Thursday, June 11, 2015

ဦးသန့် နှင့် ဗိုလ်ချုပ်ကြီးနေဝင်း (ကြေးမုံ ဦးသောင်း)

 Andrew Soe's photo.


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် သည်  တင်မောင်နှင့် စာပေမိတ်ဆွေဖြစ်ပါသည်။ သူ ထုတ်ဝေသော ဒီမိုကရေစီ ဂျာနယ်တွင် မိမိက ဆောင်းပါးရှင် တစ်ဦးဖြစ်ပါသည်။ တင်မောင် တည်းဖြတ်သော ဗမာ့ခေတ်
သတင်းစာ တွင် အစိုးရ ၏ အာဘော်ကို  ဝန်ကြီးချုပ် ဦးနုနှင့် အတူ “သမိန်ဗရမ်း” ကလောင် အမည်နှင့် ဆောင်းပါးရေး သဖြင့် သူက မိမိ ၏ ဆောင်းပါးရှင် ဖြစ်လာပြန်သည်။


 ကြေးမုံ စက်သစ်ကြီး ဝယ်ရန် ကိစ္စကို အကြောင်းပြုကာ အမေရိကန် အစိုးရ က ဖိတ် သဖြင့် အမေရိကန် သို့ စာရေးသူ ရောက်သွားပါသည်။ တော်လှန်ရေး အစိုးရ အရှိန် တက်နေပုံ များ ကို နှစ်ဦးသားဆွေးနွေးကြရာမှ တင်မောင်က “စစ်တပ် က သတင်းစာတွေ ကို ရန်ရှာ စပြု ပါပြီ” ဟု ပြော ကာ “သတင်းစာ သမား များ အဖို့ ဘေး အန္တရာယ် ထူပြောသော ဇာ တိမြေကို မပြန်လိုတော့ဟု ညည်းမိပါတယ်”။ 

“ခင်ဗျားထောင်ထဲရောက်မှာ သေချာပါတယ်။  အတွေ့အကြုံ စုံတာပေါ့။ ခင်ဗျား မပြန်တော့ဘူး ဆိုရင် ဒီမှာ နေနိုင် ဖို့ ကူညီဖို့ အသင့်ရှိပါတယ်။  ဒါပေမယ့် ပြန်စေချင် ပါတယ်။ သတင်းစာ ဆရာတွေဟာ ရေး ရဲရင် ခံရဲသူတွေဖြစ်ရမှာပေါ့။ ကိုယ်လည်း ပြန်ဖြစ်အောင် ပြန်ခဲ့မယ်။ 








 

Andrew Soe's photo.

ဗမာ သတင်းစာ တစောင်ဖြစ်အောင် ထောင် မယ်” ဟု တိုက်တွန်းခဲ့ပါသည်။ အမေရိကန် မှ ပြန် လာပြီးနောက် သူတွက် သည့်အတိုင်း ထောင်ထဲရောက်ခဲ့ ရပါသည်။ ရေးရဲ သဖြင့် ရဲရဲကြီး ကျောကော့ပြီး ခံခဲ့ရပါ သည်။ ဦးသန့် ကမူ ပြန် မလာနိုင်ရှာပါ။  အမေရိကန် တွင် ကွယ်လွန်ရှာပါသည်။

ဇာတိမြေ ကို ချစ်မြတ်နိုး သဖြင့် မြန်မာပြည် မှာ ခေါင်းချ လိုသည်ဟု ဆန္ဒရှိ သဖြင့် သူ၏ ရုပ်ကလာပ် ကို ရန်ကုန်မြို့သို့ သယ်ယူလာပါသည်။ ဦးသန့် ကို လူထုကြီး တရပ်လုံး က နိုင်ငံ၏  ကျက်သရေဆောင် သားကောင်း သားမြတ် အဖြစ် ဝမ်းနည်း တသ ကြိုဆိုကြပါသည်။

