံတွေ့ကြရ ပါတယ်။ ဒါကြောင့် အခုလို တိုးတက်နေ တဲ့ခေတ် ကာလ မှာ အောင်မြင်မှု အတွက် ကြိုးပမ်းနေကြသူတွေ ဟာ စီမံခန့်ခွဲမှု စနစ်ကို အလေးထား အသုံးပြု လာ ကြ ပါတယ်။ 

 နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ပါ အရေးပါ အကျုံးဝင်နေ တာကြောင့် စီမံခန့်ခွဲမှုကို စနစ်တကျ လုပ်ဆောင်နိုင်ကြစေဖို့ဖော်ပြလိုက် ပါတယ်။

အချိန် ကို စနစ်တကျ စီမံ ခန့်ခွဲပါ
အချိန် ကို စနစ်တကျ စီမံ ခန့်ခွဲအသုံးချမှု ဟာလည်း နေ့စဉ် လှုပ်ရှား ရန်ုးကန်နေရ တဲ့ ဘဝတွေ ထဲမှာ တကယ့် ကို အရေးကြီး ပါတယ်။ အချိန်ကို အကျိုး ရှိရှိ လိုအပ်တဲ့နေရာတွေ မှာ ဘယ်လို အသုံးပြုသွားမယ် ဆိုပြီး စီမံခန့်ခွဲတတ်မှု ဟာ မိမိ တို့ရဲ့များပြား လွန်းတဲ့ ကိစ္စရပ်တွေ ကို သူ့နေရာ နဲ့သူ အဆင်ပြေပြေကျော်ဖြတ် သွားစေပါတယ်။

အချိန် ကို စနစ် တကျ မစီမံနိုင်တဲ့ အခါ စိတ်ပျက် ရခြင်း၊  လွဲချော်မှုတွေ ကြုံရခြင်း ၊ အရေးကြီးတဲ့ ကိစ္စရပ်တွေ လက်လွတ် ခံရခြင်း၊ မလိုလား ဘဲ ငွေကုန်ခြင်း၊ လူအင်အားပြုန်းတီးစေခြင်း နဲ့ စိတ် ပင်ပန်းစေခြင်း တို့ ကြုံတွေ့ကြရ ပါတယ်။


 

နေ့စဉ် လုပ်ငန်းဆောင်တာတွေ ကို စီမံ ခန့်ခွဲပါ
လူတွေ မှာ မိသားစု ၊ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်း အသိုင်းအဝိုင်းတွေ နဲ့နေထိုင် ကြတာဖြစ်တာကြောင့် မိသားစု ကိစ္စ၊ဆွေမျိုး ကိစ္စ၊ သူငယ်ချင်း ကိစ္စ၊ မိတ်ဆွေ ကိစ္စ အစ ရှိတဲ့ ကိစ္စရပ်တွေ ကို အချိန်ပေးရ တာတွေရှိ ပါတယ်။  

ဒီလို ကိုယ်ရေး ကိုယ်တာ ကိစ္စရပ်တွေ မှာ စီမံ ခန့်ခွဲမှု မရှိရင့်  မလို အပ်ဘဲ မိမိ အလုပ်တွေ အချိန်ကုန် သွား ရခြင်း၊ မိမိ ကိုယ်ကို အားမရခြင်း ၊စိတ်ပျက် မိခြင်း မိမိကိုယ်ကို ယုံကြည်မှု အားနည်း သွားခြင်း အစရှိ တဲ့ ကိစ္စ ရပ်တွေ ဖြစ်ပေါ်လာတတ်ကြပါတယ်။ ဒါကြောင့် နေ့စဉ် လုပ်ငန်းဆောင်တာတွေကို လည်း စီမံခန့်ခွဲပြီး လုပ်ဆောင်ခြင်းဖြင့် မိမိ ရဲ့ အချိန်၊ ခွန်အား နဲ့ငွေ တို့ကို များစွာ သက်သာစေမှာဖြစ်ပါတယ်။

ငွေကြေး ကို စီမံခန့်ခွဲပါ
ငွေကို လူတွေ က ဒုတိယ ဘုရားသခင် အနေနဲ့တင်စားကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ငွေက အရာရာ ကို ဖန်တီး ဖို့ စွမ်းအား ရှိတာကြောင့် ငွေ ကို ပိုင်ဆိုင်နိုင် ဖို့၊ မိမိ တို့ဘဝ ကို အကောင်းဆုံး ဖန်တီးနိုင်ဖို့
ကြိုး စားကြရပါတယ်။ 