သူ့အား ကုလသမဂ္ဂ အတွင်းရေးမှူး အဖြစ် ရွေးကောက် တင်မြှောက်ကြသည် မှာ ထို ကာလ က မြန်မာနိုင်ငံ အစိုးရ ၏ တိကျသော  ကြားနေ၀ါဒ နိုင်ငံရေးလမ်းစဉ်ကြောင့် ဖြစ်ပါ သည်။ ရာထူးတင်မြှောက်ခံရသည်နှင့် ဘုန်းစွမ်းနှင့် လူစ ကို ပြသနိုင်ခဲ့ပါသည်။

ဦးသန့် ကို တင်မြှောက်စဉ် က ပြင်သစ် အစိုးရ က လက်မခံဘဲ ကန့်ကွက် ရာတွင် ပြင်သစ် သံအမတ်ကြီး က ဦးသန့် အား အရပ် ကလည်း ပုရန်ကော၊ ပြင်သစ် စကားလဲ တတ်မြောက် သူ မဟုတ်ဟု ပြောလေရာ ဦးသန့်က မဆိုင်း မတွ မိမိ သည် နပိုလီယံ ထက် အရပ်မြင့်ပါ သည်။ 

 Andrew Soe's photo.

နပိုလီယံ သည် အင်္ဂလိပ် စကား မတတ်ဘဲ ပြင်သစ် အင်ပါယာ တည်ထောင် ခဲ့ပါသည် ဟုဖြေကြား ခဲ့သည် ကို ကမ္ဘာ့ခေါင်းဆောင် များက သြဘာပေးကြပါသည်။

အတွင်းရေးမှူးချုပ် ဦးသန့် သည် ဆယ်နှစ်တိုင်  တာဝန် ထမ်းရွက်ခဲ့ရာ တွင် ကမ္ဘာ့ ပြသာနာ အ များကို ဖြေ ရှင်းပေး နိုင်ခဲ့ပါသည်။ ဟော်လန်ပြည်နှင့် နယူးဂီနိ ကိစ္စ၊ အိန္ဒိယ-ပါကစတန် စစ်ပြေငြိမ်းရေး ကိစ္စ မှ စတင် ကာ ဗီယက်နမ် စစ်မီးငြိမ်းအေးရေး အထိ အောင်မြင်ထိရောက်စွာ ဆောင်ရွက်နိုင်ပါသည်။ 

 Andrew Soe's photo.

တရုတ်နီ ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်လာ သည်မှာ  သူ၏ခေတ် တွင် ဖြစ်ပါသည်။ ကျူးဘားကျွန်း တွင် ရုရှ က ဒုံးပျံ များ တပ်ဆင် ပေးသောကြောင့် အမေရိကန် က ရုရှ သင်္ဘော မှန်သမျှ ကို တားဆီးရှာဖွေ သဖြင့် အနုမြူ ကမ္ဘာ့စစ်ကြီး ဖြစ်လုလု ရန်ပြုကြသည် ကို ဖြေရှင်းရေး တွင် ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ပါ၏။

ကုလသမဂ္ဂကြီး ၏ ငြိမ်းချမ်းရေး ဆု ကို ချီးမြှင့် ခံရသူ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အမှုထမ်းစဉ် က အတွင်းဝန် ဦးသန့်သည် ငြင်းခုံလေ့ မရှိဘဲ သိမ်မွေ့နူးညံ့ သူဖြစ်ပါသည်။

ကုလသမဂ္ဂ ခေါင်းဆောင်ဖြစ်လာသော အခါ  မိမိ မှန်ကန်သည် ယူဆ ပါက မကြောက် မညှာ  မျက်နှာ မရွေး ပွင့်လင်းစွာ ပြောသဖြင့် ကမ္ဘာက ပိုမိုလေးစားကြပါသည်။

၁၉၆၁ ခုနှစ် က ရုရှ သို့ သွားစဉ် က ရေဒီယို မှ  မိန့်ခွန်းပေးရာတွင် အကယ်၍ သာ ရုရှပြည် သူ တို့သည် ကွန်ဂိုပြည် တွင် ဖြစ်ပျက်နေသည် များကို အမှန်အကန် အတိုင်း သိရှိ ပါက သူတို့ ၏ ခေါင်းဆောင်များ ချမှတ်သော လမ်းစဉ်များ သည် မှားယွင်း နေပြီဟု ပြောကြပေမည် …စ သည့်ဖြင့် ပြောကြားပါသည်။

ရုရှ အစိုးရက ထို မိန့်ခွန်း ကို ကမ္ဘာ အရပ်ရပ် သို့  လွှင့်ကြားပေးသော် လည်း ရုရှပြည်တွင်း ရေဒီ
ယိုတွင် ဖြတ်တောက် ပါသည်။


 Andrew Soe's photo.

၁၉၆၇ ခုနှစ် က ဗီယက်နမ် အရေး ကိစ္စနှင့် ပတ် သက်၍ အမေရိကန် လူထု သည် ဗီယက်နမ် တွင် ဖြစ် ပွါးနေ သည့် သတင်းမှန် များကို သိရှိကြပါက  သမ္မတ ဂျွန်ဆင် ချမှတ် လုပ်ဆောင်နေသော  လမ်းစဉ် ကို ပြင်ဆင် ပါဟု တောင်းဆိုကြချေ မည်ဟု ပြောခဲ့ပါသည်။

ဦးသန့် သည် မည်သူ ၏ လက်ကိုင် တုတ်မှ မဟုတ်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး တခုတည်း ကို
သာ ရှေ့ရှု သူ ကမ္ဘာ့ခေါင်းဆောင် ဖြစ်လာ ပါသည်။


တစ်ခါ က ရုရှ သို့ ခရီးထွက်ရာ ခရူးရှက် က လေဆိပ် သို့ လာရောက်ကြိုဆို ပါသည်။ ပြင်သစ် တွင် ဒီဂေါ
က ကြိုဆို ပါသည်။ တစ်ဆက် တည်း မြန်မာနိုင်ငံ သို့  လာသော အခါ လေဆိပ် ၌ အင်္ဂလိပ် မင်းသမီးတစ်ဦး
ကို ပန်းကုံးစွပ် ကာ ကြိုဆိုနေသော ဦးနေဝင်း က ဦးသန့် အား မကြိုဘဲ ရာထူးနိမ့်သော အရာရှိ ငယ်တစ်ဦး ကိုသာ ကြိုစေပါသည်။


၁၉၆၄ ခုနှစ် က ဦးနေဝင်း အမေရိကန် သို့ ခရီး ထွက်စဉ် က ဝတ္တရား အရ ကုလသမဂ္ဂ သို့သွား
ကာ ဦးသန့် ကို ဂါရဝ ပြုရပါသည်။ ထိုစဉ်က ဖမ်းဆီး ထားသော ဝန်ကြီးချုပ် ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း တို့ကို ကြာမြင့်စွာ ချုပ် နှောင် မထားသင့်ပါ ဟု ဦးသန့် က ဦးနေဝင်း အား ပြောသည်ကို ဦးနေဝင်း က မခံချင်ပါ။


သို့သော် အမေရိကန် က ပြန်လာ သည်နှင့်  ဦးနု တို့ကို လွှတ်ပေးခဲ့ပါသည်။ ဝန်တို မစ္ဆေရိယစိတ် ကြီးမားသူ ဦးနေဝင်း က ဦးသန့် ကို မကြည်ပါ။ “ဒီကောင်ကြီး” ဟု ခေါ်ဆိုသည် ကို  ကြားရဖူးပါသည်။ ထို အတွင်းရေး များ ကို သိပြီးဖြစ် စေကာမူ တင်မောင် က ဦးသန့် ဘွဲ့ ဆောင်းပါးရှည် တစောင် ရေးလိုက်ပါသည်။