ဒီလို ကြိုးစားကြတဲ့ အခါ တစ်ချို့က ငွေရဲ့ အရှင် သခင်ဖြစ်သွားကြပြီး အချို့ကတော့ ငွေ ရဲ့ ကျေးကျွန်ဖြစ် သွား တတ်ကြပါတယ်။ ဒါဟာ ငွေ ကို စီမံ ခန့်ခွဲမှု အပေါ်မူတည် ကွဲပြား သွားတယ်လို့ထင်ပါတယ်။

 ငွေက ကိုင်တွယ် စီမံ တတ်ရင် လူကို များစွာကောင်းကျိုးပြုပြီး မကိုင်တွယ် တတ်ရင် မီး လိုဘဲ လူတွေ ကို လောင် ကျွမ်းလွယ်စေပါတယ်။ငွေ  ရဲ့လောင်ကျွမ်းမှုကို ခံရတဲ့ အခါ လူဟာ ငွေရဲ့ကျေးကျွန်ဖြစ် သွား တတ်ကြပါတယ်။ 

 ငွေ ကို စနစ်တကျ စီမံခန့်ခွဲမှု ရှိတဲ့ အခါ မိမိ ဟာ ငွေရဲ့အရှင် သခင်ဖြစ်သွားပြီး ငွေကို အကျိုးရှိရှိ ခိုင်းနိုင် မှာဖြစ် ပါတယ်။ စနစ်တကျ စီမံ ခန့်ခွဲမှု အားနည်းတဲ့ အခါ ငွေကြောင့် ပင်ပန်း ဒုက္ခများ ရပြီး ငွေ ရဲ့ခိုင်းစေ မှုအောက် မှာ ကျေးကျွန် သဖွယ် များစွာ ပင်ပန်းကြရ ပါတယ်။

လုပ်ငန်းခွင် အတွင်း မိမိ အလုပ်ကို စီမံခန့်ခွဲပါ
လူတွေ အသက် ရှင်သန်ဖို့အတွက် ဝင်ငွေ ဟာ အဓိက ကျတာကြောင့် ဒီ ဝင်ငွေရအောင် အလုပ်လုပ် ရခြင်း က အရေးကြီးဆုံး ဘဲဖြစ်ပါတယ်။ လုပ်ငန်းခွင် အတွင်း မှာ မိမိ ရဲ့လုပ်ဆောင်နိုင်မှု က မိမိ ရဲ့ဝင်ငွေ လုပ်အား ခ ကို တိုးမြှင့်စေတာကြောင့် အရေးကြီး တဲ့ အချက် တစ်ချက် လို့ပြောလို့ ရပါတယ်။ 

 အလုပ် တစ်ခု ကိုအောင်မြင်အောင် လုပ်ဆောင် ရာမှာ စီမံ ခန့်ခွဲပြီး လုပ်ဆောင် တတ်မှု ကလည်း များစွာ အရေးပါ ပါတယ်။ စီမံခန့်ခွဲပြီး စနစ် တကျ လုပ်ဆောင်တဲ့ အလုပ် နဲ့ စီမံမှု မရှိဘဲ လုပ်ဆောင်တဲ့ အလုပ်တို့ ရဲ့ရလာဒ် ကလည်း များစွာ ကွာခြားပါတယ်။ 

စနစ်တကျ စီမံ ခန့်ခွဲပြီး လုပ်ဆောင်ခြင်းဖြင့် အလုပ်ကို အချိန် မှီပြီးစေခြင်း၊ မိမိ ကိုယ်ကို ယုံကြည်မှု အား တိုးစေခြင်း၊ နောက်ထပ် လုပ်ဆောင် စရာတွေ အတွက်ပြင်ဆင် ဖို့အချိန် ရလာခြင်း အစရှိတဲ့ အကျိုးကျေး ဇူးတွေ ရရှိစေ ပါတယ်။ စနစ် တကျ စီမံခန့်ခွဲမှု မရှိတဲ့ အခါ အချိန်မှီ မပြီးစီးနိုင်ခြင်း၊ အချိန် မလုံလောက်ြ ခင်းကြောင့် စိတ် ပင်ပန်း ရခြင်း၊ စိတ် ဖိစီး များခြင်း အစ ရှိတဲ့ပင်ပန်းမှုတွေ ခံစားရစေပါတယ်။

ဒါကြောင့် လူတွေ အတွက် စီမံ ခန့်ခွဲ တတ်မှု ဟာ မိမိ တို့ရဲ့ကြီးပွား တိုးတက်ရေး ကို များစွာ အထောက် အကူပြုကြောင်းဖော်ပြပေးလိုက် ပါတယ်။


 http://www.searchmyanmar.com/link/frame/cid/51666


No comments:

Post a Comment