 နောက်တနေ့တွင်  ပြန်ကြားရေးဌာန ဒု-ဝန်ကြီး က ဆင့်ခေါ်ပါသည်။
“ခင်ဗျားရဲ့ ဆောင်းပါး ကို သတင်းစာ မှာ ထည့်ခွင့် မပြုနိုင်ပါ” ဟု ပြောပြီး မှ “ဒီ စာမူ ပုံနှိပ် ရင် ကျုပ်ပါ
ပြုတ် မှာ” ဟု ဆိုကာ အတွင်းရေး သတင်းများကိုပြောရှာပါ၏။


ဈာပနကော်မတီ က ရုပ်ကလာပ် ကို အာဇာနည် ကုန်းတနေရာ တွင်ဖြစ်စေ၊ ရွှေတိဂုံခြေတော်ရင်း
မိဘုရားခေါင်ကြီး ၏ ဂူအနီး တွင်ဖြစ်စေ မြုပ်နှံပါ ရစေဟု အစိုးရထံ ပန်ကြားသည် ကို ဦးနေဝင်း က
စိတ်ဆိုးကြောင်း သိရပါသည်။


“ငါ့မယားတောင် မှ ကြံတော မှာ မြုပ်ခဲ့တာ၊  ဒီကောင်ကြီးကို လည်း ကြံတော မှာ မြုပ်ပ စေပေါ့” ဟု အမိန့်ချပါသည်။

ဦးသန့် ၏ ဂုဏ်ရည် ကို နားလည် သူ ပညာရေး ဌာန ဒု-ဝန်ကြီး ဦးအောင်တင် က ဦးသန့် ၏ ဈာ ပနနေ့ တွင် ဝမ်းနည်းကြောင်းနှင့် ကျောင်းပိတ် ပေးရန် ဝန်ကြီး အစည်းအဝေး တွင် အဆိုတင် သဖြင့် ထို ဒု-ဝန်ကြီးကို ချက်ချင်း ရာထူး မှ  ဖြုတ်ချ လိုက်ပါသည်။

ဦးသန့် ၏ ဈာပန သို့ နိုင်ငံတော် အစိုးရ က လွမ်းသူ့ ပန်းခွေ မပို့ပါ။ အမည် မဖော် လိုသော အစိုးရ ဝန်
ထမ်း (၁၇) ဦး ၏ လွမ်းသူ့ ပန်းခွေ ဟု ဆန်းကြယ် သော ပန်းခွေ တခု ကို တွေ့ရပါသည်။


မူလတန်းကျောင်း တကျောင်း ကလည်း ကျောင်း အမည်နှင့် လွမ်းသူ့ ပန်းခွေ ပို့လေရာ စစ်စုံထောက်
များ က တရားခံများ အဖြစ် လိုက်လံ စုံစမ်းပါသည်။ ရာထူး မှ ပြုတ်ရသူ ဒု-ဝန်ကြီး ဦးအောင်တင် က
သူ၏ အမည်ရေးထိုး ထားသော လွမ်းသူ့ ပန်းခွေ ပို့ပါသည်။ သူ၏ သတ္တိ ကို ချီးကျူး ရပါမည်။


ဒု-ဝန်ကြီး က တင်မောင် အား တိုးတိုးပြော သကဲ့ သို့ အခြား ဝန်ကြီးများ ကလည်း ပြောကြဟန် တူ
ပါ သည်။ ဦးနေဝင်း က ဦးသန့် အား သူ၏ မယား နှင့် နှိုင်းယှဉ် သည်ကို လူထုကြီး က သိရှိကြပြီး
ဒေါသူပုန် ထ ပါတော့သည်။


ဦးနေဝင်း အမိန့်အရ ဦးသန့် ၏ ရုပ်ကလာပ် ကို  ကြံတော သင်္ချိုင်း သို့ ပို့ဆောင် သင်္ဂြိုလ် ရာတွင်  အစိုးရ က စစ်ထရပ် ကား (၁၅၀) လှူဒါန်းပါသည်။ စစ်စုံထောက်များ က ဈာပန ကို ထိန်းရန်  စီစဉ် သည် ဖြစ်ပါသည်။ မရပါ။

 ကျောင်းသား များနှင့် သံဃာများ က ခေါင်းကို  လုကြကာ ရန်ကုန်တက္ကသိုလ် သို့ သယ်သွား ကြပါသည်။
ဈာပန အခမ်းအနားသစ် ကို ဒီမိုကရေစီနိုင်ငံရေး တရားပွဲများနှင့် ကျင်းပရာ လူထုကြီး က တက္က
သိုလ် ပရဝဏ် သို့ ကျိတ်ကျိတ် တိုးစည်း ကားကာ တက်ကြပါ၏။


 လေးရက်မျှ တရားပွဲ များ ကျင်းပသော အခါ  ဦးနေဝင်း သည် လူထုကြီး အား အရှုံးပေးရပါ သည်။
မူလ က ဈာပနကော်မီတီ ပန်ကြားသည့် အတိုင်း ရွှေတိဂုံစေတီတော် ၏ ခြေတော်ရင်း မှာ မြုပ်နှံ
ခွင့်ပေး ပါမည်။ ခေါင်း လုသူ များကို အရေးမယူ ပါဟု ကြေညာပါသည်။ ကျောင်းသားများက လက်မခံပါ။


ဦးနေဝင်း ဗုံးခွဲ ဖျက်ဆီး ထားသော သမဂ္ဂမြေ ကွက် တွင် ဦးသန့် ဗိမာန် ကို တည်ဆောက်ကြ ပါသည်။
အစိုးရ ကို မကျေနပ်သည် မှာ ကြာပြီဖြစ်သည် ကို လူထုကြီး က သိသာ ထင်ရှားစွာ ဆန္ဒပြကြ ပါသည်။

တမြို့လုံး တရားပွဲ သွားခြင်း၊ ထမင်းထုပ် ပို့ခြင်း၊  ရန်ပုံငွေ လှူခြင်း တို့သာ လုပ်ဆောင်နေကြပါ
သည်။ အစိုးရရုံး များပင် ခြောက်ကပ် သွားပါ သည်။


ထိုအချိန် က သတ္တိကောင်းသူ နိုင်ငံရေး ခေါင်းဆောင် အနည်းငယ်မျှသာ ရှိပါက ဤ အရေးအခင်းနှင့် နေဝင်း အစိုးရ ကိုဖြုတ်ချနိုင်ဖွယ် ရှိသည် အထိ အင်အား ကြီးပါသည်။ ဆယ်ရက်မြောက်သော နေ့တွ င်မှ နယ်များ မှ
ခေါ်ယူ လာသော ကြီးမား သည့် စစ်တပ်ကြီးဖြင့်  တက္ကသိုလ်ဝင်း ကို သိမ်းကာ၊ ဦးသန့်၏ ခေါင်း
ကို ဖော် ကာ ရွှေတိဂုံခြေရင်း တွင် ဂူသွင်းကြ ပါသည်။


အဓိကရုဏ်း များ ဆက်လက်ဖြစ်ပွား သဖြင့်  လူ (၇၀၀၀) ကျော် ဖမ်းရ ပါသည်။ မန္တလေး တွင် လူ (၄၅၀) ဖမ်းရပါသည်။ ဦးနေဝင်းပေးလျော် ရသော တန်ဖိုး မှာ ကြီးမား လှပါသည်။ သူရဲကောင်းကြီး ကို ဝန်တိုဒေါသ
ဖြင့် မတန် မရာ မိမိ ဇနီးနှင့် နှိုင်းယှဉ်မှု ပြုမိသည့် သတင်းသည် ကမ္ဘာ့ သတင်းစာများ တွင် ပါရှိခဲ့
သဖြင့် စောစော က သူ့ကို အထင်ကြီးမိ သူများ ပင် နှာခေါင်းရှုံ့ကြ ပါတော့သည်။ ။



Andrew Soe

၈ ဇွန် ၂၀၁၅။

No comments:

Post a Comment